ချမ်းသာခြင်း
photo credit > Owner
ချမ်းသာခြင်းဆိုတာဘာလဲ? ချမ်းသာချင်ကြတယ်လို့ လူတွေပြောနေကြတာ ချမ်းသာခြင်းကို ငွေကြေးပြည့်စုံခြင်းလို့အများထင်ရပေမဲ့ တကယ်ဖြစ်ချင်နေကြတာကတော့ စိတ်သွားတိုင်းကိုယ့်ပါ ကိုယ့်သွားတိုင်း စိတ်ပါတဲ့ဘဝမျိုးပါ။ ကျွန်တော်တို့စိတ်တွေမှာ ကားရှိရင် ချမ်းသာတယ်။ လုပ်ချင်ရာလုပ်လို့ရမယ်လို့ ထင်ချင်ထင်ခဲ့မီမှာပဲ။ အမှန်ကားရှိသွားတော့ရော ချမ်းသာနေပြီလား? မချမ်းသာသေးပါဘူး။ လုပ်ငန်းကြီးရှိရင် ချမ်းသာတယ်လို့ထင်မိပြန်ရင် တကယ် လုပ်ငန်းကြီးရှိလာရင်လည်း ချမ်းသာခြင်းမတွေ့နိုင်ပြန်ဘူး။ စိတ်ရဲ့စေခိုင်းရာလုပ်နေရတဲ့ ဘဝတွေပါ။ စိတ်ကိုအလိုကျအောင်ပြုလုပ်ပေးဖို့ကလည်း မလွယ်ကူလှဘူးလေ။ အရမ်းမြန်တာကိုး။ လိုချင်စိတ် ရမတ်တွေကို လျော့ပြီး မိမိစိတ်ချမ်းသာအောင် နေနိုင်သူသာလျှင် ချမ်းသာခြင်းအစစ်ကို ရရှိစေပါတယ်။ စိတ်ချမ်းသာချင်ရင် ပေးကမ်းခြင်းသာ စိတ်ချမ်းသာနိုင်ပြီး ရယူခြင်းက စိတ်ကို ပိုပူလောင်းစေပါတယ်။ မေတ္တာတွေပေးတာ၊ စေတနာပါပါလုပ်ပေးတာ၊ ကိုယ့်ချင်းစာစိတ်ထားတာ၊ လိုအပ်နေသူကို ပေးလိုက်တာ ဒီလိုအကြောင်းအရာတွေက မိမိစိတ်ကို ချမ်းသာစေပါတယ်။ စိတ်ချမ်းသာခြင်းဆိုတာ ကိုယ်လုပ်ပေးလိုက်တဲ့အရာတစ်ခု တစ်ပါးသူအဆင်ပြေတယ်။ အကျိုးရှိသွားတယ်ဆိုရင် ပီတိတွေဝေဖြာနေတဲ့ စိတ်ချမ်းသာခြင်းက ဘယ်အရာနဲ့မှမတူအောင် ချမ်းသာခြင်းပါပဲ။
@nayhlaingsoe
@MSU_No.24
စိတ်ချမ်းသာ တော့ ကိုယ်ကျန်းမာ တာပေါ့ ဗျာ good
Good writing
အကျိုးရှိသောပီတိစိတ်ချမ်းသာစေ၏
ကြိုက်တယ်ဗျာ 😁.
ဒီ နေ့အတွက် ဒီ....postအကြိုက်ဆုံးပဲ😁...
ချစ်စရာလေး
upvote for me please? https://steemit.com/news/@bible.com/6h36cq
upvote for me please? https://steemit.com/news/@bible.com/6h36cq
ကောင်းတယ်.ရေးထားတာ မိုက်စ့်
စာအရင်ဖက်ရမလား ဆရာမလေးပုံ အရကြည့်ရမလား ဖြစ်သွားတယ်..