@လူသားတစ်​​ယောက်​ဖြစ်​ခွင့်​​ပေးပါ

in #myanmar7 years ago (edited)

အပိုင်း - ၁ / ၂ မဖတ်​ရ​သေးသူများဖတ်​ချင်​စိတ်​များရှိရင်

အပိုင်း - ၁ https://steemit.com/myanmar/@myanmarkoko/luthats-eyak-yapas-khyng-yap-pa

အပိုင်း - ၂ https://steemit.com/myanmar/@myanmarkoko/luthats-eyak-yapas-khyng-eppa
baby-02.jpg

အပိုင်း - ၃ လူသားတစ်ယောက်ဖြစ်ခွင့်ပေးပါ

နေမင်းခန့် တစ်ယောက် ညတိုင်းအိပ်မပျော်တာ တစ်ပက်လောက်ရှိပြီ၊ မျက်ကွင်းတွေလည်းချိုင့်ဝင်နေပြီ။ နေမင်းခန့်ဖခင်က လည်းသတိထားမိတယ်၊ ဧည့်ခန်းထဲမှာ ငူငူကြီးထိုင်နေတဲ့ နေမင်းခန့်ဘေးနား ၀င်ထိုင်ပြီးမေးလိုက်သည်။
"သား…ဘာဖြစ်နေတာလဲ တငေးငေး တမိုင်မိုင်နဲ့ နေမကောင်းဘူးလား"

"​ကောင်းပါတယ်အဖေ"

နေကောင်းတယ်သာပြောတာ ၊ မျက်လုံးတွေ ချိုင့်ဝင်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ၊ ညက ကောင်းကောင်း မအိပ်ရဘူးလား။"

"အိပ်ပျော်ပါတယ်၊ "(သူလိမ်ပြောလိုက်သည်) တကယ်ဆို သူတစ်ညလုံးတစ်မှေးမှအိပ်မရခဲ့ပါ။ သူရဲ့ စိတ်က အချိန်တိုင်းခြောက်လှန့်နေသည်။ ခလေးငိုသံလိုလို ၊ ကြောင်အော်သံလိုလိုနဲ့ သူ့နားထဲမှာကြားနေရသည်။ သူအိပ်ရေးပျက်တာများလာတော့ အစားပျက်လာသည်၊ မျက်နှာကလည်း ချောင်ကျလာပြီး မေးရိုးတွေတောင် ငေါငေါကြီးပေါ်နေသည်။
သူ့အဖေကိုမေးဖို့ မရည်ရွယ်ထားပဲ မေးခွန်းတစ်ခုသူမေးလိုက်မိသည်။ ဘာကြောင့်မေးလိုက်မိလဲသူမသိ။

"အဖေသားတစ်ခုမေးချင်လို့"

"ဘာများလည်းသား မေးလေ"

"သားကိုမွေးတဲ့နေ့တုန်းက အဖေဘယ်လိုခံစားခဲ့ရလဲ"

"င့ါသားက ထူးထူးဆန်းဆန်း မေးခွန်းတွေ မေးလို့ ပါလား။ ဒီမယ်ငါ့သား။ ဖခင်းတိုင်းက သူ့သွေး သားရင်းကို အသက်နဲ့ထပ်တူချစ်ကြ တာပဲကွ ။ မင်းကိုမမွေးခင်တုန်းကဆို အဖေညတိုင်း မင်းအမေဗိုက်ကို ကိုင်ပြီး စကားတွေပြောနေခဲ့တာ။ ဒါတင်ဘယ်ကမလဲ မင်းကိုမွေးတဲ့နေတုန်းကပေါ့၊ အဲ့ဒီအချိန်တုန်းက အဖေတို့စီးပွားရေး မဖြစ်ထွန်းတဲ့အချိန်။ အဖေက ပရန်းနောက်လိုက်တယ်၊ မင်းအမေက အကြော်ရောင်းတယ်။ ဖြစ်ချင်တော့ မင်းကိုမွေးပြီဆိုပြီးအိမ်နားကကိုထွန်းလှက အဖေတို့ ပန်းရံအလုပ်ထဲကိုလာပြီး သတင်းလာပေးတာ၊ အဲ့ဒီအချိန် အဖေက စင်ပေါ်တက်ပြီး နံရံအချောကိုင်နေတဲ့အချိန် မင်းမွေးပြီဆိုတဲ့သတင်းလည်းကြားရော ပျော်လွန်းလို့ လူဖြစ်ပြီကွလို့ သတိလက်လွတ်ဖြစ်ပြီး ထခုန်တာ စင်ပေါ်က ပြုတ်ကျတာ ကံကောင်းလို့မသေတာ။ စင်ကနဲနဲနိမ့်တာရော အောက်မှာ စုပုံထားတဲ့ ဂေါ်နီအိပ်တွေ ရှိနေလို့ပေါ့။ ဒါတောင် စင်ဘေးနားက ၀ါးချွန်နဲ့ထိုးမိတာ ဗိုက်ကိုထိုးမိသွားသေးတယ်။"

