လူသားတစ်​​ယောက်​ဖြစ်​ခွင့်​​ပေးပါ

in #myanmar6 years ago (edited)

အပိုင်း ၁ မဖတ်​​​ရ ​သေးသူများ အား​ပေးချင်​တယ်​ဆိုရင်​ = https://steemit.com/myanmar/@myanmarkoko/luthats-eyak-yapas-khyng-yap-pa မှာ အား​ပေးနိုင်ပါတယ်​​.....

လူသားတစ်ယောက်ဖြစ်ခွင့်ပေးပါ…အပိုင်း - ၂

ယမင်းနွယ် အိမ်ပြန်ရောက်လာကတည်းက တငေးငေး တမိုင်မိုင် နှင့် အသက်မပါတဲ့လူတစ် လိုဖြစ်နေတာကို မိခင် ဒေါ်ယဉ်ယဉ်နွယ်က သတိထားမိသည်။

““ သမီးဘာဖြစ်လာတာလဲ မျက်နှာကလည်း
ကြက်ကြီးလည်လိမ်ထားသလိုပဲ”
“ဘာမှမဖြစ်ပါဘူးအမေ၊ ဒီအတိုင်းခေါင်းလေး နဲနဲမူးနေလို့ပါ”
"​ခေါင်းမူးနေတာကို ဘာလို့အပြင်သွားနေသေးလဲ သွားသွား အခန်းထဲမှာ နားနေချေ”
“ဟုတ်အမေ”
wakingupfromanightmare.jpg

ယမင်းနွယ် အိပ်ခန်းထဲ ၀င်ပြီး အိပ်ယာပေါ်ကို စိတ်ပျက်လက်ပျက် ပစ်လှဲလိုက်သည်၊ ခန္ဓာကိုယ်ကငြိမ်နေပေမဲ့ စိတ်ကတော့ ကစဥ့်ကလျား ပြေးလွားလုပ်ရှားလို့ မောဟိုက်နေသည်။ ယမင်းနွယ် မျက်နှကျက်ကို မော့ကြည့်လိုက်တော့ ထုတ်တန်းကိုမြင်သည်။ ထို့နောက် ကုတင်အောက်ကို ငုံ့ကြည့်လိုက်တော့ အရင်တစ်ပက် က ထမိန်တန်းလုပ်ဖို့ ၀ယ်ထားသော နိုင်လွန်ကြိုးခွေကိုတွေ့သည်။ ကြိုးကို​ကောက်​ကိုင်​လိုက်​သည်​၊ ထို့​နောက်​ မျက်နှာကြပ်က ထုတ်တန်းကိုကြည့်လိုက် ကြိုးခွေကိုကြည့်လိုက်နှင့် သူမရူးမိုက်စွာတွေးနေသည်က သူမကိုယ်သူမ သေကြောင်းကြံစည်ဖို့ဖြစ်သည်၊ ငါသေ မှအေးမှာ….ငါသေမှဒီကိစ္စ အားလုံးပြီးမှာ၊ ရုတ်တရက် တံခါးခေါက်သံကြားတော့ ကြိုးခွေကို ကဗျာကယာ ဖွတ် ထားလိုက်ရသည်။
"​ဒေါက်....​ဒေါက်…​ဒေါက်…သမီးရေ…အမေ၀င်လာမယ်နော်”
“ဟုတ်အမေ”…
“သမီး ဒီမှာယံယံခေါက်ဆွဲ ပူပူလေးစားလိုက်ဦး ပြီးရင်ဆေးသောက်လိုက်”
“ဟုတ်မေမေ”..
“သမီးရယ်…ကျန်းမာရေးကို ဂရုစိုက်ပါကွယ်၊ မေ့မေ့မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတာ သမီးလေးသာတစ်ခု ခုဖြစ်ရင် အမေရင်ကျိုးမှာ”
ယမင်းနွယ် ငိုချင်နေသောစိတ်ကိုမနဲမျိုသိပ်ထားရသည်၊ မိခင်မေတ္ကာဘယ်လောက်ထိကြီးမားတယ်ဆိုတာ သူမယခုနက်နက်ရှိုင်းရှိုင်း ခံစားနေရသည်။ သိမ်ငယ်စိတ်၊ ၀မ်းနည်းစိတ်တွေကြောင့် မျက်ရည်တွေက အလိုလို ကျဆင်းလာသည်။ သူမသုတ်ချိန်မရလိုက်။
“ဟင်သမီးငိုနေတယ်…ဘာဖြစ်လို့လဲ ခေါင်းအရမ်းကိုက်နေလို့လားသမီး လာ..ထထ ​ဆေးခန်းသွားရအောင်”
“ဘာမှမဖြစ်ပါဘူး မေမေ..ရတယ်နားလိုက်ရင်သက်သာသွားမှာပါ ”
“အရမ်းကြီးတင်းခံမနေနဲ့ကြားလား တစ်ခုခုဆို မေ့မေ့ကိုခေါ်လိုက်နော်”
“ဟုတ်မေမေ”…
2017_5$largeimg04_Thursday_2017_135537937.jpg

