“ဘာလာလာဒေါင်း”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“ဘာလာလာဒေါင်း”

“ဘာလာလာဒေါင်း” ဒီစကားစုလေးကို လူတိုင်းလိုလို ကြားဖူးကြမည်ထင်ပါသည်။ ယခု ကျွန်တော်ပြောပြလိုသော အကြောင်းရာလေးမှာလည်း ထိုစကားစုလေးကို အထူးပြု ထားသော အကြောင်းအရာလေး တစ်ခုအနေနှင့် ကျွန်တော်တို့ ရပ်ကွက်တွင်းတွင် လူအများ၏ ပြောစမှတ်ပြုစရာတစ်ခုအဖြစ် ရှိနေခဲ့ရပါသည်။


Credit Imge Source

အချိန်ကား မိုးလေး တအေးအေးနှင့်ဖြစ်သည့် ယခုလို မိုးရာသီ။ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း မိုးရာသီ၏သရုပ်ကို အပြည့်အ၀ ဖော်ပြနေသော အချိန်အခါသည်လည်း ဖြစ်ပါ၏။ နေ့စဉ်ရက်ဆက် မိုးကဆက်တိုက်လိုပင် ရွာသွန်းနေမှုကြောင့် ကျွန်တော်တို့ ရပ်ကွက်တွင်းမှ ဇာတ်လိုက်ကျော်ကြီး ကိုတင်ထွန်းတစ်ယောက် လုပ်နေကြအလုပ်များ ရပ်နားထားရလေသဖြင့် နေမထိမထိုင်သာ ဖြစ်နေရလေသည်။

နဂိုပင်ကိုဗီဇကိုက အညိမ်မနေတတ်သော ကိုတင်ထွန်းတစ်ယောက် အလုပ်မသွားရလေသဖြင့် အိမ်တွင်း အောင်းကာ နေရသည်ကို သဘောမကျဖြစ်၍လာသည်။ သို့နှင့် ခမောက်တစ်လုံးကို ဆောင်းကာ မိုးဖွဲဖွဲရွာနေသည့်ကြားမှ အိမ်အပြင်လမ်းမ ပေါ်သို့ထွက်လာလိုက်တော့သည်။ ခါးဝတ်ပုဆိုးကို ခပ်တိုတိုဝတ်ကာ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ဖွာကာဖွာကာနှင့် ကိုတင်ထွန်းတစ်ယောက် ရပ်ကွက်တွင်းက လမ်းပေါ်တွင် တစိုက်စိုက်နှင့် လျောက်လာနေရင်း ဘယ်သွားလို့ ဘယ်လာရမည် ရည်ရွယ်ချက်မရှိ ယောင်ပေပေ ဖြစ်နေလေသည်။

ယခုလို မိုးအေးသည့်အချိန်ဆိုလျင် အသောက်ဝိုင်းကောင်းတတ်သော ဦးကြင်တို့ အိမ်ဘက်သို့ သွားလျင် ကောင်းမည်လား၊ စာရေးဆရာတစ်ဝက် ကျောင်းဆရာတစ်ဝက် ဆရာလေးကိုရွှေဘို အိမ်ဘက်သို့သွားကာ လ္ဖက်စား၊ ရေနွေးကြမ်းသောက်၊ စကားစမည်ပြောရအောင် သွားလျင်ကောင်းလေမည်လား၊ မိုးအေးလျင် စုကာဝေးကာ ဖဲဝိုင်း ကောင်းတတ်သော ကာလသားခေါင်းလေး ကိုဖိုးထောင်အိမ်ဘက်သို့သွားလျင် ကောင်းလေ မည်လား။ ကိုတင်ထွန်းတစ်ယောက် မိမိသွားမည့် လမ်းကြောင်းကို ရွေးချယ်ရခက် နေလေသည်။


