နေညိုချိန် အတွေးများ ၂

in #myanmar7 years ago (edited)

Work smart or work hard?


ပြောင်းလဲလာနေတဲ့ ဥပဒေသတွေနဲ့အတူ အံဝင်အောင်ဘယ်လိုလုပ်ရမလဲ။
အရင်တုန်းက ဆိုရင်တော့ အရင်ဆုံး vote ပေးတဲ့သူက ဆုကြေးပိုရတယ်။vote များများပေးနိုင်ရင် များများရတယ်။hard work ကိုဦးစားပေးတာပေါ့။
အခုပြောင်းလဲလာတဲ့ rule တွေကတော့ work smart ကို ဦးစားပေးလာတယ်။
ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ အရင်းဆုံးပြောပါ့မယ်။
၁။၃၀ မိနစ် Rule ပါ(နောက်မှအသေးစိတ်ပြောပါ့မယ်)
၂။voting power ကုန်ဆုံးတဲ့နှုန်း ၀.၅ ရာခိုင်နှုန်း(၁၀၀% voting weight)ကနေ ၂% ကိုပြောင်းသွားတယ်။

၃၀ မိနစ် rule ကတော့ အောက်ကပုံကို ကြည့်ရင် ရှင်းသွားမှာပါ။

VotetimeAuthorCurator
3 mins99%1%
5 mins97.2%2.8%
10 mins89%11%
20 mins56%44%
30 mins0%100%

ဘယ်လိုတွက်သလဲဆိုတော့ ပိုစ့်တင်တာ ၃၀ မိနစ်ထက်ကြာသွားရင်
(30/30) ကို square လုပ်လိုက်တာပါ။ဥပမာ ၂၀ ထက်ပိုကြာသွားရင် 20/30=0.667 ကို နှစ်ထပ်တင်လိုက်ရင် ၀.၄၄ ရပါတယ်။ ၂၀ မိနစ်ကြာပြီးနောက်မှ vote ပေးရင် ၄၄% ရရှိမှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အရင် ဆုံးvote ပေးနိုင်တဲ့သူက reward ပိုရမှာဖြစ်ပါတယ်။
အဲ့ဒိတော့ စဉ်းစားစရာလိုလာတာက ဘယ်အချိန်မှာ vote ပေးရမလဲ။
မိနစ် သုံးဆယ်ကြာပြီးမှ ပေးရင် ဘောနပ်အပြည့်ရမယ်။ဒါပေမဲ့ တခြားသူတွေကရော စောင့်ပါ့မလား။ ကိုယ်vote ပေးမယ့် post က popular ဖြစ်ဖို့အခွင့်အလမ်းများနေတယ်ဆိုရင် မိနစ်နှစ်ဆယ်ကျော်တာနဲ့ ကို စပေးသင့်နေပါပြီ။first voter ဖြစ်ဖို့ပါ။စတင်ပြီးပြီးချင်းတော့ မပေးသင့်ပါဘူး။ကိုယ့်အတွက် ဘာမှကိုမရလို့ပါ။
အဲ့ဒိတော့ curation reward ကဘယ်လိုတွက်သလဲဆိုတာသိထားဖို့လိုပါတယ်။
curation_reward_weight=standard_weight x [(now-post_create_time)/30 minustes]^2
အတိုပြောရရင်တော့ ၃၀မိနစ် rule ကနေ ရလာတဲ့ ရာခိုင်နှုန်းကို standard weight နဲ့မြှောက်တာပေါ့။standard weight ဆိုတာက အရင်တုံးသုံးတဲ့စနစ်ပါ။သူကတော့ steem power, voting power နဲ့ ကိုယ့်ထက်စောစော vote ပေးတဲ့သူတွေရဲ့ စုစုပေါင်း weight နဲ့ဆက်စပ်နေပါတယ်။
သင်္ချာပုံသေနည်းတော့ရှာလို့မရဘူး။ဒါပေမဲ့ ဂရပ်ကနေကြည့်လိုက်ရင် အကျိုးအမြတ်အများစုကို ပထမဆုံးငါးယောက်ကပဲရနေတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒိတော့ ပထမဆုံးငါးယောက်မှာ ပါဖို့ပဲကြိုးစားပါ။