ဒီညတစ်ညကို ကုန်ဆုံးဖို့ နေမင်းခန့်တစ်ယောက် အသည်းအသန် အားယူနေရသည်။ ကြိုးစားအိပ်သည် မရပါ၊ ရုတ်တရက် နားထဲမှာ အသံလေးသဲ့သဲ့ကြားလိုက်ရသည်။ ဘာသံပါလိမ့်…သူသေချားနားစွန့်လိုက်သည်။
“အူဝဲ…အူဝဲ”…ကလေးသံပါလား။ သူစိတ်ထင်လို့နေမှာပါ၊
"​​ဖေ....​ ​ဖေ”..အသံက တစ်လုံးချင်း လေးလေးပင်ပင် အသံကြီး သူရှင်းရှင်လင်းလင်းကြားလိုက်ရသည်။
သူမျက်လုံးများပြူးသွားပြီး အိပ်ယာကထကြည့်မိသည်၊ ဘာမှမတွေ့ ။ထိုစဉ်အခန်းတံခါးက ဖြေးဖြေးချင်းပွင့် လာသည်၊ အရိပ်ကို အရင်မြင်ရသည်။ ပြီးမှ ခြေလှမ်းသံကိုကြားရသည်။ ခြေလှမ်းသံကပိုပို ကျယ်လာသည်။ ကိုယ်လုံးကတဖြေးဖြေးပေါ်လာသည်၊ ပိုပြီးရှင်းရှင်းလင်းလင်းမြင်လာသည်။ ဘာဖြစ်မလဲ သူစူးစိုက်ကြည့်လိုက်မှ အမလေး….သူဘုရားတမိသွားသည်၊ သွေးတွေ သွေးတွေ တစ်ကိုယ်လုံးပေကျန်နေတဲ့ ခလေးတစ်ယောက် သူ့ဆီတည့်တည့်ကို ဒရွက်တိုက်လာနေသည်။
အသံက မပီမပြင်။" ​ဖေ..​ဖေ”..
“သွားသွား..ငါ့ဆီမလာနဲ့” ………
သူအိပ်ယာက လန့်နိုးလာသည်၊ ဟာ..တော်တော်ကြောက်စရာ ကောင်းတဲ့အိပ်မက်ပါလား။ သူ့တစ်ကိုယ်လုံးချွေးတွေ နဲ့ရွဲနေသည်၊ တစ်သက်နဲ့တစ်ကိုယ် ဒီလိုအိပ်မက်မျိုးသူတစ်ခါမှ မမက်ဖူး၊ သူ့မျက်လုံးထဲမှာ နွဲ့ကိုမြင်ယောင်လာသည်။ သူရုတ်တရက် ထူပူသွားသည်၊ သူ့ရင်သွေးလေးကလာပြီး အိပ်မက်ပေးတာပဲဖြစ်ရမည်။ တစ်ညလုံး နေမင်းခန့် တစ်မှေးမှအိပ်မရ၊ ခြောက်ခြားတဲ့အတွေးတွေနဲ့ သူ့ဘ၀မှာ အဆိုးဝါးဆုံးညတစ်ညကို ဖြတ်ကျော်ခဲ့ရသည်။
2018-01-11-00-49-31--1802265923.jpeg

