My travel experience - 3

in #myanmar8 years ago

My travel experience - 1 ကို ယခုအရောင်ခြယ်ထားသောနေရာကိုနှိပ်၍ ဖတ်ရှုနိုင်ပါသည်

My travel experience - 2 ကို ယခုအရောင်ခြယ်ထားသောနေရာကိုနှိပ်၍ ဖတ်ရှုနိုင်ပါသည်


လမ်းပန်းဆက်သွယ်ရေး

တရုတ်ပြည် ဆူကျိုးမြို့မှာ အဓိကအားဖြင့် ဘက်ထရီဆိုင်ကယ်တွေကို အသုံးပြုကြပါတယ်။ ရှေ့မှာ လေကာတက်ထားတဲ့ဆိုင်ကယ်တွေကို မောင်းနှင်လာသူတွေ ... ဘက်ထရီဆိုင်ကယ်ခြေနင်းခုံမှာ အိမ်မွေးခွေးကို တင်ပြီး မောင်းလာသူတွေကို နေရာအနှံ့တွေ့ရပါတယ်။ ထိုသို့စီးနင်းနိုင်အောင်လည်း တချို့နေရာတွေမှာ ဆိုင်ကယ်မောင်းစရာလမ်းများ ပေးထားပါတယ်။


Credit image - original source


ဆူကျိုးမှာ သဘောကျတဲ့အချက်ကတော့ လူလျှောက်စရာ လမ်းကျယ်ကျယ်ထားပေးတာပဲ ဖြစ်ပါတယ်။ ကားလမ်းက ကားနှစ်စီး ယှဉ်မောင်းနိုင်ရုံသာ ရှိသော်လည်း လူသွားလမ်း ပလက်ဖောင်းကတော့ ကားသုံးစီး ယှဉ်မောင်းလို့ ရအောင် ကျယ်ဝန်းပါတယ်။ ဒါကြောင့် တချို့ ဘက်ထရီဆိုင်ကယ်တွေက လူသွားလမ်းမှာ မောင်းနှင်လို့ ရသွားသလို ဘေးကင်းရန်ကင်း လမ်းလျှောက်လို့လည်း ရသွားပါတယ်။ ပလက်ဖောင်းမှာ မနက်ပိုင်းအပြေးလေ့ကျင့်သူတွေ ညနေပိုင်း လမ်းလျှောက်သူတွေနဲ့ စည်ကားသွားပါတယ်။ ပလက်ဖောင်းကျယ်ဝန်းပြီး စနစ်ကျတဲ့ ရေသွားမြောင်းစနစ်ကြောင့် မိုးအကြီးအကျယ်ရွာသော်လည်း လမ်းပေါ်တွင် ရေတင်ကျန်ခဲ့သည်များ မရှိတော့ပါ။


Credit image - original source


လမ်းပန်းဆက်သွယ်ရေးအပိုင်းမှာ ဘက်ထရီဆိုင်ကယ်အပြင် တက္ကစီ၊ ဘတ်စ်ကားနဲ့ ကျည်ဆံရထားကို အသုံးပြုမှုလည်း ရှိပါတယ်။ ဝေးလံတဲ့နေရာတွေကို သွားတဲ့အခါ အလျင်လိုတယ်ဆိုရင် မီတာတက္ကစီတွေကို ဌားရမ်းနိုင်ပါတယ်။ တက္ကစီရှားပါးတာကြောင့် လမ်းပေါ်ထွက်ပြီး လက်ပြတားလို့ အဆင်မပြေတဲ့အခါ အပလီကေးရှင်းအသုံးပြုပြီး လှမ်းငှားနိုင်ပါတယ်။ များသောအားဖြင့်တော့ ဘတ်စ်ကားများ၊ ကျည်ဆံရထားများကို အသုံးပြုပါတယ်။


