အမှတ်တမဲ့သံဃောဇဉ်

in #myanmar6 years ago (edited)

image

ကျွန်မတို့တိုက်ရှေ့ လူသွားလမ်းအုတ်ခုံလေးပေါ်မှာ လာလာပြီး အိပ်တတ်တဲ့ လမ်းဘေးခွေး ၄,၅ကောင်လောက်ရှိတယ်။အရင်တုန်းကတော့ အဲ့ဒီ့ခွေးတွေ မရှိဘူးပေါ့။ပြီးခဲ့တဲ့ နှစ်လ,သုံးလလောက်ကမှ ကျွန်မတို့ အိမ်ရဲ့ ညာဘက်ဘေးကတိုက်ကို အိမ်ငှားအသစ်တွေ ရောက်လာတာနဲ့အတူ သူတို့ကျွေးမွေးထားတဲ့ လမ်းဘေးခွေးတွေလည်း သူတို့နဲ့အတူ ကျွန်မတို့အိမ်ဘေးနား ရောက်လာပါတယ်။

အစကတော့ ခွေးတွေက လမ်းပေါ်မှာပဲနေပါတယ်။အိမ်ပေါ်မတက်ဘူးပေါ့။ဒါပေမဲ့ တစ်ဖြည်းဖြည်း ကြာလာတော့ ခွေးတစ်ကောင်စ,နှစ်ကောင်စလောက်က လာလာပြီး ကျွန်မတို့တိုက်ရှေ့လူသွားလမ်း အင်္ဂတေအုတ်ခုံလေးပေါ်မှာ လာလာအိပ်ရင်း ကျွန်မတို့တိုက်ရှေ့မှာ လာအိပ်တဲ့ခွေးတွေ များလာတော့တယ်။နေ့ခင်းဘက်မှာဆို အနည်းဆုံး ၂ကောင်,၃ကောင်လောက် တိုက်ရှေ့မှာလာ အိပ်နေတာ တွေ့ရတတ်ပြီး ညဘက်တွေမှာဆို တိုက်ရှေ့အပြည့် ခွေး၎,၅ကောင်လောက် လာလာအိပ်နေတတ်တယ်။နောက်ပြီး အဲ့ဒီ့ခွေးတွေထဲက တစ်ကောင်ဆို ထူးထူးခြားခြား အောက်မှာအိပ်တာ အားမရလို့ ထင်ပါတယ်။ကျွန်မတို့ဆိုင်ဖွင့်ထားတဲ့ အချိန်မှာ ဒင်းက အိမ်ပေါ် တစ်ဆင့်တက်ပြီး ကျွန်မတို့ အိမ်ပေါ်(အိမ်ပေါက်ဝ တည့်တည့်) မှာ လာလာအိပ်နေတတ်တယ်။သူကတော့ ကျွန်မတို့အိမ်ပေါ်တက်အိပ်ရတာ အိပ်လို့ကောင်းလို့ လာအိပ်တဲ့ပုံ ပေါ်ပါတယ်။ကျွန်မတို့မိသားစုမှာတော့ အပြင်သွားရင် အဲ့ဒီ့ကောင်ကိုမေ့ပြီးတက်မနင်းမိအောင် သတိထားရတာနဲ့,အပြင်သွားရင် အိမ်ပေါက်ဝမှာ ပိတ်နေလို့ မောင်းထုတ်နေရတာနဲ့ နည်းနည်းတော့အလုပ်ရှုပ်ရပါတယ်။

ဒီလိုနဲ့ ကျွန်မတို့မိသားစု အပြင်သွားရင် (သို့မဟုတ်) ဘေးကရေတင်တဲ့အခန်းသွားရင် အိမ်ပေါက်ဝနဲ့လမ်းခရီးမှာ တားဆီးပြီးအိပ်နေတဲ့ ခွေးတွေကိုမောင်းနှင်ထုတ်ရင်း တစ်နေ့တစ်နေ့ ဖြတ်သန်းနေရပါတယ်။အိမ်နီးနားချင်းက ခွေးတွေမွေးထားတော့လည်း ဒီလိုဒဏ်တွေ နည်းနည်းခံရတာပေါ့။ဒါပေမဲ့ တစ်နေ့ မနက်မှာတော့ ထူးထူးခြားခြား ကျွန်မတို့အိမ်ရှေ့မှာ လာအိပ်တတ်တဲ့ ခွေးတွေမရှိတော့ဘဲ ပြောင်ရှင်းနေတော့တယ်။ခါတိုင်းလို မဟုတ် ထူးခြားတဲ့မြင်ကွင်းကြောင့် ကျွန်မစိတ်ထဲ ထူးခြားတဲ့ခံစားမှု့နဲ့ ဟာတာတာဖြစ်မှု့ကို ခံစားရတယ်။ကျွန်မလည်း နေ့စဉ် ခွေးတွေကို အိမ်ရှေ့မှာမြင်ရ,မောင်းထုတ်နေရတာနဲ့ သူတို့ကို သံဃောဇဉ်ဖြစ်နေတယ်နဲ့ တူပါတယ်။သူတို့မရှိတော့ စိတ်ထဲမှာ အနည်းငယ်ဝမ်းနည်းမှု့နဲ့ ဟာတာတာဖြစ်မှု့ကို ခံစားရတယ်။ဒီလိုနဲ့ အဲ့ဒီ့နေ့မှာ ခွေးတွေမရှိဘဲ ပြောင်ရှင်းနေတဲ့ အိမ်ရှေ့ကို အကြောင်းကိစ္စမရှိဘဲ နှစ်ခါသုံးခါလောက် ထွက်ကြည့်နေမိတယ်။အမှန်ပြောရရင် ခွေးတွေ အိမ်ရှေ့မှာ မရှိတော့တာ သဘောတော့ကျပါတယ်။ဒါပေမဲ့ တစ်ပြိုင်တည်းမှာပဲ လူ့စိတ်ရဲ့တွယ်တာတတ်မှု့ သံဃောဇဉ်တွေအရ သူတို့ကို သတိရနေမိတယ်။

