မေတ္တာရှင်မလေးရဲ့ သတို့သား

in #myanmar6 years ago

အပိုင်း(၁)ဖတ်ရှုပေးပါရန် https://steemit.com/myanmar/@pyaesone101/emt-ayawngmelyae-thto-tha-033f1962b3896
image
နောက်တစ်နေ့နံနက် ရဲရင့်နောင်တစ်ယောက် အိပ်ယာမှ စောစာထကာ သူ၏မေမေမွေးနေ့အတွက် အလှူပြုရန်အတွက် မိဘမဲ့ဂေဟာသို့ သွားလေသည်။ မိဘမဲ့ဂေဟာသို့ ရောက်တဲ့အချိန် သူစတင်မြင်တွေ့လိုက်သည်မှာ ကလေးများနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားနေသည့် ကောင်မလေးတစ်ယောက်...သူကစားနေပုံမှာ ကလေးတစ်ယောက်ပမာ ဖြူ စင်လွန်းလှသည်...အရမ်းလည်း ချစ်ဖို့ကောင်းတယ် ....ရဲရင့်နောင်တစ်ယောက် သူမ၏ ချစ်စဖွယ်အလှမှာတင် ငေးကြည့်နေမိတော့သည်။
ထိုအချိန် ဂေဟာရှေ့က ဖြတ်သွားသော မိုးပျံပူဖောင်းသည်ကို တွေ့လိုက်သဖြင့် ပူဖောင်းအလုံးငါးဆယ်လောက် ဝယ်လိုက်လေသည်။ ထိုပူဖောင်းများကို ကိုင်လျက် ဂေဟာအတွင်းသို့ လှမ်းလာခဲ့လေသည်...ကြည်ဖြူနဲ့ကလေးများရှေ့သို့ ရောက်တဲ့အခါ ရဲရင့်နောင်က ကြည်ဖြူ့ကို
"ဟိတ် ကောင်မလေး ....ဟိုနေ့က ငါ့ရဲ့အမှားတွေ အတွက် တောင်းပန်ချင်လို့ပါ.... ယူပါကွာ ငါရဲ့မိုးပျံပူဖောင်းလေးတွေ......" ကြည်ဖြူ တစ်ယောက် ရုတ်တရက် ဘာပြောလိုက်လို့ ပြောရမှန်း မသိချိန် ဘေးနားကကလေူများက ..မမ...သမီးတို့ ပူဖောင်းလိုချင်တယ်...ယူလိုက်ပါနော်..လို့ဝိုင်းအော်နေကြလေသည်။ကြည်ဖြူတစ်ယောက် သူမ၏လက်များက အလိုလို လှမ်းယူလိုက်မိလေသည်..ရင်တွေလည်း အရမ်းခုန်နေကာ ဘာပြန်ပြောလို့ ပြောရမှန်း မသိအောင် ဖြစ်နေပေသည်။ သူမ၏ဘဝမှာ အချစ်ဆိုတာ ဘာဆိုဘာမှန်းတောင် မသိ၊ စိတ်တွေလှုပ်ရှားကာ ရင်တွေတော့အရမ်းခုန်နေသည်....ထိုစဉ် ရဲရင့်နောင်က ဟိတ်..ကောင်မလေး ...ဟိုနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်ဗျာ...ကျနော့်ကို ခွင့်လွှတ်ပေးနိုင်မလား.... ရှင်...ရှင်...ဟုတ်ရပါတယ်ရှင့် ...ဟုဆိုကာ ရှက်ရှက်နဲ့ ပြန်ပြောလိုက်လေသည်။
image
ဟို....ဒါနဲ့ညီမ... အကိုတစ်ခုလောက် တောင်းဆိုချင်လို့ပါ၊ ရနိုင်မလား...ညီမ။ ဟုတ် ရပါတယ်...ဘာများကူညီရမလဲရှင့်.....ရဲရင့်နောင်က ဒီနေ့က မေမေ့မွေးနေ့ဆိုတော့ကား ဒီမှာရှိတဲ့ မိဘမဲ့ကလေးတွေအကုန်လုံးရအတွက် အဝတ်အထည်၊ ဆေးဝါး၊ အသုံးအဆောင်များ နဲ့ အစားသောက်လေးတွေ လှူဒါန်းချင်လို့ပါ .....ဟုတ် ရပါတယ်ရှင့်...ဟုဆိုကာ ကလေးများအတွက် လိုအပ်တာမှန်သမျှ အကုန်လှူဒါန်းခဲ့လိုက်လေသည်...ကလေးများကလည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြလေသည်။
