“ဘာလာလာဒေါင်း”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“ဘာလာလာဒေါင်း”

ပထမပိုင်း

ကိုတင်ထွန်းတစ်ယောက် ဆရာရွှေဘို၏ အိမ်မှ ရေနွေးကြမ်းကို စိတ်ကြိုက်သောက်လာခဲ့ပီးနောက်----

စိတ်ရှိလက်ရှိသောက်လာသော ရေနွေးကြမ်းတန်ခိုးက မိုးအေးအေးမှာ အစွမ်းပြလေသဖြင့် ကိုတင်ထွန်းမှာ အပေါ့အပါးစွန့်ရန် နေရာရှာလေရတော့သည်။ “ဗျို့ ကိုကြီးတင်ထွန်း လာဗျို့ ဒီမှာ ၀ိုင်းကောင်းနေတယ်” ကာလသားခေါင်းလေး ကိုဖိုးထောင်၏ ခေါ်သံသည် ကိုတင်ထွန်းအား မငြင်းနိုင်ဖြစ်ရပြန်၏။ သူ၏ ဒုက္ခကို ရှင်းရန် ကိုဖိုးထောင်အိမ်ဝိုင်းအတွင်း အပြေးဝင်သွားလိုက်တော့သည်။ “ငါကမင်းတို့ဝိုင်းမှာ ဆော့ချင်လို့ဟုတ်ပါဘူးကွာ ဆရာရွှေအိမ်က ရေနွေးကြမ်း အသောက်များလာလို့ဟေ့ အပေါ့လေး အရင်ပြေးစွန့် လိုက်အုန်းမယ်ဟ” ပြောပြောဆိုဆို အိမ်နောက်ဖေးသို့ ကိုတင်ထွန်း အပြေးတပိုင်းနှင့် ၀င်သွားလေတော့သည်။ “တော်သေးကွာ ငါက ဘာလာလာဒေါင်းတတ်လို့ တော်တော့တယ်” ပြုံးစစနှင့် ကိုတင်ထွန်းစကားကြောင့် ၀ိုင်းကောင်းနေသော ကာလသားတစ်သိုက် တဟားဟားနှင့် ဖြစ်ရလေတော့သည်။


Credit Image Source

ကိုဖိုးထောင်တို့ ၀ိုင်းမှာလဲ ကြာကြာမနေ ကိုတင်ထွန်းထွက်လာခဲ့သည်။ မိုးအေးအေးတွင် လူငယ်များစုကာ အချိန်ကုန်၊ အပျင်းပြေ၊ အပျော်တမ်းဆော့နေသော ၀ိုင်းကို စွန့်ခွာခဲ့ပြီးနောက် အိမ်အပြန်လမ်းတွင် လမ်းသင့်နေသော ဦးကြင်အိမ်ရှေ့သို့ ရောက်လာခဲ့သည်။ ရပ်ကွက်အတွင်းတွင် ကပ်သီးကပ်ဖဲ့ ပြိုင်ဘက်ကြီး ဦးကြင် အိမ်ရှေ့အရောက် ဗီဇလေးအရ တစ်ချက်ငဲ့ကြည့်လိုက်သည်။ ဦးကြင်များ ဘာလုပ်နေမလဲ။သူထင်ထားသလို အသောက်ဝိုင်းကောင်းနေလျင်တော့ ၀င်ပီး အစွမ်းပြလိုက်ဦးမည်ဟု စိတ်ထဲတွင် အားခဲနေလိုက်သည်။

“ဟေ့ တင်ထွန်းရေ လာကွာ သောက်ရအောင်ဟေ့” လျာလေးအာလေးကြီးနှင့် လှမ်းခေါ်လိုက်သော ဦးကြင်၏ အသံကြောင့် မျှော်မှန်းထားသည့်အတိုင်းဖြစ်နေ၍ မခံချင်စိတ်ကလေးက ထ၍ကြွ၍လာချေပြီ။ ဘာညာ စဉ်းစားမနေပဲ စိတ်မြန်လက်မြန်ပင် ပြိုင်ဘက်ကြီးဦးကြင်အိမ်ထဲသို့ စွေ့ကနဲ လှမ်းဝင်လိုက်တော့သည်။


