Accidental Help is a Great Thing sometimes ! | Myanmar

in #myanmar6 years ago

cox9g46zcx.png

source


မောင်ကိုဟာ ပဉ္စမတန်းကျောင်းသားတစ်ဦးပါ။ တစ်နေ့ သူကျောင်းကနေ ပြန်လာတော့ လမ်းမှာ အဖွားကြီးတစ်ယောက်ကို တွေ့တယ်။ အရင်ကလိုပဲ ဘာသိဘာသာ ဘေးကနေ ကျော်တက်လာပေမယ့် ထူးခြားမှုတစ်ခုကို သွားတွေ့တယ်။ အဖွားအိုက တစ်ချက်တစ်ချက်မှာ ခန္ဓာကိုယ်ယိုင်သွားတာကိုပေါ့။ ဒါနဲ့ပဲ သူက မလှမ်းမကမ်းကနေ စောင့်ကြည့်နေတယ်။ ခဏအကြာမှာ အဖွားအိုက ယိုင်ထိုးပြီး လဲတော့မလိုဖြစ်သွားပါတယ်။ သူ အမြန်ပြေးပြီး အဖွားအိုကို ထိန်းပေးလိုက်တယ်။

"အဖွား နေကောင်းရဲ့လား" လို့ မောင်ကိုကမေးလိုက်တယ်။

"အေး သားလေးရယ် အဖွားခေါင်းမူးနေတယ်။ အဖွားရဲ့သားအိမ်ကို သွားလည်မလို့ပါ။ အလာတုန်းက အကောင်း။ လမ်းရောက်မှ မူးနောက်နောက်ဖြစ်နေတယ်။ နေကလည်းပူတော့ ခရီးပန်းပြီး သွေးတိုးတာ ဖြစ်မယ်။" အဖွားအိုက မောင်ကိုရဲ့လက်မောင်းကို ဆုပ်ကိုင်ရင်း ဖြည်းဖြည်းချင်းပြောပါတယ်။

မောင်ကိုလည်း အဖွားအိုကို အရိပ်ကောင်းတဲ့ သစ်ပင်အောက်ကို တဖြည်းဖြည်းတွဲခေါ်ပါတယ်။ ခဏကြာတော့ အပင်ရိပ်ရဲ့ အေးမြမှုကြောင့် အဖွားအိုလည်း အနည်းငယ်လန်းဆန်းသွားပါတယ်။ မောင်ကိုလည်း ပို့မယ့်ပို့မှတော့ ကူးတို့ရောက်အောင် ပို့မယ်ဆိုပြီး အဖွားအိုကို အိမ်အထိ လိုက်ပို့ပေးပါတယ်။ အဖွားအိုညွှန်ပြတဲ့နေရာက သူတို့လမ်းနဲ့ တဖြည်းဖြည်းနီးလာတယ်။

မောင်ကိုလည်း တွေးမိတာပေါ့။
"သူ့သားက ငါတို့လမ်းနားမှာ နေတာဖြစ်မယ်"

ဒါပေမဲ့ အဖွားအိုသွားချင်တာက သူတို့လမ်းဖြစ်နေတယ်။

"အင်း လမ်းထဲက ဘယ်သူများပါလိမ့်။ ဒီအချိန်ဆို လမ်းထဲက လူအတော်များများ အလုပ်သွားနေကြပြီ။ ဘယ်သူမှ မရှိရင်လည်း ငါ့အိမ်မှာ ခဏလောက် ခေါ်နားခိုင်းလိုက်မယ်။"

ဒီလိုနဲ့ သူတို့အိမ်နားရောက်လာတယ်။ အဖွားအိုရဲ့လိပ်စာက သူတို့အိမ်ဆိုတာ သိသွားတော့ မောင်ကိုအံ့သြသွားတယ်။

"အဖွားက ဘယ်သူ့ရဲ့အမေလဲ" ပေါ့။

ဒီတော့မှ သူ့အဖေရဲ့အမေမှန်း မောင်ကိုသိသွားတယ်။

"လက်စသတ်တော့ အဖွားက တောမှာနေတဲ့ ငါ့အဖွားကိုး။"

