ကိုယ့်စံနှုန်းနှင့်ကိုယ်
🍁 မင်္ဂလာပါ Steemit မိတ်ဆွေများရှင့်....။
🍁 ဒီနေ့မှာတော့ ကျနော်ကြည့်ရှုခဲ့ရတဲ့ video လေးမှာပါတဲ့ အကြောင်းအရာတချို့ကို ပြန်လည်မျှဝေ
ချင်လို့ပါရှင်။
🍁 ကျနော်တို့ဟာ မိမိတို့ရဲ့ လက်ရှိဘဝကို
ဖြတ်သန်းရာမှာ တချို့ကအမှတ်မဲ့ဖြတ်သန်းနေကြတယ်။ တချို့ကျတော့လဲ ငယ်စဉ်ကတည်းက ကိုယ် ဖြစ်ချင်တာကို ရည်ရွယ်ပြီး လျှောက်လှမ်းကြသူ
တွေလဲရှိတယ်။ တချို့ကျတော့လဲ ရည်ရွယ်ချက်မရှိပေမယ့် ဖြစ်လာတဲ့ဘဝကို အကောင်းဆုံးဖြစ်
အောင် တည်ဆောက်နေသူတွေလဲရှိတယ်။
🍁 တချို့သူငယ်ချင်းတွေကိုကြည့်ပြီး သူတို့တွေက ကိုယ့်ရှေ့ရောက်နေပြီ။ တချို့သူငယ်ချင်းတွေကကိုယ့်နောက်မှာကျန်ခဲ့နေတယ်လို့လဲ တွေးမိမှာပဲ။
🍁 ဆိုလိုချင်တာက ဘဝမှာဖြစ်လာသမျှအရာတိုင်း ဟာ ကိုယ့်အချိန်၊ ကိုယ့်နာရီ၊ ကိုယ့်နှုန်းနဲ့ကိုယ် ဖြစ်လာကြတာပါ။ သူတို့မှာ သူတို့ကိုယ်ပိုင်နှုန်းရှိသလို ကိုယ့်မှာလဲ ကိုယ့်နှုန်းနဲ့ကိုယ်ပါ။ တူညီတဲ့အရွယ်မှာ တူညီတဲ့ပညာတွေ အတူတူသင်ပေးလိုက်ပေမယ့်လဲ ခံယူနိုင်စွမ်းမတူတဲ့အတွက် ဘဝတွေ မတူနိုင်ပါဘူး။
💐 ဘွဲ့ရပြီးနှစ်အတော်ကြာအထိ အလုပ်မရသေးတဲ့သူ၊
💐 ဘွဲ့ရပြီး အလုပ်ချက်ချင်းရသွားသူ၊
💐 တက္ကသိုလ်မရောက်ဖူးပေမယ့် အရွယ်ရောက်စဉ်ကတည်းက ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်နေသူ၊
💐 ကျောင်းပြီးလို့ အလုပ်ရနေပေမယ့်ကိုယ့်အလုပ်နဲမပျော်တဲ့သူ၊
💐 ဝမ်းရေးအတွက် အလုပ်လုပ်ပြီးမှ လုပ်ငန်းမှာ ဝါသနာပါပြီးအောင်မြင်သွားသူ၊
💐 ငယ်စဉ်က ဖြစ်ချင်ခဲ့တဲ့ ဘဝပန်းတိုင်က အရွယ်
ရောက်လာချိန်မှာ ပြောင်းလဲသွားတဲ့သူ၊
💐 တယောက်နဲ့တယောက် ချစ်ကြိုက်နေပေမယ့် အတူမရှိနိုင်တဲ့သူ...စသဖြင့် မိမိပတ်ဝန်းကျင်မှာ
မြင်တွေ့နိုင်ပါတယ်။
🍁 ဘယ်လိုပဲဖြစ်ပါစေ...။ အဲ့ဒိလိုမိမိဘဝလမ်း
ကြောင်း လျှောက်လှမ်းရာမှာ အောင်မြင်နေသူတွေရှိသလို ကျရှုံးတဲ့သူတွေ လဲရှိတယ်။ ကိုယ့်လက်ရှိဘဝကို ကျေနပ်နိုင်မှုမရှိပဲ အောင်မြင်နေတဲ့သူတွေကြည့်
