SPG1 Supporting Plan - Contest #11
မင်္ဂလာပါ မိတ်ဆွေတို့
@steempowergroup1 ၏ contest#10 တွင် ယှဉ်ပြိုင်သူ (၅) ဦးရှိခဲ့ပြီး ပြိုင်ပွဲစည်းကမ်းအရ (၃) ဦးကို ရွေးချယ်ပေးမည် ဖြစ်ပါသည်။
ထိုသို့ မရွေးချယ်မှီ တစ်ဦးချင်းစီ ရေးသားထားသော post များ အပေါ် သုံးသပ်ပေးပါရစေ ...
@zarmanizawlinn ကတော့ စကားပုံကိုရှင်းပြထားတာ တော်တော်ကိုပညာပါပါတယ်။ ပထမ စိုက်ပျိုးရေးလေးအသိပညာလေးနဲ့ အစချီထားပြီးတော့ နောက်မှ စကားပုံကိုအသားပေးရှင်းပြသွားတာ တကယ်ကို မထင်ထားတဲ့ ပုံစံနဲ့ဆိုတော့ စာဖတ်သူကို တစ်ခါတည်း အစအဆုံးကို ဖတ်မိသွားအောင် စွဲဆောင်နိုင်ပါတယ်။ Image credit ပိုင်းမှာလည်း ပြောစရာမရှိပါဖူး။ ပုံတွေနဲ့တစ်မျိုး စာနဲ့ကော တကယ်ကိုစိတ်ဝင်စားအောင် ပိုစ့်ကို ပြင်ဆင်နိုင်ပါတယ်။ နောင်များလည်း ဒီထက်ပိုကောင်းလာမယ်လို့ မျော်လင့်ပါတယ်။
@mahaw ကလည်း အရေးအသား သတ်ပုံတစ်ချို့ အားနည်းချက်ရှိနေတယ်ဆိုပေမဲ့ စတီးမစ်အသုံးပြုသူတွေကို အားဖြစ်စေအောင် ရေးသားနိုင်ပါတယ်။ ပုံကိုအသုံးပြုထားပေမဲ့ တစ်ချို့ပုံကိုတော့ မူရင်းပုံကို credit ပြန်မပေးထားတဲ့ အားနည်းချက်လေးတွေ့ပါတယ်။ မအားတဲ့ကြားထဲက ဒီလိုရေးနိုင်တာ အရမ်းကိုကောင်းပါတယ်။ အားနည်းချက်လေးတွေကို နောက်နောင်သတိထားစေချင်ပါတယ်။
@uthantzin ရဲ့ postအနေနဲ့ စာမေးပွဲကျရှုံးခဲ့သော လူငယ်များကို စိတ်ဓာတ်ခွန်အားဖြစ်စေမဲ့ ရေးသားမှုကိုတွေ့ရှိရပါတယ်။အားငယ်စိတ် ကြောက်စိတ် တွေဝေစိတ် တွေကို ဆင်ခြင်သုံးသပ်ပီး စိတ်ခွန်အားရယူတတ်အောင်ရေးသားဖော်ပြပေးထားတာကိုတွေ့ရှိရပါတယ်။ ကျရှုံးမှုကိုရင်ဆိုင်ရဲပီး အောင်မြင်မှုကိုလျောက်လှမ်းနိုင်စေလိုသောရည်ရွယ်ချက်နဲ့ရေးသားဖော်ပြထားသည်ဟုယူဆပါသည်။
@nweoomon ရဲ့postမှာ လူသားများရဲ့စိတ်ကို ထိန်းသိမ်းကြဖို့အကြံပြုရေးသားထားတာကိုတွေ့ရှိရပါသည်။ လူတစ်ဦးစိတ်တစ်မျိုးဟုဆိုသော်လည်း လူအများရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် လူသားများရဲ့စိတ်အခြေအနေပြောင်းလဲသွားပုံကို ရေးသားဖော်ပြထားသည်ဟုယူဆပါသည်။ ဘာသာရေးအဆုံးအမကိုလိုက်နာပီး မိမိစိတ်ကိုထိန်းသိမ်းဖို့အကြံပြုရေးသားထားသည်ကိုတွေ့ရှိရပါသည်။
