Protect main password

in #myanmar7 years ago


မင်္ဂလာပါခင်ဗျာ၊..မနေကဖြစ်ပျက်ခဲ့တဲ့ကျွန်တော်ရဲ့မစဉ်းစားမဆင်ခင်လုပ်မိခဲ့တဲ့အမှားတစ်ခုကြောင်း၊ MSC Leaders တွေကိုစိတ်အနှက်ယုက်ဖြစ်စေခဲ့ပါတယ်၊ ဒီအတွက်လဲ့ အများကြီးတောင်းပန်ပါတယ်၊ နောက်ထပ်မစေရအောင် အသေချာဂရုစိုက်လုပ်ပါမယ်လို့လည်း ကတိပေးပါတယ်၊ မနေ့ကဖြစ်ပျက်ခဲ့အဖြစ်ပျက်မှာ၊ သူများကိုအပြစ်မမြင်ပါဘူး၊ ဒီလိုဖြစ်သွားခဲ့တာက ကျွန်တော်ရဲ့အမှားကြောင်းဖြစ်နေလို့ပါ၊ အဲဒါကြောင်း ကျွန်တော်တို့ MSC မှာလည်းနောက်ထပ် ကျွန်တော်ဖြစ်ခဲ့သလို့မျိုးမဖြစ်စေရအောင်၊ post မတင်ခင် အသေချာသတိထား စစ်ဆေးကြပါလို့တိုက်တွန်းလိုက်ပါတယ်၊ ဒီလိုဖြစ်သွားခဲ့တဲ့အကြောင်းအရာကတော့ ဒီလိုပါ... ကျွန်တော်တစ်နေ့က Steemit Acc ကို Computer မှာတွဲသုံးမယ်ဆိုပြီးတော့ Main password ကို Ph ကနေ copy ကူးယူခဲ့ပါတယ်၊ Computer နဲ့ခဏသုံးပြီးတော့ Ph ကိုဒီတိုင်းပိုက်ထားခဲ့ပါတယ်၊

ဒါနဲ့ မနက်မိုးလင်းတော့ ကျွန်တော် post တစ်ခုတင်ဖို့အတွက် စာတစ်ပုဒ်ရေးခဲ့ပါတယ်၊ Photo ထဲ့ရန်အလိုငှာ Ph ထဲက picture file ကနေ Copy ကူယူခဲ့ပါတယ်၊ နောက်ပြီးတော့ Steemit postကို လာပြီးတော့ link ကို past ချခဲ့ပါတယ်၊ ဖြစ်သွားတာက ကျွန်တော် Ph picture file ထဲကကူးယူခဲ့တဲ့ Link မပါလာဘဲ မနေ့ကတည်းက Copy ကူးယူခဲ့တဲ့ Main password link ကိုသာ မှားပြီး past လာချပြီးတော့ post တစ်ခုတင်ထားခဲ့ပါတယ်၊ နောက်ပြီတော့ ကျွန်တော် Another Link တစ်ခုကိုဝင်ပြီတော့ Vote ပေးခဲ့ပါတယ်၊ အဲဒီအချိန်မှာ password တောင်းတယ်ဒါကြောင်းကျွန်တော် Password ကိုထည့်ပြီးတော့ လုပ်ခဲ့တယ်အဲဒီအချိန်ကတည်းက မရတော့ဘူး သို့သော် ကျွန်တော်ကဘယ်လိုထင်လည်းဆိုတော့ လိုင်းမကောင်းလို့ဘဲဖြစ်မယ်ဆိုပြီး ခဏ Ph ပိုက်ပြီးတော့ နားနေလိုက်ပါတယ်၊ နောက်ထပ်တစ်နာရီလောက်ကြာတော့ ကျွန်တော်ပြန်ဝင်လာတယ် အဲဒီအချိန်မှာလဲ့ ထပ်လုပ်တယ်သို့သော်မရပြန်ဘူး၊ ဘာဖြစ်တာဆိုပြီး သေချာကြည့်တော့ ကျွန်တော်ကို Long in ဝင်ခိုင်းထားတာတွေ့ရတယ်၊ ဒါနဲ့ ကျွန်တော် ပြန်ဝင်လိုက်တော့ Incorrect password ပြနေတယ်၊ ဒါနဲ့ကျွန်တော် post တင်ထားတာကိုပြန်ကြည့်လိုက်တော့ …ပြန်ကြည့်လိုက်တော့..သွားပြီးပေါ့ဗျာ၊ Main password ကိုpost မှာမှားတင်ထားလိုက်တာကိုတွေ့ယော၊ မြန်မြန်ဆန်ဆန် post ကနေပြီ password ကို Copy သွားကူးလိုက်သေးတယ်၊ ဟေ..ဟေ.. ဘာမှထူးတော့ဘူး၊ ဟာ..ဒါနဲ့စိတ်တွေညစ်ပြီးတော့ သွားပါပြီး ဒါဆိုရင် ကျွန်တော် Acc ကိုတော့ တခြားသူတွေရသွားပြီဆိုပြီးအတွေးနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးဖြစ်နေတော့။ ဒီတိုင်းသာနေရင် ကျွန်တော်ဘာမှလုပ်တတ်တာမဟုတ်၊ အကူညီတောင်မှဘဲရတော့မယ်ဆိုပြီး၊ ကျွန်တော် GP 1 ထဲမှာအကြောင်းအကျိုးကိုပြောပြပြီးတော့ အကူညီတောင်းခဲ့ပါတယ်၊

