How to recover Stolen Steemit Account ! အခိုးခံရသော စတီးမစ်အကောင့်ကို ပြန်လည်ရယူနည်း ...

in #myanmar6 years ago

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

ကျွန်တော်တို့ဟာ အမှတ်တမဲ့ဖြစ်စေ နေရာတစ်ခုခု application တစ်ခုခုကို log in ဝင်သည်ဖြစ်စေ မိမိတို့၏ password များ key များကို ထည့်သွင်းသုံးစွဲမိပြီး မသမာသူနှင့် ကြုံတွေ့သည့်အခါ အခိုးခံရခြင်းများ ဖြစ်တတ်ပါသည်။ ထိုအခါ စိတ်ဆင်းရဲခြင်း ဖြစ်ရပါသည်။

လတ်တလောတွင်လည်း MSC Group-1 မှ @konyi ခမျာ သူ၏ အမှတ်တမဲ့အမှားကြောင့် ဤကဲ့သို့ စိတ်ဒုက္ခရောက်ခဲ့ရပါသည်။ ကိုညီ၏အကောင့်ကို ခိုးသွားသော @kny အကောင့်ပိုင်ရှင်မှာ လက်တလောရှိသည့်ငွေများကို ယူသည့်အပြင် Delegate လုပ်ခြင်း power down ခြင်းပါ ပြုလုပ်သွားပါသည်။ ယခုမှ ဖွင့်လိုက်သော အကောင့်ဖြစ်သော်လည်း ၄င်း၏ ကျွမ်းကျင်မှုကို ပြသနေပြီး ကျွန်တော်တို့၏ အမှားကို စောင့်ကြည့်နေသည့် မသမာသူများကလည်း စတီးမစ်နယ်ပယ်မှာ ရှိနေကြောင်း အသိပေးနေပါသည်။ မည်သို့မှားယွင်းခဲ့ကြောင်းကို ကိုညီက သူ၏ post တွင် ပြောပြထားပြီး ဖြစ်သဖြင့် မည်သို့ပြန်လည် လုပ်ဆောင်ခဲ့ကြောင်းကိုသာ ဤ post တွင် ရေးသားပေးပါမည်။

ပထမဆုံး အကောင့်ခိုးခံရသည်ကို သိသိချင်း ကိုညီက သူသိသလောက် တုံ့ပြန်လုပ်ဆောင်ခဲ့ပါသည်။ စတီးမစ်အကောင့် ကို ဝင်ပြီး ညာဘက်ထောင့်ရှိ တုတ်ချောင်း ၃ချောင်း အပြိုင်ပေါ်နေသောနေရာကို နှိပ်ကာ အောက်ပါအတိုင်းပေါ်လာသောပုံရှိ Stolen Accounts Recovery ကို နှိပ်ပေးပါသည်။

image

အောက်ပါအတိုင်း ပေါ်လာသောအခါ မိမိ၏ အကောင့်နာမည်နှင့် password ကို ဖြည့်ပြီး Begin Recovery ကို နှိပ်ပေးရပါသည်။

image

နောက်တစ်ဆင့်အနေဖြင့် စတီးမစ်အကောင့်ဖွင့်တုန်းက မိမိအသုံးပြုခဲ့သည့် အီးမေးလ်လိပ်စာကို ထည့်သွင်းပေးပါက အောက်ပါအတိုင်း အကြောင်းကြားစာကို ရရှိပါမည်။

image

တစ်ခုတော့ သတိထားရပါမည်။ ယခုအဆင့်ကို အခိုးခံရပြီးပြီးချင်း ရက်ပေါင်း ၃၀အတွင်း ပြုလုပ်မှ စိတ်ချရပါသည်။

ထို့နောက် [email protected] သို့ ဖြစ်စဉ်အသေးစိတ်ကို ရေးသားကာ ပေးပို့ရပါမည်။ ထိုအခါ အောက်ပါအတိုင်း အလိုအလျောက်ပေးပို့သည့် အီးမေးလ်တစ်စောင် ရရှိပါမည်။ စိတ်မပူပါနှင့်။ မိမိအီးမေးလ် ရောက်ရှိကြောင်း သက်သေပင် ဖြစ်ပါသည်။

image

အီးမေးလ်ပေးပို့ရာတွင် -

  • စတီးမစ်အကောင့်ဖွင့်စဉ်က အသုံးပြုခဲ့သည့်အီးမေးလ်လိပ်စာကို အသုံးပြုရမည်။
  • အီးမေးလ်၏ Subject နေရာတွင် Stolen my steemit account ဟု အခြေအနေကို သိသာစေမည့် စာသားကို ရေးထည့်ပေးရမည်။
  • ဖြစ်စဉ်အသေးစိတ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားရမည်။
  • အထောက်အထားများရှိပါက အီးမေးလ်တွင် တစ်ပါတည်း တွဲထည့်ပေးရမည်။

