ကျွန်ုပ်နှင့် ကျွန်ုပ်၏သမိုင်း --- အပိုင်း(၃)

in #myanmar7 years ago

ကျွန်ုပ်နှင့် ကျွန်ုပ်၏သမိုင်း ၁+၂ အားအောက်ပါ link တွင်ဖက်ရန်

ကျွန်ုပ်နှင့် ကျွန်ုပ်၏သမိုင်း ၁ +၂

အပိုင်း(၃)
ဆရာတို့ က ဘာမှ ​ထွေ​ထွေ ထူးထူး​တော့မ​ပြော​ချေ။ လူငယ်​သဘာဝ နာလည်​​ပေးသည်​ထင်​။ သင်​တန်းလည်းပြီး ကိုယ်​နယ်​ အသီးသီးသို့ ပြန်​ကြမည်​ဖြစ်​ရာ အပြတ်​အသတ်​ နုတ်​ဆက်​ကြ​လေသည်​။ ထိုည ​လေးတွင်​ အ​ဆောင်​သားများအားလုံး မူးခဲ့ကြ​ပေသည်​။

IMG20171130115015.jpg

နောက်​​နေ့ မိုးလင်းသည်​နှင့်​ သင်​တန်းသား အားလုံး ကိုယ့်​အထုပ်​အပိုးများ ကိုဆွဲ၍ သက်​ဆိုင်​ရာ ကားဂိတ်​ အသီးသီးသို့ ပြန်ြ​​က ​လေ ပြီ။ ကျွန်​​တော်​လည်း ကျွန်​​တော့ဆရာများကို နုတ်​ဆက်​ ကန်​​တော့ပြီး
ပြန်​လာခဲ့သည်​။ ရန်​ကုန်​မြို့နှင့်​ ကျွနု​ပ်​တို့မြို့သည်​ သိပ်​​တော့မ​ဝေး လှ​ပေ။ ကားဖြင့်​ဆိုလျှင်​ ၄ နာရီ မျှသကြာမြင်​​ပေလိမ့်​မည်​။

ကျွနု​ပ်​ အိမ်​သို့ပြန်​​ရောက်​လာ​ပေသည်​။ အ​ဖေ နှင့်​ အ​မေအား အဆင်​​ပြေ​ကြောင်း တစ်​ပတ်​အကြာတွင်​ ပြန်​လာရန်​မှာလိုက်​​ကြာင်း ပြန်​​ပြောပြခဲ့သည်​။ ကျွနု​ပ်​ အဆင်​​ပြေသည်​ဟု၍ အ​ဖေနှင့်​အ​မေ လည်း ဝမ်းသာကြသည်​။ တစ်​ပတ်​ခန့်​မကကြပြီ​နောက်​ ကျွနု​ပ်​ရန်​ကုန်​သို့ ​နောက်​တစ်​​ခေါက်​ပြန်​တတ်​ခဲ့​လေသည်​။

ဆရာ တို့၏ မှားထား​သော စကားအတိုင်း ကျွနု​ပ်​ သင်​တန်းသို့ အရင်​ဆုံးဝင်​​လေသည်​။ သင်​တန်​​ရောက်​​သော်​ ဆရာ​အေးချမ်းက

" ဆရာထက်ဇော် ဖြိုးဇော်ဦးရောက်ပြီ"
"အေးအေး အထုပ်အပိုးတွေ အဆောင် သွားထားကွာ ပြီးရင် ပြန်လာခဲ့"

"ဟုတ်ကဲ့ ဆရာ"
ဆရာပြောသည့် အတိုင်း အထုပ် အပိုးတွေ ကို အဆောင်မှာသွား ထားပြီး သင်န်းသို့ပြန်လာခဲ့သည်။ နောက်တော့ ဆရာက ပြော ပြသည်။ သင်တန်းတွင် အလုပ် လုပ်ပေးရန် နှင့် အဆောင် တွင် အဆောင်မူး အဖြစ်နေရန် ပြောလေသည်။ ကျွန်ုပ်လည်း အလုပ် ကမရသေးသည်က တစ်ကြောင်း သင်တန်းတွင်ပြန်လည် အလုပ် သင်သဘော မျိုးဖြစ်သည်က တစ်ကြောင်း ကျွန်ုပ်လက်ခံ ခဲ့လေ သည်။

