သို့…ဖေဖေ အပိုင်း(၆)
သို့…ဖေဖေ အပိုင်း(၆)
ယ္ခုရက်ပိုင်းတွင် နေပူရှိန်ပြင်းလွန်းလှသည်။အရိပ်ထဲတွင် ရှိနေတာတောင်မှ ချွေးဒီးဒီးကျအောင် ပူလှသည်။နေပူထဲတွင် လုပ်နေရသူများအား လွန်စွာ ကိုယ်ချင်းစာမိသည်။အလုပ်ဟူသည်ကလည်း လုပ်နေကြမှာသာ လုပ်နိုင်သည်။အခုချိန် ကျွန်တော့်အား နေပူထဲတွင် အလုပ် လုပ်ခိုင်လျှင်(၂)လခန့် ပြန်ကျင့်မှသာ နေသားကျပြီး အများသူငါနှင့် တန်းတူ လုပ်လာနိုင်မည်ထင်ပါသည်။
သို့သော် ကျွန်တော် ဆယ်တန်းအောင်ပြီး ခါစက နေစဉ်ရက်ဆက် အညာနေပူပူ ထဲတွင် တစ်နေကုန် အလုပ်လုပ်ခဲ့ရသည်။ထိုစဉ်က ကျွန်တော်လို ဆယ်တန်းကျောင်းသားအား တောအလုပ် လုပ်ခိုင်းသော ဖခင်ကြီးအား လွန်စွာ စိတ်ဆိုးမိသည်။အမေသည်လဲ မျက်နှာမလှ။သို့သော် အဖေကတော့ ကျွန်တော့အား တောအလုပ်ကို လုပ်စေခဲ့သည်။
ကျွန်တော်လုပ်ခဲ့ရသော တောအလုပ်မှာ စိုက်ခင်းများတွင်များတွင် စိုက်ထားသောအပင်များအား ပေါက်တူးဖြင့် မြေတောင်မြှောက်ပေးရခြင်း ၊ အပင်နားတွင် ပေါက်နေသော မြက်ပင် ပေါင်းပင်များကို ရှင်းလင်းပေးရခြင်း၊ရိတ်သိမ်းရမည့် အပင်များအား ခုတ်ပေးရခြင်း ကြံပင်များကို ခုတ်ပေးရခြင်း စသော တောအလုပ်မျိုးစုံကို လုပ်ရလေသည်။
ထိုသို့လုပ်ရာတွင်လည်း တောနီးလျှင် ပိုအိပ်ခွင့်ရသကဲ့သို့ ညနေအိမ်ပြန်လည်း စောရလေသည်။တောဝေသော အကွက်အား သွား၍လုပ်ရလျှင် နံနက်(၃)နာရီခန့်မှ ထသွားရသည်။လှည်းဝန်ရိုးသံ တကျီကျီမှာ အိပ်ရေးမဝသော ကျွန်တော့်အတွက် လွန်စွာ ငိုက်၍ကောင်းလှသည်။ငိုက်ကောင်းနေစဉ် လှည်းက ချိုင့်ထဲကျလျှင် နိုးရပြန်သည်။
ဤသို့ဖြင့် လုပ်ရမည့်အကွက် ရောက်သောအခါတွင် အိမ်မှထုပ်လာသော ထမင်းကို ဦးစွာစားသည်။ပြီးမှ အလုပ် လုပ်ကြသည်။နံနက်(၉)နာရီအချိန် ခန့်လောက်တွင်(၁၅)မိနစ်ခန့် ခဏနားခွင့်ရလေသည်။နေ တဖြေးဖြေးပူလာ သည်နှင့်အမျှ လက်များသည်လည်း နှေးလာကြသည်။
နေ၏ အပူဒဏ်ကို ခုခံနိုင်ရန် ဖျဉ်ကြမ်းအကီ င်္ျကိုဝတ် သနပ်ခါးကို ထူထူလိမ်းထားသော်လဲ အပူဒဏ်က မစားသာလှ။နေ့လယ် တစ်နာရီထိုးတွင် နေ့လယ်စာ ထမင်းစား တစ်နာရီ နားခွင့်ရသည်။ထိုအချိန်တွင် ထမင်းကို တက်သုတ်ရိုက်စားပြီး အမိအရ အိပ်ကြသည်။ကြံခင်း ခုတ်ရသောနေ့များဆိုလျှင် ပိုဆိုးသည်။နေကပူ ကြံမွှေးကယားနှင့် အိပ်လို့ကလည်းမရ။တောသူတောင်သားဘဝ ပင်ပန်းလေစွ။
credit image source
နေ့ခင်း နားပြီး၍ အလုပ်စလုပ်လျှင် ကက်ဆက်ပါသူက အသံသွင်း ဇာတ်လမ်းများ ကိုဖွင့်ပေးသည်။အလုပ် လုပ်နေသူများသည် ဇာတ်လမ်းနားထောင်ရင်း အလုပ်နေသဖြင့် အပူဒဏ်က သကသာသယောင်။ညနေ(၄)နာရီခွဲတွင် အလုပ်သိမ်းပြီး ပြန်ကြရသည်။ဤသည်မှာ ကျွန်တော် တောအလုပ် လုပ်ခဲ့ရသော ဘဝတစ်ကွေ့ ဖြစ်တော့သည်။