Image credit - original source


ဘတ်စ်ကားစီးတဲ့အခါ မှတ်တိုင်ကနေ ထိုင်စောင့်ရပါတယ်။ မှတ်တိုင်မှာ အီလက်ထရွန်းနစ်ဆိုင်းဘုတ်များကို ထူထားပြီး ဘယ်ဘတ်စ်ကားက ဘယ်နှစ်မိနစ်ကြာရင် မိမိစောင့်နေသောမှတ်တိုင်ကို ရောက်မလဲဆိုတာ ပြသထားပါတယ်။ ဘတ်စ်ကားရောက်လာတဲ့အခါ တန်းစီပြီး တက်ရပါတယ်။ ဘတ်စ်ကားစီးတဲ့ကတ်ပြားကို စက်မှာဖြတ်ပြီး စီးနင်းနိုင်သလို ဒရိုင်ဘာဘေးနားမှာ ပြသထားတဲ့ ငွေအမောင့်ပမာဏရှိတဲ့ အကြွေစေ့ကို ပုံးထဲထည့်ပြီး ပေးလည်း ရပါတယ်။ အခု ရန်ကုန်မှာ ပြောင်းလဲလိုက်တဲ့ ၀ိုင်ဘီအက်စ်ကားစနစ်အတိုင်းပဲ ဖြစ်ပါတယ်။ နောက်ရပ်မယ့်မှတ်တိုင်ကိုလည်း စပီကာကနေ ကြေညာနေပြီး မိမိဆင်းမယ့် မှတ်တိုင်ဖြစ်ပါက တံခါးပေါက်ဘေးနားမှာရှိတဲ့ အချက်ပေးခလုတ်ကို ကြိုတင်နှိပ်ပေးထားရပါမယ်။ တစ်ခုပြောစရာရှိတာကတော့ ဆင်းမယ့်အပေါက်က အောက်ခြေနင်းခုံပေါ်ကို တက်မနင်းထားဖို့ ဖြစ်ပါတယ်။ အကယ်၍ အောက်ဘက်ခြေနင်းခုံမှာ အ၀ါရောင်ခြယ်ထားတဲ့နေရာကို တက်နင်းထားမယ်ဆိုရင် ယာဉ်မောင်းက စက်နဲ့ တံခါးလှမ်းဖွင့်ပေးတဲ့အခါ လေပေါင်မပြည့်တာကြောင့် တံခါးမပွင့်တာမျိုး ကြုံတွေ့ရပါတယ်။ ရန်ကုန်ဝိုင်ဘီအက်စ်ကားစနစ်မှာ အချို့အချက်များကို အတုယူထားသော်လည်း မှတ်တိုင်မရောက်မီ ခရီးသည်များ ခြေနင်းခုံပေါ် ကြိုတင်ဆင်းနေသည်ကိုတော့ တားဆီးမယ့်လူ မရှိကြပါ ... ထိုအကြောင်း သိတဲ့လူလည်း များများစားစားရှိဟန်မတူပါ ... စနစ်ကောင်းကို ပြောင်းလဲသော်လည်း လူကို မပြောင်းလဲနိုင်သောအခါ ၄င်းစနစ်မှာ အောင်မြင်သင့်သလောက် မအောင်မြင်တော့ဘဲ အပျက်အစီးများပြားတာကြောင့် အကုန်အကျလည်း ပိုသွားစေပါမယ် ...


Image credit - original source


ဘတ်စ်ကားများ မြေအောက်ကျည်ဆံရထားများကို စီးနင်းတဲ့အခါ အကယ်၍ မိမိအိမ်နှင့် မိမိသွားလိုသည့်နေရာနှင့် ဘူတာများ၊ ကားမှတ်တိုင်များက မနီးသည့်အခါ အခြားရွေးချယ်စရာ တစ်ခုလည်း ရှိပါတယ်။ ၄င်းအရာကတော့ အစိမ်းရောင်စက်ဘီးတွေပဲ ဖြစ်ပါတယ်။ ဆူကျိုးမြို့အနှံ့မှာ အစိမ်းရောင်စက်ဘီးဂိတ်များကို ထားပေးပါတယ်။ စီးနင်းလိုပါက စက်ဘီးဘေးနားက တိုင်မှာ မိမိရဲ့ကတ်ကိုပြလိုက်ရပါတယ်။ စက်ကဖတ်ပေးပြီး အထောက်အထားမှန်ကန်ပါက စက်ဘီးကို ချုပ်ထားတဲ့ သော့ပွင့်သွားပါတယ်။ မိမိသွားလိုတဲ့နေရာရောက်တဲ့အခါမှာလည်း ကတ်ပြပြီး သော့ခတ်ခဲ့ရပါတယ်။ ထိုအခါ စက်ဘီးငှားရမ်းသည့် ကုမ္ပဏီအနေနဲ့လည်း စက်ဘီးပျောက်မှာ မပူရတော့ပါ။ စက်ဘီးဂိတ်တိုင်းမှာ လူအစောင့်ထားရန်လည်း မလိုအပ်တော့ပါ ... ရုံးသမားများအနေနဲ့လည်း အလုပ်သွား အလုပ်ပြန်သည့်အခါ အဝေးကြီးလမ်းလျှောက်ရသည့်ဒုက္ခ ကင်းဝေးသွားပါတော့တယ် ...