Credit Image Source

“ဗျို့ ကိုကြီးတင်ထွန်း ရေနွေးကြမ်းသောက်လာပါဦးဗျ။ မိုးအေးအေးနဲ့ ဘယ်သွားမလို့လဲ” စိတ်ကူးဖြင့် လျောက်လာလိုက်တာ ဆရာလေးကိုရွှေဘို၏ အိမ်ရှေ့ဖြတ်အလျောက် လှမ်းခေါ်လိုက်သံကြောင့် ကိုတင်ထွန်းတစ်ယောက် တွန့်ခနဲဖြစ်သွားရသည်။ စာရေးဆရာ၊ ကျောင်းဆရာ ဆရာကိုရွှေဘိုကိုတော့ မလေးမခန့်မလုပ်ရဲ လေးစားသည့် စိတ်အခံလေးက ရှိနေတော့ လှမ်းခေါ်သည်ကို ကိုတင်ထွန်း မငြင်းဝံ့။ ကိုရွှေဘိုအိမ်တွင်းသို့ လှမ်းဝင်လိုက် တော့သည်။ ရေနွေးကြမ်းတစ်အိုးနှင့် လ္ဖက်သုပ်တစ်ပွဲက ဆီးကြိုလျက်။

“ဘာရယ်လို့ ဟုတ်ပါဘူးဗျာ ဆရာရွှေရာ၊ မိုးကလည်း တအေးအေးနဲ့ ကျနော်လဲအိမ်ထဲအောင်းနေရာ ပျင်းပျင်းရှိလို့ ခြေဦးတည့်ရာ လမ်းသလားထွက်လာ တာဗျ”။ ပြောပြောဆိုဆို ကိုရွှေဘိုအနီး ၀င်ထိုင်လိုက်သည်။ “ကိုင်း-ဒါဖြင့် ရေနွေးကြမ်းသောက်၊ လ္ဖက်စားဗျာ၊ အားမနာနဲ့၊ စကားလေးဘာလေး ပြောရတာပေါ့ဗျာ”။ ဆရာကိုရွှေဘို၏ စကားနှင့်အတူ ရေနွေးကြမ်းဝိုင်းလေးသည် စကားတပြောပြောနှင့် စိုပြေလာလေ တော့သည်။


Credit Image Source

အချိန်လေး အတော်ကြာတော့ “ကဲဆရာရွှေ ကျနော်ပြန်ဦးမယ်ဗျာ၊ စကားပြော လို့လဲကောင်း၊ လ္ဖက်လဲစားလို့ကောင်း၊ ရေနွေးကလည်းကောင်းပါ့ဗျာ၊ ကျနော်ကတော့ ဘာလာလာဒေါင်းပဲဗျာ၊ ပြန်လိုက်ဦးမယ်” ပြောပြောဆိုဆို စိတ်မြန်လက်မြန် ကိုတင်ထွန်း ကောက်ကနဲထပြန်သွားလေသည်ကို ဆရာလေးကိုရွှေဘိုမှာ အပြုံးနှင့်ကြည့်ရင်း ကျန်နေခဲ့လေသည်။ ကျောင်းဆရာလေး ကိုရွှေဘိုသည် ကိုတင်ထွန်းပြောခဲ့သော ဘာလာလာဒေါင်းဆိုသည့် စကားကို သဘောကျကာနေလေတော့သည်။

----- နောက်တစ်ပိုင်း ဆက်လက်တင်ပြပါဦးမည် -----

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 10:00 PM (14.8.2018)

#Myanmar #Writing #Literature #Funny #Blog

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

စာကြွင်း -- အထက်ဖော်ပြပါ ဇာတ်လမ်းလေးသည် ကျွန်တော်၏ ယခင်ရပ်ကွက်တွင်းက ကပ်ဖဲ့ကြသူများ ဇာတ်လမ်းတွဲလေးများ၏ နောက်ဆက်တွဲဇာတ်လမ်းလေးပင်ဖြစ်ပါသည်။ ယခင်အတွဲများကို မဖတ်ရသေးသူများအနေဖြင့် အောက်ဖော်ပြပါလင့်များတွင် ၀င်ရောက်ဖတ်ရှုကာ ဇတ်လမ်းအဆက်ကို မျှဝေခံစား၊ အားပေးကြပါခင်ဗျာ။
ယခင် အပိုင်းတွဲများ >>>

