ငါငင်၍ သူမယိမ်း သူသိမ်းမှ ငါပါချေမည်

in #myanmar7 years ago


ဒီနေ့ Fb ပေါ်က အဖြစ်အပျက်တွေကိုဖတ်ရင်းနဲ့ မဟာဇနက ဇတ်တော်
ကိုသွားသတိရမိတယ်။မဟာဇနက ဇတ်မှာ ထင်ရှားတဲ့ အဖြစ်အပျက်တွေ
ရှိတယ်။အဲ့ဒိအထဲကမှ ဒီကနေ့ ဖြစ်နေတာတွေနဲ့ တိုက်ဆိုင်တာအခိျု့ကိုပြော
ရမယ်ဆိုရင် မဟာဇနကရဲ့ ဘကြီးတော် ဘုရင်ကြီးနတ်ရွာစံသွားတော့ သ
မီတော်လေးတစ်ပါးထဲကျန်ခဲ့တယ်။အဲ့ဒိ ကျန်ခဲ့တဲ့ သမီးတော်လေးကို ရအောင်
ယူနိုင်တဲ့သူက ဘုရင်ဖြစ်မှာကိုး။အဲ့ဒိတော့ သမီးတော်ကို အလိုလိုက်ပြီး
အကြိုက်ပေးရတာကိုး။ဒီနေရာမှာကျန်တဲ့ သူတွေနဲ့ စမ်းတာကိုတော့ မပြောတော့
ပါဘူး။စစ်သူကြီးနဲ့စမ်းတဲ့အခန်းကတော့ အနည်းငယ်ထူးဆန်းတယ်။စစ်သူကြီးက
မင်းသမီးကို ရဖို့ကြိုးစားတဲ့နေရာမှာ နောက်ဆုံးမင်းသမီးခြေထောက်ကိုပါ
ကိုင်တဲ့အထိဖြစ်လာတော့ မင်းသမီးက စစ်သူကြီးကို ခြေထောက်နဲ့ ဖယ်ရှားတဲ့
အဆင့်ထိကိုရောက်ခဲ့ရတယ်။ဒီနေရာမှာ မင်းသမီးက ခြေထောက်နဲ့ မဖယ်ရှား
ဖူးဆိုရင် စစ်သူကြီး ရဲ့ တဏှာစိတ်ကို ဖယ်ရှားနိုင်မှာ မဟုတ်ဖူး။စစ်သူကြီးက
ကပ်နေဦးမှာပဲ။

ဒီနေရာမှာ မေးခွန်းတစ်ခုက စစ်သူကြီးက အာဏာသိမ်းလို့မရဘူးလား။
(စစ်အင်အားသည် စစ်သူကြီးလက်ဝယ်တွင်မရှိ။ မှုးမတ်တို့လက်ဝယ်တွင်
ရှိသောကြောင့် အာဏာသိမ်းလို့မရနိုင်ပါဘူး။)
ဒိလိုနဲ့ မဟာဇနကနဲ့ မင်းသမီးတို့တွေ့တဲ့အခန်းရောက်ရောဆိုပါတော့။ ဒီလို
မရောက်ခင်မှာ ပုစ္ဆာနှစ်ခုဖြေခဲ့ရသေးတယ်။ရွှေအိုးကြီး ၁၆ လုံးကို မြှပ်ထား
တဲ့နေရာနဲ့ သလွန်တော်ရဲ့ ခေါင်းရင်းက ဘယ်ဘက်လဲဆိုတာ။ သလွန်က
symmetric ကျကျလုပ်ထားတယ်။အဲ့ဒိတော့ ဘယ်ဘက်က ခေါင်းရင်းလဲ
ဆိုတာ ကြည့်ရုံနဲ့ မသိနိုင်ဘူး။သိနိုင်တဲ့သူကတော့ သုံးနေတဲ့သူပဲသိနိုင်
လိမ့်မယ်။
မင်းသမီးက မဟာ ဇနကကို ခေါ်နေတာ။ မဟာ ဇနကကလဲ
နန်းတော်ဆောင်ဆောက်လုပ်ထားပုံ၊မြို့ရိုးတည်ဆောက်ထားပုံစသဖြင့်
ရှာကြံပြီးတော့ ချီးကျုးနေတယ်။မင်းသမီးလဲ သုံးခါတိတိခေါ်ခိုင်းပေမဲ့
မလာတဲ့အခါကျတော့ ဒီလိုငြီးတွားမိတယ်။"ငါငင်၍ သူမယိမ်း သူသိမ်းမှ
ငါပါချေမည်"'
မင်းသားလဲ ချီးမွမ်းလို့အားရတော့မှ အဆောင်တော်ကိုကူးသတဲ့ကွယ်။
အခုလဲ အဲ့ဒိလိုပါပဲ ဘယ်သူတွေဘာပြောပြော ဒေါ်အောင်ဆန်းစုကြည်က
ဂရုကို မစိုက်ဖူး။သူလုပ်စရာရှိတာကိုလုပ်သွားတာပဲ။ နောက်ဆုံးမှာတော့
ဘယ်သူက တကယ်အဓိကကျသလဲ ဆိုတာပေါ်သွားတာပါပဲ။


myanmar steemit greeting.PNG

upvote

Written by @ptcmyanmar
MSC 095

Reference link : 1,2,3

Sort:  

ကောင်းလိုက်တဲ့ညွှန်းဆိုချက်၊ ဆရာဘေဘီသာရလို့ပြောရမည့်အတိုင်းပါပဲဗျာ။

This post received a 59% upvote from @morwhale team thanks to @ptcmyanmar! For more information, click here! , TeamMorocco! .

Congratulations! This post has been upvoted from the communal account, @minnowsupport, by ptcmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews/crimsonclad, and netuoso. The goal is to help Steemit grow by supporting Minnows and creating a social network. Please find us in the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP. Be sure to leave at least 50SP undelegated on your account.

Congratulations! - As you follow @fisheggs bot your post has randomly been selected for an upvote.
call @originalworks

This post has received a 0.85 % upvote from @buildawhale thanks to: @ptcmyanmar. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

This post has received a 33.33 % upvote from @moneymatchgaming thanks to: @ptcmyanmar.Upvote this Post to Support the MMG Community on Steemit! :)

Good writing bro

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.18
ETH 2610.29
USDT 1.00
SBD 2.83