Image credit - original source


ဆူကျိုးမှာ သဘောအကျဆုံးက ကျယ်ဝန်းသည့် ပလက်ဖောင်းများအပြင် ၄င်းစက်ဘီးများလည်း ပါဝင်ပါတယ် ... အကယ်၍ ရန်ကုန်မှာသာ ၄င်းစနစ်ကို အကောင်အထည် ဖော်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို အတော်လေး လျှော့ချနိုင်မှာ ဖြစ်ပါတယ် ... သို့သော်လည်း ထိုစနစ်ကို အကောင်အထည်ဖော်အောင် ကတ်စနစ်ကို လုံးလုံးလျားလျားမှီခိုနိုင်ဖို့ လိုအပ်လာပါတယ် ... ဘဏ်အတော်များများမှာ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သော်လည်း ကတ်စနစ်ကြောင့် လျော့ပါးသွားသည့် အလုပ်နေရာများအတွက် လူလျှော့ရန် လိုအပ်သောကြောင့် ချက်ချင်းအောင်မြင်ဖို့ မလွယ်ကူသေးပါ ... အချိန်တစ်ခုတော့ စောင့်ရပါဦးမယ် ... ထိုစနစ်ကို အကောင်အထည်ဖော်နိုင်သည့် အလုပ်များက အလုပ်သမားများအနေနဲ့လည်း စနစ်အပြောင်းအလဲမှာ အဆင်ပြေအောင် အခုကတည်းက မိမိတို့ အရည်အချင်းများကို တိုးမြှင့်ထားသင့်ပါတယ် ... အထူးသဖြင့် ဘဏ်ဝန်ထမ်းများပဲ ဖြစ်ပါတယ် ... ငွေသားကို သိပ်မသုံးတော့ဘဲ ကတ်ကို သုံးမည်ဆိုလျှင် ငွေခန်းက ၀န်ထမ်းများကို သိပ်သုံးစရာ မလိုအပ်တော့ပါ ... စနစ်တစ်ခုပြောင်းလဲမည်ဆိုလျှင် ကောင်းသည့်အချက်များရှိသလို အဆိုးဒဏ်ကို အနည်းနှင့်အများ ခံစားရသည်လည်း ရှိနိုင်ပါတယ်။ မိမိနောင်လာနောက်သားများ ကောင်းစေချင်လျှင်တော့ မိမိဘက်က အနည်းငယ်အနစ်နာခံသင့်လည်း ခံပေးရမှာဖြစ်ပါတယ် ... စနစ်ကောင်း မကောင်းဆိုတာကတော့ အခြားလူများရဲ့ အသုံးချနိုင်မှုနဲ့ နှိုင်းယှဉ်ရမှာပဲ ဖြစ်ပါတယ် ...ဒါကြောင့် နောက်အပိုင်းများမှာ ဆူကျိုးမြို့က အတုယူစရာ စနစ်ကောင်းများကို ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ် ...

Image credit - original source


မြန်မာများ စတီးမစ်မှာ အောင်မြင်ကြပါစေဗျာ ...


