ဇာတိမြေသို့တစ်ခေါက်(သိမ်း)
ကျွန်တော်လည်း ဆွမ်းခံကြွလာသော ရဟန်းသံဃာတသီတတန်းကြီးမြင်ကွင်းမှကွယ်ပျောက်သွားမှရှေ့သို့ဆက်ခဲ့ပြန်တော့သည်။
ယခင် ဇာတိမြေသို့ တစ်ခေါက် အပိုင်း(၁)အား ဤနေရာမှ ပြန်လည်ဖတ်ရှုနိုင်သည်။ကျွန်တော်လည်း ရှေ့သို့ဆက်ခဲ့ပြန်ရာရွှာပြင် သီးနှံစိုက်ပျိုးခင်းသို့ရောက်ခဲ့ပါသည်။လူသူထူထပ်ပေါများသောမြို့ကြီးပြကြီးတွင် နေခဲ့ရသူကျွန်တော့်အတွက်ယခုလိုမျိုးနေရာက နတ်ပြည်အလားထင်မှတ်မှားနေခဲ့ရပါသည်။အဘယ်ကြောင့်ဆိုသော် မြို့ကြီးပြကြီးတွင် လတ်ဆတ်သောလေကောင်းလေသန့်၊လွတ်လပ်သော နေထိုင်မှုတို့ကိုရရန်မလွယ်ပေ။ယခုလိုမျိုးစိမ်းလန်းသော သဘာဝသီးနှံပင်များနှင့်လက်ဆတ်သောလေကောင်းလေသန့်တို့ကို မြင်တွေ့ ရှူရှိုက်ရသည့် အခွင့်အရေးကြောင့်ပင်။တောင်သူဦးကြီးများ၏ဇွဲ၊လုံ့လတို့ကြောင့်ဖြစ်ထွန်းလာသော သီးနှံပင်များအားကြည့်ရူပြီး ထိုတောင်သူဦးကြီးများကိုယ်စား အရမ်းပင်ပီတိဖြစ်မိပာသည်။မိမိတို့ပျိုးထောင်ပြုစုခဲ့သော သီးနှံပင်များအား ဈေးကွက်တွင် ရောင်းချကြပြီး မိမိတို့ရည်မှန်းချက်ထားသမျှကိုလည်း အကောင်အထည်ဖော်တတ်ကြသည်။
တချို့သောတောင်သူဦးကြီးများလည်း မိမိတို့ချွေးနှဲစာများဖြင့် မိမိတို့သားလှရတနာလေးများ မွန်မြတ်သော သာမဏေအဖြစ်သို့သွတ်သွင်းရန်ရည်မှန်းကြသည်။ရည်မှန်းချက်ကိုယ်စီဖြင့် အလုပ်လုပ်နေကြသော တောင်သူဦးကြီးများကိုလည်း တစ်ခါတစ်ရံ ကိုယ်ချင်းစာသနားမိသည်။ စာရေးသူ၏မိဘများကိုယ်တိုင်ကလည်းတောင်သူဦးကြီးများဖြစ်၍ မည်သို့မည်ပုံကြိုးစားလုပ်ကိုင်ရသည်ကို အလုံးစုံသိသောကြောင့်ဖြစ်သည်။နဖူးမှချွေးခြေမ ကျဆိုသလို ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေကြရသည်။အရင်းအနှီးမရှိပြန်လည်း မဖြစ်သည်မို့အရင်းအနှီးလည်းအတိုးနှုန်းများဖြင့်ရှာဖွေရင်းနှီးကြရပြန်သည်။တဖန်အရင်းအနှီးရှိပြန်ကမူ မိမိသီးနှံအရည်အသွေးပြည့်မှီရန် ကြိုးစားလုပ်ကိုင်ရသည်။အရည်အသွေးပျက်စီးဆုံးရှူံးမှုမရှိပါက ပထမအကြိမ်အောင်မြင်သည်ဟုဆိုရမည်။တဖန် အရည်အသွေးကောင်းပြန်သော်လည်း ဈေးကွက်မကောင်းပါကလည်း ဟန်မကျသေး။အဓိကအားဖြင့် ဈေးကွက်ကောင်းနှင့်ကြုံကြိုက်ရန်လည်း