အမုန်းတရားနှင့်ရန်ငြိုးများ မထားကြပါနှင့်

in #myanmar6 years ago

image

လူတို့သည် လူ့လောကတွင်နေထိုင်ရင်း မိမိနှင့်အမြင်မတူသူများ,မိမိကိုအနိုင်ကျင့်နှိပ်စက်သူများ,မိမိကိုမတရားပြောဆိုဆက်ဆံသူများနှင့် တစ်ခါတစ်ရံတွေ့ဆုံတတ်ကြ၏။ထိုအခါမျိုးတွင် မိမိတို့မှာ မခံချင်စိတ်ဒေါသမာနနှင့် အမုန်းတရားများပေါ်လာကြ၏။အချို့သောသူများမှာ အမုန်းတရားများဖြစ်ပေါ်သော်လည်း ကြာကြာမခံစား။မေ့ပစ်,ခွင်လွှတ်နိုင်ကြ၏။အချို့သောသူများမှာ အမုန်းတရားနှင့်ဒေါသများကို မပယ်ဖျောက်နိုင်။ကြာရှည်ခံစားမုန်းတီးတတ်ကြ၏။ထိုနာကျည်းမုန်းတီးမှုကြောင့် တစ်ပါးသူအား ကာယကံ,ဝဇီကံ,မနောကံတစ်ပါးပါးဖြင့် ပြန်လည်တုံ့ပြန်ရန် တွေးတောကြံစည်ခြင်း,ပြောဆိုပြုမူခြင်းများ ပြုတတ်ကြ၏။ထိုသို့တစ်ပါးသူအား အငြိုးထားကာ ကာယကံ,ဝဇီကံ,မနောကံ တစ်ပါးပါးဖြင့် ပြုမူပြောဆိုခြင်းသည် ကောင်းသောအလုပ်,လုပ်သင့်သောလုက်ရပ် မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် ထိုပြုမူပြောဆိုမှု၏အကျိုးဆက်ကို နောက်ဆုံး၌ မိမိသာလျှင် ခံစားရမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ဥပမာ အနေဖြင့် ပဋာစာရီဖြစ်စဉ်ကို ကြည့်လျှင် ပဋာစာရီသည် ပဋာစာရီဘဝတွင် မိဘနှစ်ပါးနှင့်မောင်သည် အိမ်ပြို၍သေ,လင်က မြွေကိုက်၍သေ,သားတစ်ယောက်က စွန်ချီ၍သေကာ ကျန်သားတစ်ယောက်က ရေနစ်၍သေဆုံးခဲ့ရသည်။ပဋာစာရီဘဝတွင် မိသားစု ၆ဦးစလုံး တစ်ပြိုင်တည်း သေဆုံးခဲ့ရသည်မှာ အတိတ်ဘဝတစ်ခုတွင် ပဋာစာရီက မိမိမိသားစုကို ဓားမြတိုက်ခဲ့သောသူများအား မိမိမျက်စိရှေ့တွင်ပင် အသေဆိုးနှင့်သေသည်ကို မြင်ရပါစေဟု ဆုတောင်းမိ၍ဖြစ်သည်။နာကျည်းမှုအမုန်းတရားရန်ငြိုးကြောင့် တောင်းခဲ့သောဆုသည် ယခုပဋာစာရီဘဝတွင် အလွန်ဝမ်းနည်းဖွယ်ရာဖြစ်စဉ်နှင့်ခံစားမှုကို ဖြစ်ပေါ်စေခဲ့၏။နောက်ဆုံးထိုခံစားမှုဝေဒနာကြောင့် အရူးမဘဝပင် ရောက်ခဲ့ရသည်။ဘုရားရှင်နဲ့တွေ့မှသာ အကျွတ်တရားရခဲ့ခြင်းဖြစ်သည်။

