Technology or Method ???

in #myanmar5 years ago

နည်းပညာ နည်းပညာ နည်းပညာဆိုတာနဲ့ ဘာကို မြင်ကြပါသလဲ ...

ကျွန်တော်တို့က အဲဒီနည်းပညာနဲ့ ဘာတွေ လုပ်ကြပါသလဲ ...

အဲဒီနည်းပညာက ကျွန်တော်တို့အတွက် ဘာတွေ အရေးပါသလဲ ...

စဉ်းစားကြည့်ရအောင် ...


image

Source


အခု ကျွန်တော်က နည်းပညာပို့စ်တွေ တင်နေတယ်ပေါ့ ... ဒါပေမဲ့ တကယ်တမ်းတော့ ပမွှားအဆင့်သာသာပဲ ရှိနေတာပါ ... ပြောရမယ်ဆိုရင် တခြားသူထက် ပိုပြီး သုံးတတ်နေတာပဲ ရှိပါသေးတယ် ...

ဆယ်တန်းကျောင်ပြီး တက္ကသိုလ်တွေ တက်တဲ့အခါ ဝိဇ္ဇာနဲ့ သိပ္ပံဆိုပြီး ခွဲပါတယ် ... ဝိဇ္ဇာဆိုတာက ရသဆန်တဲ့ စာတွေကို သင်ရတာ လေ့လာရတာ များပါတယ် ... သိပ္ပံကတော့ အသက်မွေးဖို့ လိုအပ်တာတွေ သင်ပါတယ် ... ကျောင်းတာတက်နေရတယ် ကိုယ် ဘာကို သိချင်တာလဲ ... ကိုယ် ဘာကို လုပ်မှာလဲ မသိဘဲ နေရာမှားပြီး တက်ရောက်သင်ကြားနေသူတွေလည်း ရှိပါတယ် ... ဒီတော့ ဘာဖြစ်လာသလဲ ... အချိန်တွေ ကုန်သွားတာပဲ အဖတ်တင်သွားတာပေါ့ ... ဘာမှ မလုပ်ဘဲ တစ်ခုခုကို အာရုံစိုက် လေ့လာမယ်ဆိုရင် အဲဒီပညာမှာ ပေါက်မြောက်ကျွမ်းကျင်သွားမယ် ... အဲဒီကျွမ်းကျင်သူအချင်းချင်း ချိတ်ဆက်ပြီး သူလည်း သူ့တာဝန် သူယူ ... ကိုယ်လည်း ကိုယ့်တာဝန်ကိုယ်ယူ ... မဆိုင်ရင် ဘာမှ မလုပ်ဘူးဆိုရင် ဘာဖြစ်လာမလဲ ... လူ့အဖွဲ့အစည်းရဲ့ ယုံကြည်မှုတစ်ခုကို တည်ဆောက်နိုင်ပါမယ် .. ဒါပေမဲ့ ကျွန်တော်တို့တွေ လမ်းလွဲနေခဲ့တယ် ...


image

Source


နည်းပညာအကြောင်း ပြောနေရင်း ဘာလို့ ဒီအကြောင်း ရောက်သွားတာလဲ ... ဘာမှ မဆိုင်ဘူးပေါ့ ... ဆိုင်ပါသကောဗျာ ... နည်းပညာဆိုတာကလည်း technology ကို ဆိုလိုတာသာမက ... method ဆိုတဲ့ သဘောတရားကိုပါ ဆိုလိုတာပါ ... နည်းပညာကို လိုက်စားတယ် ... လိုက်စားတယ်နဲ့ လမ်းလွဲနေကြတာတွေက method ကို မကျေလည်လို့ပါ ... အခုလည်း ကျွန်တော်က နည်းပညာပို့စ်တွေ တင်တယ် ... တချို့က ဆောင်းပါးတွေရေးတယ် ... တချို့က ကဗျာတွေ ... ကိုယ်သန်ရာသန်ရာ ရေးပေမယ့်လည်း ကိုယ်ပစ်တဲ့မြားက တုံးနေရင် ပရိသတ်ရင်ထဲ မစိုက်ဝင်ပါဘူး ... ရင်ထဲအထိ ခံစားမှတ်မိနေအောင် ပြင်ဆင်ကြတယ် ... ကြိုးစားကြတယ် ... ကလောင်သွေးကြတယ် ... ဒီလိုနဲ့ တစ်ချိန်မှာ ကိုယ့်စာတွေက နေရာတစ်ခု ရတဲ့အခါ ကိုယ်လေ့လာတဲ့ပညာမှာ အရမ်းကျွမ်းကျင်နေတဲ့အခါ အရင်တုန်းက ရေးထားတာတွေက အမှတ်ရစရာလေးတွေပါ ..


