SPG1 Supporting Plan - Contest #6

in #myanmar6 years ago


မင်္ဂလာပါ…

@steempowergroup1 ၏ Contest #5 တွင် ပြိုင်ပွဲဝင် ၂ ဦးရှိခဲ့ပါသည်။ ပြိုင်ပွဲတစ်ခုတွင် Winner ၃ဦးရွေးချယ်ဖို့ စည်းကမ်းသတ်မှတ်ထားသည်ဆိုသော်လည်း ပြိုင်ပွဲဝင် ၂ဦးတည်းသာ ရှိပြီး ပြိုင်ပွဲဝင်များရဲ့ ပို့စ်ကို ဖတ်ရှုစစ်ဆေးကြည့်သောအခါ Myanmar Newbies များအနေဖြင့် Winner အဖြစ် ထိုက်တန်သောကြောင့် ရွေးချယ်ပေးခဲ့ပါသည်။ ပြိုင်ပွဲဝင်များအနေဖြင့်လည်း ယခု Post များထက် ပိုကောင်းမွန်သော စာများ၊ ပုံများနှင့် အပြင်အဆင်များကို ထပ်မံ ရေးတင်နိုင်ကြပါစေရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

@suhtetaung ၏ post သည် ခေါင်းစဉ်နှင့် ရေးသားထားသည့်အကြောင်းအရာ ၉၀ ရာခိုင်နှုန်း လိုက်ဖက်ညီပါသည်။ အဆောင်နေသူကျောင်းသူတစ်ဦးရဲ့ အခက်အခဲ များနှင့် နေထိုင်ပုံများကို ပေါ်လွင်အောင်ရေးသားနိုင်ပါသည်။ အဆောင်နေသူတစ်ဦး အနေဖြင့် မည်သို့ ငွေကြေးကို စီမံချွေတာ သုံစွဲရသည်ကိုလည်း သိရှိစေရန် ရေးသားဖော်ပြနိုင်ပါသည်။ အစပိုင်းတွင် ခေါင်းစဉ်နှင့်မလိုက်ဟုထင်မြင်မိသော်လည်း နောက်ပိုင်းတွင် ခေါင်းစဉ်နှင့်သက်ဆိုင်သော စာသားများကို ရေးသားဖော်ပြနိုင်ခဲ့ပါသည်။ ထို့ကြောင့် winner အဖြစ် ရွေးချယ်လိုက်ပါသည်။ (စာပိုဒ်တွေခွဲတဲ့အခါ enter ၂ချက်နှိပ်ပီးခွဲစေလျှင်ပိုသင့်တော်ပါမည်။ စာပိုဒ်တွေ ပိုပီးကွဲပြားထင်ရှားစေချင်ပါသည်။ ထို့ပြင် Post တွင် ပုံများကိုလည်း တစ်ပုံထက်မက သုံးစေချင်ပါသည်။ အကယ်၍ မိမိကိုယ်ပိုင်ဓာတ်ပုံများ မရှိလျှင်လည်း အကြောင်းအရာနှင့် လိုက်ဖက်သည့် ပုံများကို ရှာဖွေကာ credit ဖြင့် ဖော်ပြသင့်ပါသည်။)

@moewaikamawet ၏ post သည် လူသားများ၏ ကိုယ်ကျိုးကိုသာ လိုလားသောစိတ်ကို ဖော်ပြချင်သည်ဟု ထင်မှတ်မိပါသည်။ ခေါင်းစဉ်နှင့်စာသားနှင့် ကိုက်ညီမှုရှိပါသည်။ ရေးသားထားသည့်နေရာတွင် လူသားများ၏ ကိုယ်ကျိုးလိုလားသောစိတ်ဓါတ်များ မိမိအတွက် အထောက်အကူမဖြစ်တော့လျှင် (သို့) မိမိကို အကျိုးမဖြစ်ထွန်းစေလျှင် ထိုသူကို ရိုင်းပြစေသောစိတ်ဓါတ်များကို ရေးသားဖော်ပြထားသည်ကိုတွေ့ရပါသည်။ လူသားများရဲ့ကိုယ်ကျိုးလိုလားစိတ်ကို သိရှိနားလည်စေပါသည်။ ထို့ကြောင့် winner အဖြစ် ရွေးချယ်လိုက်ပါသည်။ (သို့သော်လည်း စာပိုဒ်များကိုဂရုစိုက်ပေးစေချင်ပါသည်။ ယခုပို့စ်ရဲ့စာတွေခွဲထားတာများနေသောကြောင့် စာဖတ်သူများအနေနဲ့ အမြင်မရှင်းဖြစ်စေပါသည်။ ဖုန်းအခြေအနေကြောင့်ဟု နားလည်ပါသော်လည်း မိမိစာဖတ်ပရိသတ်အနေဖြင့် စာဖတ်ရာတွင် အခက်အခဲမရှိအောင် ကြိုးစားသင့်ပါသည်။ သို့မဟုတ်ပါက မည်မျှပင် ကြိုးစားထားသော်လည်း စာအပြင်အဆင်ကြောင့် ဖတ်ရှုသူ နည်းပါးစေနိုင်ပါသည်။)


