မေတ္တာရှင်မလေးရဲ့ သတို့သား

in #myanmar7 years ago

image
နံနက်စောစော အိပ်ယာထနောက်ကျသဖြင့် ကြည်ဖြူတစ်ယောက် သင်တန်းနောက်ကျနေပေရာ ပြာပြာသလဲဖြစ်နေသည်။ ဒီနေ့မှ စတက်ရမည် ဖြစ်သဖြင့် နောက်ကျလို့ မဖြစ်ပေ။ထို့ကြောင့် ကြည်ဖြူတစ်ယောက် ခပ်မြန်မြန်သွားနေသည်။ အရေးကြီး ထွက်လာမိသဖြင့် ဖိနပ်အဟောင်းကြီး စီးမိပြီး ထွက်လာမိသည်။ ထိုအခိုက် သူမရှေ့တွင် ပိတ်ရပ်နေသော လူကြီးတစ်ယောက်ကို ရှောင်လိုက်မိရင်းခြေချော်ပြီး ဖိနပ်ပျက်သွားလေသည်။ "ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ" ဆိုသလို ဖြစ်နေပါ့လား မိကြည်ဖြူရယ်..အင်း......ဖြစ်သမျှအကြောင်း အကောင်းပါပဲဟု စိတ်တင်းရင်း ဖိနပ်ပျက်ကို အမှိုက်ပုံးထဲထည့်ကာ ခြေဗလာနဲ့ပဲ ထွက်လာခဲ့ပေသည်။..
image
ထိုအခိုက် ရှေ့နားတွင် အသက်မကြီးမငယ်နဲ့ ဘောလုံးကန်နေကြသော ကောင်လေးတစ်သိုက်ဆော့ကစားနေကြပေသည်။ ဆယ်တန်းဖြေပီးခါစ ဆိုတော့ကား ကလေးစိတ်ကမပျော်သေး စချင်နောက်ချင်နေသေးသည်။ ဟိုမှာ ဖိနပ်ဗလာနဲ့ ကောင်မလေး တယောက် လာနေပါ့ကော ... ကတ္တရာလမ်းက ပူနေသဖြင့် ခြေထောက်က ပုံမှန်လျှောက်မရပဲ ခုန်စွ ခုန်စွ ဖြစ်နေသော ကောင်မလေး...အသားဖြူဖြူ နဲ့ ပုပုသေးသေးကောင်မလေး ...ဒါမယ့် မျက်နှာမှာတော့ အာငယ်နေတဲ့ပုံမပေါ်ပေ..တစ်နေနေရာသို့ အလောတကြီး သွားနေပုံပေါ်ပေသည်။
image
ထိုအခိုက် ကစားကွင်းမှ ဘောလုံးလွင့်စင်လာကာ ကြည်ဖြူ၏ ခေါင်းကို တည့်တည့်သွားမှန်လေသည်။ "ဗုန်း" ဟူသော အသံနဲ့အတူ ကြည်ဖြူတစ်ယောက် လဲကျသွားလေသည်။ ကစားနေသည့်အဖွဲ့မှ ရဲရင့်နောင် ဆိုသည့်သူတစ်ယောက် ပြေးလာကာ သူမကို ထူပေးရင်း
"အဆင်ပြေရဲ့လား ဆောတီးပါဗျာ." မရည်ရွယ်ပါဘူး ဟု ပြောလေသည်။ ထိုအခါ ကြည်ဖြူက " ရှင်လူတယောက်လုံးလာနေတာကိုတောင် မမြင်ဘူးလား ..ဘယ်လိုလူတွေလဲ မသိဘူး ...နာလိုက်တာ" ဟု ဆိုလိုက်လေသည်။ ရဲရင့်နောင်က" မမြင်လို့ ဖြစ်တာပေါ့ကွာ "တောင်းပန်ပီးပီပဲ ...မကျေနပ်ရင် ကြိုက်တဲ့နေရာ သွားတိုင်ပေါ့ကွာ
"အံ့ဩပါရဲ့ရှင် ...ရတယ် ရှင့်လိုလူမျိုးဆီက တောင်းပန်တာကိုလည်း မလိုချင်ဘူး...ဖယ် "ဟုဆိုကာ ထွက်သွားလေသည်။ တဖြည်းဖြည်းနဲ့ သင်တန်းသို့ ရောက်လာခဲ့ပေသည်။ သင်တန်းရောက်တော့ သင်ခန်းစာတောင် စသင်နေပီ....သင်တန်းတခုလုံး ဆရာမ၏ ခြေဟန်လက်ဟန်ကို အာရုံစူးစိုက်စွာ ကြည့်နေကြသည်။
image
"Sign Language" ပညာရပ်ကို အခမဲ့သင်ကြားပေးသော သင်တန်းဖြစ်သည်။ သင်ပြပေးသည့် ဆရာမက သဘောလည်းကောင်း ၊ဒါ့အပြင် နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ ထိုဘာသာရပ်ကို ဘွဲ့ရထားသောသူတစ်ဦးလည်း ဖြစ်သည်။ ကြည်ဖြူ တစ်ယောက် သူမ၏ မိဘမဲ့ ဂေဟာက နားမကြားသော ကလေးလေးဆယ်ယောက်အတွက် သင်ပေးနိုင်ပြီး ဆက်သွယ်ရေးပေါင်းကူးတံတားလေး တည်ဆောက်လို့ရပြီဆိုတဲ့ မျှော်လင့်ချက်လေးနဲ့တင် သေချာသင်မိလေသည်။
