ဆက်၍သာ ရှာမည်

in #myanmar5 years ago (edited)

Screenshot_2019-09-21-02-08-59.png

Image Source

တစ်ခါတစ်လေ စဉ်းစားမိသည်။Nextcolony ဂိမ်းက လူ့စိတ်အခြေအနေကို သိနေသလားလို့။ဘာဖြစ်လို့လဲဆိုတော့ Nextcolony ဂိမ်းက သူ့ကို စိတ်ပျက်လာလျှင် သဘောကျစရာ တစ်ခုခုပေးပြီး ပြန်လည်ဆွဲဆောင်တတ်သည်။အရင်စာ တစ်ပုဒ်မှာတောင် ရေးသေးသည်။အခုတစ်လော Nextcolony ကစားရတာ စိတ်ပျက်လာသည်ဟု။ထိုငြီးငြူသံကို မောင်မင်းကြီးသားNextcolony ဂိမ်းက ကြားသွားလေသလား မသိ။သူ့ကို စိတ်မပျက်အောင် ဂြိုလ်လေးတစ်လုံး ပေးသနားလာလေသည်။

သိတဲ့အတိုင်း Nextcolony မှာက ဂြိုလ်အသစ်တစ်ခု ရှာတွေ့လာပြီဆိုလျှင် ကစားတဲ့လူက ပြန်လည် ပျှော်ရွှင်လာသည်။စိတ်ဓာတ် တက်ကြွလာသည်။ဂိမ်းကစားရာမှလည်း ပိုမို စိတ်ဝင်စားမှု့ရှိစေသည်။အခုတော့ မိမိသည် ဂြိုလ်အသစ်တစ်လုံး တွေ့လေတော့ အထက်မှာရေးထားသည့်အတိုင်း ဂိမ်းကစားရတာ ပြန်လည်ပျော်ရွှင်လာကာ ကစားဖို့လည်း စိတ်ဓာတ်ပြန်လည်တက်ကြွလာသည်။တတ်လည်း တတ်နိုင်သည့် Nextcolony။ဂြိုလ် တော်တော်နှင့် ရှာမတွေ့၍ စိတ်ဓာတ်ကျအောင်လုပ်လိုက်။ဂြိုလ်ရှာတွေ့ပြီး ပြန်ပျော်ရွှင်အောင်လုပ်လိုက်နှင့်။လူလည်း ဒီဂိမ်းကြောင့် စိတ်အတက်အကျ တော်တော်ဖြစ်ရသည်။

ခုတော့ ဂြိုလ်အသစ်တစ်လုံးရလာသည်။ဒီတစ်လုံးနဲ့ပါဆို စုစုပေါင်း ခြောက်လုံးတော့ ရပြီ။အခက်အခဲကြားက ဖြည်းဖြည်းမှန်မှန်လေးတော့ ဆက်ရှာနေသည်။ဒီတစ်လုံး ရပြန်တော့ ဆက်လက်ရှာဖို့ မျှော်လင့်ချက်စိတ်ကူးတွေလည်း နိုးထတက်ကြွလာသည်။အခက်အခဲ အတိုက်အခိုက်တွေရှိသော်လည်း ကံကြမ္မာ အခါပေးရင်တော့ ကံကောင်းမှု့လေး ပေါ်တတ်တာကြောင့် ဇွဲမလျှော့ဘဲ ဆက်ရွေ့သာ ဂြိုလ်ရှာနေတော့မည်။

https://nextcolony.io/

Author-myothuzar,MSC-033

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64303.16
ETH 3137.29
USDT 1.00
SBD 3.97