ထို့ပြင် https://steemit.chat ရှိ #help channel တွင်လည်းကောင်း Discord များရှိ #help channel တွင်လည်းကောင်း မိမိထက် တတ်ကျွမ်းသူများ၏ အကူအညီကိုလည်း ရယူနိုင်ပါသည်။

အခိုးခံရသူ၏ post များအောက်တွင် စာများ ဝင်ရောက်ရေးသားခြင်း အခိုးခံရသူ၏မိတ်ဆွေများမှ ငွေပမာဏပြားစွန်းလောက် Transfer လွှဲခအကုန်ခံကာ memo နေရာတွင် စာရေးသာခြင်းဖြင့်လည်း တုန့်ပြန်နိုင်ပါသည်။

ထိုသို့ အစွမ်းကုန်ပြုလုပ်ပြီးနောက် ကိုညီ၏ကံ ကောင်းမွန်သည်ဟု ဆိုရမည်လား မသိပါ။ အောက်ပါအတိုင်း အီးမေးလ်တစ်စောင်ကို လက်ခံရရှိပြီး password ကို reset လုပ်ကာ မူလစတီးမစ်အကောင့်ကို ပြန်လည်ရရှိခဲ့ပါသည်။

image

သို့သော် @kny က transfer လုပ်ထားသည့် SBD များကိုတော့ ပြန်မရတော့ပါ။ Power down ထားသည်ကိုတော့ အချိန်မီတားဆီးနိုင်ခဲ့ပါသည်။

SP Delegate လုပ်ထားသည်ကို မည်သို့ undelegate လုပ်သနည်း ဆိုသည်ကိုတော့ နောက် post တစ်ခုအနေဖြင့် တင်ဆက်ပေးပါမည်။

ယခု post တွင် အဆုံးသတ်အနေဖြင့် ပြောပြချင်သည်ကတော့ မိမိ၏ password ကို မမေ့အောင် သိမ်းဆည်းဖို့ လိုအပ်ကြောင်းပင် ဖြစ်ပါသည်။ အခိုးခံရပါက ပြန်ရနိုင်ချေရှိသော်လည်း မသေချာပါ။ ရခဲ့လျှင်လည်း အနည်းနှင့်အများ ဆုံးရှုံးမှုများရှိသလို အလုပ်လည်း ရှုပ်ရပါသည်။ ထို့ကြောင့် မိမိ၏ငွေကြေးကို ဂရုစိုက်သကဲ့သို့ ဂရုစိုက်စေလိုပါသည်။

Author-@sawlwin

#kosaw

Images credit - Screenshots from steemit & messenger

MSC - 176

Sort:  

resteem ဗျာ

ဟုတ် ကိုထွေး

Thank you for your share.

My pleasure

ခုလိုသိခွင့်ရတာ ကျေးဇူးပါနော် အကိုစော

အခုလို ရေးဖြစ်လို့ ကိုညီ့ကိုလည်း ကျေးဇူးတင်ပါတယ်

ဒီစာ resteem လုပ်မယ်နော်။

ရပါတယ် လုပ်ပါဗျာ

ကျေးဇူးကိုစော

ဟုတ် ကိုမိုး တိုက်တွန်းလို့ အခုလို ရေးဖြစ်တာပါ

ကျေးဇူးပဲကိုစောရေ အခုလို ကိုညီအကောင့် ပြန်ရတာ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်ဗျာ

ထပ်တူထပ်မျှ ဝမ်းသာပါတယ်ဗျာ

ကျေးဇူးပါ ကိုစောရေ resteem လုပ်ပြီးသိမ်းထားလိုက်ပြီဗျာ

ဟုတ်ကဲ့ သိမ်းပါဗျာ

ကျေးဇူးပါ

ဟုတ်ကဲ့

ချပြ​ပေးတာ ​​ကျေးဇူး ကို​စော

ဟုတ်ကဲ့

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65092.40
ETH 3470.06
USDT 1.00
SBD 2.50