ယခု @steempowergroup1 မှာ contents များတွင် ပြိုင်ဆိုင်လာသူများရှိလာသည့်အတွက် spg1 အဖွဲ့သားများမှ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါသည်။ မိမိတို့၏ စုပေါင်းအင်အားဖြင့် newbies များကို မိမိတို့ အစတုန်းက အခြေအနေမျိုးမဖြစ်အောင် ကြိုးစားပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ သတင်းကောင်းများကို အမြဲပေးနိုင်အောင် ကြိုးစားနေပြီး ယခုထပ်ဆင့်သတင်းကောင်းပေးလိုသည်မှာ -

  • winner ၃ဦးမှ ထိုက်တန်သူတစ်ဦးသည် Myanmar Steemit Community ၏ leader ဖြစ်သူ @kachinhenry ထံမှ upvote ကို ရရှိပါမည်။
  • သို့သော်လည်း မိမိ၏ ကြိုးစားမှုအပေါ် မူတည်ပြီး reward က ကွာခြားသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့၏စာများသည် reward ရရှိဖို့ ထိုက်တန်သည်ဟု ယူဆသူများ မလွတ်တမ်း ပါဝင်ယှဉ်ပြိုင်စေလိုပါသည်။

Contest#6 အတွက် ပြိုင်ပွဲဝင် post များကို ယခု post အောက်တွင် ယနေ့ညနေ ၈နာရီမတိုင်ခင် comment ပေးနိုင်ပါပြီ။ ထပ်မံဆုရရှိသူ winner ၃ဦးကို 4.6.2018 တွင် ကြေညာပေးမည် ဖြစ်ပါသည်။


@steempowergroup1 ဖြစ်လာဖို့ ပံ့ပိုးပေးသူအားလုံးကို ကျေးဇူးတင်ပါသည်။



@steempowergroup1

Sort:  

ကမ္ဘာဖြစ်ပေါ်လာပုံလေး သိထားသလောက်ရေးကြည့်ထားပါတယ်။ https://steemit.com/myanmar/@suhtetaung/km-abaytunkyapasep-khethle-bayloyapasep-khethle-apong-1

မနက်ဖြန် 4.6.2016 contest မှာ မန့်ပေးပါနော် ... post တင်တဲ့နေ့ ... ည၈ နာရီအထိပဲ လက်ခံပြီး တစ်ရက်ခြားတင်တာ ဖြစ်လို့ပါ အသေးစိတ်ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ် ... ပြီးတော့ esteem ကို tag တွဲရင် သူ့ဆီက ဗုတ် random ရပေမယ့် ကိုယ့် author reward ထဲက ၁၀% ကို သူ့ဆီ ခွဲပေးရမှာတော့ သေချာနေပါတယ်

https://steemit.com/myanmar/@steempowergroup1/rules-of-our-supporting-plan

အော် ဟုတ်ကဲ့ အစ်ကို ။ esteem ကို tag တွဲရင် random vote တာကို ညီမ မသိဘူးရယ်၊ သူများတွေ အဲ့လို tag ထားတာမြင်လို့ tag လိုက်တာအစ်ကို။ ပြီးတော့ ညီမရဲ့ post ကို ကိုယ် ဖာသာ vote လုပ်ရင် ဘာမှ reward မရတာက voting power ကုန်သွားတာလား ၊ bandwidth ကုန်သွားတာလားရှင့် ။ အဲ့ဒါတွေသေချာမသိသေးဘဲ ရောနေသေးတာ ခုချိန်ထိ။

sp နည်းသေးလို့ပါဗျာ ရသမျှ reward ကို sp ပြောင်းလဲရင် မိမိ vote value တက်မှာပါ

အော အဲ့လိုကိုး ဟုတ်ကဲ့ အစ်ကို ။ စမ်းလုပ်ကြည့်လိုက်ပါ့မယ် ။ကျေးဇူးတင်ပါတယ်နော့။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63724.53
ETH 3071.11
USDT 1.00
SBD 3.98