ထိုစဉ်က ဆယ်တန်းဖြေပြီးစ ဘဝအတွေ့ကြုံ နုနယ်နေချိန်တွင် လောကဓံ အကြမ်းဖြင့် တွေ့ပေးပြီး သင်ခန်းစာယူစေခဲ့သော အဖေ့၏စေတနာသည် ယ္ခုအခါတွင် ကျွန်တော်အဖို့ ဒေါင်ကျကျပြားကျကျ ရောက်ရာဘဝလောကဓံကို ကြံကြံခံနိုင်နေပြီ ဖြစ်ပါတော့သည်။ကျေးဇူးတင်ပါတယ်ဖေဖေ။
MSC-224
@myintlwinsoe
ကျွန်မလည်းငယ်ငယ်ကကျောင်းအားရက်ဆိုအလုပ်တွေကူလုပ်ခဲ့ရတယ်။အဲဒီအတွေ့အကြုံတွေကအရွယ်ရောက်လာတော့တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။
ဟုတ်တယ်မအိ ငယ်ငယ်က အတွေ့ကြုံတွေက ကြီးလာတဲ့အခါ အရမ်းအသုံးဝင်ပါတယ်ဗျာ
ကိုမြင့်အဖေက တောအလုပ်တွေကို ရည်ရွယ်ချက်နဲ့ လုပ်ခိုင်းခဲ့တာ ခုမှသဘောပေါက်တယ်မို့လား။
ဟုတ်ပေါ့ ကိုထွေးရေ။အဲ့အချိန်ကတော့ ငယ်သေးတော့ ပင်ပန်းတာပဲ သိခဲ့တာပဲဗျာ။အခုမှ စေတနာတွေ သဘောပေါက်မိတယ်ဗျာ။
ငယ်ငယ်က လုပ်ခဲ့လို့ ညီရဲ့ ခန္ဓာကိုယ် ထွားတာပေါ့။ဖခင်ရဲ့ မေတ္တာစေတနာတွေပါ။
ဟုတ်ပါတယ် အဖေ့ရဲ့ကျေးဇူးတွေပေါ့ဗျာ။
ဟုတ်ပါတယ်ဗျာ အခုကျွန်တော်အလုပ်က နေပူထဲမှာ လုပ်နေရတာ
ဆိုတော့ အကိုရေ သဘောပေါက်ပါတယ်ဗျာ
နေပူထဲမှာဆိုတော့ တော်တော်ပင်ပန်းမှာပဲ ကိုယ်ချင်းစာပါတယ်ဗျာ
ရှေ့ရေးမြင်လို့ကြိုတင်သင်ပေးထားတာဖြစ်မယ် ကိုမြင့်အဖေက
လောကဓံကို အံတုနိုင်အောင်ကြိုတင်လေ့ကျင့်ပေးခဲ့တာပေါ့ဗျာ
မယ်ကြည် အိမ်က ဘာမမခိုင်းဘူးဗျာ အာ့ ခုထိ ဘာမ ဟုတ်တိပတ်တိမလုပ်တတ်ပု မိဘမေတ္တာပါပဲ😊
မကြည် မိဘတွေက အနုနည်းနဲ့ချစ်တာပေါ့။ ကျွန်တော့်ဖေဖေကတော့ အကြမ်းနည်းနဲ့ ချစ်တာပေါ့ဗျာ။
ဘဝအတွေ့အကြုံတွေပေါ့ဟာ
ဒါပေါ့ကွယ်
@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.
https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam
အောက်တက်ခြေခဲ့တဲ့သူတစ်ယောက်ဟာ ဘယ်တော့မှ ကိုယ့်ဘ၀ကို မမေ့ဘူးတဲ့ဗျ လေးစားပါတယ်ဗျာ
ဟုတ်ကဲ့ ကျေးဇူးပါဗျာ
ကျနော်လည်း တောသားပဲ ကိုမြင့်ရေ
ဒါပေမယ့် သိပ်ပြီးအလုပ်ကြမ်းမလုပ်ခဲ့ရတော့ ခန္ဓာကိုယ်က ပိန်ပိန်ပဲဗျာ😁
အလုပ်လုပ်ချိန်နဲ့နားချိန်ကိုခွဲခြားပြီးအမိအရအိပ်တာကောင်းတယ်
အနားယူချိန်အခြားအလုပ်လုပ်နေမိရင် ခရီးကပိုပေါက်မယ်ထင်ရပေမယ့် တကယ့်လက်တွေ့မှာက အချိန်နဲ့အမျှ ပုံမှန်လေးသွားနေတဲ့အလုပ်ကလည်း တိုးတက်မှုမြန်တာပဲ။
အလုပ်နားချိန် အိပ်လိုက်ရတဲ့ခဏတာက အင်အားတွေအတော်ကိုပြည့်စေတာဗျ
ခဏလေးဆိုပေမယ့် အိပ်ပျော်သွားရင်ဘာမှကိုမသိလောက်အောင်တစ်ချီတမောင်းပဲဗျိုး😁😁😁
ဟုတ်တယ်ကိုမိုးရေ။အလုပ်နားချိန်လေး အမိရအိပ်လိုက်ရတဲ့ အကျိုးကတော့ တကယ့်ရှယ်ပဲဗျာ။