အကျင့် ၁
”တော့်...ကိုဘအေး၊ တော်...ဒီအရည်တွေ သောက်
လာပြန်ပြီလား၊ ဆန်ဝယ်ဖို့ ပိုက်ဆံပေးပါဆိုတာကို
ဒီအရည်တွေပဲမျိုဆို့လာတယ်...သေချင်းဆိုး.... ကာလနာ @$#&^@#%&+-?”
”အလုပ်ကျ လက်ကြောတင်းအောင် မလုပ်ချင်ဘူး ... ဒီအရည်တွေသောက်ဖို့ကျ ပိုက်ဆံက
ဘယ်ကရလဲ....”
”တယ်...ဒီကောင်မတော့ ငါ့ဟာငါဘယ်ကရရ နင့်အပူပါလား”
”ဝုန်း..ဒိုင်း”
ဒါက မအေးတို့လင်မယားရဲ့ နေ့စဉ်ဖျော်ဖြေမှု
တေးသံသာများဖြစ်ပါတယ်။ ရန်မဖြစ်သည့်နေ့မရှိ။
ဖြစ်တိုင်းလဲ မအေးပါးစပ်က အယုတ္တ၊ အနတ္တ
မျိုးစုံအောင်ဆဲသည်။ ထမင်းချက်ရင်းဆဲသည်။
အဝတ်လျှော်ရင်းဆဲသည်။ သူ့ဖာသာ ဘယ်လောက်ဆဲဆဲ ကိုဘမောင်က အိပ်နေပြီ။
မအေးကအဝတ်အငှါးလျှော်၊ သူ့ယောက်ျား
ကိုဘမောင်က ဆိုက်ကားနင်း၊ ကလေးက
ငါးယောက်ဆိုတော့ ဒီမိသားစုဘဝ ဘယ်လိုမှ အဆင်မပြေ။ ကိုဘမောင်က ဆိုက်ကားနင်းရသမျှပိုက်ဆံ
အပ်ရင် တော်သေးသည်။ ခုတော့... သူရှာသမျှ သူဖာသာ သောက်လို့တောင်မလောက်ဆိုတော့...
မအေးနှင့် နေ့တိုင်း တဂျိမ်းဂျိမ်းသတ်ကြသည်။
မအေးချမ်းသာချင်သည်။ အများကြီးမဟုတ်တောင်
ကိုယ်ပိုင်အိမ်ကလေးနှင့် မိသားစုလူတန်းစေ့လေး
နေနိုင်ချင်သည်။ ယူထားတဲ့ယောက်ျားက အားကိုး
မရ။ အချိန်ပြည့်မူးနေသူယစ်ထုတ်ကြီး။ အပိုငွေ
လေးများရမလားလို့ အဝတ်လျှော်ခထဲက နှစ်လုံးထီလေး နေ့စဉ်ကံစမ်းသည်။ ပေါက်တာကနည်း၊
ပါတာများလာတော့..အကြွေးတင်လာသည်။
မအေးအဝတ်လျှော်သည့် ရေတွင်းအနီးတွင် ညောင်ပင်ကြီးတစ်ပင်ရှိသည်။ ထိုညောင်ပင်ကိုတော့
နေ့တိုင်းအမွှေးတိုင်ဖြင့်ပူဇော်သည်။ ပါးစပ်ကလဲ
တတွတ်တွတ်ဖြင့် ချမ်းသာအောင် စောင်မကြည့်ရှု့
ပေးပါကြောင်း နေ့တိုင်းဆုတောင်းသည်။ တစ်နေ့
တွင် မအေး တစ်ယောက် အဝတ်များလျှော်ပြီး
အပူရှပ်ပြီးဖျားရာ သတိလစ်သွားသည်။
မအေး သတိလစ်နေစဉ်အတွင်း ကိုယ်ရောင်
ကိုယ်ဝါ ထွန်းလင်းတောက်ပစွာဖြင့် မတ်တပ်ရပ်ပြီး သူမကိုကြည့်နေသော ရုက္ခစိုးတစ်ဦး တွေ့လိုက်
ရသည်။
”ဟဲ့....မအေးဝင်း”
မအေးဝင်းလဲ ဂယောင်ခြောက်ချားဖြင့် အိပ်ရာမှ
ကမန်းကတမ်းထပြီး...
