မောင်မြ(ဇာတ်သိမ်း)

in #myanmar6 years ago (edited)

image

တစ်ဖြည်းဖြည်းနှင့် မောင်မြ၏အသံကောင်းခြင်း ဂုဏ်သတင်းသည် အခြားရွာများသို့ပင်ပျံ့နှံ့ကာ နာမည်ကြီးလာလေသည်။ထို့ကြောင့် အခြားရွာများသည်လည်း သူတို့ရွာတွင် ပွဲလမ်းသဘင်များကျင်းပလျှင် သီချင်းသီဆိုဖျော်ဖြေပေးရန် မောင်မြကို အပြိုင်အဆိုင် ပင့်ဖိတ်ကြသည်။

ဤသို့ဖြင့် မောင်မြသည် ရွာနီးစပ်ချုပ်တစ်ဝိုက်တွင် အဆိုတော်တစ်ယောက်ပမာ အထူးပင်နာမည်ကြီး၍လာလေတော့သည်။နာမည်ပိုကြီးလူသိများလာသည်နှင့် အညီ အပေါင်းအသင်းလည်းစုံလာရာ တစ်ဖြည်းဖြည်းနှင့် မကောင်းသောအပေါင်းအသင်းများနှင့်ပါ ပေါင်းသင်းမိလေသည်။ယခင်က အရက်သောက်ခြင်း,ဖဲရိုက်ခြင်း,ကြက်တိုက်ခြင်း,လောင်းကစားပြုလုပ်ခြင်းများ ဘာမှမပြုလုပ်တတ်သော မောင်မြသည် ယခုအခါ မျိုးစုံလုပ်တတ်လာသည်။

သူငယ်ချင်း အရင်းဖြစ်သူမောင်ထင်နှင့် အမေဖြစ်သူမှာ မောင်မြအား မကောင်းသောအပြုအမှုများ မပြုလုပ်ရန်,မကောင်းသော အပေါင်းအသင်းများနှင့် မပေါင်းသင်းရန် တားဆီးဖြောင်းဖြပါသော်လည်း မောင်မြမှာ နားမထောင်ခဲ့ချေ။

ဤသို့ဖြင့် မိခင်နှင့် သူငယ်ချင်းမောင်ထင်၏ ပြောဆိုဆုံးမမှု့များကို နားမထောင်မိသောမောင်မြသည် ဆိုးရွားသောကံကြမ္မာဆီသို့ ခြေဦးလှည့်မှန်းမသိ လှည့်မိလေတော့သည်။

တစ်နေ့မှာတော့ မောင်မြသည် မိမိတို့ရွာနှင့် ရွာနီးစပ်ချုပ် ဘုတလင်ရွာသို့ ခဏတာမျှရောက်နေခိုက် ထိုရွာမှ ရွာသား အပေါင်းအသင်းများ၏ခေါ်ယူမှု့ကြောင့် အရက်ဆိုင်၌ခေတ္တထိုင်ကာ အရက်သောက်မိလေသည်။အရက်ဆိုင်၌ထိုင်နေရင်း ရွာသူကြီး၏သမီး မဘုတ်ဆုံဖြတ်သွားသည်ကို မြင်သော် ကြိုက်နှစ်သက်မိကြောင်း အပေါင်းအသင်းများအကြား၌ ဖွင့်ပြောမိလေသည်။

ထိုအခါ အရက်သမားအပေါင်းအသင်းများက မဘုတ်ဆုံအားကြိုက်ပါက ယခုပင် သူ့နောက်ကလိုက်ကာဖွင့်ပြောရန် ဝိုင်းဝန်းတိုက်တွန်းကြရာ မူးရူးနေသော မောင်မြသည်လည်း တစ်ချက်မျှပင် မစဉ်းစားတော့ဘဲ ချက်ချင်း မဘုတ်ဆုံနောက်သို့ လိုက်လေတော့သည်။မဘုတ်ဆုံမှာ မူးမူးရူးရူးနှင့် လိုက်လံစကားပြောနေသော မောင်မြကြောင့် အရှက်ရကာ မောင်မြအား ဆက်မလိုက်ရန်ပြောပါသော်လည်း မူးရူးနေသော မောင်မြမှာနားမထောင်ဘဲ ဆက်လိုက်လေသည်။နောက်ဆုံး၌မဘုတ်ဆုံလည်း သည်းမခံနိုင်ဘဲ မူးရူးကာမိမိကိုလိုက်နောက်ရှက်နေသော မောင်မြအား ပါလာသောထီးနှင့် အစွမ်းကုန်ရိုက်နှက်လေတော့သည်။ထိုသို့ရိုက်နှက်ခြင်းခံရမှု့ကြောင့် မောင်မြလည်းစိတ်မထိန်းနိုင်ဖြစ်ကာ မိမိကိုရိုက်နှက်နေသော ထီးအားဆွဲယူဖမ်းဆီးကာ ထိုထီးဖြင့် မဘုတ်ဆုံအား ပြန်လည်ရိုက်နှက်လေတော့သည်။

ထိုအခါ မောင်မြ မဘုတ်ဆုံအားရိုက်နှက်နေသည်ကို အဝေးမှလှမ်းမြင်ရသော ရွာသားများသည် ချက်ချင်းပင် အခင်းဖြစ်ပွားရာနေရာသို့ရောက်လာကာ မောင်မြလက်ထဲမှ မဘုတ်ဆုံအားကယ်တင်၍ မောင်မြအား တစ်ဖန်ပြန်လည် ရိုက်နှက်ကြလေတော့သည်။အများနှင့် တစ်ယောက်ဖြစ်နေ၍ မောင်မြသည် အသက်အန္တရာယ်မှလွတ်မြောက်ရန် အစွမ်းကုန် ထွက်ပြေးရတော့သည်။

