A person's journey who visited to the panandin village of northern Myanmar(part-34)

in #myanmar6 years ago

IMG_9367.JPG
တောင်အထပ်ထပ်တွေကျော်ဖြတ်ပီး..တောင်ပေါ်မြို့လေးဖြစ်တဲ့ ပန်နန်းဒင်ကိုရောက်ဖို့..ဘယ်လောက်များနောက်ထပ်သွားရအုံးမလည်းနော်..ဆိုပီးကျနော်တစ်ယောက် အတွေးဆန့်နေတယ်ပေါ့..ခုကို ကျနော်တို့အဖွဲ့လေးဟာ နောင်မွန်မြို့က ထွက်လာကတည်းက တရက်နဲ့ တညရှိခဲ့ပီလေ..။ပူတာအိုကနေ နောင်မွန်ထိရောက်လာတာကို ၄ ရက် ၃ ညအိပ်လောက်ကြာခဲ့တာဆိုတော့..ခရီးကအတော်လေးကို ရှည်လျားနေခဲ့တယ်..။ ပြောမယ်ဆိုရင်..ကျနော့တစ်သက်နဲ့ တစ်ခါမှဒီလို ရက်ရှည်ညအိပ်ခရီးဆို အိပ်မက်တောင် မမက်ခဲ့ဖူးဘူးပေါ့..။ခုတော့..အတိတ်က အကြောင်းတရားတွေကြောင့် ဒီလောက်ဝေးလံခေါင်သီ ရပ်ဖျားတွေမှာ ဘယ်လိုအကြောင်းတရားတွေကြောင့်ပဲဖြစ်ဖြစ်ပေါ့..ကလေးတွေရဲ့ပညာရေးမှာလည်း တိုးတက်ဖွံ့ဖြိုးပီး မြေပြန်ဒေသာတွေလို လူဖြစ်လာတဲ့အခိုက်တန့်လေး လူုအခွင့်အရေးလေးတွေ အဆုံးအရူံးမခံစေချင်တဲ့ စိတ်ကလည်းပါတော့..တစ်ခါတစ်လေ ခရီးပမ်းလို့..ညအိပ်ရာမဝင်ခင်ဆို ဒီအတွေးလေးတွေနဲ့ စိတ်သက်သာရာဖြစ်စေခဲ့တာပေါ့..။ကျနော့အထင်တော့..ဆရာဆိုတဲ့စိတ်ဂုဏ်သတိတွေထဲက ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့..ထင်မိတာပေါ့လေ..။
IMG_1147.JPG
ကျနော်တို့ university တက်နေတုန်းက စိတ်နဲ့ဆိုရင်တော့..ခုချိန်ထိမြစ်ကြီးနားကို ဘယ်လိုသွားရမယ်ဆိုတာ သိမှာမဟုတ်ဘူးပေါ့..။ခုလည်း..ကြည့်လိုက်တော့ အကြောင်းတစ်ခုခုကြောင့်ရယ် စိတ်က ဆောင်နေခဲ့ခြင်းရယ်က ကျနော်ဒီလမ်းခရီးလေးမှာ တဝက်လောက်ရောက်နေပီလို့ ပြောရမှာပေါ့...။
ဒါနဲ့..ကျနော်တို့ဂတ်ထုရွာက ဈေးဆိုင်လေးမှာ တည်းခိုးခဲ့တုန်း ညက မိုးတွေအရမ်းကြီး သဲကြီးမဲကြီး ရွာထားခဲ့ပီနဲ့တူတယ် မနက်ရောက်လို့ကြည့်လိုက်တော့..ဆိုင်ရှေ့ဝဲယာအပြည့်မှာ ရေတွေ..ရေတွေ ဖွေးနေလိုက်တာ..ကိုယ်တွေအဖွဲ့ကလည်း ခရီးဒဏ်က နှိပ်စက်ထားတဲ့အရှိန်နဲ့ဆိုတော့..ညကမိုးရွာတာကို မသိခဲ့လိုက်ဘူးရယ်..။ရွာထိပ်က ချောင်းထဲမှာလည်း ပေါင်းစုံးစီးဆင်းလာတဲ့ ချောင်းငယ်လေးတွေရဲ့..အသံတွေမြိုင်လွန်းလို့နေတာပေါ့လေ..။IMG_9344.JPG
အဲ့ဒါနဲ့..ကျနော်တို့အဖွဲ့လည်း ခရီးပြန်ထွက်ဖို့အထုပ်အပိုးတွေပြင်နေကျတုန်း..ဆရာရင်က ဆိုင်ကယ်တစ်စီးနဲ့ အစောကြီးဘယ်ကပြန်လာလည်းမသိဘူး..အဲ့ဒါ ဆိုင်ကယ်ပေါ်ကဆင်းပီး ပြုံးစိစိနဲ့ကျနော်တို့ဆီ လမ်းလျောက်လာတယ် ပီးတော့မှ..‘ဝါးတံတားလေး ချောင်းထဲပါသွားပီ..ဆရာ---'တဲ့ ..သူပြောလိုက်တော့..ကိုယ်တွေအဖွဲ့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်တယ် ဘယ်လိုလုပ်ရမလည်းဆိုတဲ့ပုံစံလေးတွေက မျက်နှာမှာ အထင်းသားပေါ်နေတာထက်..ဆရာရင်ကို ပိုပီးအားနာနေတဲ့ပုံစံက သိသာနေလေရဲ့..။ပီးမှ..ဆရာရင်က ' ဘာမှမပူနဲ့နော်..တောင်ကျချောင်းရေဆိုတာ..ခဏလေးရယ်..၁ နာရီ ၂နာရီလောက်နေရင် ကျသွားမှာ ဟုတ်တယ်...'လို့ ပြောတော့ပြန်မှ နေသာထိုင်သာ ရှိတော့တာပေါ့..။
IMG_1558.JPG
အဲ့ဒါနဲ့..ကျနော်နဲ့ ဆေးဆရာလေးကဆိုင်ကယ်တစ်ဆင်း ဆရာရင်ကတစ်ဆင်း ရွာအထွက်က ချောင်းကူးဝါးတံတားလေးရဲ့အခြေအနေ ပြန်သွားကြည့်ကြတာပေါ့...။
အားလုံးကို..ကျေးဇူးတင်ပါတယ်နော် နောက်မှပြန်ဆက်ပါဦးမယ်ခမျ....။
အားလုံးလည်း..ကိုယ်စိတ်နှစ်လုံးအမြဲရွင်ပြုံးနိုင်ကျပါစေလို့..ဆုတောင်းနေရင်း....။
Photo credit-facebook
@sheinthu(MSC-026)