ကျွန်တော်ကိုကူညီပေးရန် MSC အဖွဲ့သူ/သားများက ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါတယ်၊ ဒါနဲ့ မနက် ၈နာရီးကတည်းက ကျွန်တော် ပြုလုပ်နေခဲ့တာ ညနေ၈နာထိရှိသွားပါပြီး ဘာမှမတတ်နိုင်ခဲ့ပါ၊ ကျွန်တော် New Acc ဖွင့်ရန်ဆုံးဖြတ်ချက်ချပြီးခဲ့ပါပြီး၊ အဲဒီအချိန်မှာ ကိုစော နှင့် ကိုမိုးဇော်တို့က ကျွန်တော်ဆီက Gmail acc & Password ကိုတောင်ခဲ့ကြပါတယ်၊ ကျွန်တော် Gmail & Password ကိုပေးပြီးနောက် အကို စော က ကျွန်တော် Gmail ကိုအသုံးပြုပြီး ကျွန်တော် Acc ကိုရအောင်ပြုလုပ်ဖန်တီးပေးခဲ့ပါတယ်၊ ကျွန်တော်ဆီက Gmail ကိုယူပြီးအချိန်တိုအတိုးတွင်းမှာ ကျွန်တော် Acc ပြန်လည်ရရှိကြောင်းကို သတင်းပေးပို့ခဲ့ပါတယ်၊ စိတ်ဓာတ်ကျနေတဲ့ ကျွန်တော်စိတ်က ပြန်လည်ပျော်ရွှင်လာပြီး၊ ဆုံးရှုံးခဲ့တဲ့ ကျွန်တော် Acc လေးကိုပြန်လည်ရရှိခဲ့ပါတယ်၊

ဒါကြောင်း( အကိုစော) အချိန်ကုန် ငွေကုန် အပင်ခံပြီး ကျွန်တော်ကို ခုလိုကူညီပေးခဲ့တာ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နောက်ပြီး အကိုစောရဲ့ လုပ်ဆောင်မှု့ စွမ်းရည် ပညာတွေကို လေးစားမိပါကြောင်း၊ ကျွန်တော် MSC 037 Konyi မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်၊။ နောက်ပြီးတော ကျွန်တော်ကို ဝိုင်းဝန်းကူညီးဆောင်ရွက်ပေးခဲ့ကြတဲ့ MSC မိသားစုညီအကိုမောင်နှမများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊…နောက်ထပ်ဒီလိုမဖြစ်ရအောင် သေချာ ထိန်းသိမ်းစောင့်ရှောက်သွားပါမယ်လို့ ဝန်ခံကတိပြုအပ်ပါကြောင်း။..ကျွန်တော်ရဲ့အရေးသားညံ့ဖျင်းမှု့ကြောင်း တကယ်ကျေးဇူးတင်ရမဲ့သူတွေရှိခဲ့မယ်ဆိုရင် နားလည်ခွင့်လွတ်ကြပါလို့ပြောပါရစေ..အားလုံးအတွက်ကျေးဇူးတင်ပါတယ်။

Hello! Dear user, My name is Konyi. Working on Steemit with members, I had got one year and I had no problems before.

