My travel experience - 2

in #myanmar6 years ago

ယခု post သည် My travel experience - 1 ၏ နောက်ဆက်တွဲ ဖြစ်ပါသည် >>>>>

Image credit - Original source


ဧည့်စာရင်းတိုင်ကြားမှု

ပြည်ပခရီးသွားပြီဆိုရင် အရင်ဆုံးစဉ်းစားရမှာ Registration form of temporary residence ကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ အကယ်၍ တည်းခိုခန်းမှာ တည်းခိုမယ်ဆိုရင်တော့ တည်းခိုခန်းကနေ ကိုယ်စားလုပ်ပေးပါတယ်။ လုပ်ပေး မပေးကိုလည်း မေးရပါမယ်။ အဆောင်ငှားနေမယ်ဆိုရင်တော့ ကိုယ်ရောက်တဲ့နေရာနဲ့ အနီးဆုံးရဲစခန်းတို့ အုပ်ချုပ်ရေးရုံးတို့မှာ နေ့တွင်းချင်း သွားရောက် အကြောင်းကြားရပါမယ်။ ဒါမှသာ ဗီဇာသက်တမ်းတိုးတဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။ သူတို့ထုတ်ပေးတဲ့ ဧည့်စာရင်းသဘောမျိုး စာရွက်က သက်တမ်းတိုးတဲ့အခါ လိုအပ်ပါတယ်။ မဟုတ်ရင် ဒဏ်ငွေဆောင်ရမှာဖြစ်ပါတယ်။

Image credit - Original source


နေထိုင်စားသောက်မှု

အဆောင်မှာနေတဲ့အခါလည်း အဲယားကွန်းရှိလား ... ချက်ပြုတ်စားလို့ ရလား ... ဈေးနဲ့ နီးလား ... ရေချိုးခန်းမှာ ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသုံးလဲဆိုတာ ရောက်ရောက်ချင်း မေးမြန်းထားရပါတယ် ... မဟုတ်ရင် ဒုက္ခကို ရောက်ရောပဲ ... ကွီးစော နေတဲ့ အဆောင်က အဲယားကွန်းမရှိဘူး ... တစ်နေ့ ဘယ်လောက်ပေးမှ ဖွင့်ပေးတယ်ဆိုပဲ ... နွေခေါင်ခေါင်ရောက်သွားတော့ ဒုက္ခကို ရောက်ရော ... ကပ်စေးနှဲတဲ့စိတ်နဲ့ အပူဒဏ်ကို အံတုကြည့်တယ် ... အသက်ကို မနည်းဝအောင် ရှူရတဲ့ ဒုက္ခကို ခံစားရတယ် ... ချက်တာက သူတို့ပစ္စည်းတွေကို မသုံးတတ်တော့ စူပါမားကက်ကနေ ၀ယ်စားတယ် ... ကိုယ့်နေရာနဲ့ မနီးတော့ ကားစီးတန်စီး ... လမ်းလျှောက်တန် လမ်းလျှောက်ရတယ် ... ရေချိုးခန်းသုံးတဲ့နေရာမှာလည်း အတော်လေး ဒုက္ခရောက်ရတယ် ... ရေချိုးတဲ့ စက်ထဲ ၀င်ပြီး ခလုတ်တွေ နှိပ်ရတာဗျာ ... တွေ့ကရာ နှိပ်ကြည့်တာပဲ ... ရေတွေက အပေါ်က ကျလိုကျ ... ဘေးကနေ ပန်းထွက်လိုထွက် ... စက်က လည်လိုလည်နဲ့ ဟုတ်နေတာပဲ ... ရေကန်လည်း မရှိတော့ အ၀တ် ဘယ်လိုလျှော်ရမလဲ မသိဘူး ... နောက်မှ အပေါ်ထပ်မှာ အ၀တ်လျှော်စက်ရှိကြောင်း သိတော့တယ် ... အ၀တ်လျှော်စက်ထဲ အ၀တ်ထည့်ပြီး ခလုတ်နှိပ်တော့လဲ မလည်ဘူး ... ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး အသိ မတရုတ်ကို ဖုန်းဆက်မေးရတယ် ... ဒီတော့မှ သိတယ် ... ထူးထူးဆန်းဆန်းဗျာ ... ပိုက်ဆံထည့်မှ အ၀တ်လျှော်ပေးတဲ့စက်တဲ့ ... အကြွေစေ့လေး ဘယ်လောက်ထည့်ရင် ဘယ်နှစ်ခါလျှော်လို့ ရတယ်ပေါ့ ... ထည့်ကြည့်လိုက်တယ် ... ဟုတ်သားပဲ ... အဲဒီတော့မှ ခလုတ်နှိပ်လို့ ရသွားတယ် ... အ၀တ်လျှော်စက်လည်း လည်သွားတယ် ... အ၀တ်ထည့်ရုံပဲ ... ရေကျတာ ... ရေသွန်တာ ... အားလုံးကို သူ့ဘာသာလုပ်သွားတယ် ... စက်ကိုတောင် ပိုက်ဆံပေးမှ အလုပ်လုပ်အောင် ကြံစည်ထားနိုင်တဲ့ အာဂတရုတ်တွေပါပဲ ...