Link 1
Link 2
Link 3
Link 4

Sort:  

ပုံထဲမှလက်ဖက်သုပ်သည်သရေယိုစရာဖြစ်စေပါသည်

အကြိုက်ခြင်း တူသွားတာပါ့လေ။

ဘာလာလာ ဒေါင်းမှာဘဲ အေ့

အေးပါ အဲလို ဖြစ်နေရမှာလေ ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks for Your Support.

ဘာလာလာဒေါင်းဆိုလို့ တို့ကွီးရွှေတော့ ကိုယ်တိုင် ပိုကာဂိမ်းဆော့တဲ့အကြောင်းလား ဒါမှမဟုတ် သူများတေဆော့တဲ့အကြောင်းလားလို့ ထင်မိတာ လောလောဆယ်တော့ ရေနွေးကြမ်းနဲ့ စကားဝိုင်းလေးပဲ ရှိသေးတာ အထင်နဲ့အမြင်တလွဲဖြစ်နေပါတယ်ခင်ဗျာ။ဘာပဲဖြစ်ဖြစ် တို့ကွီးရွှေရဲ့စာက နှစ်သက်စရာ စွဲဆောင်မှုတွေပါလာမှာဆိုတော့ အပြေးအလွားဖတ်ရတာပဲလေ။နောက်အပိုင်းတွေ စောင့်မျှော်နေပါတယ်ခင်ဗျာ။လေးစားလျက်

ဟုတ်ကဲ့ ကိုသန့်ဇင်ရေ ကျနော့အကြောင်းမဟုတ်ပါဘူးဗျာ့ အရပ်ထဲက လူတစ်ယောက် အကြောင်းကို အမှတ်ရလို့ ပြန်လည်ပုံဖော်နေခြင်းပါ။

ဒေါင်းကွာ ...

တကယ်ဒေါင်းသွားပီလား တောင်ကြီးမှာ ထပ်တွေ့မယ်။

ဇာတ်‌လမ်း‌ ဇာတ်‌ကွက်‌‌တော့ ‌ဖော်‌‌နေပြီ။ဘာလာလာ ‌ဒေါင်း‌တော့မသိ ဘာလာလာလုပ်‌မယ့်‌သူ‌တွေ‌တော့ ‌တွေ့‌နေရတယ်‌။လိုက်‌မလုပ်‌ရင်‌ဘဲ ‌နောက်‌ကျတယ်‌ ‌ပြော ဦးမယ်‌။ကိုင်း ကိုကြီးွှေ ဇာတ်‌လမ်းဘဲ ‌စောင့်‌ဖတ်‌‌တော့မယ်‌။

အဟေး ဘာရယ်ဟုတ်ပါဘူး တခြားတွေတွေးမနေနဲ့ ဟာသသရုပ်ဖော်လေးပါ ဗျာ။

ကိုတင်ထွန်းက ဘာလာလာဒေါင်းစွယ်စုံရသူကြီးလားခင်ဗျ

ဟုတ်ပဗျာ ကိုတင်ထွန်း ကြီးကတော့ ဘာလာလာဒေါင်းတဲ့ လူကြီးပါ။

အမြဲဒေါင်း နေမယ်

ကစိုးကတော့ ဘာလာလာ ဒေါင်းသူကြီးပါ။

မိုးအေးအေး ထီးဆောင်းပြီးလည်

မိုးရွာထဲလည်ရတာ ပျော်စရာကြီးဗျ။

ဘာလာလာ​ဒေါင်း
လက်​ဖက်​ပွဲကမိုက်​မှမိုက်​😋

အရွက်မှာ လ္ဖက်တဲ့ဗျာ ကြိုက်မှကြိုက် ။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63725.17
ETH 2619.74
USDT 1.00
SBD 2.82