But, main password given by Steemit, was stolen yesterday morning around six o’clock because I put my main password as a post without seeing.

Following account’s owner Kny” may be a thief taking my password because of that he paid out 4.65 SBD to Steem having into my wallet and then started Power down. You can also cheek his wallet history. Now, there is a thief on Steemit. So, take care of your main password as well. Next one you can see his account is new. Now, I got my real account, Konyi. To get it from him thief, Ako Saw, MSC of Myanmar community faced many problems between a thief and Steemit team. Kny, thief has no pities at all, so take care of him and keep your main password safely. Thank for reading.

This is thief's link... https://steemit.com/@kny

Written by Konyi
MSC 037

Sort:  

ဝမ်းသာပါတယ်ကိုညီရေ
ကိုစောရဲ့ကြိုးစားပေးမှုကြောင့် ကိုညီတင်မဟုတ်ပါဘူး
ကျွန်တော်တို့လည်း ဝမ်းသာမိပါတယ်။
ဒါဟာ ကိုယ့်ဘက်က မှန်တာလုပ်နေသရွေ့ အဆိုးတွေကျရောက်လည်း ခဏပဲဆိုတာကို ဥပမာပေးလိုက်သလိုပါပဲ။
ကိုယ့်ဘက်က မမှန်မကန်လုပ်မိရင်တော့ ဆုံးရှုံးမှုတွေပဲဖြစ်လာနိုင်တယ်။
နောက်တစ်ခုက အခြား linkတွေကနေ loginဝင်ခိုင်းတဲ့အခါ ကိုယ့်ရဲ့Passwordနဲ့ဝင်ရမယ်ဆိုရင် မဝင်နဲ့
အခုလို passwordပြန်ရတယ်ဆိုတာကလည်း ကံကောင်းလို့ပြန်ရတာလို့ထင်တယ်။
နောက်တစ်ခါဒီလိုပြန်မရခဲ့ရင် ဒုက္ခရောက်ပီပဲ။

ဟုတ်ကဲ့ပါအကိုမိုးဇော် နောက်ဒီလိုမဖြစ်ရအောင်ထိန်းသိမ်းပါမယ် ခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်နော် အကိုမိုးဇော်

တော်သေးတာပေါ့ဗျာ ပြန်ရတာ ဝမ်းတွေသာနေတာ

ဟုတ်ကဲ့ပါအကို Msc တွေကူညီခဲ့လို့အချင်ပြေခဲ့တတာပါ

ပြန်ရတာ ဝမ်းသာပါတယ်ဗျာ။

ဟုတ်ကဲ့ပါအကို ကျေးဇူးတင်ပါတယ်

ပြန်ရသွားလို့ ဝမ်းသာပါတယ်ဗျား

ဟုတ်ကဲ့ပါ bro ကျေးဇူးတင်ပါတယ်

ဝမ်းသာ​နေလျှက်​ပါအစ်​​ရေ

တကယ်ဝမ်းသာမိပါတယ်

တော်သေးတာပေါ့ ကိုလင်းရ
မဟုတ်ရင် ကြိုးစားထားတာတွေ သဲထဲရေသွန်ဖြစ်ကုန်မှာ

အဲဒီနေ့ကဆို စိတ်ဓ်ာတွေတော်တော်ကျနေခဲ့တယ် bro

ထပ်တူ ဝမ်းသာ မိပါတယ် အစ်ကိုရေ ။ 😊

ဟုတ်ကဲ့ပါအကို

တော်​​သေးတာ​ပေါ့​ဗျာပြန်​ရလို့

ဟုတ်ပါတယ်bro ကျွန်တော်သာဆိုရမှာမဟုတ်ဘူး

အမှတ်​တမဲ့ တင်​မိသွားတာ ပြန်​ရလို့​တော်​​သေးbro

ဟုတ်bro ကျေးဇူးပါနော်

တော်သေးတာပေါ့ mscထဲမှာ တစ်ကယ့်နည်းပညာသမားတွေရှိပေလို့ ပဲ နို့ မို့ ဆို ပြန်ရဖို့ မလွယ်ဘူး သတိထားကြပါဗျာ

အကိုစောသာမကယ်ရင် ရမှာမဟုတ်ဘူး

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59538.61
ETH 2658.79
USDT 1.00
SBD 2.45