ပြုံး၍ မုန်းနိုင်ကြပါစေ

in #myanmar6 years ago

" ရှေ့တွင်ပြုံးပြုံး ကွယ်ရာမုန်း " ဆိုသောစကား အလွန်မှန်ကြောင်း ကိုယ်တိုင်လက်တွေ့သိရှိလာခဲ့ပါတယ် ။
ကိုယ်တိုင်ကြုံဘူးခဲ့ရတဲ့ အကြောင်းကို စေ့စေ့စပ်စပ်တွေးကြည့်ရင်း တခုသတိထားမိလာတယ် ။

ရှေ့တွင်ကိုယ့်ကိုပြုံး၍ ကျေနပ်ချီးမွမ်းနေပြီး ကွယ်ရာတွင် ကိုယ့်အတင်းတုတ် ကိုယ့်ကိုမုန်းသောသူတို့ သည် ကိုယ့်ကိုသိပ်ချစ်ပါသည် ခင်ပါသည်ဟု ပါးစပ်ကတဖွဖွပြောတတ်သောသူ အများစုဖြစ်နေတာကို ကျမသိလိုက်ရလို့ ပါဘဲ ။

ပါးစပ်က ချိုသလောက် မျက်နှာလေးပြုံးနေသလောက်ကို သူတို့ နောက်ကွယ်က ကိုယ့်ကို မလိုလားမုန်းတီးကြသည်မှာ အတိုင်းမရှိကြီးကျယ်ခန်းနားလွန်းလှသည် ။ ညီမလေးရေ
သမီးလေးရေ ဝဲစိန်လေးရေ စသည်ဖြင့် အရည်ပျော်မတတ် လူအများရှေ့မှာ ချိုသာနူးညံ့သလောက် နောက်ကွယ်မှာ အဲ့ဒီချိုသာခြင်းတွေရဲ့ အဆတရာလောက် မလိုလားတဲ့ အမုန်းတွေ အမြင်ကပ်မှုတွေ စတဲ့ အဆိုးမြင်ခြင်းတွေဟာ ကိုယ့်အပေါ်ထားရှိတာဟာ ပြည့်နှက်နေကြပါတယ် ။

ကျမအပေါ်သူတို့  ဒီလိုတွေရှိတယ်ဆိုတာ သိလာတဲ့နောက်ပိုင်းမှာတော့ ကျမလဲ သူတို့ လို နေပြ ပြုံးပြတတ်လာပြီး သူတို့ ကို ကြုံကြိုက်တာနဲ့ တုန့် ပြန်တိုက်ခိုက်တာမျိုးတွေကို လုပ်ပြတတ်လာပါပြီ ။

ဒီလိုလုပ်တာ မကောင်းဘူးဟု သူတို့ ရော ကျမပါ နှစ်ဦးနှစ်ဖက်လုံး နားလည်သဘောပေါက်ကြပါတယ် ။ ဒါပေမယ့် မရပ်ကြပါဘူး ။ အခွင့်ကြုံတာနဲ့ ထိုးနှက်နေကြတာဟာ သက်သေတခုပါဘဲ ။

ထိုသူတို့ ကို အပြစ်မြင်၍ သက်သ်ပြောနေခြင်းမျိုး မဟုတ်ပါ ။ သူတို့ ကို ကျမတခုခုနာကျင်အောင်လုပ်ခဲ့မိ၍သာ သူတို့ စိတ်ထဲ အခဲမကျေပြီး မုန်တီးနာကျည်းနေတာလဲ ဖြစ်မှာပါ ။ မုန်းတီးလာပြီဆိုတာနဲ့ ကျမဘာလုပ်ပြပြ အကောင်းမမြင်တဲ့ဘက်မှာ အလေးသာနေခဲ့ပြီး ကျမကို အမှားစောင့်ပြီး မှားတာတွေ့တာနဲ့ အင်တိုက်အားတိုက် ထိုးနှက်ကြတော့တာပါ ။

ဥပမာ ပြောမယ်ဆိုရင် ကျမကို ကျမအမက အရမ်းချစ်တယ် ။ အများအမြင်မှာ သူအတော် အနစ်နာခံရှာတယ်ဆိုတဲ့ဘွဲ့တခုပိုင်ဆိုင်ထားတဲ့အထိဆိုပါတော့ ။ " ညီမလေးရေ B Pyae ရေ အအိပ်အစားမှန်မှန်လုပ်နော် ။ အိပ်ရေးပျက်တွေမခံနဲ့ နေမကောင်းဖြစ်မယ် ။ ကျန်းမာရေးက အဓိက ညီမလေးကျန်းမာမှ စိတ်ချမ်းသာတာ " စသည်ဖြင့် ချိုနေအောင် ပြောပြတော့ ကြားရသူအများက တဖွဖွနဲ့ အကြင်နာတွေပိုပြပါတယ် ။

ကျမ သူနဲ့အတူမရှိချိန် ကျမနောက်ကွယ်မှာတော့ တဦးဦးက နင့်ညီမလေး နေမကောင်းလို့ ဆို အစချီပြီးမေးလိုက်တာနဲ့ " ဟုတ်တယ် နေမကောင်းဘူး အိမ်မှာသူချည်း နေမကောင်းနေတာ တကယ်လုပ်ကိုင်ရှာနေရတဲ့သူတွေက မဖြစ်ရဘူး ဆေးဘိုးနဲ့မွဲတော့မယ် လိုင်းတနေကုန်သုံးပြီး အိပ်ရေးတွေပျက်တော့ ခနခနနေမကောင်းဖြစ်တော့တာပေါ့ အစားအအိပ်မှန်မှန်လေးလုပ်ပါပြောလဲ မရဘူး ကြာတော့ စိတ်ကုန်လာပြီ " လို့  သူဖြေလိုက်တယ် ။

