အဆင်သင့်မဖြစ်သေး
in #myanmar5 years ago (edited)
xsiex5vmxn.png
Image source
Unicode
Nextcolony တွင် ဆုကြေးများပေးတော့မည်ဖြစ်၍ တိုက်ပွဲများပိုမို များပြားလာမည်ဟုထင်သည်။ဆုကြေးများ ရာသီကုန်လျှင် ပေးမည်ဆို၍ မိမိမှာ မိမိ၏ ဂြိုလ်များအား လာရောက်တိုက်ခိုက်သူများမှာ စိုးရိမ်နေသော်လည်း ကံကောင်းစွာဖြင့် ယနေ့အထိတော့ လူများများစားစား လာမတိုက်ခိုက်သေးပါ။ဂြိုလ်ရှာရခက်အောင် Explorer ယာဉ်များ လာရောက်ထိန်းချုပ်ဖျက်ဆီးတတ်သော account တစ်ခုမှလွဲ၍ များများစားစား လာတိုက်တာမတွေ့ရသေး၍ အခြေအနေမဆိုးဘူးဟု ပြောလို့ရသည်။
ပြောရလျှင် မိမိမှာ ခုချိန်တွင် ခုခံနိုင်သည့် အင်အားများများစားစား မရှိသေး၍ လာတိုက်မှာကို စိုးရိမ်နေမိသည်။မိမိမှာ တိုက်ခိုက်ယာဉ် ထုတ်နိုင်သည့် skill တော်တော်များများ ပြည့်မှီအောင် မတင်နိုင်သေး၍ ယာဉ်များမထုတ်နိုင်သေး။မကြာသေးမှီကတော့ Scout,Patrol,Cutter စသော ယာဉ်အသေးစားများ ထုတ်နိုင်သည့် skillများကတော့ ပြည့်မှီသွားပြီဖြစ်၍ ယခုချိန်မှာ ယာဉ်သေးလေးတွေတော့ ထုတ်လို့ ရနေပြီဖြစ်သည်။သို့ပေမဲ့လည်း အခြားမြှင့်တင်ချင်စရာ skillများနှင့်မိုင်းတွင်းများ လှည့်ပတ်မြှင့်တင်ရင်းrssများ ကုန်ဆုံးသွားတတ်၍ ယာဉ်သေးများလည်း အနည်းငယ်သာ ထုတ်ရသေးသည့် အခြေအနေ ဖြစ်နေသည်။
ကြီးကြီးမားမား လာတိုက် မခံရသေး၍ လူကသိပ်မတုန်လှုပ်ဖြစ်ကာ တိုက်ခိုက်ရေး၊ကာကွယ်ရေးဘက် အာရုံစိုက်မှု့ မကြီးမားသေးတာလည်း ဖြစ်သည်။နောက်ပြီးတော့ လည်း မိမိမှာ Nextcolonyတွင် တိုက်ခိုက်ဖို့ စိတ်မပါ။ကာကွယ်ဖို့သာ စိတ်ကူးမိသည်။အခုက မိမိ၏ဂြိုလ်များကို လာတိုက်ခိုက်မှု့ မများသေး၍ သွေးအေးနေကာ ကာကွယ်ရေးအတွက် ယာဉ်များထုတ်လုပ်ဖို့ စိတ်ကူးမရောက်ဘဲ မပြည့်မှီနိုင်သေးသော skill များနှင့် မိုင်းတွင်းများသာ အာရုံစိုက် မြှင့်တင်နေမိသည်။skill level အချို့ကိုလည်း ပြီးဆုံးအောင် မြန်မြန်မြှင့်တင်ချင်နေ
သည်။Skill level အချို့ပြီးဆုံးလျှင်ဖြင့် မိုင်းတွင်းများနှင့်ယဉ်များထုတ်လုပ်မှု့ကို အာရုံစိုက် လုပ်ကိုင်တော့မည်ဖြစ်သည်။
https://nextcolony.io/
Author-myothuzar,MSC-033
Sort:  
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
ROR Game လေးကစားပြီး စာလေးဘာလေး ရေးတင်လေ ညီမ အက်ဗုတ်ကမစိုးဘူး @myothuzar
Posted using Partiko Android
ဟုတ် ပြီးခဲ့တဲ့ သုံးလေးရက်က အဲ့ဂိမ်းကစားပြီးစာရေးဖို့လုပ်သေးတယ်။စာရေးမယ်လုပ်ရင်း နေမကောင်းဖြစ်သွားလို့အကို။
ကျန်းမာရေးလဲဂရုစိုက်ပါ ညီမလေး
နေကောင်းရင်တော့ အဲဒီ့ဂိမ်းအကြောင်းလေးတွေရေးပေါ့ အက်ဗုတ်က မဆိုးဘူး ။
ဟုတ္။
Posted using Partiko Android
Coin Marketplace
STEEM 0.29
TRX 0.12
JST 0.032
BTC 63122.36
ETH 3072.69
USDT 1.00
SBD 3.86