သူ့အဖေတို့ တစ်နှစ်တစ်ခါ ရွာပြန်လည်ကြပေမယ့် မောင်ကိုက နွေရာသီကျူရှင်တွေ သင်တန်းတွေ ရှိတာကြောင့် လိုက်ပါ မသွားဖြစ်တော့ အဖွားကို မသိတာ ဖြစ်ပါတယ်။ ဒီနှစ် နွေရာသီမှာ မောင်ကိုရဲ့အဖေက အလုပ်ကိစ္စနဲ့ ခရီးထွက်စရာ ရှိတာကြောင့် အခါတိုင်းလို ပြန်မလည်ဖြစ်ပါဘူး။ ဒါနဲ့ပဲ သားကို တွေ့ချင်တဲ့ အမေဖြစ်သူက ကိုယ်တိုင်ရောက်ချလာတာပါ။ ဖုန်းဆက်အကြောင်းကြားရမှန်းလည်း မသိတာကြောင့် လိပ်စာနဲ့သာ တစ်ကိုယ်တည်း ရောက်ချလာတာပါ။

အမှတ်တမဲ့ ကူညီမှုလေးက ကြီးမားတဲ့တန်ဖိုးတစ်ခု ဖြစ်ထွန်းသွားစေပါတယ်။ အဖွားအိုကလည်း သူ့ကို စိတ်ထားကောင်းကောင်းနဲ့ ကူညီပေးတဲ့ ကောင်လေးက သူ့မြေးလေးမှန်းသိသွားတဲ့အခါ ဝမ်းသာပီတိဖြစ်သွားပါတယ်။ မောင်ကိုလည်း အမေအဖေက ချီးကျူးတာကို ခံရပါတယ်။


brf6s7nkon.png

source


သင်ခန်းစာ

ဒါကြောင့် လမ်းသွားရင်း ကိုယ်တတ်နိုင်တာ ရှိရင် မျက်နှာမလွှဲကြပါနဲ့။ မိမိနဲ့ မဆိုင်တာက တစ်ချိန်မှာ ဆိုင်လာတဲ့အခါ ပေးဆပ်ရတဲ့ တန်ဖိုးကြီးမားပါတယ်။


Sort:  

လမ်းသွားရင်း ကူညီမှုလေးက ကြည်နူးမှုအမှတ်တရလေးပ

ဟုတ်ပါ့နော်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hello! I find your post valuable for the wafrica community! Thanks for the great post! We encourage and support quality contents and projects from the West African region.
Do you have a suggestion, concern or want to appear as a guest author on WAfrica, join our discord server and discuss with a member of our curation team.
Don't forget to join us every Sunday by 20:30GMT for our Sunday WAFRO party on our discord channel. Thank you.

Thanks a lot, wafrica team!

Posted using Partiko Android

YOU JUST GOT UPVOTED

Congratulations,
you just received a 11.11% upvote from @steemhq - Community Bot!

Wanna join and receive free upvotes yourself?
Vote for steemhq.witness on Steemit or directly on SteemConnect and join the Community Witness.

This service was brought to you by SteemHQ.com

အာစိက ဒါမျိုးလဲ ရတယ်​​နော်

Moral story apk ရှိတယ် သူစီစဉ်တာကိုအတုခိုးပြီး ကိုယ်ပိုင် story လုပ်ကြည့်တာ

Posted using Partiko Android

ရင်ထဲ ရသတစ်ခု ကျန်ခဲ့တယ်ကိုစော။ good တယ်။

ကျေးဇူးပါ

Posted using Partiko Android

ဆွေမှန် မျိုးမှန်လေး ဖြစ်သွားတာပေါ့ ဖြစ်ခဲပေမယ့် ဖြစ်တတ်ကြတယ်

ဟုတ်ကဲ့

Posted using Partiko Android

Congratulations @sawlwin! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 15000 upvotes. Your next target is to reach 20000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54523.93
ETH 2291.82
USDT 1.00
SBD 2.35