Credit Image Source

“ငါတို့က မနက်ခင်းကတဲက ၀ိုင်းကောင်းနေတာကွ မင်းလာတာနောက်ကျတာ၊ ငါတို့ရေချိန်မှီအောင် မင်းလိုက်နိုင်လားဟေ့ တင်ထွန်းရေ” ၀ိုင်းဘေးတွင် အလဲလဲအပြိုပြို ပုလင်းများကိုကြည့်ရင်း ကိုတင်ထွန်းမှ ပုခုံးတစ်ချက်တွန့်ပြလိုက်ကာ “ဟားဟား ဦးကြင်ရာ စိန်ခေါ်ရင်ဘွာမခက်ပါဘူးဗျ။ ခင်ဗျားတစ်ခွက်ဆို ကျုပ်ကနှစ်ခွက်သောက်မယ် ဒါမှ ရှေ့ကသွားနေတဲ့လူရဲ့ရေချိန်ကိုမှီမှာလေဗျာ။ ကဲချစမ်းဗျာပုလင်းအသစ် တင်ထွန်းတို့က ဘာလာလာ ဒေါင်းပါဗျ”။ ပြိုင်ဘက်နှစ်ဦး တွေ့ကြလေပြီ။ အတူသောက်နေကြသောသူများမှာ သူတို့နှစ်ယောက်အကြောင်းကို သိသူများဖ်ြစ်ကြ၍ တစ်ယောက်ပီးတစ်ယောက် အလျိုလျိုပင် တိတ်တဆိတ် ဝေးရာသို့ ပြေးကြလေတော့သည်။

အချိန်အားဖြင့် အတော်ကြာသွားပေပြီ။ ညနေသည်လည်းစောင်းသွားပေပြီ။ ပုလင်းသံ လူသံတို့သည်လည်း တိတ်ဆိတ်လို့ သွားပေပြီ။ ဦးကြင်နှင့် ကိုတင်ထွန်းတို့နှစ်ယောက် မည်သို့ရှိချေမည်နည်း။ ဘာလာလာဒေါင်းပါလို့ တဖွဖွပြောနေသော ကိုတင်ထွန်းနှင့် ပြိုင်ဘက်ကြီးဦးကြင်တို့ နှစ်ဦးသားမှာကား ပုလင်းခွံများတန်းစီလျက် နှစ်ဦးသားမှာ စားပွဲနှင့် မျက်နှာ နှစ်ပါးသွားကာ အမူးလွန်၍ မှောက်နေကြချေပြီ။ သူနှင့်ထိပ်တိုက် တွေ့သမျှ အရှုံးမပေးတတ်သော မခံချင်စိတ်ထက်သန်သော ကိုတင်ထွန်းတစ်ယောက် ဒီတစ်ခါတော့ သူပြောနေကြစကားအတိုင်း တကယ်ပင် ဘာလာလာဒေါင်းသွား လေတော့သည်။

ထို့နေ့လွန်ေ့မြာက်ပီးနောက် ယခုလို မိုးဖွဲဖွဲ မိုးသည်းသည်း နေ့များတွင် ရပ်ကွက်တွင်းရှိ ကာလသားများအကြား "ဘာလာလာဒေါင်းမယ်ကွာ"ဆိုသော ကိုတင်ထွန်းပြောနေကြ စကားစုလေးသည် ယနေ့ထက်တိုင် ပြောစမှတ်ပြုကာ ရှိနေပါတော့သည်။