ထို့နောက် ရဲရင့်နောင်တစ်ယောက် အိမ်သို့ ပြန်လာခဲ့လေသည်။နံနက်က ကြည်ဖြူဆိုတဲ့ ကောင်မလေးတယောက်အကြောင်း တွေးကာ ရဲရင့်နောင်တစ်ယောက် သုမကို သတိရနေပေတော့သည်။ သူမနှင့် နောက်တကြိမ်တွေ့ရန် အကြံထုတ်နေလေသည်။ ထိုစဉ် မကြီးက သူ့ဘေးနားရောက်လာကာ ဟဲ့...အငယ်ကောင် နင်ဘာတွေတွေးပြီး ငေးနေတာလဲဟ ..ဟု မေးလိုက်ရာ..ဟာဗျာ မကြီးကလည်း ...လန့်လိုက်တာဗျာ...နံနက်ကဂေဟာမှာ တွေ့ခဲ့တဲ့ ကောင်မလေးတယောက် အကြောင်းတွေးနေမိလို့ပါဗျာ...ဒါနဲ့မကြီး အဲ့ကောင်မလေးက လှလည်းလှတယ်....ချစ်ဖို့လည်း ကောင်းတယ်နော် မကြီး.....ဟဲဟဲ..ဟု စပ်ဖြီးဖြီးနဲ့ ပြောနေပေသည်။
image
မကြီး ..မောင်လေးတခုလောက် မေးချင်လို့ပါ....သူမလေးနဲ့ နောက်ထပ်တွေ့ချင်သေးတယ် ဘယ်လိုလုပ်ရမလဲဟင်...အကြံပေးပါအူးဗျာ ....ကျနော်သူ့ကို ထပ်ပီး တွေ့ချင်သေးတယ်ဗျ ...ကူညီပါအူး မကြီးရယ်........မကြီးတို့ကျတော့ မိန်းကလေးချင်းဆိုတော့ သူမနားဘယ်လိုကပ်ရမလဲဆိုတာ သိမှာပေါ့......အမလေး ...အငယ်ကောင်ရယ် ..ငါနားတွေလည်း ပူလှပါပီ ...တကယ်ကိုပဲ နိုင်ကိုမနိုင်ဘူး...အင်း အင်း..ငါစဉ်းစားလိုက်အူးမယ်ဟာ..
ဒါနဲ့ သူက ဂေဟာက ဆွံအ နားမကြား ကလေးလေးတွေကို စောင့်ရှောက်ပေးနေတာ မလား...ဟုတ်တယ် မကြီး ....ဟာ ငါ့မောင်ကလည်း လွယ်လွယ်လေးပဲဟာ..
နင့် အမလတ်က sign language သင်တန်းတက်နေတာလေ သူ့ဆီသွားပြီး နဲနဲပါးပါးလေ့လာလေ ပြီးမှ ဂေဟာသွားပြီး ကလေးတွေနဲ့ ခင်အောင်အရင်ဆုံးပေါင်းပေါ့ဟာ.....ဟာဗျာ အဲ့အချက်ကို မေ့နေတာ ...ကျေးဇူးအများကြီးတင်တယ် မကြီးရာ ...နောက်နေ့ကျမှ မုန့်ဝယ်ကျွေးမယ်နော် မကြီး......ဟဲဟဲ..
ဒီလိုနဲ့ ရဲရင့်နောင်တစ်ယောက် မလတ်ဆီ ကပ်ပြီး သူသိချင်တာလေးတွေ မေးလေတော့သည်။မလတ်ဆီက sign language လေးတွေသင်ပြီး ဂေဟာကို သွားကာ
ကလေးတွေနဲ့ ပြောလိုက် စလိုက် နောက်လိုက်နဲ့ ခင်ခင်မင်မင်ဖြစ်သွားလေသည်။ ဒီလိုနဲ့ ကြည်ဖြူ နဲ့ ရဲရင့်နောင်တို့ တစ်ယောက်နှင့်တစ်ယောက် ရင်းနီးသွားကာ မေတ္တာမျှကြလေတော့သည်....
image
ရဲရင့်နောင်တို့ မိသားစုသိုင်းဝိုင်းက အင်အားကြီးမားလှပေသည်။ တစ်နေ့၌ ရဲရင့်နောင် အမေဖြစ်သူသည်
