သူတစ်​ပါးအား အလင်းပြသူ၏ တန်​ပြန်​အကျိုး

in #myanmar6 years ago

သူတစ်​ပါးအား အလင်းပြသူ၏ တန်​ပြန်​အကျိုး
🌔🌱🌱🌱🌱🌱🌱🌱🌱🌱🌔

ဗုဒ္ဓဘုရားရှင်​လက်​ထက်​က သာဝတ္ထိပြည်​ရှိ အနာထပိဏ်​သူ​ဌေးကြီးထံတွင်​ ​ရေခပ်​​ရေသယ်​ အိမ်​ကျွန်​​ပေါင်း ၉၉​ ယောက်​ရှိ၏။ ​၎င်းတို့သည်​ အမျိုးအနွယ်​စုအားဖြင့်​ သီးသန့်​​နေကြ၏။
တစ်​​နေ့တွင်​ ၉၉ ​ယောက်​​သော မိသားစုထဲမှ ကျွန်​အမျိုးသမီးက​လေးတစ်​ဦး ​မွေးဖွား၏။ မိသားစုများမှာ တအံ့တသြ လာ​ရောက်​ကြည့်​ရှူကြ၏။ အ​ကြောင်းမှာ ၉၉ ​ယောက်​​သော ဦး​ရေသည်​ ယ​နေ့ ၁၀၀ ပြည့်​သူဆိုပြီး အထူးအဆန်း လာကြည့်​ကြခြင်းပင်​ဖြစ်​သည်​။

တို့အမျိုးစု တစ်​ရာပြည့်​​လေပြီးဟူ​သော အာမေဍိတ်​သံနဲ့အတူ "ပုဏ္ဏိကာ ..ပုဏ္ဏိကာ " ဟူ​သော အသံ​တွေ ထွက်​ဆူကြသဖြင့်​ သမီးငယ်​အမည်​ကို "ပုဏ္ဏိကာ "ဟု ​ခေါ်ဆိုကြ​လေသည်​။ မြန်​မာလိုအားဖြင့်​ ပြည့်​သွားခြင်း , လို​နေသည်​ကို ဖြည့်​လိုက်​ခြင်းဟု အဓိပ္ပါယ်​ပင်​။
ပုဏ္ဏိကာ အရွယ်​​ရောက်​​သောအခါ မိဘများအတိုင်း အနာထပိဏ်​ သူ​ဋ္ဌေးအိမ်​တွင်​ ​ရေခပ်​​ရေသယ်​ အလုပ်​ လုပ်​ရ၏။ အနာထပိဏ်​ သူ​ဋ္ဌေးအိမ်​တွင်​ ကျွန်​လုပ်​ရခြင်းသည်​ ပုဏ္ဏိကာအဖို့ ပို၍ကံ​ကောင်း၏။ အဘယ့်​​ကြောင့်​ဆို​သော်​ အရိယာသူ​တော်​စင်​များ အမြဲတမ်းဝင်​ထွက်​ သွားလာ​နေ​သော​ကြောင့်​ပင်​ဖြစ်​၏။
ဤသို့ ​ရေခပ်​ ​ရေသယ်​လုပ်​ရင်းဖြင့်​ မြတ်​စွာဘုရား၏ တရား​တော်​များအား လိုက်​နာကျင့်​သုံး၏။ အလုပ်​တစ်​ဖက်​နှင့်​ပင်​ ​သောတာပန်​တည်​သွား​လေ၏။ အလုပ်​မအား၍ တရားအားမထုတ်​နိုင်​သူများအတွက်​ ပုဏ္ဏိကာမ​လေးကို အားကျအတုယူသင့်​​ပေသည်​။
တစ်​​နေ့တွင်​ ပုဏ္ဏိကာသည်​ ​ဆောင်းတွင်း နံနက်​ခင်း၌ မြစ်​ဆိပ်​သွားပြီး ​ရေခပ်​၏။ မြစ်​ဆိပ်​​ရောက်​လျှင်​ ပုဏ္ဏားတစ်​ဦး​ရေချိုး​နေသည်​ကို ​တွေ့​လေသည်​။ ​ဆောင်းတွင်းကလည်းဖြစ်​၊ မြစ်​​ရေကလည်း ​အေး၏။ ပုဏ္ဏိကာ၏ ​မေးရိုက်​သံလည်း ကြား​နေရ၏။
ဤအချင်းအရာကို ​တွေ့​သော ပုဏ္ဏိကာသည်​ အံသြသွားပြီး ​ရေချိုး​နေသည့်​ ပုဏ္ဏားအား
"အို...ပုဏ္ဏား..ချမ်း​အေးလှတဲ့ နံနက်​ခင်းမှာ အဘယ်​​ကြောင့်​ ​ရေချိုး​နေရသနည်း။ အကျွန်ုပ်​က​တော့ အနာထပိဏ်​ သူ​ဋ္ဌေးကြီးရဲ့ ကျွန်​တစ်​​ယောက်​ဖြစ်​လို့ ​ရေလာခပ်​တာပါ။ ​ရေမခပ်​လျှင်​ အရှင်​သခင်​က ​ငေါက်​ငမ်း​ပြောဆိုမှာ ​ကြောက်​ရပါတယ်​။ ပုဏ္ဏားကြီးလည်း ​ကြောက်​စရာရှိလို့ ​ရေဆင်းချိုး​နေတာလား"
ပုဏ္ဏိကာ စကားကိုကြား​သောအခါ ပုဏ္ဏားကြီးလည်း ​ဒေါသထွက်​ပြီး
"ဟဲ့...သူငယ်​မ အသိဥာဏ်​နည်းလှချည်းလား၊ ပုဏ္ဏားတို့ရဲ့​ခေါင်း​ဆောင်​ ဂိုဏ်းဆရာကြီးဖြစ်​တဲ့ ငါ့ကို​တောင်​ မသိဘူးလား။ မ​ကောင်းမှု အကုသိုလ်​ပ​ပျောက်​​အောင်​ ​ရေချိုးခြင်း အကျင့်​မြတ်​ကို ကျင့်​​နေတာ မှတ်​ထား။
ကောင်​မ​လေး အကုသိုလ်​ ဒုစရိုက်​မှု​တွေဟာ တခါတည်း သန့်​ရှင်းသွားလိမ့်​မယ်​။ ဘယ်​သူမဆို မ​ကောင်းမှု ဒုစရိုက်​​တွေ​ ကင်း​ပျောက်​​အောင်​ ဒီနည်းလမ်းကို ​ကောင်း​ကောင်းမှတ်​ထားရမယ်​။
ပုဏ္ဏိကာက
"အို...ပုဏ္ဏား.. ​ရေချိုးလျှင်​ မ​ကောင်းမှု ပ​ပျောက်​သည်​ဟု သင့်အား ​မည်​သူက​ပြော​လေသနည်း"
ပုဏ္ဏားလည်း ​အောင့်​သက်​သက်​ ဖြစ်​သွား၏။ အသက်​ကြီး​သော လူတစ်​​ယောက်​ကို အသက်​ငယ်​​သော လူတစ်​​ယောက်​က ​ဝေဖန်​လျှင်​ မှားသည်​ဖြစ်​​စေ မှန်​သည်​ဖြစ်​​စေ လက်​ခံသူနည်းသည်​မှာ ဓမ္မတာပင်​ဖြစ်​၏။
"​ရှေး​ရှေးက ဆရာ့ဆရာကြီးများ ​ပြောကြားခဲ့​သော အကျင့်​လမ်းဆိုတာ သင်​မသိ​လေဘူးလား'"
ဒါဆို ပုဏ္ဏားကြီး ငါးတို့ လိပ်​တို့ မိ​ကျောင်းတို့ ​ရေမှာ​နေတာမဟုတ်​ဘူးလား"
"ဟုတ်​ပါတယ်​ ပုဏ္ဏိကာ "
"​သေချာ စဉ်းစားကြည့်​စမ်းပါ ပုဏ္ဏားကြီး, ခဏ​လေး ​ရေချိုးရုံမျှဖြင့်​ အကုသိုလ်​​တွေ စင်​ကြယ်​ပြီး ကုသိုလ်​တရား​တွေ အမြဲရမည်​ဆိုလျှင်​ ​ရေ၌​နေ​သော ငါး လိပ်​ မိ​ကျောင်း​တွေဟာ နတ်​ပြည်​​ရောက်​ကုန်​မှာ​ပေါ့" ပုဏ္ဏိကာ၏ စကားကိုကြားပြီး ပုဏ္ဏားကြီး ​တွေ​ဝေသွား၏။

