About Channel MM Discord [Myanmar]

in #myanmar6 years ago

lq7xahvsc2.png

Source


သတင်းလေးတစ်ခု ပြောပြပါရစေ ...

discord server တစ်ခုကို ကျွန်တော် ထောင်ထားတဲ့အကြောင်းပါ ... Channel MM လို့ နာမည်ပေးထားပြီး Category တွေ Channel တွေ စုံလင်အောင် ထည့်ပေးပါမယ် ... bot တွေလည်း ထည့်ထားပါမယ် ...

အားလုံးက discord ရှိပြီးသားလို့ ယူဆတာကြောင့် discord ဖွင့်နည်းကတော့ မပြောတော့ပါဘူး ... invite link ကိုပဲ ချပေးပါမယ် ...

Discord Link

Channel MM မှာ အောက်ပါ bot တွေကို ထည့်ထားပါတယ် ...


g9y400itao.png


  • Discal ကတော့ clendar ကြည့်ဖို့နဲ့ event တွေ စီစဉ်ဖို့ ဖြစ်ပါတယ်
  • FredBoat က Youtube ကနေ သီချင်းတွေ နားထောင်ဖို့ ဖြစ်ပါတယ် ... Voice Channels မှာ ကုတ်တွေနဲ့ ဝင်ရပါတယ်
  • Kotoba ကတော့ ဂျပန်စာကို လေ့လာနိုင်ဖို့ပါ ... LEARNING AND DEVELOPING ဆိုတဲ့အောက်က #japanese Channel ထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ... bot ကို run သလို သိရှိသူများကလည်း ပြန်လည်ဝေငှပေးနိုင်ပါတယ် ... မိမိရေးသားထားတာကို စတီးမစ်မှာ ပို့စ်တင်ရင် စာတစ်ပုဒ်ရတာပေါ့ဗျာ
  • Kyte က lated airdrops တွေ hot airdrops တွေကို သိနိုင်အောင် ဖြစ်ပါတယ် ... TEXT CHANNELS တွေထဲက #airdrops-info-and-kyte-bot အောက်မှာ ဝင်ရောက်စမ်းသပ်ကြည့်နိုင်ပါတယ် ...
  • MEE6 ကတော့ discord မှာ ဘယ်လောက် active ဖြစ်သလဲဆိုတာ ပြပါတယ် ... level မြင့်လေ active ဖြစ်လေပါပဲ ... တခြားသုံးနိုင်တဲ့ command တွေကတော့ ရှိပါဦးမယ် ... လေ့လာပြီး ရေးသားသွားပါမယ်
  • SchedulerBot ကတော့ schedule တွေ ရေးဆွဲဖို့ပါ ...
  • StockBot ကတော့ trading စိတ်ဝင်စားသူတွေ သုံးနိုင်အောင် ထည့်ပေးထားတာပါ ...

နောက်ထပ် bot တစ်ခုကတော့ Google Translator ပါ ... သူ့ကိုတော့ ကိုယ်မသိတဲ့ ဘာသာစကားတစ်ခုကို ဘာသာပြန်ရာမှာ အသုံးပြုပါမယ် ...

bot တွေကို ဘယ်လိုသုံးလဲဆိုတာ နောက်ပိုင်း post တွေမှာ ဖော်ပြသွားပါမယ် ....


နောက်ထပ် မိတ်ဆက်ပေးမှာက Category တွေနဲ့ Channel တွေ အကြောင်းပါ ...


crtdmhwimf.png


TEXT CHANNELS အောက်မှာ အောက်ပါတို့ ရှိပါတယ်

  • #general [အလာပ သလာပတွေ ပြောကြပါမယ်]
  • #steemit-posts [ကော်ပီမဟုတ်တဲ့ စတီးမစ်ပို့စ်တွေ တင်ကြမယ် ... အပြုသဘောဆောင်ပြီး အကြံပေးမယ်]
  • #airdrops-reference-posts [မိမိရဲ့ airdrop reference တွေပဲ တင်မယ် ... သူများတင်ပြီးတာကို မတင်ဘူး ... တင်ထားသူရဲ့ link ကို ဝင်ပေးမယ်]
  • #steemhunt-token-posts [steemhunt ရဲ့ token တွေ ရအောင် link တွေ တင်ကြမယ်]
  • #airdrops-info-and-kyte-bot [airdrops တွေရဲ့ သတင်းတွေတင်မယ် ... kyte bot ကို ကလိကြမယ်]
  • #stockbot-commands [stockbot ကို ကလိကြည့်မယ်]
  • #translation-to-text [မသိတဲ့စာလုံးကို Google Translator နဲ့ ပြောင်းလဲကြည့်မယ်]