@moewaikamawet ရဲ့ post ကတော့လူသားတွေရဲ့လှည့်ဖျားတတ်တဲ့စိတ်နဲ့ သူတော်ကောင်းယောင်ဆောင်မှုကိုရေးသားဖော်ပြထားခြင်းဖြစ်သည်ဟုယူဆပါသည်။ သူတော်ကောင်းယောင်ဆောင်ပါသော်လည်း မိမိစိတ်မှယုတ်ညံ့သည်ကို မိမိကိုယ်တိုင်မငြင်းဆန်နိုင်ပဲ နောက်တစ်ချိန်မှာ မိမိရဲ့ယုတ်ညံ့သောစိတ်မှာ ပေါ်ထွက်လာရပါမည်ဆိုသည့်အကြောင်းရေးသားဖော်ပြထားသည်ဟုယူဆပါသည်။သို့ဖြစ်ပါသောကြောင့် စိတ်ညံ့ စိတ်ယုတ်များမထားမိကြဖို့ အကြံပြုရေးသားထားသည်ဟုယူဆပါသည်။ ဆောင်းပါးအတွင်းတွင် စာလုံးပေါင်းများ မှားနေသည်ကိုတွေ့ရှိရပါသည်။ နောက်ပိုင်းဆောင်းပါးများတွင် သတိပြု ရေးသားရန်အကြံပေးလိုပါသည်။
ဒီတစ်ပတ်ယှဉ်ပြိုင်မှုမှာ
ရွေးခြယ်ထားသူသုံးဦးကတော့၊
@zarmanizawlinn
@mahaw
@uthantzin ... တို့ပဲဖြစ်ပါတယ်။
ယခင် contest များတွင် ပြောခဲ့သည့်အတိုင်းပင် winner ၃ဦးမှ ထိုက်တန်သူ တစ်ဦးသည် Myanmar Steemit Community ၏ leader @kachinhenry ထံမှ upvote ကို မိမိ၏အားထုတ်မှုနှင့် လျော်ညီစွာ ရရှိမည် ဖြစ်ပါသည်။ မိမိတို့ @steempowergroup1 မှ ကျင်းပသော contest များသည် မြန်မာအားလုံးနှင့် သက်ဆိုင်ပြီး မည်သည့်အဖွဲ့အစည်းမှ ဖြစ်ပါစေ ... မိမိရေးသားထားသော လက်ရာကို အားရကျေနပ်မှုရှိပါက ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ အနည်းဆုံးတော့ winner သည် 0.2 STU ပမာဏ upvote တက်မည်ဖြစ်ကြောင်း မိမိတို့ဘက်မှ အာမခံပါသည်။
ကြိုးစားပြီးရေးသားပေးကြ၊ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ညီကိုမောင်နှမတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ယခုတစ်ပတ်မှာတော့ ကျနော်တို့ဘက်မှ postတင်တာနောက်ကျသွားတဲ့အတွက် နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ။
ဒီအတွက်လည်း ယခုတစ်ပတ် contest #11ယှဉ်ပြိုင်မှု၏အချိန်ကို
- 13.6.2018 နေ့လည်12:00PM အထိတိုးမြှင့်ပေးလိုက်ပါတယ်။
@steempowergroup1 ၏ contest #11 အတွက် ပြိုင်ပွဲဝင် post များကို 13.6.2018 နေ့လည် (၁၂)နာရီ မတိုင်ခင်အတွင်း ယခု post အောက်တွင် comment ပေးနိုင်ပါပြီ။ ထပ်မံဆုရရှိသူများကို 14.06.2018 တွင် ကြေညာပေးမည် ဖြစ်ပါတယ်။
https://steemit.com/myanmar/@zarmanizawlinn/kansaothnymwa-780fdf69fa74a
https://steemit.com/myanmar/@moewaikamawet/lwnyundefinedkhanyayakhngmwkngewpundefineds-a51b56f192f8
https://steemit.com/myanmar/@thithisann/alup-ts-khu-pi-eyamak-yakhng-done-992ed45a2362
သတ်မှတ်အချိန်ထက် ကျော်လွန်သွားပါသဖြင့် အောက်ပါ contest တွင် ထပ်မံယှဉ်ပြိုင်ပေးပါဗျာ ...
https://steemit.com/myanmar/@steempowergroup1/spg1-supporting-plan-contest-12