မွေးနေ့ပြုလုပ်လှူဒါန်းပေးခဲ့သော မိဘမဲ့ ဂေဟာသို့ ရောက်ရှိလာခဲ့ရာ အမှတ်မထင် သူမတွေ့ခဲ့သည့် မြင်ကွင်းမှာ...သူမ၏သား ရဲရင့်နောင်နဲ့ ကြည်ဖြူ ဆိုသည့် ကောင်မလေးတစ်ယောက် လက်ချင်းတွဲကာ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ "ဒင်းတော့...အိမ်ပြန်ရောက်ရင် တွေ့မယ်" ဟု ကြိမ်းကာ အလုပ်ကိစ္စ မြန်မြန်လက်စသတ်ပြီး ပြန်လာခဲ့လေသည်။ သိပ်မကြာခင်မှာပဲ ရဲရင့်နောင် တစ်ယောက် သီချင်းလေး တသီသီနဲ့ အော်ညီးကာ...ပြန်ရောက်လာလေသည်။ ရဲရင့်နောင် ....ဗျာ မေမေ...မင်းခု ဘယ်ကပြန်လာတာလဲ မှန်မှန်ပြောစမ်း....ဗျာ...ဟို ဟို ဟိုဟာလေ သားမိဘမဲ့ဂေဟာက ကလေးတွေဆီက ပြန်လာတာပါမေမေရ....ဘာဖြစ်လို့လဲဟင် ....ဘာဖြစ်ရမှာလဲ ...မေမေလည်း ခုလေးတင် အဲ့နေရာကနေ ပြန်လာခဲ့တာ ...မင်းကို ကောင်မလေးတစ်ယောက်နဲ့ တွေ့လိုက်လို့ ....အဲ့တာဘယ်သူလဲ..ဘယ်ကလဲ မှန်မှန်ဖြေစမ်း....ဟုတ်မေမေ ..သူက မိဘမဲ့ဂေဟာက ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ မေတ္တာရှင်မလေးတစ်ယောက်ပါ...သူကလည်း ခုမိဘတွေတစ်ပါးမှ မရှိတော့ဘူး ..သူ့မိဘတွေထားခဲ့သည့် ဂေဟာလေးမှာပဲ ကလေးတွေကို ပြုစုစောင့်ရှောက်နေတာပါမေမေ.....ဘာပဲဖြစ်ဖြစ် ငါသဘောမတူနိုင်ဘူး ရဲရင့်နောင်..သူက ငါတို့လို ဆွေကြီးမျိုးကြီး သိုင်းဝိုင်းထဲက မဟုတ်ဘူး။အဆင့်တန်းချင်းက အရမ်းကို ကွာခြားလွန်းနေတယ်။ အဲ့တော့ နင်နဲ့သူနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူး..ကုန်ကုန်ပြောမယ်ဟာ ငါနင်တို့နှစ်ယောက်ကို ဘယ်လိုမှ သဘောမတူနိုင်ဘူးဟာ...ရှင်းပီလား....အဲ့ဒိတော့ ခုချိန်ကတည်းက သူမနဲ့ အဆက်သွယ်ဖြတ်ပါ ရှေ့ဆက်မတိုးပါနဲ့တော့.....ရဲရင့်နောင်သည် ငယ်စဉ်ကတည်းက မိဘကို အရမ်းကြောက်ရသည်။ ကြည်ဖြူကို ချစ်ပေမယ့်လည်း မိဘကိုကြောက်သည့်အတွက်ကြောင့် ဘယ်လိုမှ မတတ်နိုင်တော့ပေ....
image
မိဘမဲ့ဂေဟာလေးသည် ကြည်ဖြူ မိဘတွေပိုင်ခဲ့သည်ဆိုပေမယ့်လည်း မိဘတွေဆုံးပါးခါနီး ဆေးဝါးကုန်ကျမှုများသဖြင့် အိမ်ဂရံလေး ကို ပေါင်ထားခဲ့သည်မှာ ယခုချိန်ထိမရွေးနိုင်သေးပေ...အဆိုးဆုံးက သူတို့ပေါင်ခဲ့သော သူမှာ ရဲရင့်နောင်၏ မိခင်ထံ ဖြစ်နေပေသည်။ နောက်တစ်နေ့ရောက်သော် ရဲရင့်နောင်မိခင်သည် ဂေဟာသို့သွားကာ ကြည်ဖြူ့ ကို စတင်ချိန်းခြောက်ပေတော့သည်။"ဒီမှာ ..