ကျွန်ုပ်​နှင့်​ ကျွန်ုပ်​၏သမိုင်း ---အပိုင်း-(၁)

in #myanmar6 years ago (edited)

July 2,2014
ကျွန်​​တော်​ ၁၀ တန်​​​ဖြေပြီး အလုပ်​မရှိသဖြင့်​ ဟိုသွားသည်​သွား၊ ဟိုအလည်​ထွက်​ သည်​အလည်​ထွက်​နှင်​​ခြေ​များ​နေ​လေသည်​။ပရဟိတ ဆိုလျှင်​လည်​​ပြေးလုပ်​လိုက်​၊ အလှူ ၊ မင်္ဂလာ​ဆောင်​ဆိုလည်း ဝိုင်းကူလိုက်​နှင့်​ ။

ထိုကဲ့သို့ အလုပ်​မရှိဘဲ​နေသည်​ ကို ကျွန်​​တော့ ဦး​လေးက မကြိုက်၊ သို့​သော်​ ၁၀တန်း​ဖြေပြီးကာစဆို​တော့သူလည်း​ထွေ​ထွေထူးထူး​တော့မ​ပြော​ချေ။ အဲ့ ...တစ်​ခု​တော့​ပြောသည်​။

"ငါ့တူ မင်း​နောက်​လက​နေစပြီး ငါ့ဆိုင်​မှာ လာကူ ဝိုင်းပြီး​ဈေးလာ​ရောင်း​ပေး"
ကျွန်​​တော့ဦး​လေးသည်း တစ်​ချိန်​က လျှပ်​စစ်​ပစ္စည်းများ ပြုပြင်​ရာ​တွေင်​​ လူအများ ကြား​နေရာတစ်​ခု​တော့ရခဲ့သည်​။နောက်​ပိုင်းတွင်​​တော့ ကျန်းမာ​ရေး အရ အချိန်​ကြာမြင့်​စွာထိုင်​​၍ပြုပြင်​ခြင်း ခဲ​ငွေ့များ အနံမခံနိုင်​ခြင်းတို့​ကြောင့်​ ပြုပြင်​သည့်​ အလုပ်​ကို စွန့်​လွှတ်​ကာ လျှပ်​စစ်​ပစ္စည်း အ​ရောင်းဆိုင်​ဖွင့်​ခဲ့ခြင်းဖြစ်​သည်​။

ကျွန်​​တော့ ဆိုသည့်​ ကျွနု​ပ်​မှာ လည်း လျှပ်​စစ်​ပစ္စည်းနှင့်​ပတ်​သတ်​လျှင်​ စိတ်​ဝင်​စားသူဖြစ်​သည်​။ထို့​ကြောင့်​လည်း ဦး​လေးဖြစ်​သူက ဆိုင်​တွင်​ ကူရန် ကျွနု​ပ်​အား​ပြောကြားခြင်းဖြစ်​သည်​။ဦး​​လေးလည်းဖြစ်​ ကျွနု​ပ်​လည်း စိတ်​ဝင်​စားသည့်​ အလုပ်​ဖြစ်​ရာ ဦး​လေး​ပြောဆိုသည့်​စကားကို မငြင်းဆန်​​တော့​ပေ။

သည်​လိုနှင့်​ ကျွန်​​တော့ ဦး​လေး ရက်​ချိန်း​ပေး​သော​နောက်​တစ်​လဆိုတာ ကြီးက​ရောက်​လာခဲ့​လေပြီ။ ကတိအတိုင်း ကျွန်​​တော်​လည်း စတင်​ပြီး ဦး​လေးဆိုင်​တွင်​ကူညီ​ရောင်းချ​ပေးခဲ့သည်​။ လများစွာကြာလာ​သော်​ ဦး​လေးက ...
"မင်းလည်​​နေ့ လည်​​နေ့ခင်းပျင်း​နေမှာ​ပေါ့..ဦး မင်းအတွက်​ ဖုန်းတစ်​လုံးမှာထားတယ်​"

