Upvote လောဘ

in #myanmar5 years ago (edited)

image

[Image Source] (https://drugwars.io/units)

Drugwars စကစားတုန်းက steemရတယ်ဆိုလို့သာ ဝင်ပြီးကစားခဲ့တာ ဘာမှလည်းသိပ်နားမလည်ဘူး။သိပ်လည်း မကစားတတ်ပါဘူး။တစ်ဖြည်းဖြည်းနဲ့ ဂိမ်းကိုနားလည်လာတော့လည်း ပုံမှန်ထွက်တဲ့ resources လေးတွေနဲ့ အဆောက်အဦး အချို့ မြှင့်လိုက်၊အချို့ပိုနေတဲ့ resources လေးတွေ heist ထဲထည့်လိုက်နဲ့ ဒါလေးပဲ လုပ်လာခဲ့တာ တိုက်ပွဲတွေတောင် တိုက်ဖို့ စိတိမဝင်စားခဲ့ပါဘူး။

သူများတွေရဲ့ တိုက်ပွဲshareတဲ့postတွေမှာ voteရတာ မြင်တာတောင်မှ တိုက်ပွဲတွေ မတိုက်ချင်တာကြောင့် ဒီအခွင့်အရေးကို လက်လွတ်လိုက်ပါတော့မယ်လို့တောင် ဆုံးဖြတ်မိတာ။ဒါပေမဲ့ တစ်နေ့မှာ သူများကိုယ့်ကိုလာတိုက်တဲ့ တိုက်ပွဲတစ်ပွဲကြောင့် စိတ်ကူးတွေပြောင်းလဲသွားခဲ့တယ်။အကြောင်းကတော့ ထိုလာတိုက်တဲ့ တိုက်ပွဲလေးကို shareရင်း upvote အလွယ်တကူရတာမြင်တော့ သဘောကျနှစ်သက်သွားခဲ့တယ်။ထိုအချိန်ကစပြီး ကျွန်မလည်းdrugwarsမှာ ကိုယ့်ကို ပြန်ဆိုးဆိုးရွားရွား လက်စားမချေလောက်ဖူးထင်တဲ့ accountသေးသေးလေးတွေကို ကြောက်ကြောက်နဲ့ စတိုက်လာတတ်ခဲ့တယ်။

နောက်ပိုင်းမှာတော့ pantheon ကြောင့် upvoteမြင့်မြင့်ရတာကိုလည်း သိလာခဲ့တယ်။အဲ့ဒီ့မှာ ကိုယ်လည်း pantheon နဲ့ headquarters ကို ပိုပိုမြင့်ဖို့ကြိုးစားလာတယ်။အစကတော့ ကိုယ်လည်း တိုက်ပွဲတွေသိပ်မတိုက်ရဲတာကြောင့် ထွက်သမျှ resources လေးတွေပဲစောင့်ပြီးတင်တယ်။အဲ့ဒီ့နည်းက သိပ်တော့ အဆင်မပြေဘူး။တစ်ခါတစ်ခါ ကိုယ်စောင့်ထုတ်ထားတဲ့ resources လေးတွေက သူများလာတိုက်ရင်ပါပါသွားတတ်လို့ပဲ။ဒါနဲ့ပဲ သူများလာတိုက်ရင် ပါမသွားအောင် ကာကွယ်ပေးတဲ့ storage buildings တွေဘက် လှည့်မြင့်ခဲ့တယ်။ထိုအချိန်မှာ ခါတိုင်းလို pantheon နဲ့ headquarters မမြှင့်နိုင်ဘဲ ရပ်တန့်ထားရတယ်။

