Trading Knowladge(2)

in #myanmar9 years ago (edited)

Trade တဲ့နေရာမှာ အရေးကြီးဆုံးက စိတ်ဗျ။စိတ်ကြည်လင်နေတဲ့ အချိန်မှာပဲ အရောင်းဝယ်လုပ်သင့်တယ် ။မဟုတ်ရင် ဆုံးဖြတ်ချက်မှားတာတွေ မကြာခဏ ကြုံရပြီး ခင်ဗျ ဒေါသထွက်လာမယ် ပြီးရင် လောင်းကစားဆန်ဆန် ဇ တင်ပြီး လိုက်လိမ့်မယ့် သေခြာပြီ ခဗျ ကုန်တော့မယ်။

Trade တဲ့နေရာမှာ စိတ်ရှည်ဖို့လည်း လိုသေးတယ်ဗျ။စိတ်မရှည်တဲ့ သူတွေက ကုန်ဖို့100% ပါပဲဗျာ။ဘယ်လို စိတ်ရှည်ရမလဲဆိုရင် candle တွေ pattern တွေ လာထိတဲ့ အထိကို စိတ်ရှည်ရမယ်။
ပြီးတော့ စတင်းဂန်လို ပတ်ပြီး အတွဲလိုပြစ်တာဟာ ကျည်ကုန်တယ် မသေချာဘူး။စနိုက်ပါသမားလို ပြစ်မှတ်ကို သေချာချောင်းပြီး တစ်ချက်ကောင်းပြစ်သင့်ပါတယ်ဗျာ။

နောက်တစ်ခုက ကိုယ်မှာ 100$ ရှိလို့ 100$ လုံး တစ်ခါတည်း tradeတာဟာ အန္တရာယ် များလွန်းပါတယ်။ကျွန်တော်တို့က candle တွေ pattern တွေ လာထိလို့ trade မယ်ဆိုရင် တောင် မိမိရှိငွေရဲ့ 10% ပဲ tradeသင့်ပါတယ်။ခြေချော် လက်ချော် ဖြစ်ရင်တောင် ကိုယ့်ပိုက်ဆံကျန်နေသေးလို့ ပြန်ကြိုးစားခွင့် ရှိပါသေးတယ်။ Trade ဆိုတာနေ့တိုင်း tradeလို့ရနေပါတယ် မလောပါနဲ့ အချိန်တွေရှိပါသေးတယ်။ဖြေးဖြေးမှန်မှန်ပေါ့။

ပြီးတော့ tradeလုပ်တဲ့နေရာမှာ လေ့လာမှုလည်း အရမ်းအရေးကြီးပါတယ် မိမိလက်လှမ်းမှီသလောက် အမြဲမပျက် လေ့လာနေရပါမယ်။ပွဲမဝင်ခင် အပြင်က ကျင့်ပ ဆိုသလို Demon account နဲ့ 95% နိုင်အောင် trade နိုင်မှ Real trade သင့်ပါတယ်။Demon နဲ့ trade တဲ့နေရာမှာ ammount အများကြီး မtrade စေလို့ပါ ဘာလို့လဲ ဆိုရင် ငွေကို ထိန်းချုပ်တက်စေချင်လို့ပါ။

Demon မှာ trade တည်းက Long time tradeသင့်ပါတယ်။ မိမိ မှန်းထားတဲ့ target မထိမချင်း မပိတ်ပါနဲ့။ရှုံးသွာရင်တောင် ထားလိုက်ပါ။Demon မှာ အရှုံးတွေ့ရင် ဘာကြောင့်လဲ ကို analysis လုပ်တာ ဘာမှားနေလဲ ပြန်သုံးသပ်ပါ။တစ်ခါရှုံးပြီးရင် နားလိုက်ပါ ဆက်မtradeပါနဲ့အုံး ။စိတ်တွေ ပြန်ငြိမ်သက်တဲ့အချိန်ထိပေါ့ ။စိတ်ပြန်ငြိမ်ပြီဆိုမှ ပြန်tradeပါဗျာ

Traderတိုင်း အမြတ်ရပါစေဗျာ။
@myintlwinsoeIMG_20170715_123615.jpg
MSC-224
@myintlwinsoe

Sort:  

ဆက်​တင်​​ပေးပါ စိတ်​ဝင်​စားတယ်

တင်ပေးပါ့မယ်။vote နည်းလို့ နဲနဲ စိတ်ပျက်နေတာ ဟားးးး

ကောင်းတယ်​အကို​ရေ
အား​ပေး​နေပါတယ်

ရေးအုံးမှာ

အားပေးခဲ့ပါတယ်။

ကျေးဇူးပါဆရာ

သငိပေးမလား

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 64166.64
ETH 1812.82
USDT 1.00
SBD 0.38