လွန်​ခဲ့​သော ​၄နှစ်​က ကျွန်​​တော့ တို့မြို့​လေးတွင်​ လက်​​ရွှေ့ ဖုန်းဆိုသည်​မှာ လူတိုင်းမကိုင်​နိုင်​ရှာ။ ဝယ်​ယူဖို့ဆိုလျှင်​လည်း ရန်​ကုန်​မြို့ကြီးသို့ တစ်​ဆင့်​မှာယူရသည်​။ scree​nေ​သးသေးလေးကိုပင် တစ်သိန်းကျော် နှစ်သိန်းပေးဝယ်ရသည်။ ထိုခေတ်က brand ဆိုလျှင် samsung တစ်မျိုးလောက်သာ လူသိများကြသည်။ Mobile network ဆိုလျှင်လည်း mpt တစ်မျိုးသာ ရှိသည်။သို့သော်လည်း 3G ဆိုသည်မှာ မရသေး။Telenor , ooredoo ဆိုသည်မှာ ဘာကြီးမှန်းမသိ။

သည်လို့နှင့် ဦးလေး ဝယ်ပေးသော phone လေးတစ်လုံးနှင့် 2Gသာမိသေးသော internet ကို တစ်သောင်းပေးချိတ်ဆက်ကာ G-talk ဟုသည့် အရာကြီးကို အသုံးပြုမိသည်။ ထိုမှ တစ်ဆင့် application လေးအနည်းငယ်အား ရဖွေရရှိပြီး ထို apk (application)များ မှ ကိုဇော်သွင်(နည်းပညာ)ဟုသော app(application) အား ကျွန်ုပ် အရမ်းသဘောကျခဲ့သည်။

ကိုဇော်သွင် (နည်းပညာ) online/offline application အား ဖုန်းတွင် installလုပ်ယူပြီး လိုင်းကောင့်သည့်အချိန်တွင်mobile data လေးကိုဖွင့်ကာ new update လုပ်သည်။ ပြီးနောက် နေ့လည် နေ့ခင်း လူပါးသည် အချိန်တွင် ဖက်မှတ်ပြီး လိုက်ကလိသည်။ ထိုသို့ လုပ်ရခြင်းကို ကျွန်ုပ် များစွာ သဘောကျသည်။

တစ်နေ့ ကျွန်ုပ် တစ်ခု စဉ်းစားမိသည်။ Android ဆိုသည်ကို မလေ့လာဘဲ "application"ကို မည်သို့ရေးသနည်း။ မည်သို့ပြုပြင်၍ရသနည်းကိုကျော်၍ သိချင်မိသည်။ ကျွန်ုပ် ရှာဖွေသည်။ လေ့လာသည်။ ထိုနောက် မလွယ်ကူမှန်းသိလာသည်။ နောက်ဆုံးတွင် ကျွန်ုပ် online/offline application ရေးသားနည်းကို လေ့လာကြည့်သည်။ မဆိုးပါဟုပြောရမည် ကျွနုပ် online /offline applocation ရေးသားနည်းကို တတ်မြောက်ခဲ့သည်။

အရမ်းကြီးလည်း မခက်​သလို အရမ်းကြီးလည်း မလွယ်​ပါချေ။ဒါ​ပေမယ့်​ လွယ်​ပါသည်​။နည်းနည်းများရှုပ်​​ထွေးသွားမလား၊ ဟုတ်​ကဲ့ ကျွန်​​တော်​ရှင်းပြပါမယ်​။ တစ်ချို့ pag​e တွေ web တွေကျပြန်တော့ rss/feed link ယူရန် ခက်ပါတယ် ။ လွယ်တယ် ဆိုတာကတော့ အဲ့လို rss/feed link ယူရန် ခက်တဲ့ အခါ rss link generator web တွေ ရှိပါတယ်။ generate လုပ်ခြင်းဖြင့် rss link ကို ရှိစေမှာပါ.……

ဒီလိုနဲ့ ဖုန်းလေးကို နေ့လည် နေ့ခင်း အားရင်ဖြင့် Internet လေးသုံးလိုက် game လေးဆော့လိုက်နှင့် ကြာလာတော့ ကိုညီနေမင်း နည်းပညာ blog ထဲမှ ကြော်ငြာ တစ်ခုကို ဖက်မိသည်………

"မတတ်မချင်း သင်တန်းပေးမဆင်းမဲ့ တန်းခွဲ အပတ်စဉ် (၃၃)