လိုပါသည်။သီးနှံအရည်အသွေးလည်း ကောင်းမွန်၊ဈေးကွက်သည်လည်း အတင့်သင့်ဆိုလျှင်တော့ ကံကောင်းသည်ပေါ့။ထိုမှသာ မိမိတို့ရည်မှန်းထားသော ရည်ရွယ်ချက် ဆီဦးတည်နိုင်မည်ပဲဖြစ်ပါသည်။ယခုကျွန်တော်ပြောပြသည်ကတော့ တောင်သူဦးကြီးများ၏ လုပ်ငန်း ဆောင်တာအချို့ပဲဖြစ်ပါသည်။ကျွန်တော်၏ထင်မြင်ယူဆချက်အရကျွန်တော်တို့မြန်မာနိုင်ငံအတွင်း တောင်သူဦးကြီးအများစုလည်း ထိုသို့ပင် အခက်အခဲပေါင်းများစွာ ရှိနေနိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်။
တစ်ခုအားတက်မိသည်က ကျွန်တော့်ဇာတိရွှာလေး အနည်းငယ်ပြောင်းလဲခဲ့သည်ကိုပင်။ထိုအရာက ယခင် လယ်ယာထဲတွင် ကျွဲ၊နွားများဖြင့် ရုန်းကန် လုပ်ကိုင်ခဲ့ကြရသည်။ယခုကား ထိုသို့မဟုတ် စက်မှုထွန်းကားလာသည်နှင့်အညီ လယ်ယာများတွင် စက်ယန္တာရားများဖြင့် လုပ်ကိုင်လာကြခြင်းပဲဖြစ်ပါသည်။ယခင်ကဆိုလျှင် ကျွဲ၊နွားများဖြင့် ပင်ပင်ပန်းပန်းလုပ်ကိုင်ခဲ့ကြသည်။ကျွန်တော်တို့မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဖြစ်သည်နှင့်အညီ ကျွဲ၊နွား တိရစ္ဆာန် တို့အား သနားညှာတာမှုရှိကြသည်။အားလုံးကိုတော့မဆိုလိုပါ။သို့ပေမဲ့ တွေ့ဖူး ကြုံဖူးသော တောင်သူဦးကြီးများကတော့ သနားကြင်နာတတ်ကြသည်။မဖြစ်မနေခိုင်းနေသည်မို့သာ။ယခုတော့ ကျွဲ၊နွား အစား လယ်ယာထွန်စက်များဖြင့်သုံးလာကြတော့သည်။ထိုအရာများကိုကြည့်ခြင်းဖြင့် မိမိဇာတိရွှာလေးတိုးတက်လာသည်ကိုတော့ ပီတိဖြစ်နေမိသည်။
လမ်းပန်းဆက်သွယ်ရေးတွင်လည်း အရင်နှင့်မတူ။ယခင်မိုးရာသီဆိုလျှင် စက်ဘီးပင်စီး၍မရအောင် ဆိုးဝါးလွန်းသည်။ယခုအခါ နွေ၊မိုး၊ဆောင်း ကားကြီး၊ကားသေးဝင်ထွက်နိုင်ခဲ့သည်။ရွှာ၏ကိုယ်ထူကိုယ်ထလမ်းစဉ်နှင့်နိုင်ငံတော်အစိုးရတို့၏ကူညီပံ့ပိုးမှုတို့နှင့် ပူးပေါင်းကာ ဆောင်ရွက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။မိမိဇာတိသို့ပြန်လာသည့်အချိန်တွင် ထိုသို့ မြင်တွေ့ရသည်၍လားမသိ စိတ်ထဲဝမ်းနည်းဝမ်းသာဖြစ်မိသည်။မိမိရွှာလေးပြောင်းလဲလာခြင်းအပေါ်လည်း အတွေးများစွာ တွေးမိသည်။စိတ်ကူးသစ်များလည်း ပေါ်ပေါက်လာခဲ့သည်။ကိုယ်ထူကိုယ်ထစနစ်ကြောင့် မိမိရွှာလည်းပြောင်းလဲခဲ့ခြင်းကြောင့် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားများလည်း