Trading Knowladge 3

in #myanmar6 years ago (edited)

Trade လို့ရတဲ့နေရာတွေ အများကြီး ရှိပါတယ်။FBS,BINARY,COINs market……ဘယ်မှာပဲ Trade ပါစေ ရေးကြီးတဲ့ အချက်တွေရှိပါတယ်။အာတွေကဘာတွေလဲဆိုတော့
၁။Technical Analysis
၂။Fundamental Analysis
၃။Sentiment Analysis တို့ပဲဖြစ်ပါတယ်။

၁။Technical Analysis(TA)
Techanical Analysis ဆိုတာက ဈေးကွက်ရဲ့ ပုံစံကိုကြည့်။ပြီးရင် ဈေးကွက်ရဲ့အရင်ကဖြစ်ခဲ့တဲ့ history ကြည့်တယ်။ပြီးတော့ Support and Resistance lineတွေဆွဲ Indecator တွေကြည့်ပြီး ဘယ်ဈေးတော့ ရောက်နိုင်တယ်။ဘယ်လောက်တော့ ကျနိုင်တယ်ဆိုပြီး ခန့်မှန်းတာပါ။

၂။Fundamental Analysis(FA)
Fundamental Analysis ဆိုတာ ပတ်ဝန်းကျင်အခြေနေ သို့မဟုတ် နိုင်ငံရေးအခြေနေ လို့ပြောနိုင်ပါတယ်။ဥပမာ နိုင်ငံတစ်ခုရဲ့ ငွေကြေးဆိုပါတော့ ။အဲ့နိုင်ငံက အလုပ်လက်မဲ့နည်းမယ် စီးပွားရေးညွှန်းကိန်းတွေလည်း တက်လာတယ်။နိုင်ငံရေးလည်းတည်ငြိမ်နေတယ်ဆိုရင် သေခြာတယ် အဲ့နိုင်ငံရဲ့ ငွေကြေးတက်လာပါတော့မယ်။

၃။Sentimentry Analysis(SA)
Sentimentry analysis ဆိုတာက trader ကြီးတွေရဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။trader တွေ အားလုံးဟာ chat (TA)တွေကို ကျွန်တော်တို့လိုပဲ တချိန်တည်းကြည့်နေပြီး-FA ကိုလည်းနားစွင့်နေပါတယ်။TA နဲ့ FA ပေါင်းပြီးရင်တော့ စtrade ပါတော့မယ်။အဲ့အချိန်မှာ လက်ရှိဈေးကွက်မှာ traderဘယ်လောက်%ကတော့ ဝယ်မယ် ဘယ်လောက်% ကတော့ ရောင်းမယ်လို့ ယူဆရတာပါ။Market ဆိုတာ ဝယ်သူများရင်ဈေးတက်ပြီး ရောင်းသူများရင်ဈေးကျတာ သဘာဝပါ။အဲ့လို အတက်ကျဖြစ်အောင် trader တွေရဲ့ အရောင်းအဝယ်တွေက ဖြစ်တည်နေတာပါ။အာ့ကြောင့် trader တွေဘာလုပ်နေလဲ ဆိုတာ သတိထားရပါမယ်ဗျာ။

နောက်တစ်ခု သတိထားရမှာက trade ဆိုတာ ဖဲရိုက်တာလို ကံကို မူတည်ပြီး အရောင်းဝယ် လုပ်ရမယ့်နေရာ မဟုတ်ပါဘူး။သေခြာစမ်းစစ်ပြီးမှ sniper သမားလို ထိထိမိမိ ပြစ်ရမယ့်နေရာပါ။

ငွေရလွယ်တဲ့ အလုပ်မဟုတ်ပါဘူးဆိုတာ သတိပေးလိုက်ပါတယ်ဗျာ။

trading knowladge(2)https://steemit.com/myanmar/@myintlwinsoe/trading-knowladge-2

Trader တိုင်းအမြတ်ရကြပါစေ။

သင်ဆရာ မြင်ဆရာ ကြားဆရာများကို ဂါရဝပြုလျှက် @myintlwinsoe

Sort:  

အား​ပေးခဲ့တယ်​​နော်​ bro
Good luck

ကျေးဇူးပါဗျ

သင်ပေးအုံးလေ အစ်ကို

အကို့ရေးမယ့်ဟာတွေ လိုက်ဖတ်ပါ အကုန်ရေးပေးပါမည်။အကိုရေးပေးမယ့်ဟာတွေက အပြင်မှာဆို အနည်းဆုံ3း0$ ပါ။

အသိပညာ​တွေထပ်​တိုးဖို့ ​ရေး​ပေးပါဦး
အား​ပေး​နေမယ်​bro

ဟုတ်ကဲ့

အဲဒီအပိုင်းတော့မလှည့်အားလို့ အကောင့်တွေသေပြီလားပဲ။

ဟုတ်ဆရာ trade တာက အေးအေးဆေးဆေး အချိန်ယူ လုပ်မှ အဆင်ပြေပါတယ်ဗျ

အား​ပေးခဲ့တယ်​​နော်

ကျေးဇူးပါဗျ

ဂွတ်​ပါ့အကို​ရေ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 65407.18
ETH 3576.28
USDT 1.00
SBD 2.48