father-and-son-couch.jpg

ပြောပြောဆိုဆိုနဲ့ နေမင်းခန့် ဖခင်က သူ့ရဲ့ ၀မ်းဗိုက်ကိုလှန်ပြသည်။
နေမင်းခန့် မျက်ရည်များဝဲတက်လာသည်၊ ထို့နောက် သူ့ဖခင်ကို သိမ်းကြုံးဖက်ပစ်လိုက်သည်။ မိဘရဲ့ မေတ္တာတရားတွေကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

"ငါ့သားကလည်း ခုချိန်ထိ ခလေးကျနေတာပဲ…မိန်းမတောင်ယူတော့မဲ့ဟာ၊ ဘာလဲခုကတည်းက မွေးလာမဲ့ ခလေးကို ချစ်တက်နေပြီလား။"

"အင်း….ဟုတ်…"

"ကဲ အေးအေးဆေးဆေး နားလိုက် ညအိပ်မပျော်ရင်လည်း အိပ်ဆေးသောက်အိပ် ဟုတ်ပြီလား၊ အခုအဖေခြံရှေ့ ထွက်ပြီး စာဖတ်လိုက်ဦးမယ်၊ တစ်ခုခုဆို အဖေ့ကို ခေါ်လိုက်နော်။"

"ဟုတ် အဖေ…."

နေမင်းခန့် ရင်ထဲမှာ နာကျင်မှု ၀မ်းနည်းမှုတွေ စို့တက်လာသည်၊ သူ့ရဲ့ ဘာအပြစ်မှမရှိတဲ့ ရင်သွေးလေးကိုမှ ဖျက်ချခိုင်းမိလေခြင်း။ သူမှားသွားပြီလား၊ သူဘာလုပ်သင့်လဲ၊ သူဆုံးဖြတ်ရခက်လာသည်၊ ရင်သွေးလေးကို အသက်ရှင်ဖို့ သူ့အမေလူမာမာရဲ့ စကားကိုငြင်းဆန်ပြီး အိမ်ပေါ်ကဆင်းရမလား၊ မဖြစ်ဘူး တကယ်လို့များ အမေ့ အသက်ကိုဆုံးရှုံးလိုက်ရရင် သူတစ်သက်လုံး ရူကြုံးမရဖြစ်နေမှာ။ သူ့မိခင်ရဲ့ စကားကိုနားထောင်ပြီး မိဘတွေပေးစားတဲ့ သူဌေးကြီးဦးစိန်တိုးရဲ့ သမီးကိုလက်ထက်လိုက်မယ်ဆိုရင် သူအရမ်းချစ်ရတဲ့ နွယ်နဲ့ သူ့ရဲ့ ရင်သွေးလေးကို သူဆုံးရှုံးရတော့မည်။ အထူးသဖြင့် လူဖြစ်မလာသေးတဲ့ သူ့ရင်သွေးလေးကို ဆုံးရှုံးလိုက်ရခြင်း အတွက် သူပိုပြီး တသက်လုံး နောင်တရလို့မဆုံး၊ ပြီးတော့ ခလေးလေးတွေမြင်တိုင်း ငါ့သား သို့မဟုတ် သမီးလေးသာ အသက်ရှင်ခဲ့ရင် ဒီလိုချစ်စရာလေးနေမှာ ဆိုပြီး သူ့ရဲ့ စိတ်ကိုဘယ်လို ဖြေသိမ့်လို့ရနိုင်ပါ့မလဲ။ ဝေခွဲမရတဲ့ ဒွိဟစိတ်တွေနဲ့ သူနံရံကို လက်သီးနဲ့ပစ်ထိုးလိုက်သည်။ မာကြောတဲ့ နံရံနဲ့ လက်သီးအတွေ့ မှာတော့ သွေးတွေက ကြမ်းပြင်ပေါ်ကို အတားဆီးမဲ့စွာ စီးကြလာတော့သည်။
ရုတ်တရက်ဖုန်းလာသည်။

