စွမ်းရည်များကို လေ့လာကြည့်ခြင်း Learning about the Ability

in #myanmar7 years ago (edited)

စွမ်းရည်များ ကို လေ့လာခြင်း
Learning about the Ability 9552104-3D-Skill-Ability-Crossword-on-white-background-Stock-Photo-ability.jpg image source from google

Human begin must own the differences ability in each person. And, there have a great skill-persons are here. Sometime, the person who have a great ability and skill that are we didn’t see. If so, where the ability start come from? Who are start knew about that? However, everyone has the own ability that is a not confusion.
IF so, we were start learning about the Human ability and skill. Now, the world has Noble prize person. What ability are they received? What ability did they show? Why are they owning or received that ability or skill? If we talk about it there has many question will be out. So, we were discussing about the above question.
At my point of view, these persons who are received Noble prize they can provided their life for the everyone not for one person or one group. Some of the Noble prize person are not only give up but also they owning the other skill and very smart. You can see their kindness to the other persons. You can learn their great intellenget, their responsibilities/respectfully and so on. Some of the skill are not appear with born. That was appeared the experiences based on their living surrounded communities. Kindness, Empathy, Suffering, Leading and Responsible were occurred their living style and environment.
Yes. Right. So, what is the ability with born? That is difficult to say with seen. Because of we or anyone didn’t know what is the skill by themselves. So, we can discuss about the other person’s abilities with references of sharing experiences. Example: the person can learn the everything with one seen. And, the person used his voice who can make the difference voices, etc. So, there have many persons with their own abilities. Thus, we are the own difference abilities in each. However, we are not included the achievement person who are using their own abilities that the reason is we are weak to promote and raise our abilities. So, we try the best.
Myo Zin ( Mandalay )