စာသင်ချိန်ပြီးလို့ အိမ်ပြန်မည်လုပ်တော့မှ ဖိနပ်ကမပါ နေ့လည် ၂ နာရီတောင်ဆိုတော့ကား ကြွက်ကြွက်ဆူအောင် ပူလှသည်။ လက်ထဲတွင် ပိုက်ဆံက အကြွေနှစ်ရာနဲ့ ငါးဆယ်တန်လောက်သာ ကျန်တော့တယ်။ဘတ်စ်ကားတောင် မစီးပဲ နာရီဝက်ကျော်ကျော်လမ်းလျှောက်ကာ သင်တန်းတက်ရန် လာခဲ့သည်။ ဘယ်တတ်နိုင်ပါ့တော့မလဲ ..နေနည်းနည်း ကျအောင်ထပ်စောင့်ပီးမှ ပြန်တော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ ထိုအခိုက် ဆရာမက အနားလာပြီး "ဘာဖြစ်လို့လဲ မပြန်သေးဘူးလားသမီး" ဟုမေးတော့ ကြည်ဖြူက " ဟုတ်ဆရာမ မပြန်ဖြစ်သေးဘူး ဖိနပ်ပြတ်သွားလို့ပါ"...အော် ဒါဆို ဆရာမလိုက်ဝယ်ပေးမယ်လေ သမီး ...ရတယ်ဆရာမ ဂေဟာမှာ နောက်တရံအပိုရှိနေသေးလို့ အပိုထပ်မကုန်ချင်လို့ပါ ...ကျေးဇူးတင်ပါတယ် ဆရာမ ....မကြာခင်ပဲဘဆရာက ပြန်နှင့်သွားလေသည်။ ကြည်ဖြူတယောက် ပူတူးလေးအတွက် သိုးမွေးအင်္ကျင်္ီထိုးရင်း ပြန်မည့် အချိန်ကို စောင့်နေလေတော့သည်...ဆောင်းရာသီဆိုတော့ အအေးပိုလာသဖြင့် နောက်ဆုံးမှ ဂေဟာကို ရောက်ရှိလာတဲ့ အငယ်ဆုံးလေးအတွက် သိုးမွေးထိုးနေခြင်း ဖြစ်သည်။ သိုးမွေးထိုးနေရင် ညနေလေးနာရီတောင် ထိုးသွားတော့သည်။ ကြည်ဖြူတယောက် အိမ်ပြန်ဖို့ ပြင်လေသည်။
image
ညနေ ငါးနာရီလောက် သူမ၏ဂေဟာ သို့ ပြန်ရောက်လာခဲ့သည်။ ကလေးများက အပြေးအလွှား ကြည်ဖြူ့ကို ဝိုင်းဖက်နေကြတော့သည်။ ကြည်ဖြူတို့ ဂေဟာတွင် ကလေးများ အယောက်လေးဆယ်လောက်ရှိကြသည်။ အလှူရှင်များ ပေါများသော်လည်း သေချာစီစစ်ပြီးမှ သုံးရသည်။ ကြည်ဖြူ၏ ဖေဖေဖြစ်သော ဂေဟာမှူးက စည်းကမ်းပိုင်း အလွန် ကြီးကြပ်ခဲ့သည်။ ဖေဖေဆုံးပါးသွားခဲ့တော့ ကြည်ဖြူ့အတွက် ငွေကြေးဥစ္စာ ပေါပေါများများ မထားခဲ့နိုင်ပေ...ကလေးများနဲ့လည်း မခွဲနိုင်သဖြင့် ဂေဟာမှာပဲ ဆက်နေကာ စောင့်ရှောက်ပေးနေလေသည်။
ဆယ်တန်းကိုလည်း ကျူရှင်မယူပဲ ဂုဏ်ထူး သုံးဘာသာဖြင့် အောင်ခဲ့သည်။ ဂေဟာက ကလေးများအတွက် သူမကြိုးစားပေးရမယ် နွေးထွေးမှုတွေပေးနိုင်ရမယ်..ဖေဖေချန်ခဲ့သော ငွေကို ကလေးတွေအတွက် ကျန်းမာရေးစရိတ်အဖြစ် လှူလိုက်လေသည်.......
image
ရဲရင့်နောင်တစ်ယောက် နေ့လည်ကတွေ့ခဲ့သည့်ကောင်မလေးတစ်ယောက်အကြောင်းပဲ တွေးနေမိသည်။ခေါင်းထဲကလည်း ထုတ်လို့မရ သိပ်ချစ်ဖို့ကောင်းသည့် ကောင်မလေး ...ထိုစဉ် မမကြီးနဲ့မမလတ်ရောက်လာပြီး " အငယ်ကောင် ...မနက်ဖြန် မေ့မေ့မွေးနေ့မှာ မိဘမဲ့ဂေဟာကို အလှူသွားလုပ်မှာ လိုက်ခဲ့ရမယ်နော်..ဟုတ်ကဲ့ပါ မကြီးရေ...လိုက်မှာပေါ့ဗျ "ဟု ပြောလိုက်လေသည်....ရဲနောင်ကောင်မလေးအကြောင်းတွေးရင်း ပုံတူပန်းချီ ဆွဲထားလေသည်။ မမလတ်က မြင်သွားရာ ဆွဲယူကြည့်လိုက်တော့ " ဟဲ့...အငယ်ကောင် ဒါငါတို့သင်တန်းက ကောင်မလေးပုံပဲ ...နင်နော်..ဘယ်မှာတွေ့လိုက်တာလဲ ..မမကြီးရေ...ကောင်မလေးက အချောလေးတော့ .." ရဲနောင်က "ဟာ မကြီးသင်တန်းကလား ..အတော်ပဲ သူ့နာမည်ပြောပြပေးပါလား မကြီးတို့ရယ်.." အမလေး ဖြစ်နေလိုက်တာ သူ့နာမည်က ကြည်ဖြူ တဲ့" ဟာ အရမ်းကျေးဇူးတင်သွားပြီ ..မလတ်ရာ..
နောက်တနေ့မနက် မေ့မေ့မွေးနေ့အလှူအတွက် မိဘမဲ့ဂေဟာရှေ့သို့ ရောက်လာလေသည်။ ဟိုမှာ ကလေးတွေနဲ့ ကစားမေတဲ့ ကောင်မလေး ...သေချာတယ် ..သူမပဲ ..ဝိုးးးးးးးအရမ်းချစ်ဖို့ကောင်းတဲ့ ကောင်မလေး ပါ့လား
ကျေးဇူးပါမေမေရေ.....သားတော့ ဒီတသက် မိန်မရဖို့ နီးနေပီဗျို့.......အရမ်းရှည်သွားမှ စိုးသဖြင့် ဆက်ပါဦးမည် ....မျှော်......
image