အဲ့ဒီ့နေ့ညနေပိုင်းမှာတော့ အိမ်ဘေးက ခွေးနှစ်ကောင် ပြန်ရောက်လာပါတယ်။နှစ်ကောင်ကတော့ မရှိတော့ဘူး။သူတို့ကို ကျွေးမွေးနေလေ့ရှိတဲ့ အိမ်ဘေးက ပိုင်ရှင်တွေက ခွေးတွေထိန်းရတာဒုက္ခများလို့ စိတ်ညစ်ပြီး နှစ်ကောင်ကိုတော့ အခြားခွေးတွေကျွေးမွေးစောင့်ရှောက်ပေးတဲ့နေရာ တစ်ခုဆီ ပို့လိုက်ပြီလို့ သိရတယ်။ဒီလိုနဲ့ အဲ့ဒီ့ပြန်ခေါ်လာတဲ့ ခွေးနှစ်ကောင်ရယ်,သူတို့အိမ်ထဲမှာ သေချာဂရုစိုက်မွေးထားတဲ့ ခွေးတစ်ကောင်ရယ် စုစုပေါင်းသုံးကောင်ပဲကျန်တော့တယ်။ခွေးတွေနည်းသွားတာနဲ့အတူ ကျွန်မတို့တိုက်ရှေ့မှာ ခွေးတွေလာအိပ်တာလည်း နည်းသွားခဲ့တယ်။ထူးထူးခြားခြား သတိထားမိတာက ကျန်တဲ့ခွေးတွေထဲမှ တစ်ကောင်မှ အပေါ်တစ်ဆင့်တက်ပြီး ကျွန်မတို့အိမ်ပေါ်(အိမ်ပေါက်ဝ) တည့်တည့်မှာ လာမအိပ်ကြဘူး ဆိုတာပဲ။အဲ့ဒီ့တော့ ကျွန်မသိလိုက်ပြီလေ။ကျွန်မတို့ အိမ်ပေါ်တက်ပြီး လာလာအိပ်တတ်တဲ့ ခွေးမကြီး အခြားနေရာအပို့ခံလိုက်ရပြီဆိုတာ။အမြဲတည်ရှိနေတဲ့ တစ်စုံတစ်ရာကို အဲ့ဒီ့တစ်စုံတစ်ရာ မရှိတော့မှ အဲ့ဒီ့အရာရဲ့တန်ဖိုးကို ပိုတန်ဖိုးထားသတိရမိသလိုမျိုး အိမ်ပေါက်ဝမှာ လာလာအိပ်တတ်တဲ့ခွေးမကြီးကိုလည်း ရှိနေစဉ်တုန်းကတော့ ရှုပ်တယ်လို့ ထင်ခဲ့မိပေမဲ့  အခု သူမရှိတော့တဲ့အချိန်မှာတော့ ကျွန်မ သူကို့ သတိရလွမ်းဆွတ်နေမိတယ်လေ။

Photo credit -https://pxhere.com/en/photo/656889

Author-myothuzar,msc-033

Sort:  

ခွေးတို့ကြောင်တို့ကို သနားတတ်ပေမယ့် မခင်တွယ်တတ်ဘူးဗျ

ကျွန်မတော့ အရမ်းကြီးမချစ်ပေမဲ့ နည်းနည်းတော့ခင်တွယ်မိတယ်။

Congratulations @myothuzar! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

သံယောဇဉ်ကတွယ်မိရင် ဖြတ်ရခက်သကိုး

ဟုတ်ပ။

တိရိစ္ဆာန်လေးတွေက သံယောဇဉ် ဖြစ်တာမြန်တယ်

အင်းနော်။ကိုယ်မကျွေးမွေးတောင် မြင်နေရတာကြာလာရင် အလိုလို သံဃောဇဉ်ဖြစ်ရောပဲ။

သံ​ယောဇဉ်​ဆိုတာဒီလိုပါပဲ။

ဟုတ်တယ် အမ။

ရှိတုန်းတန်‌ဘိုးထား ဆိုသလို pro ‌ပေးတုန်း စာ‌ရေးထားလို့ ။

ဟုတ်ကဲ့။တတ်နိုင်သမျှတော့ ကြိုးစားရေးပါ့မယ်။

မသိပါဘူး စည်ပင်ကရှင်းတာလားလို့ပူလိုက်ရတာ

စည်ပင်သာယာက ရှင်းတော့မရှင်းဘူး။ခွေးတွေကို သားကြောဖြတ်ဆေးတွေတော့ လာထိုးသွားတယ်။အဲ့ဒီ့ဆေးထိုးတဲ့ညမှာပဲ ခွေးတွေဟောင်ပြီးသောင်းကျန်းလွန်းတော့ ဘေးအိမ်က စိတ်ညစ်ပြီး အခြားနေရာပို့လိုက်တာ။

ရှိတုးံကရှုပ်မရှိသောသတိရတာလူ့သဘာဝထုးံစံပါ

ဟုတ်တယ် အန်တီ။အမှန်ပါပဲ။

သံယောဇဉ်တွေလို့ပဲပြောရမှာပဲ

ဟုတ်ပါတယ်။

ခွေးလေးတွေရှိတာ အိမ်လုံတယ် ညီမရေ

ဟုတ်တယ် အမ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61233.41
ETH 2934.46
USDT 1.00
SBD 3.56