"သင်းပျံ့ တဲ့ကိုယ်သင်းရနံ့လေးတွေ….အခုထိပျယ်လွင့်မသွားပဲ…."( ဖုန်းသံ )

"ဟလို…."

"ေ​အေးသူငယ်ချင်း …

မင်းကိုငါအရေးကြီးပြောစရာရှိလို့…"

"ဘာလဲ​​ပြောပစရာရှိလဲ နောက်မှပြောတော့ အခု ငါဖီးနေတယ်…"

"ဟာ…မင်းအဲ့ဒီဖီးနေတဲ့ဟာ ကိုပြောမလို့ပဲ…"

"ဘာ……"

"ေ​​​နွယ်​ ကိုယ်​ဝန်​ဖျက်​ချ ဖို့ ​ဆေးရုံကြီးကိုသွားပြီကွ "

"ငါသိပါတယ်ကွာ..မနက်အစောကြီးတုန်းက နှင်းပွင့်ငါ့ကိုဖုန်းဆက်ပြောတယ်"

"မင်းခုချက်ခြင်းလိုက်သွားတော့ အချိန်မမှီပဲနေမယ်"

"မဖြစ်ဘူး ငါ့အမေ အခြေနေကို မင်းလဲသိသားနဲ့ ငါအိမ်ကပေးစားတဲ့ ဦးစိန်တိုးရဲ့ သမီးနဲ့ လက်ထက်ရတော့မယ်ကွ ဒီကိစ္စကို ငါ နွယ့်ကိုလည်းပြောပြီးပြီ ကိုယ်ဝန်ဖျက်ချဖို့လည်း ငါကိုယ်တိုင်ပဲ ပြောလိုက်တာ"

"ဟာမင်းမှားနေပြီ…..မင်းအမေမှာ သေနိုင်လောက်တဲ့ ရောဂါဘာရောဂါမှ မရှိဘူးတဲ့ "

"ဟာ ဟေ့ရောင် မင်းဘာမှမသိပဲ လျောက်မပြောနဲ့ ခုဟာက ငါ့အမေအသက်ကွစနောက်စရာမဟုတ်ဘူး "

"ဟာဘုရားစူးပါကွာ…. ဟိုတစ်နေ့က မင်းအမေနေမကောင်းဘူးလို့ပြောတာနဲ့ ငါလည်းမင်းတို့ အိမ်ဘက် အလုပ်ကိစ္စနဲ့ ရောက်ဖြစ်တော့ မင်းတို့အိမ်ဝင်ခဲ့တယ်ကွ…ဧည့်ခန်းနားရောက်တော့ မင်းအမေက မင်းအဖေကို ပြောနေတာငါကြားလိုက်တယ်။ မင်းအမေမှာ ဘာရောဂါမှ မရှိဘူးတဲ့ မင်းမိန်းမ မယူမှာစိုးလို့ လိမ်ပြောတာတဲ့ ငါလည်း တိတ်တိတ်လေးပြန်ခိုးထွက်လာခဲ့တာ၊ မင်းကိုဒီအကြောင်းပြောပြဖို့ ဖုန်းဆက်တော့ မင်းဖုန်းကတစ်ညလုံးပိတ်ထားတာ။ အခုမှပဲ ဖုန်းဆက်လို့ရတော့တယ်။ အခုချက်ချင်း နွယ့်ဆီကိုလိုက်သွားလိုက်ပါကွာ၊ မဟုတ်ရင် မင်းရဲ့ရင်သွေးကို ဆုံးရှုံးရလိမ့်မယ်။ ငါယမင်းနွယ့်ဆီကို ဖုန်းဆက်တော့လည်း ဖုန်းကပိတ်ထားတယ်။ မြန်မြန်သွားတော့။"