စည်းစည်းလုံးလုံးဖြင့်ဝိုင်းဝန်းကြိုးပမ်းပါက တိုးတက်သောနိုင်ငံကြီးတစ်ခု အမှန်ဧကန်ဖြစ်လာနိုင်သည်ဟူသောအတွေးတစ်ခု။ထို့နောက် ကျွန်တော်တို့၏မျိုးဆက်သစ်လူငယ်များအား နည်းလမ်း မှန်ကန်သောလမ်းစဉ်တို့အား လမ်းညွန်ပေးချင်သော စိတ်ကူးများလည်း ပေါ်လာခဲ့သည်။ဗဟုသုတနည်းပါးသော တောသူတောင်သားများအား ဗဟုသုတများ တိုးပွားစေချင်သည်။အမြင်ကျယ်ပြီး အတွေးများမှန်ကန်စေချင်သည်။တချိန်ချိန်တွင်တော့ လုပ်နိုင်ရမည်ဟူ၍လည်း ယုံကြည်မိသည်။
အတွေးများဖြင့် လမ်းလျှောက်လာခဲ့ရာ ရွှာအဝင်လမ်းဆီသို့ ပြန်ရောက်ခဲ့တော့သည်။နေမှာလည်းအတော်လေးပင်စောင်းနေပြီ။အတွေးစများဖြင့် ပြုံးနေခဲ့ပြီး တကွီကွီနှင့် ဗိုက်ဆာနေသည်ကိုတောင် သတိမထားမိခဲ့။အခုတော့ ဆာလိုက်သည်ဗိုက်။မည်သို့ပင်ဖြစ်စေ မိမိ၏ ဇာတိရွှာလေး တိုးတက်လာသည်ကိုတော့ မြို့ကြီးပြကြီးမှ သူငယ်ချင်းများကိုကြွားပြရဦးမည်။ထိုအတွက် အားခဲရင်း မနက်ဖြန်ရွှာနှင့်ပြန်လည်ခွဲခွာရဦးမည်ဆိုသည့်အတွေးကတော့..။
Author by @nandasai (MSC.076)
Photos from Me
ငယ်ငယ်တုန်းက တို့ဘဝအရွယ် ပျော်စရာကောင်းလို့
အောက်မေ့တယ်ဗျ
တိုးတက်ခြငိးရဲ့ ကောင်းကျိုးတစ်ခုပေါ့
ဟုတ်တယ်ဗျ
ရွာကိုပြန်ချင်သွားပြီ ငယ်တုန်းကပျော်စရာ
ဟုတ်တယ်
ပြောင်းလဲချိန်တန်ပီလေလို့
မြို့ကြီးတွေပဲ တိုးတက်နေလို့ မဖြစ်သေးဘူးလေ
ရွာကိုတောင်သတိရသွားပီဗျာ
သတိရရင်တန်းပြန်လိုက်တယ်
အမေနဲ့ရွာကို သားမောင်လွမ်းတော့မှာပေါ့
တိုးတက်လာတယ်ဆိုတာကလည်း
ခု steemit လိုပါပဲ
ကိုယ့်အားကိုယ်ကိုးခဲ့ရမှုတွေကြောင့်ပဲထင်ပါတယ်
အစိုးရဆိုတာကလည်း အမြဲလိုက်ကြည့်နိုင်တာမဟုတ်ဘူးလေ
အမှန်ပါဗျာ
တစ်ဖြည်းဖြည်းတော့တိုးတက်လာတာပါပဲ ကျွန်တော့်ရွာလည်း
ဟုတ်ကဲ့
ဟုတ်ပါတယ်နော် ဟိုတစ်ချိန်ကဆို နွားတွေတပ် ထယ်ထွန် ဒီခေတ်မှာတော့ ထွန်စက်တွေနဲ့ ကောက်ရိတ်စက်တွေနဲ့ တိုးတက်လာတယ်ခေတ်ပေါ့ဗျား
ဖတ်လို့ကောင်းပါတယ် အစ်ကို
ကျေးဇူးပါဗျ
အရာရာက တိုးတက်တာ ကောင်းသလို မူလသဘာဝကို ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်ဗျာ
ဟုတ်တယ် ကိုစော အရေးကြီးဆုံးကအဲ့ဒါပါပဲ