သမီး အန်တီ့သားနဲ့ သမီးတို့ ပက်သက်နေတယ်ဆိုတာ သိပီးပါပီ...ဒါပေမယ့် အန်တီ့သားမှာ နှစ်ဖက်မိဘတွေသဘောတူထားတဲ့သူ ရှိတယ် ...အဲ့ဒိတော့ သမီးအနေနဲ့ နောက်ဆုတ်ပေးဖို့ ၊ သူနဲ့ဆက်ပြီး မပက်သက်ဖို့ လာပြောတာပါ။ ဒီလိုမှ လက်မခံဘူးဆိုလည်း ယခုသမီးတို့ ဂေဟာဖွင့်ထားတဲ့နေရာက အန်တီ့အပိုင် ဖြစ်နေပီနော်...သမီးရဲ့ ပျော်ရွှင်မှု တစ်ခုတည်း၊ရှေ့ရေးအတွက် ကြည့်မလား ဒါမှမဟုတ် မိဘမဲ့ကလေးတွေကိုပဲ ပြန်ညြ့်မလား ....သမီးရွေးချယ်ပါ....ဒါပါပဲ ...အန်တီပြန်လိုက်ပါအူးမယ်"ဟု ဆိုကာ ပြန်သွားလေတော့သည်။ ကြည့်ဖြူတစ်ယောက် မျက်ရည်များဖြင့် ငေးမှိုင်ကာ ငိုပြီး ကျန်ခဲ့လေတော့သည်....
နောက်တစ်နေ့နံနက်၌ ရဲရင့်နောင်တစ်ယောက် သူ့ချစ်သူကြည်ဖြူနဲ့ တွေ့ရန် အိမ်မှ ခိုးထွက်လာခဲ့လေသည်။
သို့ပေမယ့် ဂေဟာသို့ရောက်သော် ကြည်ဖြူ့ကို မတွေ့သဖြင့် လျှောက်ရှာလိုက်ရာ ...သစ်ပင်ကြီး တစ်ပင်အောက်တွင် တစ်ယောက်ထဲ ငိုနေရှာသော ကြည်ဖြူတစ်ယောက်...မျက်ဝန်းများက နီရဲ မို့ဖောင်းနေသည်...
ရဲရင့်နောင်တစ်ယောက် ကြည်ဖြူ့ဘေးနားရောက်သွားချိန်တွင် ဖြူ....ဘာဖြစ်လို့ငိုနေတာလည်း ...မောင့်ကို ပြောပါအူး ...ဖြူ ဘာဖြစ်တာလဲဟင်..." မောင်....မောင့်ကို ဖြူ ပြောစရာ ရှိတယ်...အင်း ပြောလေ ဖြူ ..ဘာဖြစ်လို့လဲ...ဖြူ တို့ လမ်းခွဲကြရအောင်......အရင်ကတော့ ဖြူ မောင့်ကို တကယ်ချစ်တယ်လို့ ထင်ခဲ့ပေမယ့် ...ခုတော့ ဖြူ မောင့်ကို မချစ်တော့ဘူး ...့ဖြူ့ ဘာသာ တစ်ယောက်ထဲ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေသွားချင်တယ်...အပူပင်တွေ မရှာချင်တော့ဘူး.....ဖြူ ..တောင်ပန်ပါတယ် ဖြူတို့ လမ်းခွဲကြရအောင်နော်.......ဟု ဆိုကာ ပြောပြီး ကြည်ဖြူတစ်ယောက် ကျောခိုင်းကာ ထွက်လာခဲ့ပေသည်။ ရင်ဘတ်ကြီး တစ်ခုလုံး ကြေမွကာ ရင်နင့်နေအောင် ခံစားရပေမယ့် ကလေးတွေရှေ့ရေးအတွက် ကျမချစ်သော မောင့်ကို စွန့်လွှတ်ခဲ့ရသည်.........
"ချစ်တိုင်းလည်း မညား"ဆိုသလို ချစ်ပေမယ့်လည်း တချို့သော အကြောင်းရာလေးတွေကြောင့် ချစ်တဲ့သူတွေ ခွဲခွာခဲ့ရသည်မှာ မထူးဆန်းလှပေ....အရာအားလုံးကို တသတ်မတ်တည်း ထားလို့မရပေ...ကိုယ်ဖြစ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေး လုပ်ကိုင်ကြရမည်လော......
"ချစ်တဲ့သူတိုင်း ပေါင်းဖက်ရပါစေ"လို့ ဆန္ဒပြုလျက်