တစ်ပက်ကြာခဲ့ပါပြီ။ ယမင်းနွယ်စိတ်တွေပြတ်သားရမဲ့ အချိန်ကိုရောက်လာပါပြီ။ မဟုတ်ရင် ရင်သွေးလေးပို ပြီးခံစားရမယ်။ ကိုယ်ဝန်ဖျက်ချဖို့ သူမ အကြိမ်ကြိမ် စဉ်းစားခဲ့ရသည်။ ဒီခလေးကို မွေးဖို့ သူမစဉ်းစားတိုင်း ပတ်ဝန်းကျင်က ကဲ့ရဲ့ မဲ့အသံတွေ နားထဲမှာကြားယောင်လာသည်။လင်ကောင်အပေါ်ပဲ မွေးတဲ့ခလေးဆိုပြီး နှခေါင်းရှူံ့ ကြမည်။ လူတွေမသိအောင်မွေးမယ်ဆိုရင်လည်း ဒီဗိုက်က ပြားနေမှာ မှမဟုတ်တာ၊ တဖြေးဖြေး ဖောင်းလာမှာ။ အိမ်ကမိဘတွေက မေးရင်လည်း သူမဘယ်လိုအင်အားမျိုးနဲ့ ပြောပြရမှာလည်း၊ ဒါကြောင့် ဒီကိစ္စကို သူ့မိဘတွေမသိအောင် ဖုံးကွယ်ထားခဲ့သည်။ ဒီနေ့မနက် ၁၀နာရီတွင် မန္တလေး ပြည်သူ့ဆေးရုံကြီးကို သွားပြီးကိုယ်ဝန်ဖျက်ချဖို့ ဆရာဝန်နဲ့ ချိန်းဆိုပြီးသားဖြစ်သည်။ ဒီကိစ္စကို သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း နှင်းပွင့်ကို သာပြောပြထားသည်။
အိမ်ကနေ ဆေးရုံသွားဖို့ ပြင်ဆင်ပြီး ခြေလှမ်း လှမ်းလိုက်သည်ဆိုရင်ပဲ သူ့ဗိုက်ထဲမှာ တစ်ခုခုလှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ ဖျင်းခနဲ ကြမ်သိမ်းမွေးငြင်းများ ထသွားသည်။တစ်စုံတစ်ယောက်က သူမကို တောင်းပန်နေသလိုခံစားနေရသည်။ အို…စိတ်ထင်လို့နေမှာပါ၊ ဒီလိုနဲ့ပဲ ရပ်ကွက်လမ်းလေးအတိုင်း သူမခြေလျင် လျှောက်လာသည်။ အရာအားလုံးဟာ ပုံမှန်ပါပဲ၊ လမ်းကြားလေးထဲမှာ လူကြီး၊ လူငယ်၊ ခလေးသူငယ်၊ ခွေးကအစ ကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေထိုင်နေရတာ ကျေနပ်နေကြသလို သွက်လပ်ဖျက်လပ်စွာ သွားလာလှုပ်ရှားနေကြသည်။ တလောကလုံးမှာ သူမတစ်ယောက်တည်းပဲ ကွက်ပြီး ၀မ်းအနည်းဆုံး၊ သနားစရာ အကောင်းဆုံးလူတစ် ယောက်ဖြစ်နေတာလား။ ယမင်းနွယ်ကို သိနေသော မျက်မှန်းတန်းမိသော ကွမ်းယာဆိုင်သေးသေးလေးထဲ ထိုင်ပြီး ကွမ်းယာရောင်းနေတဲ့ မိန်းခလေးကပြုံးပြသည်။ အသိမှတ်ပြုသည့်သဘော၊ မောနင်း…မင်္ဂလာပါလို့ နှုတ်ဆက်သည့် အပြုံး ။ သူမအားယူ ၍အသက်မပါစွာ ပြန်ပြီး ပြုံးပြလိုက်သည်၊ ဒီနေ့ဟာ သူမအတွက် မင်္ဂလာရှိတဲ့နေ့မှ မဟုတ်တာ၊ ဒီနေ့ဟာ သူမအတွက် အမင်္ဂလာနေ့ ၊ လောကမှာ အလွန် စပ်စုတ်ရွံရှာစရာကောင်းတဲ့ အလုပ်ကိုလုပ်ရမဲ့နေ့၊ လူသားဖြစ်လာမဲ့ခလေးတစ်ယောက်၊ ဘာမှအပြစ်အနာဆာ မရှိတဲ့ ဖြူစင်တဲ့ ခလေးကို ဖျက်ချ ပျက်စီးပစ်ရမဲ့နေ့ ၊ သူမ ဘယ်လိုလုပ် ဟက်ဟက်ပက်ပက် ပြန်ပြီးပြုံးပြနိုင်မှာလဲ။