နောက်သိထားရမယ့်အချက်က သူများကို upvote ပေးရင် reward က Steem power အနေနဲ့ပဲရတယ်ဆိုတာရယ်၊ကိုယ့်မှာဘယ်လောက်ပဲပါဝါနည်းနည်း အနည်းဆုံး ၀.၀၀၁ SP တော့ ရတယ်ဆိုတာရယ်ပါ။

voting power ကုန်ဆုံးတဲ့နှုန်းက ၀.၅% ကနေ ၂% ကိုပြောင်းသွားပါတယ်။အရင် တုန်းကဆိုရင် voting power ကုန်တဲ့အထိဆိုရင် (၁၀၀%) အကြီမ်လေးရာ vote ရမယ်။အခုတော့ အကြိမ် ၅၀ ဆိုရင်ကုန်ပြီ။
တကယ်လို့ voting weight 50% နဲ့ဆိုရင်တော့ အကြိမ် တစ်ရာ vote လို့ရမယ်။
ဒါပေမဲ့ voting power ကို ၈၀% နဲ့အထက်မှာ ထားသင့်တယ်။ဘာဖြစ်လို့လဲ ဆိုတော့ ၁၀၀% အပြည့်နဲ့မှာ ၁ vote ကို ၁ ဒေါ်လာရမယ်ဆိုရင် ၈၀% နဲ့ဆိုရင် ၀.၈ ဒေါ်လာပဲရတော့မယ်။voting weight 50 % နဲ့ဆိုရင်တော့ voting power အပြည့်နဲ့ဆို ၀.၅ ဒေါ်လာရမယ်။တစ်နေ့ကို ကိုယ်ဘယ်လောက် vote သလဲ။ ၁၀၀ အပြည့်နဲ့ vote ရင် ၁၀ ကြိမ်ဆိုရင်ပဲ ၈၀%ဖြစ်နေပြီ။
Worksmart ကတော့ popular ဖြစ်နိုင်တဲ့ post တွေကို အရင် ဆုံး VW၁၀၀% နဲ့ vote ပြီး ကျန်တဲ့ post တွေကိုတော့ vw လျှော့ပြီး vote တာက အကောင်းဆုံးပါ။နောက်တစ်ချက်ကတော့ comment ပေးတာကလဲ reward ရတယ်ဆိုတာပါပဲ။၁၀ ယောက်ကို ၁၀၀% voting weight နဲ့ vote ပေးပြီးခဲ့ရင်တောင် ကျန်တဲ့သူတွေကို comment လိုက်ပေးလို့ရပါသေးတယ်။

Vote လုပ်တဲ့အတွက် ဘောနပ်ဘယ်လောက်ရသလဲဆိုတာ အောက်ကအချက်တွေပေါ်မူတည်နေပါတယ်။
၁။မိမိမှာ steem power ဘယ်လောက်ရှိသလဲ။(များများရှိရင် များများရမယ်)
၂။ကိုယ့်ရဲ့ voting power ဘယ်လောက်ရှိသလဲ(၁၀၀ မှာဆိုအများဆုံးရမယ်)
၃။ကိုယ် vote လုပ်တာ ဘယ်လောက်စောသလဲ(စောလေကောင်းလေ၊အောက်ကအချက်က ထိန်းချုပ်ထားသေးတယ်)
၎။ပိုစ့်တင်ပြီးနောက် ၃၀ မိနစ်ကြာမှ vote ရင် ဘောနပ်အပြည့်ရမယ်။

Steem power များများရှိဖို့ဘယ်လိုလုပ်ရမလဲ။
၁။ပိုစ့်ကောင်းတာတွေများများရေးမယ်။
၂။သူများပိုစ့်တွေကို upvote လိုက်ပေးမယ်။
၃။steem mining လုပ်ဆောင်မယ်။
၎။https://poloniex.com/ နဲ့ https://bittrex.com/ ကနေဝယ်ယူမယ်။
စသဖြင့်လုပ်ဆောင်နိုင်ပါတယ်။


Follow me
Written by @ptcmyanmar
MSC 095

Ref:

https://steemit.com/steem/@abit/new-curation-reward-algorithm-huge-penalty-to-early-voters
https://steemit.com/steemit/@calamus056/curation-rewards-explained-in-great-detail

Image copy from google

Sort:  

woow ကောင်းတယ်ဝေ့ ဒါနဲ့ steem mining က ကျွှန်တော်တို့လုက်လို့ရလား ရရင်ဘယ်လိုလုပ်ရလဲဟင် ။ တစ်ဦးတစ်ယောက်ထဲထက် အဖွဲ့လိုက်လုပ်ဆောင်ခြင်းက ပိုအဆင်ပြေနိုင်ပါမဟ်ထင်ပါတယ် Myanmar Steemit ကနေ ဖိတ်ခေါ်ပါတယ်ဗျာ ကျွှန်တော့facebook account ကနေလည်း ဆက်သွယ်ပေးလို့ရပါတယ်ခင်ဗျာ

စမ်းလုပ်ကြည့်နေတာ မရသေးဘူး

Thanks for knowledge sharing...

စာမရေးတော့ဘူးလားဗျ။vote ပေးမလို့ ပေးစရာ post မရှိဘူးဖြစ်နေတယ်။

ရေးထားတယ်..မတင်ဖြစ်သေးတာပါ.. နောက်ရက်လောက်ဆို ပြန်တင်ပါပီ..bro..
Thank you..

This post has received a 0.16 % upvote from @drotto thanks to: @banjo.

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66195.81
ETH 3505.33
USDT 1.00
SBD 3.18