Credit Image Source

ကိုတင်ထွန်းမှာ သူ၏နဂိုမူလ စိတ်နေစိတ်ထားမှာ ရိုးသားသော တောသူတောင်သား တစ်ယောက်ဖြစ်သော်လည်း သူနှင့်ထိပ်တိုက်တွေ့သည့် မည်သည့် ကိစ္စမျိုးမဆို အသာရမှ၊ အနိုင်ရမှ စိတ်ကြေနပ်သူဖြစ်လေသည်။ သူ၏ စိတ်ဓါတ်အတိုင်း ပြောမည်ဆိုလဲပြောစရာပင် ရပ်ကွက်အတွင်းတွင် ဘာတဲ့ဟေ့ဆို ကိုတင်ထွန်းက မပါမပီးချေ။ အကြောင်းအရာစုံသည်၊ အတတ်ပညာစုံသည်၊ ဗဟုသုတနှင့် ကြံရည်ဖန်ရည်ကောင်းသောကြောင့် သူ၏ အကူအညီဖြင့် ရပ်ရေးရွာရေးများကို လွယ်လွယ်ကူကူ ဖြေရှင်း၊ ဆောင်ရွက်နိုင်ခဲ့ကြသည်။ ထိုသို့ဖြစ်၍လည်း ကိုတင်ထွန်း၏လက်သုံးစကား “ဘာလာလာဒေါင်း”ဆိုသည်ကို တွင်တွင်ကြီးပင် သုံးတတ်လေသည်။

ဤသို့နှင့် တွေ့တွေ့သမျှ အရှုံးမပေးတတ်သော မခံချင်စိတ်ထက်သန်သော ကိုတင်ထွန်း တစ်ယောက်မှာကား ဒီတစ်ခါတော့ သူပြောနေကြစကားအတိုင်း တကယ်လက်တွေ့ပင် ဘာလာလာဒေါင်း သွားပေပြီ။ ကပ်သီးကပ်ဖဲ့နိုင်ကြသူများဖြစ်သည့်အလျောက် ဦးကြင်နှင့် ဆုံတွေ့လေတိုင်း အနိုင်မခံ အရှုံးမပေးတတ်သော ကိုတင်ထွန်းမှာ ဦးကြင်နှင့် အရက်ကိုပြိုင်သောက်ကြပြီး အမူးလွန်ကာ ခေါင်းပင်မထူနိုင် နှစ်ဦးသားမှောက်နေကြရပြီ။


Credit Image Source

ကျွန်တော်တို့ နေထိုင်ရာ လောကကြီးတွင် အဘက်ဘက်က ဘယ်လိုပင်စမ်းစမ်း ဘာလာလာဒေါင်းနေနိုင်အောင်ပင် ထူးချွန်ကြသော ပုဂ္ဂိုလ်များ များစွာရှိကြပါသည်။ သို့သော် သူသူကိုယ်ကိုယ်ပင် လူသားတို့သဘာဝအလျောက် တလွဲဆံပင်ကောင်း ဖြစ်နေကြသည်က များနေကြပေသည်။ မိမိတို့၏ ထူးချွန်ပြောင်မြောက်သော အရည်အသွေးများကို သူ့နေရာနှင့်သူ အံဝင်ဂွင်ကျအကျိးရှိစွာ အသုံးချနိုင်ကြမှသာ တန်ဘိုးရှိသော ဘာလာလာဒေါင်း ပုဂ္ဂိုလ်များ ဖြစ်လာကြပေမည်ဟု အထူးပြုကာ တင်ပြလိုက်ရင်း ကိုတင်ထွန်းတစ်ယောက် ဘာလာလာဒေါင်းသလို မဒေါင်းကြပဲ ကိုကိုမမတို့ရဲ့ ဘာလာလာဒေါင်း စိတ်ဓါတ်လေးများကို အကျိုးရှိစွာ ဒေါင်းကြပါလို့ တိုက်တွန်းလိုက်ရပါသည်ခင်ဗျား။

---- ဆက်လက်ကြိုးစားပါဦးမည် -----

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 9:00 PM (15.8.2018)

#Myanmar #Writing #Literature #Funny #Blog

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

စာကြွင်း -- အထက်ဖော်ပြပါ ဇာတ်လမ်းလေးသည် ကျွန်တော်၏ ယခင်ရပ်ကွက်တွင်းက ကပ်ဖဲ့ကြသူများ ဇာတ်လမ်းတွဲလေးများ၏ နောက်ဆက်တွဲဇာတ်လမ်းလေးပင်ဖြစ်ပါသည်။ ယခင်အတွဲများကို မဖတ်ရသေးသူများအနေဖြင့် အောက်ဖော်ပြပါလင့်များတွင် ၀င်ရောက်ဖတ်ရှုကာ ဇတ်လမ်းအဆက်ကို မျှဝေခံစား၊ အားပေးကြပါခင်ဗျာ။
ယခင် အပိုင်းတွဲများ >>>

