How to Undelegate Steem Power ! မိမိ delegate လုပ်ထားသော SP ကို Undelegate ပြုလုပ်နည်း ...

in #myanmar6 years ago (edited)

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

ယမန်နေ့က @konyi ၏ အကောင့်အခိုးခံရသည့် အခြေအနေမှာ ကျွန်တော့်ရဲ့လုပ်ဆောင်ခဲ့ပုံကို How to recover Stolen Steemit Account ! အခိုးခံရသော စတီးမစ်အကောင့်ကို ပြန်လည်ရယူနည်း ... ဟု post တစ်ခုရေးသားခဲ့ပါသည်။ ထိုသို့ အကောင့်ကို ပြန်လည်ရရှိခဲ့သော်လည်း ထိုမျှနှင့် မပြီးဆုံးသေးဘဲ sp တချို့ကို Delegate လုပ်ထားခြင်း ခံရကြောင်း @konyi က သတိပြုမိခဲ့ပါသည်။ ၄င်း၏အကူအညီတောင်းချက်အရ undelegate ဖြစ်အောင် ထပ်မံဆောင်ရွက်ပေးခဲ့ရပါသည်။ မူလက post များ ရေးမတင်ဖို့ ဆုံးဖြတ်ထားသော်လည်း Myanmar Steemit Community မှ G-1 sub-leader @komoezaw ၏ တောင်းဆိုချက်အရ မိမိတို့ အဖွဲ့သားများအတွက်သာမက စတီးမစ်မှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်များကို ဖတ်ရှုရန် ခက်ခဲသူများအတွက်ပါ ရည်ရွယ်ပြီး ယခု post များကို ရေးသားလိုက်ရပါသည်။

Delegate လုပ်ထားကြောင်း မည်သို့ သိရှိမည်နည်း ?

  • မိမိစတီးမစ်အကောင့်၏ wallet တွင် အောက်ပါအတိုင်း မြင်နိုင်ပါသည်။
  • ( - ) လက္ခဏာပေါ်နေသော sp မှာ Delegate အလုပ်ခံရသော sp ဖြစ်ပါသည်။

image

Delegate လုပ်ထားသူကို မည်သို့ရှာဖွေမည်နည်း ?

https://steemblockexplorer.com တွင် မိမိအကောင့်အမည်ထည့်ပြီး ရှာဖွေပါက အောက်ပါအချက်အလက်ကို ရရှိပါသည်။

image

ထို့ကြောင့် @kny သို့ Delegation လုပ်ထားကြောင်း သိရှိရပါသည်။

Delegator နှင့် Delegatee ကို သိရှိပြီဖြစ်သဖြင့် အောက်ပါ link ကို Browser တွင် ဖွင့်ပေးရပါမည်။

https://steemconnect.com/sign/delegateVestingShares?delegator=konyi&delegatee=kny&vesting_shares=0.000000%20VESTS

  • အပေါ် link အတွင်းရှိ Delegator နေရာတွင် delegate အလုပ်ခံရသူအကောင့်နာမည် konyi ကို ထည့်ထားပါသည်။
  • Delegatee နေရာတွင် Delegate လုပ်သွားသူ kny အမည်ကို ထည့်ထားပါသည်။

ထိုအခါ အောက်ပါအတိုင်း ပေါ်လာပါသည်။

image

Continue ကို ထပ်မံနှိပ်ပေးပါ။ အောက်ပါအတိုင်း box ပေါ်လာလျှင် မိမိ၏ အကောင့်အမည်နှင့် Active Key (သို့မဟုတ်) Main Password ကို ထည့်ပေးပါ။

image

ယခုကဲ့သို့ စာတန်းပေါ်လာပါက မိမိ၏ undelegate လုပ်ခြင်း အောင်မြင်သွားပါပြီ။

image

တစ်ခု သတိပြုရမည့်အချက်မှာ undelegate လုပ်ထားသော်လည်း မိမိ wallet ရှိ delegation လုပ်ထားသည့်ပမာဏမှာ မပြောင်းလဲသေးပါ။ ၇ ရက်ပြည့်မှသာ မိမိ sp ကို ပြန်လည်ရရှိပါမည်။ သို့သော်လည်း steemd.com တွင် စစ်ဆေးပြီး အောက်ပါအတိုင်း တွေ့ရှိပါက စိတ်ချနိုင်ပါပြီ။

image

စာဖတ်သူအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ ...

Author - @sawlwin

#kosaw

Images credit - Screenshots from konyi's messenger

MSC -176

Sort:  

ကျေးဇူးတင်ပါတယ် ကိုစောရေ
မသိသေးတဲ့သူတွေသိခွင့်ရကြပါပြီဗျာ

ကိုမိုး ကျေးဇူးလည်း ပါပါတယ်

Thank you for share.

You are welcome.

တော်​တယ်​ကွာ ဒီတစ်​ပတ်​​တွေ့ရင်​ထန်းရည်​တိုက်​မယ်​ 😄

အိုကေ ဒကာရှိရင် သောက်ပြီးသားပဲ

Thank for your post.

My pleasure

ကျေးဇူးပါ ကိုစောရေ
မှက်သားစရာတွေ ထပ်ရပြန်ပြီ

ဟုတ်ကဲ့ ဝမ်းသာပါတယ်ဗျာ

အကိုစောလုပ်ဆောင်ချက်တွေက ကျွနော်တိုအတွက်အတုယူစရာတစ်ခုပါ ခုလို ရှင်းပြပေးပြီး ကူညီပေးခဲ့တာအတွက် ကျေးဇူးပါအကိုစော share ခွင့်ပြုပါအုံး

ဟုတ်ကဲ့ ကိုညီ

ကျေးဇူးပါ ခုလို သိခွင့်ရတဲ့ အတွက်

ဟုတ်ကဲ့ ဝမ်းသာပါတယ်

Thx ..
Upvote & Resteemed.

Thanks a lot.

ကျေးဇူးပါကိုစော

ဟုတ် ကိုမြင့်

ကျေးဇူးပါအကို​ရေ

ဟုတ်ကဲ့ပါ

ဟုတ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64573.45
ETH 3441.06
USDT 1.00
SBD 2.51