အတွေးအပိုင်းအစနဲ့ မြန်မာပြည်

in #myanmar5 years ago

စည်းကမ်းမရှိမှတိုးတက်မည်။ တရားဝင်လုပ်ကာ ဆင်းရဲမည်(သို့)အဖမ်းခံရမည်။ ဒါဟာမြန်မာပြည်မှာသုံးဖို့သင့်တော်တဲ့စာဆိုတွေပါ။ ရှေ့လူကြီးတွေပြောတဲ့ အမှန်တရားအတွက် စာဆိုတွေဟာ မြန်မာပြည်နဲ့မကိုက်ညီပါ။ အရောင်းအဝယ်လုပ်ရင် ဘဏ်တွေနဲ့မလုပ်ပါနဲ့ လုပ်လျှင် နောက်ကြောင်းလိုက်လာမယ်။ ဘဏ်တွေနဲ့မလုပ်ပဲ အခြားသော ဥပမာ wechat pay လိုမျိုးတွေနဲ့ အစိုးရမသိအောင်သုံးပါက အန္တရာယ်ရှင်းပါလိမ့်မယ်။ အကြောင်းမှာ နိုင်ငံတော်ကို အခွန်ဆောင်ပြီးတရားဝင်လုပ်ကိုင်နေသူတွေကိုပဲ ရန်ရှာတက်ပြီး နိုင်ငံတော် အခွန်ခတောင်မရပဲ ကြားကထွက်သွားငွေကြေးတွေကြ ဘယ်လိုလိုက်ရမှန်းမသိ သိလဲမမြင်ချင်ယောင်ဆောင်နေတော့ အောက်လမ်းပဲလုပ်ဖို့ တွန်းအားပေးနေသလိုပါပဲ။ သစ်ဖိုးတွေ၊ ကျောက်တန်ပတ္တမြားတွေငွေပေးချေးမှုမှာ wechat pay နဲ့အသုံးပြုကြပြီး ပမာဏ အစမတန်များပြားပါတယ်။ တရုတ်ကုန်ပစ္စည်းတွေဝင်ရောက်လာမှုမှာလည်း wechat pay ဖြင့်သာအသုံးပြုကြလို့ နိုင်ငံအခွန်တစ်ပြားတစ်ချပ်မှမရရှိသေးပါ။ crypto ကိုလက်ခံရင် နိုင်ငံတော်အတွက်အများကြီး အထောက်အပံ့ဖြစ်နိုင်ပြီး အခွန်များစွာရနိုင်တာကို မပြောပဲ လူတွေဆုံးရှုံးနိုင်ခြေများတယ်ဆိုတဲ့ အချက်နဲ့ ပိတ်ပင် ပြုလုပ်သူတွေကို ဖမ်းဆီး ဘဏ်အကောင့်တွေကိုစစ်ဆေးပိတ်ပင် perfect money ရောင်းဝယ်သူတွေကို စစ်ဆေးလေ့လာ။ တရားဝင်အောင်ကျပြုလုပ်မပေးပဲ ဘယ်လိုအတွေးတွေနဲ့ပြုလုပ်နေမှန်းလဲမပြောတက်တော့ပါဘူး။ နိုင်ငံကို တရားဝင်ဖြစ်အောင် ခေါ်ဆောင်ပြီး အခွန်ကောက်ရင်တောင် တော်တော်အကျိုးရှိတဲ့ လုပ်ငန်းတွေပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ငွေကြေးပေးပို့မယ်ဆိုရင်တောင် အွန်းလိုင်းကနေပစ္စည်းဝယ်မယ်ဆိုရင်တောင် မြန်မာပြည်မှာဒါတွေမသုံးရင် ဘယ်လိုပေးချေနိုင်မှာလည်း။ paypal လည်းမခေါ်၊ perfect money လည်းမဖိတ်၊ အန္တရာယ်များတဲ့ visa (or) master ကျခွင့်ပြုထားတယ်။ မြန်မာဘဏ်တွေမှာလည်း အားလုံးရဲ့အချုပ်ကိုခုထိမကိုင်သေးပဲ ဘဏ်မတူတောင် ငွေလွှဲလို့မရသေး။ wire transfer ဆိုတာလည်း သုံးလို့မရသေး။ western union ဆိုတာလည်း အကောင့်ဖွင့်ခွင့်မရသေး။ ဘဏ်တွေမှာတောင် အေဂျင်အဆင့်ပဲရှိပါသေးတယ်။ ဒီလိုဝန်ဆောင်မှုမရှိတော့ မြန်မာပြည်မှာနေပြီး နိုင်ငံခြားဝင်ငွေရှာနေတဲ့ သူတွေဆီက နိုင်ငံခြားငွေတွေမြန်မာပြည်ကမရတော့ပဲ ဒီလိုဝန်ဆောင်မှုတွေရှိထားတဲ့နိုင်ငံတွေကပဲ နိုင်ငံခြားငွေတွေရရှိသွားပါတယ်။ နောက်တစ်မျိုးက မြန်မာကုန်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကို လွယ်ကူစွာ ရောင်းချနိုင်ဖို့ မလွယ်ကူသေးတာနဲ့ မြန်မာပြည်ကနေ နိုင်ငံခြားကိုလှမ်းဝယ်ယူဖို့ မလွယ်ကူတာတွေပိုများပါတယ်။ visa (or) master နဲ့ ငွေရှင်းနိုင်ပေမဲ့ ငွေလက်ခံဖို့တော့ အခက်အခဲရှိပါတယ်။ အကြောင်းမှာ မိမိအကောင့် အချက်အလက်တွေကို အားလုံးပေးထားရတဲ့အတွက် လုံခြုံမှုလုံးဝမရှိခြင်းကြောင့်ပါ။
ဖုန်းတွေအခွန် (၅)% ကောက်မယ်ဆိုပြီး ဒီလမှစလိုက်တယ် ကျွန်တော်တို့ လမ်းမကြီးမှာ ဆိုင်ပေါင်း (၁၃)ဆိုင်ရှိတယ်။ ကျွန်တော်တစ်ဆိုင်ပဲ အခွန်တံဆိပ်ကပ်ပြီးရောင်းတယ်။ အခြားဆိုင်တွေ မလုပ်ပါ။ ဈေးနှုန်းလည်းပိုမတင်ပါ။ ရလာတဲ့အမြတ်ထဲကနေ အစိုးရကိုခွဲပေးလိုက်တာပါ။ အခွန်ဆိုတာမရှိသေးတဲ့ ဆိုင်တွေကို ခုထိ ဘာမှမလုပ်သေးပဲ အခွန်ဆောင်တဲ့ဆိုင်တွေပဲ ဖိအားပေးနေတော့ လက်ခံယုံကြည်စရာတော်တော်ကောင်းတာပေါ့။
အတွေးအပိုင်းအစနဲ့ မြန်မာပြည်

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 71342.73
ETH 3809.46
USDT 1.00
SBD 3.49