"တကယ်လား သူငယ်ချင်း ခုလိုပြောပြတာ ကျေးဇူးအရမ်းတင်တယ်ကွာ "

 " ​ကျေးဇူးနောက်မှတင်မြန်မြန်ဒိုးတော့။"

လမ်း ၃၀ ကားလမ်းမကြီးအတိုင်း ယမင်းနွယ် မန္တလေး ပြည်သူ့ဆေးရုံကြီးဆီကို ဆိုင်ကယ် Taxi ငှားပြီးသွားသည်။ လမ်း ၃၀ က ဘူတာကြီးဆီကို တိုက်ရိုက် ရောက်တဲ့လမ်းဖြစ်တာကြောင့် ကားအသွားအလာ ပြွတ်သိပ်ကျက်တက်​နေသည်။ အထူးသဖြင့် မနက် ၈နာရီနှင့် ညနေ ၅နာရီခွဲ နောက်ပိုင်းဖြစ်သည်။
ဆေးရုံကြီးရှေ့ ကို ဆိုင်ကယ်ရပ်လိုက်တော့ ယမင်းနွယ်မဆင်းသေးပဲ အ​တွေးများစွာနဲ့ အသက်မဲ့တဲ့လူတစ်ယောက်လို ထိုင်နေသည်။ တစ်အောင့်လောက်နေတော့ Taxi သမားကမနေနိုင်တော့။

"ညီမ ​​ဆေးရုံကြီးရောက်ပြီ၊ "

ယမင်းနွယ်မကြားပါ ​တွေးကောင်းနေဆဲ၊ ဘာတွေတွေးနေလဲဆိုတာတော့ သူမကိုယ်တိုင်မသိ။

"ညီမ…… "ဆိုင်ကယ် တက်စီ သမားက နဲနဲကျယ်ကျယ်အော်လိုက်သည်၊ အော်မှလည်းရမည်။ မအော်ရင် ဆိုင်ကယ်ပေါ်ကဆင်းမဲ့ပုံမပေါ်။

" ​အော်…အယ်…ဟုတ်ဟုတ်"

ယမင်းနွယ် ကပျာကယာ ဆင်းပြီး Taxi ခ ပေးလိုက်ပြီး ကျေးဇူးတင် ကြောင်း ပြော လိုက်သည်။
ယမင်းနွယ် ဆေးရုံကြီးထဲကို ၀င်မယ်အလုပ် ရုတ်တရက် ရင်ထဲမှာ ကျောက်တုံးကြီးဆွဲထား ရသလို လေးပင်သွားသလို ခံစားလိုက်ရသည်။ သူချက်ချင်းတော့ ဆေးရုံထဲ မ၀င်ချင်သေး။ တစ်စကန့် လောက်လေး ပဲ ဖြစ်ဖြစ် သူ့ရဲ့ ရင်သွေးလေးကို လွယ်ထားချင်သေးသည်။ ဘေးနားကိုဝေ့ကြည့်လိုက်တော့ ၀င်ပေါက်ဘေးက သစ်ပင်နားမှာ ထိုင်စရာ အုပ်ခုံလေးကိုတွေ့သည်။ ယမင်းနွယ် ထိုအုပ်ခုံလေးမှာ ၀င်ထိုင်လိုက်သည်။ ဘာရယ်တော့မဟုတ် မျက်စိကလျောက်ကြည့်နေမိသည်၊ ဘာကိုမှ သဲသဲကွဲကွဲ မမြင်။ ထိုင်နေတော့ရော ဘာထူးလာမှာလဲ၊ ပေါက်တဲ့နဖူးမထူးဘူး ဆိုပြီး ထသွားမယ်အလုပ်။