ဆန္ဒန်ဆင်မင်းဇာတ်တွင်လည်း စူဠသုဘဒ္ဒါသည် ဆန္ဒန်ဆင်မင်း၏အင်ကြင်းပင်ကိုဝှေ့ယှမ်းမှုကြောင့် မိမိကိုယ်ပေါ် ခါချဉ်ကောင်တွေ ကျရခြင်းကိုအငြိုးထားကာ နောင်ဘဝတွင် မိဖုရားဖြစ်၍ ဆန္ဒန်ဆင်မင်း၏အစွယ်ကို ရယူနိုင်ပါရန် ဆုတောင်းခဲ့သည်။မိဖုရားဘဝတွင် သောနုတ္တရမုဆိုးအား ခိုင်းစေကာ ဆန္ဒန်ဆင်မင်းအစွယ်ကို ရရှိခဲ့ပါသော်လည်း ဆင်စွယ်ကိုမြင်သောအခါ မပျော်ရွှင်နိုင်ဘဲ အတိတ်ဘဝကိုသတိရလျက် နောင်တရကာ စိတ်နှလုံးကြေကွဲဝမ်းနည်းမှုကြီးစွာဖြစ်ပြီး သေဆုံးခဲ့ရသည်။အမုန်းတရား ရန်ငြိုးထားကာ လက်စားချေခွင့်ရရှိခဲ့သော်လည်း လက်စားချေခြင်း၏နောက်ဆုံးအကျိုးဆက်မှာ မိမိသာပြန်လည်ခံစားရခြင်း ဖြစ်ခဲ့ရလေသည်။

ထိုဥပမာများကိုကြည့်ရှုခြင်းဖြင့် တစ်ဖက်သားပြန်လည်ခံစားရပါစေဟု နာကျည်းမုန်းတီးမှုဖြင့် ပြုမူပြောဆိုလုပ်ကိုင်ခြင်းသည် နောက်ဆုံး၌မိမိကိုယ်ကိုသာ ပြန်လည် ခံစားစေမည့် ဒုက္ခပေးမည့် အပြုအမူများပင်ဖြစ်သည်။ထို့ပြင် အမုန်းတရားများ မိမိရင်ထဲမှာ ကြာရှည်စွာ ထားခြင်းသည် မိမိအား ပူလောင်ခံစားရမှုများ ဖြစ်စေသည်။အကုသိုလ်စိတ်များလည်း ဖြစ်စေပေသည်။မိမိတွင် အမုန်းတရားတွေ အချိန်ကြာရှည် ရင်ထဲထားနေသရွေ့ ပူလောင်ခံစားရမှုတွေ မိမိရင်ထဲကြာရှည်ခံစားရဦးမည်။သူတစ်ပါးကိုမုန်းတီးမှုကြောင့် မိမိကိုယ်တိုင်ပင်လျှင် ငြိမ်းချမ်းမှု ပျောက်ကင်းရ၏။ထို့ကြောင့် တတ်နိုင်သမျှ အမုန်းတရားများ မထားသည်က အကောင်းဆုံးဖြစ်၏။မေ့ပျောက်နိုင်,ခွင့်လွှတ်နိုင်,သည်းခံနိုင်ဖို့ အရေးကြီး၏။"ပြုသူအသစ်,ဖြစ်သူအဟောင်း" ဟူသောဆိုရိုးစကားရှိ၏။ထို့ကြောင့် မိမိယခုဘဝတွင်သူတစ်ပါး၏မတရားပြုမှုမှု့ကို ခံရခြင်းသည် မိမိ၏အတိတ်ဘဝဝဋ်ကြွေးကြောင့်သာ ခံရခြင်းဖြစ်၍ သူတစ်ပါးအား မမုန်းတီးအပ်ပေ။ထို့ပြင် မိမိအား မတရားပြုသူ သူတစ်ပါးမှာလည်း မကောင်းမှုကံ ပြုမိသွားပြီဖြစ်ပြီး နောင်အနာဂတ်သံသရာဘဝတွင် သူလုပ်သောကံ၏အကျိုးတိုင်းပြန်လည် ခံစားရတော့မှာ ဖြစ်၍ မိမိကအထူးတလည် အကုသိုလ်ကံလုပ်ပြီး လက်တုံ့ပြန်နေစရာမလိုအပ်ပေ။ကံ,ကံ၏အကျိုးကိုသာ ယုံကြည်၍ ကံ,ကံ၏သဘောတရားအတိုင်းသာ ထားသင့်ပေသည်။