Image credit - original source


ငွေပေးချေမှုစနစ်

ကိုယ်ရောက်သွားတဲ့နေရာမှာ ဆိုင်တွေက အတော်စုံလင်ပါတယ် ... စူပါမားကက်တွေမှာလည်း ဆိုင်ကယ်တို့ ကားတို့မှာ တင်ရောင်းနေတာပါ ... ဈေးဝယ်စင်တာထဲဝင်ရင် အိတ်ကို သိမ်းတာကလည်း manual မဟုတ်ဘဲ auto ဖြစ်ပါတယ် ... လော့ကာထဲကို အိတ်ထည့်တာနဲ့ ပြေစာထွက်လာပါတတယ် ... လော့လာကို ဖွင့်ချင်ရင် အဲဒိပြေစာနဲ့ ဖွင့်လိုက်ရုံပါ ... ဘဏ်ကြီးတွေလည်း အတော်များပါတယ် ... ဒါပေမယ့် မြန်မာနိုင်ငံက ဘဏ်တွေလို လူမရှုပ်ပါဘူး ... အရာရာကို ကတ်စနစ်သုံးထားတာကြောင့် ဘဏ်မှာ လာရောက်လုပ်ဆောင်စရာ သိပ်မရှိပါဘူး ... စက်ကနေပဲ လုပ်လို့ ရပါတယ် ... ဈေးဝယ်တဲ့အခါမှာလည်း ငွေနဲ့ ၀ယ်စရာ သိပ်မလိုပါဘူး ... QR ကုတ်လေးပြပြီး စက်ကနေ ဖတ်လိုက်ရုံနဲ့ ငွေပေးချေပြီးသားဖြစ်သွားပါတယ် ... ဖုန်းတစ်လုံးရှိရင် ဈေးဝယ်လို့ ရနေပါတယ် ... မီးကလည်း ၂၄နာရီလာပြီး အင်တာနက်လိုင်းကလည်း ကောင်းမွန်တာကြောင့် အတော်လေးအဆင်ပြေတယ်လို့ ဆိုရပါမယ် ... လစာပေးရင်လည်း ကတ်ထဲကိုပဲ ထည့်ပေးတာဆိုတော့ ငွေသားကိုင်စရာ လိုပါဦးမလား ...

Image credit - original source


ကတ်စနစ်

ကတ်စနစ်က နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေး လူမှုရေး ပညာရေး ဘက်ပေါင်းစုံမှာ အသုံးဝင်တဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ မှတ်ပုံတင်ကိုင်စရာမလိုတော့ဘဲ နိုင်ငံသားတစ်ဦးရဲ့အချက်အလက်တွေကို ကတ်နဲ့ စကင်ဖတ်ပြီး သိရှိနိုင်ပါတယ်။ ဘဏ်နဲ့ ဆက်ဆံရာမှာ ကတ်စနစ်ကြောင့် ပိုမိုလွယ်ကူစေတယ် ... ငွေအသုံးပြုရာမျာ ကတ်စနစ်ကြောင့် ပိုမိုလွယ်ကူစေတယ် ... အိမ်ရာတွေမှာ ကားအ၀င်အထွက်ကို တားထားတဲ့ မောင်းတံကိုလည်း ဘေးနားက စကင်နာမှာ ကတ်ပြလိုက်ရုံနဲ့ ပွင့်သွားအောင် မိမိဘာသာလုပ်နိုင်တယ် ... ဘတ်စ်ကားစီးတဲ့အခါ ကျည်ဆံရထားစီးတဲ့အခါ ကတ်စနစ်နဲ့ ပိုမိုအဆင်ပြေသွားစေတယ် ... discount လည်း ရရှိပြီး ငွေကြေးကုန်ကျမှုကို သက်သာစေတယ် ... ယုတ်စွအဆုံး လမ်းပန်းဆက်သွယ်ရေးအတွက် အစိမ်းရောင်စက်ဘီးတွေကိုလည်း ကတ်နဲ့ ယူသုံးနိုင်ပါတယ် ... ကျွန်တ်ာတို့အတွက်တော့ အစိမ်းရောင်စက်ဘီးဆိုတဲ့အခေါ်အဝေါ်ဟာ ထူးဆန်းနေပါတယ် ... အဲဒါဟာ ဘယ်လိုမျိုးလဲ ... လမ်းပန်းဆက်သွယ်ရေးမှာ ပိုမိုလွယ်ကူအောင် ဘယ်လိုအထောက်အကူပေးလဲဆိုတာ နောက်အပိုင်းမှာ ဆက်လက်ဖော်ပြပါ့မယ် ...

Image credit - Original source


စာဖတ်ပရိသတ်အပေါင်းကို ကျေးဇူးတင်ရှိပါတယ် ...