💹 💹 💹 နေ့စဉ် ကိုယ်ပိုင် ၀င်ငွေ အနည်းဆုံး ၁ သောင်း ကနေ လစဉ် အနည်းဆုံး (၃) သိန်း ထိ ရရှိနိုင်တဲ့ အကောင်းဆုံးသော အလုပ်အကိုင် အခွင့်အလမ်း

( နေ့စဉ် ၁ သောင်း ဆိုတာ ... ဖုန်း ၁ လုံး Firmware တင်ရုံ ၊ ဖုန်း ၁ လုံး မှန်လဲ ရုံလောက်နဲ့ ရရှိနိုင်ပါတယ် ... ။ )

📥 ၂၀၁၈ နှစ်သစ်မှာ အလုပ်အကိုင် အခွင့်အလမ်း များ ကို ကိုယ်တိုင် ဖန်တီးပြီး ကိုယ်ပိုင် ဆိုင်ဖွင့်မလား ၊ ဖုန်းဆိုင်တွေမှာ အလုပ် လုပ်မလား ...

📥 အသစ်အသစ်သော စိန်ခေါ်မှု အသစ်တွေ ကို ရင်ဆိုင် နိုင်ဖို့ အတွက် ..

📥 Error အသစ်တွေ ၊ သင်ရိုး Course အသစ်တွေ ၊ လေ့ကျင့် သင်ကြားပုံ နည်းစနစ် အသစ်တွေ နဲ့ ...

📥 သင်တန်း တည်နေရာ အသစ် ကြီးမှာ ... အသစ် အသစ် သော ... နည်းစနစ် အသစ်တွေ ကို အားပါးတရ လေ့လာ သင်ယူ နိုင်ဖို့ အတွက် ....

ကျွန်တော်တို့ The Last Mobile က ဖွင့်လှစ်သင်ကြားမဲ့ အပတ်စဉ် (၃၃) တန်းခွဲ အသစ်ကြီးက သင်တို့ ကို စောင့်ကြိုနေပါတယ် . ... ။

🏤🏤🏤 လက်ရှိ သင်တန်း တည်နေရာ အသစ် ကတော့ ... "
ကြော်ငြာအား ဆက်လက်ဖက်ရှူရန်……
https://m.facebook.com/story.php?story_fbid=1593025217402687&id=694959360542615

ထိုကဲ့သို့ ကျွန်တော့ စိတ်ကို ဆူပွက်စေသော ကျွန်တော့ ဆရာ၏ သင်တန်း ကြော်ငြာ ကို ဖက်မိသည်နှင့် ထိုသင်တန်းကို တက်ရောက်၍ သင်ကြားမှူကိုခံယူရန် ဆန္ဒများပြင်ထန်လာတော့သည်။အနီးတွင် ရှိသော ကျွန်တော့ ဦးလေးအားကြော်ငြာပြ၍ပူဆာ ပါတော့သည်။ဦးလေးကလည်း ခေါင်းလေးငြိမ့်ကာသာ ပြန်ဖြေသည်။ကျွန်ုပ်ကျေနပ်ပါသည်။

အချိန်တွေကြာလာခဲ့သည်။နေဝင်ချိန်တွေ တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းသွားပြီး လတွေကုန်ဆုံးခဲ့သည်။သိုသော် ကျွန်ုပ် သင်တန်းမတတ်ဖြစ်သေးပါချေ။ ကျွန်ုပ် ဦးလေးကို ထပ်၍ အသိပေးခဲ့သည်။ သိုသော် ခေါင်းငြိမ့်ပြပြီးအေးပါ အေးပါဟုသာ ပြန်ပြောလေသည်။………အပိုင်း (၂)ဆက်ရန်


ဤသင်တန်း ကြော်ငြာတွင် အချိန် နေရာနှင့် အပတ်စဉ် ကွာမှူရှိပါသည်။ ၂၀၁၄ ခုနှစ်မှ ကြော်ငြာအား ပြန်ရှာရန် မလွယ်ကူ၍ ယနေ့ကြော်ငြာအား Link နှင့်တကွ ဖော်ပြပေးခဲ့ပါသည်။


အထက်ပါစာတွင် ကျွန်ုပ်ရေးသားခဲ့သော online / offline application ရေးသားနည်းကို ဆက်လက်ဖော်ပြပါမည်။