အမုန်းတရားရန်ငြိုးများကြောင့် မိမိတုံ့ပြန်ပြုမှုလိုက်သော ကာယကံ,ဝဇီကံ,မနောကံများသည် တစ်ချိန်တွင် မိမိထံကိုသာ ပြန်လာပြီး မိမိသာလျှင် ခံစားရမှာဖြစ်သောကြောင့် အမုန်းရန်ငြိုးများ မထားကြပါနှင့်။အမုန်းတရားများ ထားနေသရွေ့ ငြိမ်းချမ်းမှုလည်း အမြဲတမ်းပျောက်ဆုံးနေမှာ ဖြစ်သော ကြောင့် အမုန်းတရားနှင့် ရန်ငြိုးများမထားကြပါနှင့်ဟု တိုက်တွန်းနှိုးဆော်ရင်း ဒီစာလေးကို အဆုံးသတ်လိုက်ချင်ပါသည်။

Reference- ပဋာစာရီဇာတ်လမ်း,ဆန္ဒန်ဆင်မင်းဇာတ်

Photo credit-google image

Author-myothuzar,MSC-033

Sort:  

ချစ်ချစ်ခင်နေနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ

မှန်ပါတယ်။

You got a 7.27% upvote from @thebot courtesy of @myintlwinsoe!
Please delegate us Steem Power & get 97% daily rewards share!
20 SP, 50, 75, 100, 150, 200, 300, 500, 1000 or Fill in any amount of SP.
Click For details | Discord server

အမုန်းတွေက ပူလောင်လွန်းပါတယ် မမျိုးရေ

ဟုတ်တယ် မဇင်ရေ။

အမုန်းတရားမရှိတာအ​ကောင်းဆုံးပါပဲရှင်​။

ဟုတ်ပါတယ်။

ြုသူအသစ်ဖြစ်သူအဟောင်းပါ ကိုယ်ခံလိုက်ရတဲ့ အချိန်တိုင်း အဲ့လိုပဲတွေးတယ်

ကျွန်မလည်း အဲ့လိုပဲတွေးပြီး အမုန်းတရားဖျောက်လိုက်တယ်။

လူတိုင်းအမုန်းတရားမရှိရင်တော့အကောင်းဆုံးပါပဲ

မှန်ပါတယ်။

အမုန်းတရားရန်​ငြိုး​​တွေမထားတာအ​ကောင်းဆုံးပဲ

ဟုတ်ပါတယ်။

အမုန်းတရားတို့အမုန်းစကားတို့ဆိုတာ၊ကိုယ့်ပတ်ဝန်းကျင်
သာမက၊နိုင်ငံအလိုက်ပျက်စီးရုံမက၊ကမ္ဘာအထိဖျက်ဆီးနိုင်
တဲ့စွမ်းအားကြီးတယ်။သိတဲ့သူက..ဦးဆောင်ဆင်ခြင်ခြင်းဖြင့်..အေးချမ်တည်ငြိမ်စေခြင်းက..အကောင်းဆုံးပါဘဲ။

ဟုတ်ပါတယ် အန်တီ။

ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်တရားသိပြီဆိုမဆိုးဘူးနော

ဟီး။ဟုတ်ကဲ့။

ဟုတ်ပါတယ်ဗျာ..အမုန်းတွေရပ်ကြစို့

အမုန်းတရားရှိရင်ကိုယ်ကအရင်ပူလောင်ပါတယ်လေ

မှန်ပါတယ်။

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.030
BTC 67701.44
ETH 3730.48
USDT 1.00
SBD 3.69