image

Author ; Pyae Sone Aung (Magway)
MSC No.023
Credit Photo from Google

Sort:  

ဇာတ်သိမ်းခန်းရောက်မှပေါင်းချင်တယ်

မပေါင်းပေးတော့ဘူးဗျာ ဆက်ရေးရင် ရှည်သွားမှာစိုးလို့ သိမ်းလိုက်တာပါ

ကောင်းပါတယ်ဗျာ

ကျေးဇူးပါ

ချစ်သောသူနဲ့ ပေါင်းဖက်နိုင်သူထပ်တူကျပါစေ

ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ

စာ​ရေးဆရာလုပ်​လို့ရ​နေပါပြီရှင်​။Good writing.

ဟဲဟဲ လာနောက်နေပီဗျာ
ဒါနဲ့ ကျေးဇူးပါဗျ

ကောင်းပါတယ်။

မိုက်တယ် bro ,အရေးအသားက

ကျေးဇူးကွီးရေ

အရမ်း​ကောင်းပါတယ်

ကျေးဇူးပါဗျ

ကြွေပြီလေ

ကြွေစေ ဦးစိုးရေ......................

ချစ်တဲ့သူနဲ့ဘဲပေါင်းဖက်ချင်ကြတာပါ...plz v and c me back @mgtoetat

လန်းတယ်​ဗျာ။ရေးထားတာ။

ဟဲဟဲ ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58679.35
ETH 3155.04
USDT 1.00
SBD 2.44