SPG1 Supporting Plan - Contest #12

in #myanmar6 years ago


မင်္ဂလာပါ မိတ်ဆွေတို့


@steempowergroup1 ၏ contest#11 တွင် ယှဉ်ပြိုင်သူ (3) ဦးရှိခဲ့သော်လည်း @thithisann မှာ သတ်မှတ်အချိန်ထက် ကျော်လွန်ပြီးမှ ပြိုင်ပွဲဝင်လာသောကြောင့် #contest12 တွင်သာ ထည့်သွင်းပေးပါမည်။


ယခုယှဉ်ပြိုင်ကြသော @zarmanizawlinn နဲ့ @moewaikamawet မှာ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရေးသားနိုင်သလို မိမိတို့ပေးလိုသော message များကိုလည်း ခေါင်းစဉ်နှင့်အညီ ရေးသားနိုင်သူများ ဖြစ်ကြပါသည်။

@zarmanizawlinn သည် ကံကံ၏ အကျိုးပေး လျင်မြန်ပုံကို အမြင်နှစ်ဖက်မှ မြင်နိုင်ရန် နှိုင်းယှဉ်ရေးသားထားပါသည်။ မိမိပြုမူလိုက်သည့် အမှတ်မထင် ဖြစ်ရပ်မှတစ်ဆင့် အကျိုးပေးကွာခြားပုံကို သိရှိစေပြီး စာဖတ်သူများကို စိတ်ဖြူစင်စွာ ထားတတ်စေရန် ပညာပေးထားပါသည်။

@moewaikamawet သည် လှည့်ဖြားခံရခြင်းမှ ကင်းဝေးပါစေ ဟူသော ခေါင်းစဉ်နှင့် လျော်ညီစွာ မိမိပေးချင်တဲ့ အရာကို ရရှိအောင် သိုင်းဝိုင်းရေးဖွဲ့ထားခဲ့ပါသည်။ ထမင်းစားရေသောက် ပြောကြားသည့် မုသားစကားမှစ၍ မည်သည့်မုသားကိုမှ မဆိုသင့်ကြောင်း အသိပေးသွားပါသည်။


အခြားယှဉ်ပြိုင်ဘက်မရှိသည့်အတွက် ၄င်းတို့ ၂ဦးကို winner အဖြစ် ရွေးချယ်လိုက်ပါသည်။


@steempowergroup1 ၏ post တိုင်းတွင် ပြောနေကျဖြစ်သည့် စကားကို အခြေခံပြီး ထပ်မံပြောကြားလိုပါသည်။

  • ယခု ပြိုင်ပွဲများသည် မြန်မာများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနေခြင်းဖြစ်ပါသည်။

  • ထို့ကြောင့် မည်သည့် မြန်မာမဆို မိမိတို့၏ အရည်အချင်းကို ယုံကြည်စိတ်ချပါက ၀င်ရောက်ယှဉ်ပြိုင်ဖို့ တိုက်တွန်းပါရစေ ...

  • MSC မှ leader ကိုဟင်၏ upvote ပေးခြင်းမှာလည်း newbies များကို support ပေးသည့် အစီအစဉ်ကို အထောက်အပံ့ပေးခြင်းသာ ဖြစ်ပါသည်။

  • @steempowergroup1 သည် မိမိတို့အဖွဲ့ဝင်များ၏ share များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် မည်သည့်အဖွဲ့အစည်းလက်အောက်ခံမှ မဟုတ်ပါ။

  • @steempoergroup1 တွင် လာရောက်ယှဉ်ပြိုင်စေခြင်းမှာလည်း မိမိတို့အဖွဲ့သားများ လက်ရှိဝင်ရောက်နေသော MSC သို့ ပါဝင်စေရန် မက်လုံးပေး ခေါ်ဆောင်ခြင်းလည်း မဟုတ်ပါ။

  • Newbies များကို support ပေးချင်သူများ၏ ဆန္ဒများအရ မိမိတတ်နိုင်သည့် အင်အားကို စုစည်းလုပ်ဆောင်ခြင်းသာ ဖြစ်ပါသည်။

  • ထို့ကြောင့် မည်သည့်အဖွဲ့ဝင်ဖြစ်ပါစေ ... စတီးမစ်လမ်းတွင် မှန်ကန်စွာ စတင်လျှောက်လှမ်းပုံခြင်း တူညီသူများ အနေနဲ့ မိမိတို့၏အရည်အသွေးကို လာရောက်အကဲဖြတ်နိုင်ပါသည်။

  • သင်တို့ ရေးသားထားသော contents များနှင့် ထိုက်တန်သော reward ကို ကျွန်ပ်တို့ဘက်မှ တတ်နိုင်သလောက် ပေးနေပါမည် ...

  • သင့်ဘက်ကသာ မိမိရေးသားသော စာကို သတ်မှတ်စည်းကမ်းနှင့်အညီ comment တွင် လာရောက် တင်ဖို့သာ လိုအပ်ပါသည်။


ယနေ့ #contest 12 အတွက် ပြိုင်ပွဲဝင် post များကို ယခု post အောက်တွင် ည (၉)နာရီ မတိုင်ခင် လာရောက်မန့်ပေးရပါမည်။

လာရောက်ယှဉ်ပြိုင်သူများအထဲမှ ( ၃ ) ဦးကို winner အဖြစ် ရွေးချယ်ပြီး result ကို (၁၆. ၀၆ . ၂၀၁၈ ) ရက်တွင် ထုတ်ပြန်ပေးသွားပါမည်။


@steempowergroup1 ဖြစ်လာအောင် ကူညီပံ့ပိုးပေးသူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါသည်။



@steempowergroup1

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64303.16
ETH 3137.29
USDT 1.00
SBD 3.97