ဟိုကမေးတာ တခွန်းထဲပါ ။ နင့်ညီမလေး နေမကောင်းဘူးလားမေးတာ အင်းဟုတ်တယ် အင်းမဟုတ်ဖူး ဒီ၂ခွန်းရွေးဖြေလိုက်ရင် ပြီးနေတာလေ ။ နောက်ဆက်တွဲအဖြေတွေပါလာခြင်းက သူတို့ မှာ ကိုယ့်ကိုအလိုမကျတဲ့စိတ် ကိန်းအောင်နေလို့ သာ အငြိုးထားပြီး တမင်ဖြေနေလားမသိ ။

ပါးစပ်က ပြုံးပြီး နောက်ကွယ်မုန်းနေမယ့်အစား မလုပ်ပေးဘဲ မကူညီဘဲ မကြင်နာဘဲ မခေါ်ဘဲ ပြတ်ပြတ်နေကြတာမှ ဟုတ်အုံးမယ် ။ ဒါက ကျမအမြင်ပြောပြခြင်းပါ ။ လူတိုင်းမဟုတ်သလို ဟုတ်တဲ့လူတွေလည်း ရှိပါတယ် ။ ကျမအတွက်ကတော့ ကိုယ်တွေ့ဖြစ်ရပ်မှန်တပုဒ်ပေါ့ ။ အမြဲတမ်းပြုံးပြီး အမြဲတမ်းမုန်းနိုင်ကြပါစေ ။

FB_IMG_1518671939200.jpg

photo credit # facebook

@pyaesonekhinkhin

MSC 21

Sort:  

လူတိုင်း​တော့မဟုတ်​ပါ။သို့​သော်​လည်းလူ့သဘာဝအရပတ်​ဝန်းကျင်​မှာ​ရှေ့တမျိုးကွယ်​ရာတမျိုး​တွေများလှပါတယ်​။

လူတိုင်းလို့ မပါဘူးလေ

လူ့သဘာဝပါပဲ ပြည့်ရေ။ တခါတခါတော့လည်း ကိုယ့်ကိုယ်ကိုတောင်အလိုမကျတာတွေရှိနေတတ်တာမို့ ခေါင်းထဲသိပ်ထည့်မနေပါနဲ့။ ပြီးတော့လည်း ပြီးသွားတာပါပဲ။

ငပြည့်လဲ အသက် ငယ်လို ပါလား ၂၀လောက်ဆိုရင် ခံစားချက်တွေ ရေးလိုတောင် မကုန်လောက်တော့ဘူးထင်တယ်။

ဆရာမင်းသိင်္ခရေးတဲ့ဖီလော်ဆော်ဖာဦးမြသာကိုသွားပြီးသတိယမိတယ်၊ လူတိုင်းမှာ စိတ်နှစ်မျိုးရှိတယ်တဲ့၊ ပကတိစိတ်နဲ့ဟန်ဆောင်စိတ်လို့ခေါ်တယ်၊ဟန်ဆောင်စိတ်ဆိုတာယုတ်မာတဲ့စိတ်တော့မဟုတ်ဘူး၊ လူဖြစ်နေလို့လောကဝဋ်လုပ်ရတာတွေရှိတယ်၊ ဥပမာဧည့်သည်လာတယ်ဆိုပါစို့အိမ်မှာက စီးပွားရေးအဆင်မပြေဘူး၊ ဒါမှမဟုတ် လူမှုရေးကိစ္စနဲ့အားလုံးစိတ်သောကရောက်နေတယ်၊ဧည်သည်ကတော့မသိဘူး၊ ဒါမျိုးကြုံတဲ့အခါ ရှေ့မှာ ဘာမှအားမနာနဲ့ဘာညာပြောရမှာဖြစ်ပေမယ့်၊ ကွယ်ရာမှာတော့ အလိုက်ကန်းဆိုးမသိတဲ့ဧည်သည်လို့ပြောကြမှာပဲလေ၊ ဒါဟာယုတ်မာတဲ့သဘောမဟုတ်ဘဲ လူမလို့ဖြစ်ရတဲ့ ဒုက္ခတမျိုးလို့သာမှတ်ယူရမှာ ဖြစ်ပါတယ်

ဟုတ်ကဲ့

လူရယ်လို့ဖြစ်လာရင်ချစ်ခြင်းမုန်းခြင်းတွေနဲ့ကြုံရတတ်ပါတယ်။အကောင်းဘက်ကမြင်ကြည့်တာပိုကောင်းတာပေါ့

လူအမျိုးမျိုးစိတ်အထွေအထွေမဟုတ်လားညီမလေး

ဟုတ်တာပေါ့ရှင့် မမမို

လူပတ်ဝန်းကျင်မှာကတော့အမြဲတွေကြုံကြေတာပါပဲ😊

ညီအမတွေဆိုတော့လည်း တစ်ယောက်နဲ့တစ်ယောက် မကျေနပ်တာ နည်းနည်းပါးပါးတော့ ရှိတတ်ပါတယ်။

နမူနာပြတာရှင့် တစိမ်းတွေရောရှိတယ်

ဒီလိုပါပဲ ညီမရယ်

သဘာဝဟာ…သဘာဝပါ…(စိုင်းထီးဆိုင်အသံဖြင့်)

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.031
BTC 69345.27
ETH 3816.44
USDT 1.00
SBD 3.67