DSCN1499.jpg


Author - @sawlwin

MSC - 176

Sort:  

လူရော စနစ်ရောကို ပြောင်းလဲနိုင်မှရမယ်ထင်တယ်
မြန်မာတွေက မဟုတ်မခံ စိတ်ဓာတ်တွေကိုစောရ
မဟုတ်တဲ့ဘက်မှာ မခံကြတာ😂
ပေကပ်ကပ်နိုင်လွန်းပါတယ်
မဟုတ်လို့ပြောပြချင်ရင်တောင်အရိပ်ခြေကြည့်ရတယ်
မဟုတ်ရင် အရိုက်ခံရနိုင်တယ်😂😂

မှန်ကန်တဲ့စစကားတွေကို ပြောလိုက်တာပဲ ကိုမိုးရေ ... ငယ်စဉ်ကတည်းက လိုက်နာနိုင်မှုအားနည်းခဲ့တာကို ပြနေတာပါပဲ

အငှားစက်ဘီးစနစ်က မြန်မာနိုင်ငံမှာလုပ်ရင် အခိုးခံရနိုင်ဘူးလား။😁😁😁

အခိုးမခံရအောင် ကတ်စနစ်သုံးထားပါတယ် ... ပုံမှာပါတဲ့အတိုင်းပါပဲ ... ဒါကြောင့် အရင်အပိုင်းမှာ ကတ်စနစ်ရဲ့အသုံးဝင်ပုံကို အဓိကထားရေးခဲ့တာပါ

မြန်​မာပြည်​က​​တော့ေ ပြာင်းလဲစရာ​တွေအများကြီးပါ။

ဟုတ်ပါတယ်ဗျာ စိတ်ဓာတ်ကအစ ပြောင်းလဲရမှာပါ

အို ဖတ်ရတာကောင်းချက်
လူသွားလမ်းအကျယ်ကြီးသဘောကျပ
စက်ဘီးတွေ မန္တလေးမှာအဲ့လိုလုပ်ရင်ကောင်းမှာ
ဆိုင်ကယ်တွေနည်းသွား ဓာတ်ဆီသက်သာ
လူအန္တရာယ်ကင်း အတုယူစရာကောင်းပဗျာ

သူများတွေ ကိုယ့်ထက်ကောင်းနေတာမြင်လေ ... ကိုယ့်နေရာမှာ မလုပ်တာကို မချင့်မရဲဖြစ်လေပါပဲဗျာ ... နောင် ဘယ်နှစ်နှစ်မှ အိပ်မက်တွေ အကောင်အထည်ပေါ်လာမလဲ ... မြန်ချင်ရင်တော့ ကိုယ်တိုင်တွန်းလုပ်မှပဲ ဖြစ်မယ့်ကိစ္စပါ

သူများနိုင်ငံတွေလို..တိုးတက်ခြင်ရင်၊အရွေ့တခုကို..အားလုံးက..အမှန်တကယ်လိုခြင်ရမယ်။အဲဒီအရွေ့ကို
ရိုးသားတဲ့စိတ်ကိုအခြေခံပီး..ကြိုးစားစိတ်ကိုရှေ့တန်းတင်
ပီး..စည်းလုံးစွာလိုက်နာကြမယ်ဆိုရင်..တနေ့တလံ..ပုဂံဘယ်ပြေးမလဲပေါ့...but..လက်ရှိအနေအထားကတော့..
တော်တော်ကြီးကိုပြု ပြင်ရမဲ့..အရေးကြီးဆုံးအချက်က..စိတ်ဓာတ်ဖြစ်ပါတယ်။အချောင်ခိုပီး..အလကားမတ်တင်းလိုခြင်သောစိတ်ဓာတ်၊တာဝန်မဲ့သောစိတ်ဓာတ်၊ဘေးထိုင်ဘုပြောကန့်လန့်တိုက်လိုက်နေသောစိတ်ဓာတ်၊အမှန်တရားကိုမသိတာထက်..သိပီးမလိုက်နာသောစိတ်ဓာတ်တွေကိုပြင်လိုက်ရင်တော့....ဟူး...ရင်မောစရာကြီးပါ။

ာတရုတ်ပြည်မှာ ဓါတ်ဆီသုံး ဆိုင်ကယ်သိပ်မတွေ့ခဲ့ဘူး။ဘရီဆိုင်ကယ်တွေများတယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.096
BTC 62060.69
ETH 1734.56
USDT 1.00
SBD 0.39