"ေ​မေမေ…...ကမ္ဘာကြီးပေါ်က လူတွေအကြောင်း သား သိချင်သေးတယ်…"

ဝေလသီချင်းသံလေးကြားလိုက်ရသည်၊ အရင်ကဒီသီချင်းနားထောင်ဖူးပေမဲ့ ခုလိုချိန်မျိုးမှာ နားထောင်ရလိမ့်မယ်လို့ သူမ တခါမှ အတွေးမိခဲ့။ အသံက ကြေကွဲစွာ၊ ဝေလရဲ့ အသံခပ်အက်အက်လေးက သူမရဲ့ ဟိုး…အတွင်းထဲကနှလုံးသားကို ရိုက်ခက်လိုက်သလို….သူမဆက်နားထောင်နေမိတယ်

"ေ​မောင်နှမတွေနဲ့ အတူတူ ကျောင်းလည်းတက်ချင်တယ်…လူဖြစ်ခွင့်ပေးပါကွယ်….."

"ေ​ဖေဖေ….ကျပ်တည်းနေတဲ့ဒီမိသားစုလေးမှာပဲနေမယ်….အဖေနဲ့ အမေရဲ့ ကြုံနေတဲ့ဒုကတွေ ၀င်ထမ်းမယ်…
ခလေးလေး တစ်ယောက်ပါပဲ….."

"ကျွန်တော်ဟာကျွန်တော့်မျိုးကို သိပ်ပြီးချစ်တက်တယ်….မိဘအကျိုးကို
သယ်ပိုးထမ်းရွက်ချင်တယ်….ဖျက်မချလိုက်ပါနဲ့…ခနလောက်ဖြစ်ဖြစ် ကမ္ဘာမြေပေါ်ရှင်သန်ခွင့်ပေး"……

ယမင်းနွယ် နှလုံးအိမ် ကြွေကျလုမတက်၊ ထိခိုက်နာကျင်ခံစားလိုက်ရသည်။ လူဖြစ်ခွင့်ပေးဖို့ တောင်းဆိုနေတဲ့ ခလေးတစ်ယောက်ရဲ့ စကားတွေကို သီချင်းလေးနဲ့ ဖော်ကျူးရေးဖွဲ့ထားတယ်ဆိုပေမဲ့၊ သူမရဲ့ ၀မ်းဗိုက်ထဲက ခလေးက တောင်းဆိုနေသလိုခံစားနေရသည်။ သူမမျက်ရည်တို့ ပါးပြင်ထက် စီးကြလာသည်။ ဝေလသီချင်းလေးကို နှစ်နှစ်ခြိုက်ခြိုက်ဆက်နားထောက်လိုက်သည်။
သူမစိတ်တွေ တည်ငြိမ်စပြုလာသည်။ သူမဆုံးဖြတ်ချက ခိုင်ခိုင်မာမာ ချလိုက်သည်။
သားလား၊ သမီးလား မသိသေးတဲ့ရင်သွေးလေးကို ပြောလိုက်သည်။

"အမေ့ရင်သွေးလေးရေ……မပူပါနဲ့ကွယ်…အမေမင်းကို ဒီကမ္ဘာပေါ်ကို ခေါ်ပေးမယ်….
ဘာပဲဖြစ်ဖြစ်…အမေရင်ဆိုင်မယ်….အမေ့ရင်သွေးလေးကို ကာကွယ်မယ်…
အမေ့ရင်သွေး ဘာမှမဖြစ်စေရဘူး….အမေကတိပေးပါတယ်ကွယ်……."