လူသားများသည် တစ်ဦးနှင့်တစ်ဦး မတူညီ၊ ကွဲပြားခြားနားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ ထို့အတူပဲ စွမ်းဆောင်ရည်မြင့် မဟာလူသားများလည်း ရှိကြပေးသေးသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ မမြင်နိုင်သော၊ မမြင်ခဲ့ဘူးသော စွမ်းရည်များ ရရှိထားသူများလည်း ရှိကြပေသည်။ ၎င်း စွမ်းရည်များသည် အဘယ်သို့ စတင်ဖြစ်ပေါ်လာခဲ့သနည်း၊ မည်သူတို့က စတင်သိရှိ ဖော်ဆောင်ခဲ့ကြသနည်း။ မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးတိုင်း တစ်ယောက်တိုင်းတွင် ပင်ကိုယ်စွမ်းရည်များ ရှိနေကြသည်မှာလည်း ဧကန်မလွဲပင် ဖြစ်ပါသည်။
ဤသို့ဆိုလျှင် ကျွန်ုပ်တို့ လူသားတို့၏ စွမ်းရည်၊ လုပ်ဆောင်နိုင်စွမ်းကို လေ့လာကြည့်ကြရအောင်။ ယခု ကမ္ဘာတွင် နိုဘယ်ဆုရရှိထားသူများသည် အဘယ်သို့သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသနည်း။ သူတို့သည် အဘယ်သို့သော စွမ်းဆောင်ရည်များကို ပြသပေးခဲ့ကြသနည်း။ ဘာကြောင့်သူတို့ အဲ့ဒီ စွမ်းရည်၊ စွမ်းဆောင်မှုများကို ရရှိ ပိုင်ဆိုင်ထားကြသနည်း။ ထပ်ပြောမယ်ဆိုလျှင်တော့ မေးမြန်းစရာတွေ အများကြီးပေါ့။ သို့ပေမယ့်လည်း အထက်က မေးခွန်းထုတ်ခဲ့တာလေးတွေကို ပြန်လည်ကောက်နုတ် ဆွေးနွေးကြည့် ကြရအောင်ပါ။
ကျွန်တော့်အမြင်ကတော့ နိုဘယ်ဆုကို လက်ခံရရှိသူများသည် အများအတွက် / တစ်ဦးတစ်ယောက် အတွက်မဟုတ် ပေးဆပ်ထားနိုင်သောသူများဟု မြင်မိပါသည်။ ဒါ့အပြင် ပေးဆပ်နိုင်မှုအပြင် အချို့သောသူများ တွင် အခြားစွမ်းရည်များကိုလည် နိုဘယ်ဆုလက်ခံရရှိသူခြင်းအတူတူ ပိုမိုထက်မြတ်ကြပါသေးသည်။ စွန့်လွှတ် အနစ်နာခံခြင်းမျိုးကိုလည်း တွေ့မြင်ကြရပေမည်။ ဥာဏ်ပညာကြီးမြတ်သူများ၊ တာဝန်ယူ/တာဝန်ခံပေးသူများ၊ စသည် စသည်ဖြင့် လေ့လာတွေ့ရှိရနိုင်ပေမည်။ အချို့စွမ်းရည်များသည် မွေးလာကတည်းက ပါလာခဲ့ကြသည် များ မဟုတ်ပေ။ ကျွန်ုပ်တို့ ရှင်သန်ရာ ပတ်ဝန်းကျင်၊ နေထိုင်ရာ နေရာများ၊ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံ များပေါ်တွင် အခြေခံပြီး ဖြစ်လာကြပေသည်။ စာနာမှု၊ သနားညှာတာမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ဦးဆောင်ပေးမူ ၊ ပေးဆပ်မှုတွေ ဟာ ၎င်းတို့ရှင်သန်ကြီးပြင်းရာ၊ နေထိုင်ရာတွေအပေါ်မှာ မူတည်ပြီး ထွက်ပေါ်လာကြသည်လို့ မြင်မိပါသည်။
ဟုတ်ပါပြီ၊ ဒါဆိုလျှင် မွေးရာပါ စွမ်းရည်တွေက အဘယ်ဟာတွေနည်း။ ဒီ မွေးရာပါစွမ်းရည်ဆိုတာ အမြင်နဲ့ ပြော ရတာ ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ကိုယ်တိုင် မိမိရဲ့စွမ်းရည်ကို မသိရှိကြပါဘူး။ ဒါကြောင့် အခြားသူတစ်ဦး၏ မွေးရာပါစွမ်းရည်ကို ပြောဆိုရမှာ အခြားသူများ၏ အကိုးအကားများနှင့်သာ ပြောပြနိုင်ပါ သည်။ ဥပမာ - လူတစ်ဦးဟာ သူရဲ့အမြင်စွမ်းရည်ဖြင့် အခြားအရာတွေကို တက်မြောက်နိုင်ခြင်း၊ အသံကို အမျိုးမျိုး ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ စသည်ဖြင့် ပင်ကိုယ်စွမ်းရည်ပိုင်ဆိုင်သူများလည်း ရှိကြပေသည်။
ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် စွမ်းရည်များကို ကွဲပြားခြားနားစွာ ပိုင်ဆိုင်ထားကြသူများဖြစ်ပေသည်။ သို့ပေသည့် ၎င်းစွမ်းရည်များကို အသုံးချလုပ်ဆောင်နိုင်ပြီး အောင်မြင်သွားကြသူများထဲတွင် မပါဝင်နိုင်သေး သည်မှာလည်း ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်မှု အားနည်းနေခြင်းသည်လည်း အကြောင်း အရင်းတစ်ခုဖြစ်ပေသည်။ ဒါ့ကြောင့် ကျွန်ုပ်တို့ ကြိုးစားကြပါစို့လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။

မျိုးဇင် (မန်း)

Sort:  

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Congratulations @myothantz! You received a personal award!

DrugWars Early Access
Thank you for taking part in the early access of Drugwars.

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66436.09
ETH 3439.46
USDT 1.00
SBD 2.65