တစ်လပြီး တစ်လ ကုန်ဆုံးလာခဲ့ပေသည်။ တစ်နေ့သော် hardwareဆရာဖြစ်သူက ကျွန်ုပ်အား မန္တလေး တွင်ရှိသော သူ့၏ ဆိုင်တွင် သွားရောက်၍ Services လုပ်ဆောင်ရန် ပြောလေသည်။
ကျွန်ုပ်လည်း မည်သို့ ငြင်းဆန်ရမည်နည်း။ဆရာ ကလည်း ရန်ကုန် သင်တန်းက တစ်ဖက် ၊ ပိတ်ရက်တွင် မန္တလေး သို့ ပြေးရ သွားရ သည်ကိုလည်း မျက်မြင်ပင် ဖြစ်လေရာ ဆရာလွှတ်သည့် ​နေရာသို့ သွားရန်​ဆုံးဖြတ်​ခဲ့​လေသည်​။

မန္တလေးသို့ ရောက်သော် ဆရာ့၏ အဖေမှ ဆီး၍ကြို ဆိုလေသည်။ အရမ်းကိုတာဝန်ကျေပါသည်။ မိုးလင်းသည်နှင့် မနက်စာ အားကြိုက်နှစ်သက်ရာကို စီစဉ်ပေးလေသည်။ အဆင်ပြေသည် အလုပ်အကိုင်ကအစ သင်တော်သော လစာကိုလည်းပေးလေသည်။
တစ်ချို့ ကျွန်တော် မကိုင်နိုင်သော ဖုန်းများအား ဆရာထံ ပို့၍ ပြင်ဆင် စေသည်။ ကျွန်ုပ် အတတက်နိုင်ဆုံးကြိုးစား၍ ပြင်ဆင်ပေးသည်။ ဆရာကလည်း ကျွန်ုပ်အားလည်း သဘောကျ
သည်။

IMG20180120163624-01-01.jpeg

မန္တလေး တွင်ငါးလ ခန့် ကြာပြီးနောက် အကြောင်း တစ်ခုကြောင့် သင်တန်းတွင် ဆရာလို၍ လက်ထောက်ဆရာ နေရာတွင် ကျွန်ုပ်အားနေပေးရန် ခန့်ထားလေသည်။ ကျွန်ုပ်လည်းသဘော ကျလေသည်။ ကျွန်ုပ်၏ ကြိုးစားမူကြောင့် ရာထူးတစ်ဆင်ပြီး တစ်ဆင့်  တက်ခဲ့ရသည်ကို ကျေနပ်မိသည်။ မိမိ၏ မိဘ မျာက လည်းအားပေးသည်။ ဆရာများကလည်း နွေးထွေစွာ ရှိသည်။ ကျွန်ုပ် တို့သင်တန်းလေးသည် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော မိသားစု သင်တန်းလေး ပင်ဖြစ်ပေတော့သည်။

အချိန်ကာလ အားဖြင့် ကြာမြင့်လာသည်နှင့် ကျွန်ုပ်လည်း မိမိ နယ်
လေတွင်ဆိုင်ကလေးဖွင့်ကာ အခြေပြန်ချချင်သည့် ပိုးလေးထလာ
သည်။ မိမိ မိဘ များကလည်း သဘော တူသည်။ ဦးလေး ကလည်း
အားပေးသည် သူ့တွင်ရှိသော ဆိုင်ခန်းတစ်ခန်းအား ပေးမည်ဟု ဆိုသည်။ ကျွန်ုပ် ဘက်ကတော့ အဆင်သင့် ဖြစ်နေပြီ။ သို့သော် သင်တန်းတွင် မည်သို့ ပြောရမည်နည်း။ ဆရာ များကို အရမ်း အား နာမိသည်။

မတတ်နိုင်ပေ။ကျွန်ုပ်လည်း ကျွန်ုပ်ဘဝအတွက်ပြင်ဆင်ရပေဦးမည်။
အားနာနာ နှင့်ပင် ဆရာများကို ရှေ့မျက်နှာနောက်ထား၍ ဖွင့်ပြောပြ ခဲ့ပေသည်။ ဆရာများကလည်း စိတ်မကောင်းဖြစ်ကြသည်။ စိတ်ဆိုး သူကလည်း စိတ်ဆိုးကြသည်။ ကျွန်ုပ် ကြိုတင်သိပါသည် ဤသို့ ဖြစ်လိမ့်မည် ဆိုသည်မှာ ဧကန်ပင်။