DSCN1499.jpg


Author - @sawlwin

MSC - 176

Sort:  

ကွီးစောက ရေကိစ္စနဲ့ အတော် တိုင်ပတ်ခဲ့ရတာပေါ့နော့
တရုတ်တွေရဲ့ အဆင့်အတန်းမြင့်မားလာမှုတွေက မြန်မာတွေထက် အဆများစွာသာလွန်နေခဲ့ပြီပေါ့
ဒါကလည်း အချိန်ကိုငွေနဲ့ပဲအလဲအလှယ်လုပ်ကြလို့ထင်တယ်။ အချိန်တိုင်းမှာ ဘယ်အရာမှအလကားမရခဲ့ဘူးမဟုတ်လား။
အစိမ်းရောင်စက်ဘီးတွေအကြာင်းလေးလည်း ဆက်ပါအုံးကိုစောရေ။

အဓိက ပြောချင်တာက အစိမ်းရောင်စက်ဘီးအကြောင်းပါ ဒါကြောင့် ကတ်စနစ်အကြောင်းကို စကားစထားတာ

ဧည့်စာရင်းတိုင်တာဆိုလို့ 2000 ခုနှစ်လောက်က မန္တလေးဘူတာကြီးမှာ
ငွေ တစိဆယ်ကျပ်နှင့် ညအိပ်ခဲ့ရတာကို သတိရမိပါရဲ့

ဘူတာကြီးမှာ ညအိပ်တာ ပိုက်ဆံပေးရတာလားဗျ ...

ဝိုး... တစ်နေ့တော့ အဲ့ဒီလို ခရီးရှည်ထွက်ပြီး
စာရေးချင်လိုက်တာဗျာ...
ဗဟုသုတ တွေလည်းရတာပေါ့ဗျာ
တစ်ယောက်တည်း ခရီးသွားခြင်းက ကိုယ့်ကိုပိုပြီး
ရင့်ကျပ်စေလိမ့်မယ်လို့ထင်ပါတယ်

အခက်အခဲတွေ ဖြေရှင်းရင်း အတွေ့အကြုံသစ်တွေကို ခံစားရင်း စိတ်သက်နည်းနည်းတိုးသွားနိုင်ပါတယ်ဗျာ

i like barma culture

Thank you .

ကဒ်စနစ်အသုံးပြုရင် ခိုးဆိုးလုနှိုက် ဒုစရိုက်မှုကို ကာကွယ်ပြီးသားလည်း ဖြစ်မယ်ထင်တယ်ဗျနော်။

လူစစ်ထုတ်ရတာလည်း ပိုလွယ်ကူသွားပါမယ်

ရန်ကုန်ရောက်စက ဧည့်စာရင်းမတိုင်လို့ ပြဿနာတက်တာတောင် သတိ၇မိပါရဲ့

အခုတော့ ဧည့်စာရင်းမတိုင်လည်း ရနေပါပြီ

ကျွန်တော် တရုတ်ရောက်တုန်းက တောမြို့လေးမှာ နေခဲ့ရတာဆိုတော့ ကိုစောရေးပြတာတွေ မသိခဲ့ရဘူး အခုမှသိရတယ် တရုတ်ကို တခေါက်ပြန်ရောက်သွားသလိုပါပဲဗျာ

ကိုယ်မသိတာတွေ အများကြီးပါပဲ ... ကိုယ်တွေ လိုအပ်နေသေးတယ်ဆိုတာ ပြနေပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖတ်လို့ကောင်းလိုက်တာ။အဲလိုအတွေ့အကြုံတွေကိုရေးတဲ့သူက..ရေးမှ..သိရမှာလေ။ဖတ်ရင်းနဲ့ဘာကိုသွားပီးမြင်သလဲဆိုတော့...နိုင်ငံကိုအုပ်ချူပ်သွားကြတဲ့လူတွေရဲ့စေတနာနဲ့အမြော်အမြင်ကွာခြားတာတွေ...လူတွေရဲ့စိတ်က
အခွင့်အရေးတော့လိုခြင်..ရခြင်ပီး..တာဝန်ကိုမယူတဲ့အချောင်သမားစိတ်တွေ...နောက်တခုက.တို့နိုင်ငံကလူတွေက
စည်းစိမ်ယစ်မူးတယ်..အဲဒါကိုအမှီပြု ပီး..မာန်မာနတွေထောင်လွှားကြတယ်။ဗဟုသုတနည်းပါးပီး..နွားခြေရာခွက်ထဲကရေကို.ပင်လယ်ထင်တဲ့ဖားသူငယ်လို..စိတ်ဓာတ်တွေများတယ်...ဒီတော့...အများကြီးကြိုး စားရဦးမှာပါ။အန်တီကတော့..အဲဒီလိုမြင်တယ်။

အတိုချုံ့ရရင်တော့ ပြင်ပအလှမမြင်အောင် ပြတင်းပေါက်ကနေ ပိတ်ကွယ်ရပ်သူတွေ ... အပေါ်တက်တဲ့သူကို ဆွဲချသူတွေ ... အနူတောမှာ လူချောဖြစ်ချင်သူတွေကြောင့် အခုလို သူများထက် နောက်ကျနေရတာပါ အန်တီဆွေ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 57916.39
ETH 2552.77
USDT 1.00
SBD 2.42