”ဘုရား..အဲ..အဲ...ရှင့် အမိန့်ရှိပါရုက္ခစိုးမင်းရှင့်”
”ငါက နင် အဝတ်လျှော်တဲ့ ညောင်ပင်မှာ စောင့်နေတာ နင်သိလား”
”မသိပါရှင့်..ညောင်ပင်ဆိုရုက္ခစိုးရှိတယ်လို့ပဲမှတ်တာ၊ အခု အရှင်ပြောမှ တကယ်ရှိတယ်ဆိုတာသိရပါတယ်ရှင့်”
”အေး...အခုသိပြီဆိုတော့ နင်အဝတ်လျှော်ရင်း ဆဲဆိုနေတာတွေ ရပ်လိုက်တော့...။ ငါ့မှာ တနေ့တနေ့
နင့်ရဲ့ဖရုဿဝါစာစကားတွေကြားပြီး..တနေ့မှ
အေးအေးငြိမ်ငြိမ်မနေရဘူး၊ နင် တစ်လတိတိ မဆဲပဲနေမယ်ဆိုရင် ငါနင့်ကို ရွှေဒင်္ဂါးအပြည့်ပါတဲ့ ရွှေအိုးတစ်လုံးဆုချမယ်ကြားလား။”
”ရှင်...တကယ်လားရှင့် ကျမ မဆဲရင် တကယ်ပဲရွှေအိုးပေးမယ်ပေါ့နော်”
”အေး...နင်သာ တစ်လတိတိမဆဲပဲနေ ငါကတိပေးတယ်”
”အိုး...ဝမ်းသာလိုက်တာ ရုက္ခစိုးမင်းရယ်၊ ကျမ
ကတိပေးပါတယ်။ ဒီနေ့ကစပြီး...လုံးဝမဆဲတော့ပါဘူး”
”အိမ်း...လွယ်လွယ်ကတိမပေးနဲ့ နင့်အကျင့်ကိုပြင်ရအောင်၊ ငါလဲ နားငြီးသက်သာအောင် လုပ်ပေးတာ။ မဆဲပဲနေနိုင်ရင် နင်ဒီတသက်ချမ်းသာပြီလို့
မှတ်...” ဆိုပြီး..ရုက္ခစိုးမင်းကွယ်ပျောက်သွားလေ
သည်။
ထိုအခါမှ မအေးလဲ သတိပြန်ရလာသည်။ အတွေးထဲတွင် တကယ်လား၊ အိပ်မက်လား မကွဲပြား။ ဒီ
အကြောင်းကို သမီးဖြစ်သူကိုပြောပြရာ..
”အမေရယ်...ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မဆဲပါနဲ့
အမေအဲ့လိုရန်ဖြစ်ဆဲဆိုနေတာ သမီးလဲရှက်တယ်။
ဘာပဲဖြစ်ဖြစ် တစ်လတိတိ မဆဲပဲနေကြည့်ရင်
ရွှေအိုးမရတောင်..အမေငရဲမကြီးတော့ဘူးပေါ့”
ဘာပဲပြောပြော မအေးစိတ်ထဲတွင် တကယ်တွေ့
လိုက်ရသည်လို့ထင်သည်။ သူသတိရလာတော့
အကယ်ပင် ငုတ်တုတ်ထိုင်လျက်ဖြင့် သတိရလာ
ခြင်းဖြစ်သည်။ ထိုနေ့မှစ၍ မအေး ဆင်ခြင်သည်။ သတိထားသည်။ ရန်ဖြစ်ရတဲ့အဓိကအကြောင်းကလဲ ကိုဘမောင် အရက်မူးပြီး ပိုက်ဆံမအပ်လို့ ဖြစ်ရတာဆိုတော့...ဒေါသမထွက်အောင်နေသည်။ ဒေါသထွက်ရင် ဆဲမိမှာလေ။ ဒီတော့ ဒေါသမထွက်အောင် အတတ်နိုင်ဆုံးသည်းခံလာရာ တစ်လပြည့်ခါနီးအထိဖြစ်လာသည်။
ဆက်ပါအုံးမည်
Author@nweoomon
Photo@nweoomon
23.5.2018



ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပါတယ်
#spg1
စိတ်ဝင်စားဖို့ကောင်းတယ်ဆိုလို့ကျေနပ်ပါတယ်ရှင်
ဇာတ်လမ်းကတော့ကြိုက် မိုက်တယ်ဗျ
ဒေါသမထွက်အောင်ကြိုးစားလိုက်ပ
ကြိုးစားဖို့ပြောရမယ်
Congratulations @nweoomon! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPCongratulation ပါ @nweoomon
spg1 contest #1 မှာ winner ဖြစ်သွားပါပြီ ...
အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုပေးနိုင်ပါတယ် ...
https://steemit.com/myanmar/@steempowergroup1/spg1-supporting-plancontest-2
ကျေးဇူးတင်ပါတယ်ရှင်
အရမ်းပျော်မိပါတယ်။