Link 1
Link 2
Link 3
Link 4

Sort:  

ဝတ္ထုကိုဖတ်လိုက်ရတော့ ကိုယ်ကိုယ်တိုင် အပြင်မှာ
ကဲနေရသလိုပဲ ဦးညီရေ

ဟုတ်ကဲ့ ကိုညီညီထွန်းရေ သရုပ်ဖော်ရသလေး ပေါ်လွင်အောင် မနဲ ကြိုးစားရေးထားရတာဗျာ။ အားပေးနေလို့ကျေးဇူးပါ။

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thanks for Your Support.

ဒီနေ့ကစပြီး down ပြီဗျို့

ဘာလာလာဒေါင်းပါစေဗျား။

ဒေါင်းလိုက်ကြစို့ သူငယ်ချင်း အွတ်အီးအီးဂွပ်

ကိုဒိုမီလဲ ဒေါင်းစရာ ကောင်းကောင်း ရှာဒေါင်းထား ဟားဟား။ စတာနော်။

အမြဲတမ်း​ရေးစရှိ​တော့ ​ဆေးစက်​ ကျရာ အရုပ်​တင်​​တော့တာ​ပေါ့
ဖတ်​လို့​ကောင်းပါတယ်​ဆရာ

လာရောက်အားပေးတာ ကျေးဇူးပါ ဦးယုရေ။ ရေးတတ်သလောက် ကြိုးစားရေးသားနေပါတယ်ဗျ။

စမ်းချင်​ရာစမ်း​မောင်​ဘချမ်း​ပေါ့

အဟီး အဲလိုလဲ ဟုတ်ပါဘူးဗျာ။ နဲနဲပါးပါးပါ။

ဘာလာလာ​ဒေါင်း
စကားလုံးအသစ်​ရသွားလို့​.....

စကားလုံးက သူများတွေ သုံးနေတာကြာပါပီ အကြောင်းတိုက်ဆိုင်လို့ ကိုးကားရေးလိုက်တာပါ ခင်ဗျ။

ဘာလာလာ​ဒေါင်းချင်​​သော်​လည်း စတီး​ဈေးကကျ ​ဘေလ်​ကမွဲ​နေ​သောအခါ😁

ဟုတ်ကဲ့ ကိုဂျွန်ရေ အားမလျော့ပါနဲ့ ပရောဂျက်အသစ်နဲ့ စတီးမစ်က ဈေးတက်လာတော့မှာပါခင်ဗျ။ အချိန်လေးနဲနဲ စောင့်ပီး အားတင်းထားပါဗျ။ စာတွေလဲ ပုံမှန်ရေးနေပါဗျ။

ကွီးရွှေကြီးနှင့်လည်း ဒေါင်းချင်သေးဗျာ

ဟုတ်ကဲ့ ကိုဘီရေ တနေ့နေ့ ဆုံကြရင် ကိုဘီနဲ့ တပွဲလောက် ဒေါင်းကြတာပေါ့ ဟီး။

ဘာလာလာဒေါင်းဆိုတဲ့ ဇာတ်လမ်းလေးနဲ့ သရုပ်ဖော်ပြီးပြောပြသွားတာ မှတ်သားစရာကောင်းပါတယ်ခင်ဗျာ။များသောအားဖြင့် တလွဲဆံပင်ကောင်းတတ်ကြတဲ့ အတွက် မိမိ၏အရည်အချင်းများကို အံဝင်ဂွင်ကျ အသုံးချနိုင်ကြစေရန် တိုက်တွန်းပေးထားတာ အားလုံးအတွက် အကျိုးရှိစေပါတယ်။မှတ်သားလိုက်နာ ကျင့်ကြံပါ့မယ်အစ်ကို။လေးစားလျက်

ဟုတ်တယ်ကိုသန့်ဇင်ရေ ဘာလာလာဒေါင်း အကောင်းစားလေးတွေဖြစ်စေချင်တာပါ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63815.31
ETH 3124.40
USDT 1.00
SBD 3.99