ယမင်းနွယ် အလိုလို အားအင်တွေပြည့်လာသလိုခံစားလိုက်ရသည်။ သူမရဲ့ ရင်သွေးလေးကပေးလိုက်တဲ့ ခွန်အားတွေပဲဖြစ်မည်ဟု ယမင်းနွယ် ယတိပြက်ယုံကြည်လိုက်သည်။

" နွယ်​ "

ရုတ်တရက် သူမအချစ်ဆုံးနဲ့ အမုန်းဆုံးလူသားတစ်ယောက်ရဲ့ အသံ ကိုကြားလိုက်ရတော့ ရင်ထဲမှာ ခါးသီးစွာခံစားလိုက်ရသည်။

"ရှင်..ရှင်…ရှင်ဘာလာလုပ်တာလဲ ၊ ရှင့်မျက်နှာကိုလည်း ကျွန်မ မတွေ့ချင်ဘူး၊ ရှင့်ကို ရွံတယ်"

"မဟုတ်ဘူးနွယ် ….နွယ်ထင်သလိုမဟုတ်ဘူး။တကယ်တော့ မောင့် မိဘတွေက မိန်းမအတင်းပေးစားဖို့ စီစဉ်ခဲ့ တာ။"

"အဲ့တော့ အဲ့ဒီမိန်းမနဲ့ ယူလိုက်လေ…ခုဘာတွေလာရှင်းပြနေတာလဲ၊ ရှင်က ကျောင်းမှာ ပြောရတာအားမရသေးလို့ ဆေးရုံထိလိုက်ပြီး။ ကျွန်မကို လိုက်စော်ကားနေတာလား။"

"ဟာ အဲ့လိုမဟုတ်ပါဘူး၊ မောင့်မေမေက သူပေးစားတဲ့ မိန်းမ မယူဘူးလို့ မောင်ငြင်းတော့ မေမေ ဆေးရုံတက်ရပြီး အသက်အန္တရယ်ဆိုးရိမ်ရတယ်ဆိုပြီး​တော့ မောင်မိန်းမယူအောင် လိမ်ညာဟန်ဆောင်ပြီး ပြောတာတဲ့ အခု မောင့်သူငယ်ချင်း ဝေဖြိုးက ပြောလို့ မောင်သိရတာ။ အဲ့တာကြောင့် မောင်နွယ့်ဆီကို ချက်ချင်းလိုက်လာတာ၊ မောင့်ကို ခွင့်လွတ်ပါကွာ ။ မောင်လည်း မောင့် မေမေ အသက်အန္တရယ်ဆိုးရိမ်ရတယ်လို့ ပြောပြီး ခြိမ်ခြောက်လို့သာ မောင်လက်ခံခဲ့တာပါ။ ခု မေမေဘာမှ မဖြစ်ဘူးဆိုတာသိရတော့ ။ မောင်စိတ်အေးသွားပြီ။ နွယ်နဲ့ ရင်သွေးလေးကို မောင်တသက်လုံး စောင့်ရှောက်မယ်။ ခုချိန်ကစပြီး နွယ်တို့ဘာမှမဖြစ်စေရဘူး။"

"တကယ်လားမောင်….၊ နွယ်ဝမ်းသာလိုက်တာ။ နွယ်လည်း ရင်သွေးလေးကို မဖျက်ချတော့ဘူးလို့ စိတ်ဆုံးဖြတ် ပြီးအခုပဲ ပြန်တော့မလို့ ၊ ဒါနဲ့ မောင့်မိဘတွေက နွယ်နဲ့သဘောမတူရင်ဘယ်လိုလုပ်မလဲ "

"သဘောမတူလဲဘာဖြစ်လဲ…၊ မောင့်ခြေတွေလက်တွေ အကောင်းကြီးရှိသေးတယ် မောင်လုပ်ကျွေးနိုင်ပါတယ်"

"ဟွန့်…ပိုကိုပိုတယ်…."