အပိုင်း ၃ ဆက်ရန် >>>>

ဖတ်ရှူပေးပါသော စာဖတ်သူများကို အစဉ်ကျေးဇူးတင်လျှက်….

ကိုကိုမိုးဟိန်း

သစ်အယ်သီး

Photos credit >>Google
Written by @kokomoehein
MSC no. 118

Sort:  

စဖတ်ကတည်းက အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့
အရေးအသား ကို အရမ်းလေးစားမိပါတယ်
ဗျာ။ ဖတ်ရတာ ရှင်းရှင်းလင်းလင်းရှိပြီး
ဇာတ်ကွက်တွေ အဆက်အစပ်ထိမိပါတယ် Bro
။အားပေးနေပါတယ်

ဟုတ်​ အခုလို မန့်​​ပေးလို့ စာ​ရေးသူမှာ ခွန်​အား​တွေ ဖြစ်​ရပါတယ်​ ​နောက်​လည်း ဒီထက်​ပိုပြီးကြိုးစားသွားပါ့မယ်
ကျေးဇူးအထူးတင်​ပါတယ်​ အကို

အပိုင်း၃bro

ဟုတ်​ ​ရေး​နေပါတယ်​ အကို

ဆက်လက်အားပေးနေမယ် Bro ။

ကျေးဇူးပါ

နောက်တစ်ပိုင်းအတွက် မျှော်နေပါတယ်

ဟုတ်​ အမ အား​ပေးလို့ အားရှိသွားပြီး

ကြိုးစားတယ်ဗျာနောင်ကြီးကတော့

ဟုတ်​ လာအား​ပေးလို့ ​ကျေးဇူးပါ

ဇာတ်သိမ်းကို မှန်းကြည့်တာတော့ ဖျက်ချပစ်တာနဲ့ ပြန်လည်ပေါင်းဆုံကြမှာနဲ့ ၂မျိုးတော့ တွေ့တယ် ၀တ္တုဆရာက ဘယ်လိုလှည့်ကွက်တွေနဲ့ စိတ်ဝင်စားစရာဖြစ်အောင်
လုပ်မလဲဆိုတာ သိရအောင် အပိုင်း ၃ ကိုလည်း ဆက်ပြီးအားပေးနေဦးမယ် ညီ

ဟုတ်​ ကို​စော
ဇာတ်​သိမ်းကို အ​ကောင်းဆုံးဖြစ်​​အောင်​​ရေးသွားမှာပါ
ကျေးဇူးတင်​ပါတယ်​ ဆက်​​ရေးဖို့ အားရှိသွားပြီဗျာ

Good post အပိုင်းသုံး စောင့်နေပါမယ်

ကျေးဇူးအကို

မိုက်တယ် အစ်ကို

ဟုတ်​ ​ကျေးဇူးပါ

ဟုတ်​ ​ကျေးဇူးပါ ညီ

good post စိတ်ဝင်စားလာပီ

စိတ်​ဝင်​စားတယ်​ဆိုလို့ ဝမ်းသာပါတယ်
ဆက်​ကြိုးစားပါ ဦးမယ်​ ​ကျေးဇူးပါ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87