ဒီနည်းလမ်းက pantheon အဆင့်ထပ်မြှင့်ဖို့ အချိန်တွေကြာစေတာကြောင့် နောက်ပိုင်းမှာ ထိုနည်းလမ်းကို ရပ်ပြီး တိုက်ပွဲတွေပိုမိုတိုက်ဖို့ ကြိုးစားလာတယ်။အငြိုးအတေးထားပြီး တိုက်ခိုက်တတ်တဲ့ လူတွေကိုကြောက်တာကြောင့် စစ်သားအများကြီးရှိသော (သို့မဟုတ်)တန်ပြန်တိုက်ခိုက်တတ်သော accountများကို ရှောင်ပြီး စစ်သားမယ်မယ်ရရမရှိသော၊တန်ပြန်မတိုက်ခိုက်တတ်သော၊ပိုင်ရှင်တွေက ပစ်ထားတယ်လို့ ထင်ရသော account များသာ ရွေးချယ်တိုက်ခိုက်လာခဲ့တယ်။တစ်နေ့ တစ်နေ့ ကိုယ့်ဆီက ထွက်တဲ့ resources အချို့နဲ့ တိုက်ပွဲလေးတွေက ရတာလေးတွေပေါင်းပြီး pantheon လေးတွေမြင့်တင်လာခဲ့တယ်။အခုဆိုရင် တစ်ရက်ခြား နှစ်ရက်ခြားလောက်မှာ pantheon တစ်ဆင့် တစ်ဆင့် ထပ်မြှင့် လာနိုင်တယ်။တိုက်ပွဲတွေလည်း တစ်နေ့တစ်နေ့ တော်တော်တိုက်ဖြစ်လာတယ်။Drugwars စကစားတုန်းကတော့ တိုက်ပွဲတွေမတိုက်ပဲ အေးအေးပဲ ကစားမယ်လို့ တွေးထားတဲ့ ကျွန်မ အခုတော့ upvoteလောဘကြောင့် တိုက်ပွဲတွေ တော်တော်တိုက်ဖြစ်လာခဲ့တယ်။လောဘက စိတ်ကူးအကြံအစည် တွေကိုပြောင်းလဲစေတယ်။လောဘက မလုပ်ရဲတာကိုလည်း လုပ်ရဲလာအောင် တစ်ဖြည်းဖြည်းသွေးဆောင်တတ်တယ်။အခု ကျွန်မလည်း upvoteလောဘရဲ့ သွေးဆောင်မှု့နဲ့ မူလစိတ်ကူးပြောင်းပြီး တိုက်ပွဲတွေတိုက်နေလိုက်မိတာ drugwars မှာ fighter မကြီးတောင်ဖြစ်နေသလားလို့တောင် ကိုယ့်ကိုယ်ကို တွေးမိလေတယ်။

Author-myothuzar,MSC-033

Sort:  

မမ ဖိုက်တာ

ဟီး...

Posted using Partiko Android

Pantheon lvl ဘယ်လောက်

Posted using Partiko Android

45တော့ ရောက်ပြီ။

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you.

Posted using Partiko Android

Fighter မမ. ပါလား 😁

Posted using Partiko Android

ဟီး..fighter မမ ဖြစ်နေတယ်။

Posted using Partiko Android

တော်တော်လေး good နေပြီပေါ့

Posted using Partiko Android

ဟုတ်။နည်းနည်းတော့ good နေပြီ။

Posted using Partiko Android

upvote က လာတစ်ချက် မလာတစ်ချက်ဖြစ်နေတယ်ဗျ။အခုနှစ်ရက်လောက်ရှိပြီ upvote မရတာ။အစ်မတို့ နေ့တိုင်းရနေသေးလား။

Posted using Partiko Android

နေ့တိုင်း ရတယ်အကို။လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့ မရတဲ့နေ့ တစ်ရက်ရှိတယ်။site ပြင်နေလို့နေမယ်။နောက်ရက်တွေတော့ နေ့တိုင်းရပါတယ်။

Posted using Partiko Android

upvote က လာလိုက် မလာလိုက်ပါပဲ သူများတွေတော့သိဘူး

ဟုတ်တယ်။Drugwars upvote က လာလိုက် မလာလိုက်ဖြစ်သွားပြီ။ပုံမှန်တော့ မရတော့ဘူး။

Posted using Partiko Android

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 70572.77
ETH 3817.08
USDT 1.00
SBD 3.53