image

Source


အဆုံးသတ်ပြောရရင်တော့ ခင်ဗျားတို့လည်း နည်းပညာအကြောင်း ရေးနေတာပါပဲ ... ကိုယ်သန်တဲ့ အားသာတဲ့ဘက်ကို စာဖတ်သူ သိရှိအောင် ရေးနေတာပါပဲ ... ဒါကြောင့် ဒီနေ့ တစ်ပုဒ်ထက် နောက်တစ်ပုဒ်က ပိုကောင်းရမယ် ... နောက်ထပ် နောက်ထပ်တွေက ပိုကောင်းရမယ်ဆိုတာကို စိတ်ထဲမှာ ထည့်ပြီး အဆက်မပြတ်ရေးနေသင့်ပါတယ် ... စတင်းမ်ဈေးက ဘယ်လောက်ပဲကျကျ အဲဒါကို မကြည့်တော့ဘဲ ကိုယ့်စာတွေကို အင်တာနက်မှာ ကိုယ့်နာမည်ရိုက်ရှာတာနဲ့ တန်းပေါ်နိုင်တဲ့ အခွင့်အရေးကို လက်မလွတ်ရအောင် ဆက်လက်ရေးသားကြပါလို့ တိုက်တွန်းအားပေးလိုက်ပါတယ် ...


@sawlwin

MSC 176

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you, esteem team.

Posted using Partiko Android

ခံယူချက်လေး ကောင်းပါတယ်...
သို့သော် steemit မှာ ခုချိန်ထိတော့ စာရေးကောင်းလို့
နေရာရလာနိုင်စရာ သိပ်မရှိလှပါဘူး။
စာပေ ဝါသနာဖြင့် လူသား အကျိုးပြုချင်ရင်တော့ အခြား media တွေက ပို အလားအလာ ရှိမလားပဲ😁

Posted using Partiko Android

Media လည်း creative ဖြစ်မှပါ

Posted using Partiko Android

ကိုယ်သိသလောက်နည်းပညာလေးတွေတင်ပြရတာ လူအကျိုးပြုတာနဲ့တူပါတယ်ကိုစော။နည်းပညာအသစ်အဆန်းတွေထွက်နေတော့ အကုန်လိုက်နိင်ဖို့ဆိုတာ ခက်တယ်။ဘာဘဲဖြစ်ဖြစ် စာကတော့ ကောင်းအောင်ရေးဖို့က မိမိတို့စိတ်နဲ့ဘဲဆိုင်ပါတယ်

Posted using Partiko Android

အမှန်ပါပဲဗျာ

Posted using Partiko Android

အင်တာနက်မှာ ကိုယ့်အမည်ရိုက်လိုက်တာနဲ့ တန်းပေါ်လာတာ မိုက်တယ်လေ

ဦးထွေးကို အားလုံးသိနေပြီပေါ့😁

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks huge!

Posted using Partiko Android

Hello! I find your post valuable for the wafrica community! Thanks for the great post! We encourage and support quality contents and projects from the West African region.
Do you have a suggestion, concern or want to appear as a guest author on WAfrica, join our discord server and discuss with a member of our curation team.
Don't forget to join us every Sunday by 20:30GMT for our Sunday WAFRO party on our discord channel. Thank you.

Thank you, wafrica team!

Posted using Partiko Android

ကိုစော ပြောတာမှန်ပါတယ်။ကိုယ် ဖန်တီးတဲ့postကိုဘဲ အာရုံစိုက်ရမှာပါ။steem ဈေးက သူ့အပိုင်းပါ။

အဓိက လိုက်​စားမှူပါ ကျွန်​​တော့သူငယ်​ချင်းတ​ယောက်​ ဘုန်​ကြီး​ကျောင်းထွက်​ အင်္ဂလိပ်​သီတင်းစာဖတ်​နိုင်​တယ်​ ပုဂံက ချဉ်​​ပေါင်း​ရောင်းတဲ့​ကောင်​မ​လေး တိုးရစ်​တ​ယောက်​နဲ့ အပြန်​အလှန်​​ပြော​နေတာ​တွေ့ခဲ့တယ်​ ဘွဲမရ​ပေမဲ့မည်​သည့်​ပညာမဆိုလိုက်​စားရင်​ဖြစ်​ပါတယ်

ဈေးကျတာသူ.အပိုင်း​ပေါ့...ကိုယ်​​တွေကဒီထက်​ပို​ကောင်း​အောင်​​သွေး​နေရမှာပါ...

Posted using Partiko Android

ရိုက်ရှာလိုက်အုံးမယ် ☺

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62989.29
ETH 3048.32
USDT 1.00
SBD 3.99