IMG20180120164406-01.jpeg

စိတ်ထဲတွင် အတော် မကောင်းပါ။ အိမ်သို့ ပြန်ရောက်ပြီး ရက်​ပိုင်း​လောက်​ကဖြင့်​ မည့်​သို့မျှ စိတ်​ထဲမ​ကောင်း​ပေ။ ဆိုင်​ဖွင့်​ရန်​ ပြင်​ဆင်​ စရာရှိသည်​များ ပြင်​ဆင်​ ၊ ဝယ်​စရာရှိသည်​များ ဝယ်​ပြီး လိုအပ်​​သော data များ ကိုလည်း သင်​တန်းက ထုတ်​​ပေးပါသည်​။ ဆရာများက လည်း လိုအပ်​သည်​ များကို ကူညီ​ပေးပါသည်​။

မိမိ မိဘများနှင့်​ အားလုံး၏ အကူအညီဖြင့်​ ကျွန်ုပ်​၏ ဆိုင်​က​လေး ဖြစ်​​မြောက်​ လာခဲ့ပါသည်​။ ဆိုင်​အမည်​အား ကျွနု်​ပ်​ ဦး​လေး ဆိုင်​ အမည်​နှင့်​အတူ "ထက်​ထက်​​အောင်​" ဟု ​ပေးခဲ့​လေသည်​။ ဆိုင်​ စစချင်း ဖွင့်​သည်​​နေ့မှ စ၍ တစ်​ပတ်​ အတွင်း video ကား များ အခမဲ့သွင်း​ပေးခြင်း ၊ mp3 များ အခမဲ့ ကူးပေးခြင်းနှင့် firmware အခမဲ့ ရေးသားပေး ခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။

ထိုနေ့မှ စ၍ ကျွန်ုပ် ၏ ဆိုင်လေးသည် အခက်အခဲများအားလည်း အောင်မြင်စွာ ကျော်ဖြတ်၍ ယနေ့ထိတိုင် မားမားမတ်မတ် ရပ်တည် နိုင်ခဲ့ပါသည်။ဆိုင်ကလေးဖြစ်မြောက်အောင် ကူညီပံ့ ပိုးပေးခဲ့သော ကျွန်ုပ်၏ မိဘနှင့် ဆွေမျိုးများ၊ ဤပညာ ရပ်များအားသင်ကြားပေးခဲ့ သော ဆရာများအား ကျွန်ုပ် ဤနေရာ မှ အရိုအသေပြု၍ ရှိခိုးကန် တော့ပါသည်။
phyozawoo

Writer by phyozawoo
photo by phyozawoo
@phyozawooburmes
MSC-071

Sort:  

ကို​ယ့်​အ​ကြောင်းကို ယ်​​ရေးတာမကုန်​နိုင်​ဘူး

ဟုတ်​ပါ့ မကုန်​နိုင်​ဘူး

အောင်မြင်ပါစေ ညီ

ပေးတဲ့ဆုနဲ့ပြည့်ပါစေ အကို။

အောင်မြင်မှုများဆက်လက် ထိမ်းသိမ်းနိုင်ပါစေညီလေးရေ

ဟုတ်ကဲ့ အကို။

အားပေးနေမယ်အစ်ကို

ဟုတ်​ကဲ့ခင်​ဗျ။

ရှေ့လျှောက်လည်းပိုမိုအောင်မြင်ပါစေဗျာ

ကျေးဇူးပါ ခင်​ဗျာ

အား​ပေးခဲ့ပီ​နော့
Good writing

ဟုတ်ကဲ့ ခင်ဗျ

အောင်မြင်ပါစေ bro

ကျေးဇူးပါ အကို

နောက်အပိုင်းတွေ စောင့်မျော်လျက်ပါ

ဇာတ်သိမ်း​​ပိုင်းလို့ ​ခေါင်းစဉ်​တပ်​မို့​မေ့သွားတာ။ ​နောက်​တစ်​ပိုင်းထပ်​​ရေးရဥးမယ်​။ 😆😆

ကြိုးစားတဲ့ မောင်လေး အစစ အောင်မြင်ပါစေခွယ်😁😁

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မမ။

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 68703.91
ETH 2503.79
USDT 1.00
SBD 2.54