ပထမဦးစွာ appyet.com သို့ browser တစ်ခုခုမှ ဝင်ရောက်ပါ။ထို့နောက် appyet တွင် register ပြုလုပ်​ရပါမည်​။

IMG_20180117_193525.jpg

Register ပြုလုပ်ပြီးပါက create app ကိုနှိပ်ပါ။

IMG_20180115_181408.jpg

Application name တွင် မိမိဖုန်းပေါ်တွင်ပေါ်စေလိုသော အမည်ကို ရေး၍ package name တွင် သင့်လျော်သော package name အားappyet မှချပေးပါလိမ့်မည်။

IMG_20180115_181433.jpg

အောက်ပါအတိုင်းပေါ်လာပါက change icon တွင်မိမိနှစ်သတ်ရာ icon ထည့်ပါ။ content rating တွင့်သင်လျောရာ ရွေးချယ်၍ save change နှိပ်ပါ။

Screenshot_2018-01-15-17-39-07-24.png

ပြီးလျှင် modules ကိုရွေး၍ Feed (rss/feed)ကိုနှိပ်ပါ။

Screenshot_2018-01-15-18-05-43-37.png

save နှိပ်ပါ။

IMG_20180115_181631.jpg

Rss/Feed box တွင် rss link အား ထည့်၍ အောက်တွင် မိမိ နှစ်သတ်သလို ပြင်ဆင်ပြီး Save နှိပ်ပါ

Screenshot_2018-01-15-18-04-07-58.png

Back to modules ကို ပြန်သွားပါ ။ link ထပ်ထည့်လိုပါကadd new feed နှိပ်၍ အထက်ပါအတိုင်းထည့်ပါ။

Screenshot_2018-01-15-18-05-13-03.png

ပြီးနောက် built ကိုသွား၍ submit to built ကို နှိပ်ပါ။Theme တွင်လည် မိမိ စိတ်ကြိုက်ပြင်ဆင်နိုင်ပါသေးသည်။

Screenshot_2018-01-15-18-06-15-75.png

Download (within 24hours) ဟုသော link ကို နှိပ်၍ မိမိပြုထားသော app ကို download ပြန်ယူပါ။

IMG_20180115_181732.jpg

Steemit Myanmar Group အား ကျွန်ုပ်ပြုလုပ်ထားသော app​ အောက်ပါlink တွင် download ရယူနိုင်ပါသည်။

App download link……
https://my.pcloud.com/publink/show?code=XZ4dGp7ZQQisrogCXP8k79Rvh8o1KkW4fjPk

Rss/Feed link ယူနည်းအား ကျွနု​ပ်​နှင့်​ ကျွန်ုပ်၏သမိုင်း--အပိုင်း (၂)တွင်သင်လျော်သလို ဖော်ပြပေးပါမည်။


Photo by ဖြိုးဇော်ဦး
writting by ဖြိုးဇော်ဦး

@phyozawooburmes
MSC-071

Sort:  

V 100% $0.071> V n C Done, @poe/thi

Try yourself.It is good post.

Thank, your wonderful.

ဖုန်းအ​​​ကြောင်းဗဟုသုတရပါတယ်

ဖုန်းအ​ကြောင်း​တွေ ဆက်​​ရေး​ပေးပါမယ်​ bro

ဗဟုသုတရတယ်

ဟုတ်​ကဲ့

နား​တော့မလည်​ဘူး ဗုသုတ​ပေါ့

Nice post bro

ကျေးဇူးပါ bro

ဆက်ရေးပါ စိတ်ဝင်စားနေလို့ပါအကိုရေ

ဟုတ်ကဲ့

G3 ကွ ဒုန်း ဒုန်း😁😁ဂုဏ်ယူတယ် အာ့ကြာင့်😁😁

ရှေ့သို့လှမ်းချီ MSC.copy မလိုလား steem မှာလား။

နား​တော့မလည်​ဘူး ​ဗဟုသုတ​ပေါ.အ​ပေါ်တ​ယောက်​ ခွက်​ဒစ်​😁

ဟုတ်ကဲ့

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 67653.09
ETH 3789.60
USDT 1.00
SBD 3.50