av2mczbj0t.png


VOICE CHANNELS အောက်မှာ အောက်ပါတို့ ရှိပါတယ်

  • #General [စကားအပြန်အလှန်ပြောကြမယ် ... ဆွေးနွေးကြမယ် ... အစည်းအဝေးလုပ်ကြမယ်]
  • #fredboat [ကိုယ်နားထောင်ချင်တဲ့သီချင်းတွေ နားထောင်ကြမယ်]

51r3vw6pjv.png


LEARNING AND DEVELOPING အောက်မှာ အောက်ပါတို့ရှိပါတယ်

  • #japanese [ဂျပန်ဘာသာစကားကို လေ့လာမယ် ... Kotoba bot ကို ကလိမယ်]
  • #english [အင်္ဂလိပ်ဘာသာစကားတွေ လေ့လာကြမယ်]

Catagory နဲ့ Channel တွေက ထပ်ထည့်လို့ ရပါသေးတယ် ... permission တွေ သတ်မှတ်တာ ... လျှို့ဝှက်အခန်းတွေ ထားတာလည်း လုပ်လို့ ရပါတယ် ... server တစ်ခုတည်းမှာပဲ အစုံသုပ်လုပ်လို့ ရနိုင်ပါတယ် ...

ဒါကတော့ Channel MM အကြောင်း မိတ်ဆက်ဖြစ်ပြီး နောက်ပိုင်း discord နဲ့ ပတ်သက်တဲ့ ဗဟုသုတများကိုလည်း ဆက်လက်တင်ပေးသွားပါမယ် ...

အားလုံးကို ကျေးဇူးတင်ပါတယ် ...


@sawlwin

MSC - 176

Sort:  

ကဲ ဘာလိုသေးလဲကြိုက်သွာပြီလေ
ကျေးဇူးအများကြီးတင်ပါတယ် ကိုစောရေ

အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks a lot!

Posted using Partiko Android

တော်ပြီးရင်းတော်နေပါလား ကိုစောရေ ဖိုက်တင်း

ဖိုက်တင်းပါဗျာ

Posted using Partiko Android

အား​ပေးတယ်​ဗျာ လုပ်​ပါ 😊😊

Posted using Partiko Android

ဟုတ်ကဲ့ ကျေးဇူးပါ

Posted using Partiko Android

ကျေးဇူးပါ ကိုရေ။

😁😁

Posted using Partiko Android

Discord ကို join ထားလိုက်ပြီ

Posted using Partiko Android

ဟုတ် ဦးမင်း တွေ့တယ် ကျေးဇူးပါ

Posted using Partiko Android

Joined. ကျေးဇူးတင်ပါတယ် ကိုစောရေ ဒီ လိုဆရာတွေ လိုအပ်ပါတယ် ☺☺

39062d63eab12edef2cd3b8d058b8517.gif

အားပေးတာ ကျေးဇူးပါဗျာ

Posted using Partiko Android

အရမ်းစုံနေတာဘဲကိုစောရေ

Posted using Partiko Android

လိုတာ ရှိရင် အကြံပေးဦးနော် ကိုအေး

Posted using Partiko Android

အများကြီးဘဲဟ ကျွန်တော်တို့ကတော့ လိုက်မမီရင်း နောက်ကျရင်းဘဲ ။

လင့်ထဲမှာ ဝင်ကလိကြည့်ဗျာ

Posted using Partiko Android

အခုလို နည်းပညာကိုလိုက်​စားပြီး ဖြန့်​ချီ​ပေးတာ တအားသ​ဘောကျပါတယ်​ ဒါ ​ပေမဲ့ အ​နော်​က ဘာမှမတပ်​တာကခက်​တာ

လင့်ထဲမှာ ဝင်ကလိကြည့်လေ ကလိနည်းတွေလည်း တင်ပေးမယ်

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63398.53
ETH 2660.51
USDT 1.00
SBD 2.77