ပြီး အားကျနေသူတွေလဲရှိမှာပဲ။
🍁စာရေးဆရာမ JK ROWLING ဟာထုတ်ဝေသူ
တွေရဲ့ ၁၂ ကြိမ်တိတိငြင်းဆိုခံရပြီးမှ HARRY POTTER စာအုပ်ကိုထုတ်ဝေနိုင်ခဲ့ပါတယ်။
ORTEGAဟာ အသက် ၃၉ နှစ်အရွယ်မှာမှ အလွန်တရာရေပန်းစားသော ZARA ဖက်ရှင်ကို ထုတ်နိုင်ခဲ့တယ်။
Jack Ma က ၃၅ နှစ် အရွယ်မှ Alibaba စတင်ခဲ့တယ်။
Morgan Freeman ဟာ အသက် ၅၂ နှစ်ရောက်မှ ရုပ်ရှင်လောကမှာ ကြီးကျယ်တဲ့အောင်မြင်မှုရခဲ့တယ်။
🍁 ပြောပြချင်တာကတော့ စိတ်ရှည်ဖို့ပါ။
အသက်၂၅ နှစ်ကျော်မှ ဘွဲ့ရလည်း အောင်မြင်ဖို့
အခွင့်အရေးတွေရှိပါသေးတယ်။ အသက် ၃၀ ထိ
အိမ်ထောင်မကျသေးပေမယ့် ပျော်ရွှင်နေတယ်ဆိုလဲ ကျေနပ်စရာပါ။ အသက် ၃၅ နှစ်နောက်ပိုင်းမှ မိသားစုဘဝတည်ထောင်မယ်ဆိုလဲ လှပနိုင်ပါသေးတယ်။ အသက် ၄၀ နောက်ပိုင်းမှ အိမ်ပိုင်ဆိုင်တယ်ဆိုရင်လည်း ကြီးကျယ်ခမ်းနားပါသေးတယ်။
🍁 သူတစ်ပါးရဲ့ ဘဝဖြတ်သန်းမှုပုံစံတွေကြောင့်
ကိုယ့်ဘဝကိုလောစရာမလိုပါဘူး။ အရေးအကြီးဆုံးက ဘဝကိုအဓိပ္ပါယ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ့်ဘဝကိုဖန်တီးကြဖို့ပါ။ အခြားသူတွေရဲ့ဘဝနဲ့မတူတဲ့အကြောင်းအရာတွေကို လေ့လာပါ။ ရပ်နေတဲ့သူထက် သွားနေတဲ့သူ၊ သွားနေတဲ့သူထက် ပြေးနေတဲ့သူက ပိုခရီးရောက်ပါတယ်။ အဓိကကတော့ ရပ်
မနေဖို့ပါပဲ။ ဒါမှသာ တကယ့်အောင်မြင်မှုအစစ်
အမှန် ဖြစ်ပါတယ်။
ကောင်းတယ်ဗျာ ပို့စ်လေး အားပေးပါတယ်👍👍
ကျေးဇူးတင်ပါတယ်ရှင့် 😊
တော်လိုက်တာကွယ်။ဒီလိုအတွေးအခေါ်မျိုးကိုဦးနှောက်ထဲထည့်ထားပီး..ရဲရဲသာလှမ်းလိုက်စမ်းပါကလေး..အောင်မြင်မူ့တွေက..သင့်ကိုဆီးကျြို နေပါလိမ့်မယ်။
ဟုတ်ကဲ့ပါ
ကျေးဇူးပါရှင်
Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Congratulations @nweoomon! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last announcement from @steemitboard!
တကယ်တော်တယ် အားပေးနေပါတယ်
ကျေးဇူးတင်ပါတယ်ရှင်
Keep try On
ကျေးဇူးပါရှင်