“တစ်ခါတစ်ရံ ဆီသို့”

in #myanmar6 years ago

IMG_20171211_182328.jpg

“တစ်ခါတစ်ရံ ဆီသို့”

တခါတစ်ရံ လွပ်လပ်ပေါ့ပါးသော ဘ၀လေးကို နှစ်သက်မိသည်။ မိုးကောင်းကင်မှာ တိမ်တွေ မျောလွင့်ကြသည်။ ကျွန်တော်၏ စိတ်ဝိဥာဏ်သည်လည်း ကောင်းကင်က တိမ်တိုက်များ နှင့်အတူ မျောလွင့်နေချင်မိသည်။ မိမိသည်ကား ပတ်ဝန်းကျင် သဘာဝနှင့် လိုက်လျောညီထွေအောင် အတော်ပင်ကြိုးစားရအုန်းမည်။ လှပသော မိုးသောက် နေရောင်ခြည်အောက်တွင် ကလေးငယ်လေးပမာ လွပ်လပ်ပျော်မြူးစွာ ခုန်ပေါက်၊ ပြေးလွှား လိုက်ချင်သည်။

တစ်ခါတစ်ရံ “အော်ဘ၀ဘ၀ ဒီလိုပဲ ဒီလိုအမြဲ”ဆိုသည့် သီချင်းအား လူငယ်လေးများနှင့်အပြိုင် ဆိုလိုက်ချင်သေးသည်။ စိတ်ကူးသာ ရှိသည် အမှန်တကယ် လက်တွေ့မှာကား “ရက်ပါလိုလို၊ ဟစ်ဟောပ်လိုလို”ဂွတီးဂွကျ အ၀တ်အစားများ ၀တ်နေပြန်လျင်လည်း ဒီအရွယ်ကြီးကျမှ ပိုးထနေသည်ဟု လူအများ ကဲ့ရဲ့ကြမည် စိုးထိတ်မိသေးသည်။

တစ်ခါတစ်ရံ အမေကျွေးသော မုန့်ဆမ်းလေးကို စားရင်း ဂွေလှိမ့်လိုက်၊ စွန်လွှတ်လိုက် လုပ်နေချင်သေးသည်။ ဖုန်ထူထူလမ်းမထက်မှာ ဖိနပ်မပါ ခြေဗလာနှင့် ပြေးလွှား ဆော့ကစား ငယ်ဘ၀လေးကို လွမ်းမိပြန်သေးသည်။ နေပူတာလည်းမသိ၊ မိုးရွာတာလည်း နားမလည်၊ ဆောင်းနှင်းမှုန်တွေကြားမှာလည်း အဖော်အပေါင်းများနှင့် ကစားမပျက် ရှိခဲ့ကြသည်။


Credit Image Source

တစ်ခါတစ်ရံ သူငယ်ချင်းများနှင့် သုံးယောက်လျင်တစ်ခွက် လက်ဖက်ရည် ကျဆိပ့်လေးကို အေးအတူပူအမျှ ဝေမျှကာသောက်ခဲ့ကြသည်ကို တမ်းတမိသည်။ ဖြူစင်သော ကျောင်းသားဘ၀လေးကို ဘယ်သူကများ မေ့နိုင်မည်နည်း။ တစ်သက်တွင်တစ်ခါ ကျော်ဖြတ်ခဲ့ဖူးသော ကျောင်းသားဘ၀အား ကြုံဖူးသူများအဖို့ ထိုတစ်ခါတစ်ရံ အခိုက်အတန့်လေးများသည် သွေးအေးစပြုလာသော နှလုံးအိမ်တွင် တစ်ချက်တစ်ချက် နွေးကနဲဖြစ်သွားစေအောင် တိုးဝင်လာတတ်ကြသည်။

တစ်ခါတစ်ရံ စက်ဘီးကိုယ်စီနှင့် မြို့အနှံသို့ လျောက်လည်ခဲ့ကြသော ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများကိုလည်း တမ်းတမိ၊ သတိရမိသည်။ စက်ဘီးစီးရင်း အကြည်စားသန်ကြရင်း စက်ဘီးလက်ကိုင်များချိတ်မိကြကာ လဲပြိုခဲ့ကြသော ဖုန်ထူထူလမ်းလေးများကို ပြန်လည် အမှတ်ရမိသည်။ ဟေးဟေးဟားဟားနှင့် လက်ကျိုးသည်ကိုပင် မနာနိုင် ရယ်ပြုံးနေနိုင် ခဲ့သော အချိန်အခါလေးများသည် သူငယ်ချင်းဆိုသည့် စာလုံးတစ်လုံးအား ကျွန်တော်တို့အားလုံး၏ နှလုံးသားထောင့်တစ်နေရာတွင် မှတ်ကျောက်တင်ခဲ့ကြပြီး ဖြစ်သည် မဟုတ်ပါလား။


Credit Image Source

တစ်ခါတစ်ရံ ချစ်ခွန်းတုံ့တင် သံယောဇဉ်တွယ်မိလေသော ချစ်သူရည်းစားနှင့် ပထမဆုံး ချိန်းတွေ့ကြသည့် အချိန်အခါလေးကို နောက်တစ်ကြိမ် ပြန်လည်ကြုံတွေ့ချင်မိသေးသည်။ နှစ်ဦးသား တုန်ရင်နေသော ခြေလက်အစုံတို့ဖြင့် စကားပြောရန်ပင် အချိန်အတန်ကြာ တုန့်ဆိုင်းနေခဲ့သော ထိုအခိုက်အတန့်လေးနှင့် ချစ်သူ၏ လက်ဖ၀ါးနုနုလေးအား ဆုပ်ကိုင်ရန် ကြိုးစားခဲ့သော ပထမဦးဆုံး အချိန်အခါလေးအား ချစ်ခဲ့ဖူးသူတိုင်း မေ့နိုင်ကြမည်လား။ ချစ်သူတို့၏ နှလုံးသားအစုံသည် ရင်မှပွင့်အန်ခုန်ထွက်လာမည်လားဟု တင်စားခဲ့ကြသော အချစ်စာရေးဆရာကြီးများ၏ စကားစုတို့သည် ထိုအခိုက်အတန့် လေးအား မှန်ကန်ခြင်းနိယာမတစ်ခုကို ဖော်ကျူးခဲ့ကြသည်။