ယမင်းနွယ် နေမင်းခန့် ဗိုက်ခေါက်ကို ဆွဲလိမ်လိုက်သည်။

couple-1198290_960_720.jpg

ယမင်းနွယ်နှင့် မောင်နေမင်းခန့် တို့ရဲ့ မင်္ဂလာဆောင်လေးကတော့ အရမ်းကိုစည်းကားသိုက်မြိုက်လှပါသည်။ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းဝိုင်းဆုံဆုံညီညီနှင့် အားလုံးရဲ့ မျက်နှာမှာလည်း အပြုံးကိုယ်စီနှင့် စိတ်ချမ်းချမ်းသာ သာနဲ့ မင်္ဂလာပွဲကို မင်္ဂလာရှိစွာကျင်းပနေကြသည်။ အထူးသဖြင့် နွယ်ဗိုက်ထဲက ရင်သွေးလေးကတော့ ပိုပြီးမြူးတူးခုန်ပေါက်နေပါလိမ့်မည်။ ကမ္ဘာကြီးကို အကျိုးပြုသော၊ တိုင်းပြည်က အားထားရသော ပုဂ္ဂိုလ်ထူးတစ်ယာက်၊ လူသားတစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ…….

1-young-happy-family.png

ဘာပဲပြောပြော လူသားထဲက လူသားတစ်ယောက်ဖြစ်ခွင့်ပေးလိုက်ပါသည်။

ပြီးပါပြီ………………………………….

ဒီဇာတ်လမ်းလေးကို ဝေလသီချင်းလေးနားထောင်ရင်းနဲ့ စိတ်ကူးပေါ်ပြီး ရေးဖြစ်သွားတာပါ။ စာရေးဆရာမဟုတ်တဲ့အတွက် အမှားပါခဲ့သည်ရှိသော် ခွင့်လွတ်ပေးကြပါဗျာ။

ကိုကိုမိုးဟိန်း

သစ်အယ်သီး

Photos credit >>Google
Written by @kokomoehein
MSC No. 118

Sort:  

တစ်ကယ်ကောင်းတယ်ဗျာ ကိုယ်တိုင်လည်း ဖအေတစ်ယောက်နေရာမှာရောက်နေတော့ အဖေတွေကို ကိုယ်ချင်းစာမိတယ်

ဟုတ်​ ခုလိုအချိန်​ကုန်​ခံပြီး ဖတ်​​ပေးလို့ ​​​ကျေးဇူးပါ အကို

ကောင်းပါတယ်ဗျာ..
စာအုပ်ထုတ်ပြီးဖြန့်ချီလို့ရပီ

ကျေးဇူးပါဗျာ
နောက်​ကျရင်​​တော့ထုတ်​မလားလို့😁

အဲ
ဝေလနဲ့ လုပ်စားသွားတာဟ
ခုမှပဲ သိတော့တယ်😁😁😁
ရေးသားမှုအရမ်းကောင်းဗျာ
ကျွန်တော်လည်း သီချင်းတွေနားထောင်ပြီးရေးအုံးမယ်
Good postတစ်ခုပါပဲဗျာ

ဟုတ်​​ကျေးဇူး ကိုမိုး
အ​တွေး​လေးရသွားရင်​ပဲ
ရေးရကျိုးနပ်​ပါပြီဗျာ

လူသားက​တော့လူသားပါပဲဗျာ

ဟုတ်​ အဆိုးအ​ကောင်းက​တော့ သူ့ကံ​ပေါ့ဗျာ

ဇာတ်သိမ်းလေး ကောင်းတယ်ဗျာ မျော်ရ ကျိုးနပ်ပါတယ်

ကျေးဇူးပါဗျာ ​ကောင်းတယ်​ဆိုလို့ ဝမ်းသာပါတယ်​ဗျာ

ရေးတတ်​လိုက်​တာဗျာ အား​ပေးတယ်​bro

လာပြီး အား​ပေးလို့ ​ကျေးဇူးပါ bro

တော်တော်ရေးတတ်တာပဲ bro.ဖတ်လို့ကောင်းပါတယ် 😁

ကျေးဇူးပါ ဗျ

ခံစားရပါတယ်ဗျ

စာမဖတ်အားတော့လို့ vote ပဲ ဖြည့်ခဲ့

ဟုတ်​​ကျေးဇူးပါအကို

အရမ်းမိုက်တယ်ဗျာ

ကျေးဇူးပါ ကိုစိုင်း

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60244.17
ETH 2333.72
USDT 1.00
SBD 2.47