Author. :Pyae Sone Aung
MSC. :023
Credit photo from google

Sort:  

Thanks bro

နောက်ထပ်အခန်းဆက်တစ်ခုပါလား. . .အားပေးနေပါတယ်ဗျ

နောက်တဆက်ရှိသေးတယ်ဗျ ဆက်အားပေးပါအူး

ရေးထားတာကောင်းပါတယ်
powerအားကျနေပြီမို့လျော့voteခဲ့ရပါတယ်ရှင်

ရပါတယ်ဗျ ကျေးဇူးပါ

0.01​တော့တက်​​သေးတယ်​ မနဲထိန်း​နေရတယ်​$မ​ပေးနိုင်​မှာဆိုးလို့ ..ဒါနဲ့​ရေးထားတာ​ကောင်းပါတယ်

ကျေးဇူးအကိုရေ

အပိုင်းဆက် ရေးတဲ့ လူတွေ ရှိတာ steemit အနာဂတ် မှ စာပေတွေ စုထားသလို ဖြစ်လာတာပေါ့

ဒါပေါ့ အကိုရာ နောင်တချိန် ကိုယ့်စာလေးတွေ ပြန်ဖတ်ကြည့်ပြီး ပီတိဖြစ်စေတာတွေရောပေါ့ ဟဲဟဲ

မိန်းမရတာ​လေး ဆက်​ဖတ်​ရဦးမှာ​ပေါ့

လာမယ်လေဗျာ အချစ်ခန်းလေးတွေ

Vote ခဲ့ပါပြီ ဝတ္ထုက အစဆိုတော့ သိပ်ပြောတတ်သေးဘူး

နောက်မှ ပြောပါကွီးရေ မပြောပဲကို မနေနိုင်ဖြစ်လာစေရမယ် ဟဲဟဲ

သရုပ်ဖော်ရေးတာ ကောင်းတယ် ဘဒို....ကျွန်တော့်က သရုပ်ဖော်မရေးတတ်လို့ ဖြစ်စဉ်ပြရေးနည်းဘဲ အားသန်တယ်...

သရုပ်ဖော်တာက ဇာတ်လမ်းကို ချဲ့လို့ရတယ် ဟဲဟဲ

ပီးသေးဘူးပေါ့

ခုမှ စမှာလေမကြီးရယ်

ကောင်းတယ်။

ကျေးဇူးပါ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.027
BTC 60462.58
ETH 2636.31
USDT 1.00
SBD 2.58