တစ်ခါတစ်ရံ အလုပ်အတူသွား မိတ်ဆွေများနှင့်လည်း ထမင်းဗူး တစ်ဗူးတည်းကိုသာ အတူစားခဲ့ကြသည့် လုပ်ငန်းခွင်လေးများကို အမှတ်ရမိသည်။ အလုပ်ပင်ပန်းသော်လည်း စားလိုက်ရသော ထမင်းတလုပ်သည် ထိုနေ့တစ်နေ့တာအား ခွန်အားပြည့်ဝနေခဲ့ရ သည်ကိုလည်း မှတ်မှတ်ရရ အနှေးပြကွက်တစ်ခုအနေနှင့် ကျွန်တော်၏ မှတ်ဥာဏ်ခန်းတွင် သိုမှီးထားလိုက်ပါသည်။


Credit Image Source

ထိုတစ်ခါတစ်ရံ တို့သည် ကျွန်တော်တို့အားလုံး၏ နှလုံးသားမှတစ်ဆင့် အသိစိတ်တိုင်းတွင် အမြဲမပြတ် စီးဆင်းနေသော တစ်ခါတစ်ရံများဖြစ်နေဦးမည်ဟု ကျွန်တော် မှတ်ချက်ပြုမိပါတော့သည်။ ကျွန်တော်၏ အမှတ်တရလေးများသို့ ---

--------- ဆက်လက်ကြိုးစားပါအုန်းမည် ---------

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>>10:15 PM (15.7.2018)

#Myanmar #Writing #Blog #Literature #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ရန်ဖြစ်ပြီးလဲအမှတ်မရှိ ပြန်ခေါ်ကြတဲ့ ကလေးဘဝ

ဟုတ်တယ် ဖြူစင်တဲ့ နှလုံးသားလေးတွေ ကလေးဘ၀ အမြဲအမှတ်ရနေတာ။

ကွီးရွှေရဲ့ အမှတ်တရလေးတွေ ဆက်ဖတ်ချင်ပါတယ်

ဟုတ်ဗျာ အဆင်ပြေရင် နောက်ဆက်တွဲလေးတွေ ထပ်ရေးပါအုန်းမယ်။

တစ်ခါတစ်ရံ နဲ့ အမှတ်တရလေးတွေကို ရေးပြသွားတာ စကားလုံး အသုံးအနှုန်း လေးတွေ လှပပြီး စာဖတ်သူကို စိတ်ဝင်စားစေရုံတင်မကပဲ ရေးသားဟန်ကိုပါ မှတ်သားရစေပါတယ်။အမတ်ကြီးက မျိုးစုံတော်ပါတယ်ခင်ဗျာ။လေးစားလျက်ပါအစ်ကို

ကိုသန့်ဇင်ကတော့ အပြောလည်းကောင်း အရေးလည်းကောင်းပဗျာ။ တဖက်သား စိတ်ချမ်းသာအောင် စကားလုံးလေးတွေ ရေးတတ်တယ်။ အားပေးမှုကို ကျေးဇူးတင်လျက်ပါဗျာ။

က​လေး​လေးသာပြန်​ဖြစ်​ချင်​သည်​​ပေါ့​နော်​။

ဟုတ်တယ်ဗျာ ကလေးဘဝကို အရမ်းသတိရတယ်။

Congratulations @nyinyiwin! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Final results coming soon

You can upvote this notification to help all Steemit users. Learn why here!

ဦးထီးသီချင်းလိုပေါ့
"အပူအပင်ကင်းတဲ့ကလေးလေးဘဝကို
တစ်ခါပြန်ပြီးရချင်သေးတယ် " ဆိုတာမျိုးပေါ့ဗျာ

ဟုတ်တာပေါ့ဗျာ ကိုထီးသီချင်းလိုပါပဲ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တစ်ခါတရံဆိုပေမယ့် အမြဲတမ်းအမှတ်ရနေပါတယ်
ဦးညီ

ဟုတ်တယ်ဗျ တိုက်ဆိုင်မှုရှိတိုင်း ၊ ကလေးလေးတွေမြင်တိုင်း ငယ်ဘ၀ကို အမြဲသတိရ နေမိတယ်။

ငယ်​ဘဝကို​မေ့မရဘူး

မေ့မရသော အရာများထဲမှာ ငယ်စဉ်ကလေးဘ၀က အမှတ်ရစရာ အများဆုံးပါဗျာ။

ညစ်နွမ်းတဲ့သဘာဝတွေ..ကြုံတွေ့ရလေတိုင်း..
ဖြူစင်ခဲ့လေသော.ငယ်ဘဝကို..တခါတရံတော့လဲ.တမ်းတမိတယ်...

ဟုတ်တယ်ဗျာ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အပျက်သဘောတွေကိုမြင်တိုင်း ငယ်ငယ်က ဖြူစင်တဲ့ဘ၀လေးကိုပဲ ပြန်ပြန်တမ်းတမိတယ်ဗျ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63022.98
ETH 2580.28
USDT 1.00
SBD 2.72