ပြေးရင်းပြေးရင်း ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတွေ့သော် အသက်အန္တရာယ်ချမ်းသာရန်အတွက် ဝင်ရောက်ခိုလှုံခဲ့ရသည်။နောက်ဆုံး၌ ရွာသူရွာသားများ၏အန္တရာယ်ကိုကြောက်ရွံ့သည့်အတွက် ရဟန်းအဖြစ်သို့ပင် ကူးပြောင်းကာ သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ရလေသည်။

မောင်မြသည် ဘုန်းကြီးအဖြစ်သို့ကူးပြောင်းခဲ့သည်မှာ ကိုယ်တိုင်ကတရားရှာလို၍မဟုတ်ဘဲ လူအများကရိုက်နှက်မည်ကို ကြောက်ရွံ့သည့်အတွက်သာ သာသနာ့ဘောင်သို့ဝင်ခြင်းဖြစ်၍ လူအများ၏ကြည်ညိုဆည်းကပ်လှူဒါန်းမှု့များကို မရရှိခဲ့ချေ။ထိုသို့ ဖြစ်ပွားသည်မှာလည်း အခြားသူများ၏အပြစ်မဟုတ် မိမိအပြစ်များသာ ဖြစ်၍ မောင်မြတစ်ဖြစ်လဲ ဘုန်းကြီးမှာ အထူးပင် နောင်တရမိခဲ့လေသည်။နောက်ဆုံးမှာတော့ ဦးဇင်းမှာ တရားအားထုတ်ရင်း ဖြစ်ခြင်းပျက်ခြင်း,မမြဲခြင်း တရားများကို ပိုမို သဘောပေါက်ရင်း သံသရာလွတ်မြောက်ရေးအတွက် ဝိပဿနာတရားကို အစွမ်းကုန်အားထုတ်ရန် တစ်ဦးတည်းတောထွက်သွားခဲ့ပါတော့သည်။

Photo credit-https://www.flickr.com/photos/108808091@N02/11815455413

Author-myothuzar,MSC-033

Sort:  

မည်သူမပြု မိမိမှုဆိုသလိုပေါ့ မူးရင် မကောင်းတတ်ကြဘူးဆိုတာတော့ သိပ်လက်မခံချင်ဘူးရယ် မူးရင် ကောင်းလွန်းအားကြီးတဲ့သူတွေလည်း မြင်ဖူးပါတယ် ☺☺☺

ဟုတ်ကဲ့ပါ။လက်ခံပါတယ်။ဒါကတော့ ဇာတ်လမ်းအနေနဲ့ လုပ်ရေးတာပါ။။ဇာတ်လမ်းတိုင်းကလည်း တကယ့်အဖြစ်မှန်မဟုတ်သလို ဇာတ်ကောင်တိုင်းကလည်း အမြဲတသတ်မှတ်တည်း မဟုတ်ပါဘူး။ဇာတ်လမ်းအရလိုအပ်လို့ အရက်သမားတွေကို လူဆိုးနေရာတွန်းပို့ ထားရတာပါ။

ငမူးတွေမလာခင်ငါအရင်မန့်ထားတာပါလေ ☺☺☺

ဟီး....ဟုတ်ကဲ့။ကျေးဇူး။

ဆိုး ပြန် ကောင်း ပြန် ဓမ္မခန်ပါပဲ

မှန်ပါတယ်။

ဇာတ်သိမ်းပဲမှီလိုက်၍ ရှေ့ပိုင်းတွေနဲ့တွဲဖတ်ပါအုံးမည်

ဟုတ်ကဲ့။အားပေးတာ ကျေးဇူးတင်ပါတယ်။

ကိုယ်စိုက်ပျိုးသည့်အပင် ကိုယ်ရိတ်သိမ်းရမှာပါပဲ ညီမ😁

အမှန်ပါပဲ အမရေ။

‌နောက်‌ဆုံး တရားရသွားတာ‌ပေါ့။

ဟုတ်။တရားရသွားပါတယ်။

ဘယ်​လိုပဲ ဖြစ်​ဖြစ်​လူ့ ဘဝလာပြီးအ မြတ်​ယူတာပါပဲရှင်​။ဇာတ်​သိမ်း​လေး​ကောင်းပါတယ်​ရှင်​။

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

စာကို နောက်ဆုံးကျမှချုံ့ပလိုက်တယ်ဗျ..အေးတာပဲအဲ့ဒါလည်း😁😁😁

ဟီး။

အ​ပေါင်းအသင်းမှားပြီးနာမည်​လည်းရလာ​တော့မထိန်းနိုင်​ဖြစ်​သွားတာ​နေမယ်​...

ဟုတ်ပါတယ်။

မိမိထိုက်​နဲ့မိမိကံပါ ပဲဗျာ မူးတိုင်းလည်း လူတိုင်း​တော့ မ​ကောင်းမဟုတ်​ကြပါဘူး

ဟုတ်ကဲ့။

Congratulations @myothuzar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61940.19
ETH 2433.78
USDT 1.00
SBD 2.50