ဆုံးျဖတ္ခ်က္
#zawgyi
သူငယ္ခ်င္းတစ္ေယာက္က သူ႔ဘဝအေၾကာင္းလာေျပာျပတယ္။ အႀကံေတာင္းျခင္းသေဘာေပါ့။ သူ႔ဘဝအတြက္ အႀကံေပးဖို႔က တစ္ခုခုကိုဆုံးရႈံးဖို႔ အႀကံေပးရမလိုျဖစ္ေနတဲ့အျဖစ္မ်ိဳးပါ။ ခုျဖစ္ေနတဲ့အျဖစ္ကသူ႔အတြက္ေတာ့ ငရဲတစ္ခုေပါ့။ ဒီငရဲကလြတ္ခ်င္ေနတယ္။ ကြၽန္ေတာ္လည္းနားလည္လာေတာ့ ကိုယ္ေျပာရမဲ့စကားေတြက တစ္ခုခုဆုံးရႈံးဖို႔အတြက္ျဖစ္လာတယ္။ ဒါေၾကာင့္ လူတိုင္း ဒဏ္ရာမရဖူးသူမရွိဘူး။ ဒီလိုပဲဘဝကို အဆင္ေျပေအာင္ ေလွ်ာက္လွမ္းေနၾကသူေတြပဲလို႔။ ကိုယ့္အသက္အႏၲရာယ္ႀကဳံလာရင္ေတာင္ အသက္ေဘးကလြတ္ေအာင္ဘယ္လိုက်ိဳးစားရမယ္ဆိုတာရွိတယ္ ဆုံးရႈံးမႈတစ္ခုေတာ့ ရွိအုံးမွာပါ။ အေကာင္းဆုံးကို မွန္ကန္ေအာင္ ေ႐ြးခ်ယ္ဆုံးျဖတ္ဖို႔ အတြက္ပဲ အႀကံေပးႏိုင္ပါတယ္။ ကြၽန္ေတာ္ သူမ်ားေတြရဲ႕အသည္းကိုမကြဲခ်င္ပါဘူး။ ျဖစ္သင့္တာေတာ့ လုပ္ခိုင္းလိုက္တာပဲ တစ္ေယာက္ကေတာ့ထိမွာအေသအျခာပါပဲ။ အျခားေသာသူငယ္ခ်င္းေတြ ဆင္ျခင္ႏိုင္ေအာင္ လို႔ေျပာျပမယ္။ ကေလးသုံးေယာက္အေမက လူပ်ိဳ (၂၆)ႏွစ္ရဲ႕ ႐ိုးသားမႈကို လိမ္လည္ခဲ့လို႔ပါ။ ဘဝအတြက္ရင့္က်တ္မႈမရွိေသးသူအတြက္ အခတ္အခဲတစ္ခုေပါ့။ ျမန္မာအယူအဆလို႔ေျပာရရင္ ေဆးမိသြားတာေပါ့ဗ်ာ။
#unicode
ဆုံးဖြတ်ချက်
သူငယ်ချင်းတစ်ယောက်က သူ့ဘဝအကြောင်းလာပြောပြတယ်။ အကြံတောင်းခြင်းသဘောပေါ့။ သူ့ဘဝအတွက် အကြံပေးဖို့က တစ်ခုခုကိုဆုံးရှုံးဖို့ အကြံပေးရမလိုဖြစ်နေတဲ့အဖြစ်မျိုးပါ။ ခုဖြစ်နေတဲ့အဖြစ်ကသူ့အတွက်တော့ ငရဲတစ်ခုပေါ့။ ဒီငရဲကလွတ်ချင်နေတယ်။ ကျွန်တော်လည်းနားလည်လာတော့ ကိုယ်ပြောရမဲ့စကားတွေက တစ်ခုခုဆုံးရှုံးဖို့အတွက်ဖြစ်လာတယ်။ ဒါကြောင့် လူတိုင်း ဒဏ်ရာမရဖူးသူမရှိဘူး။ ဒီလိုပဲဘဝကို အဆင်ပြေအောင် လျှောက်လှမ်းနေကြသူတွေပဲလို့။ ကိုယ့်အသက်အန္တရာယ်ကြုံလာရင်တောင် အသက်ဘေးကလွတ်အောင်ဘယ်လိုကျိုးစားရမယ်ဆိုတာရှိတယ် ဆုံးရှုံးမှုတစ်ခုတော့ ရှိအုံးမှာပါ။ အကောင်းဆုံးကို မှန်ကန်အောင် ရွေးချယ်ဆုံးဖြတ်ဖို့ အတွက်ပဲ အကြံပေးနိုင်ပါတယ်။ ကျွန်တော် သူများတွေရဲ့အသည်းကိုမကွဲချင်ပါဘူး။ ဖြစ်သင့်တာတော့ လုပ်ခိုင်းလိုက်တာပဲ တစ်ယောက်ကတော့ထိမှာအသေအခြာပါပဲ။ အခြားသောသူငယ်ချင်းတွေ ဆင်ခြင်နိုင်အောင် လို့ပြောပြမယ်။ ကလေးသုံးယောက်အမေက လူပျို (၂၆)နှစ်ရဲ့ ရိုးသားမှုကို လိမ်လည်ခဲ့လို့ပါ။ ဘဝအတွက်ရင့်ကျတ်မှုမရှိသေးသူအတွက် အခတ်အခဲတစ်ခုပေါ့။ မြန်မာအယူအဆလို့ပြောရရင် ဆေးမိသွားတာပေါ့ဗျာ။
@nayhlaingsoe
@MSU_No.024
ေဆးမိတာေတာ့ မဟုတ္ေလာက္ဖူး။ အထိအေတြ့ကို မလြန္ဆန္နိုင္တာျဖစ္မယ္။ အေတြ့အၾကံုမရိွေသးလို့ေနမယ္။
အြန္းလိုင္းေပါ္ကစတာ ေနရာလည္းအေ၀းၾကီး
ဘုတ္.....😁😁
ဒါကေတာ့ ဘယ္လိုေျပာရမလဲ ဆိုတာ မေျပာတတ္ဘူး လို႕
မေျပာခ်င္ေပမဲ့ ေျပာရမွာပဲ 😊
ေဆးမိတယ္ဆိုတ့ဲအယူအဆရွိေနေသးလား
ရွိတာေပါ့ အဲလိုအယူအဆေတြက ေပ်ာက္မသြားဘူး ရြာဘက္ေတြဆိုပိုဆိုးတယ္
ေဆးမိတယ္ ဟုတ္ပါ့မလား
တင္စားျပီးေျပာတာ
Congratulations @nayhlaingsoe! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
done
nice post
ဖတ္ရတာ ပညာအသိေလးရပါတယ္👍