Sort:  

ဆရာရေ ဆရာပြန်လုပ်တာဟုတ်ပါဘူး
ဆိုင်ကယ် တစ်စီး လို့ ရေးရင်ကောင်းမလားလို့ 

:-) :-) :-)...ကျနော်လည်းပြင်မလို့ရယ်..ကိုကြီးထွေး
ဟုတ်ကဲ့ကိုကြီး..ကျေးဇူးပါနော..

ကောင်းတယ်ကိုရှိန်းရေ အရေးသားလေးတွေ။လေ့လာသွားတယ်ဗျာ။

:-) :-)ဟုတ်ကဲ့ ကိုဇာ..ကျေးကျေးပါခမျ

တံတား​လေးကပြန်​​ဆောက်​ရမှာလား ကိုရှိန်းရေ

ပြန်ဆောက်နေတာများစောင့်ရရင် ဒီနှစ်ပန်နန်းဒင်ရောရောက်နိုင်ပမလားကွယ် ကိုအောင်ကြီးရေ

ခရီးထွက်ရတာ ပျော်စရာပါဗျာ

ဟုတ္ကဲ့..ေက်းဇူးပါခမ်..။

စိတ်ဝင်စားစရာခရီးစဉ်လေးပါ ကျောင်းဆရာရေ

ဟုတ်ကဲ့..မမစု..:-)

Congratulations @sheinthu! You have received a personal award!

SteemitBoard World Cup Contest
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57517.13
ETH 3013.74
USDT 1.00
SBD 2.35