"ပုဏ္ဏား...သူတစ်​ပါးကို သတ်​ဖြတ်​ညှင်းဆဲ သူသည်​၎င်း၊ လုယက်​တိုက်​ခိုက်​ ဖျက်​စီးတတ်​​သော သူခိုးဓားပြ လူဆိုတို့သည်​၎င်း၊ ​ရေချိုးလျှင်​ အပြစ်​မှ လွတ်​ကြသလား။
ရေချိုးခြင်း​ကောင်းမှု​ကြောင့်​ ထို သူခိုးလူဆိုးတို့သည်​ နတ်​ရွာနိဗ္ဗာန်​သို့ ​ရောက်​ကြ​လေ​ရော့သလား"

ပုဏ္ဏိကာ၏ စကားတို့သည်​ ပုဏ္ဏားကြီးအတွက်​ မကြားဖူး​သော စကားများဖြစ်​သလို ​တွေးကြည့်​ပါက မှန်​​ကန်ေ​န၏။
"ပုဏ္ဏားကြီး သင်​​ပြောသည့်​အတိုင်းဆို ​ရေဟာ မ​ကောင်းမှုတစ်​ခုထဲကို ​မျောနိုင်​သည်​မဟုတ်​။ ​ကောင်းမှုကိုလည်း ​မျောနိုင်​၏။ သင့်​ရဲ့လက်​ကို မြစ်​​ရေစီးထဲချထားပါက အသင့်​ရဲ့လက်​မှာအမှိုက်​သရိုက်​ ရှိ​နေသည်​ဖြစ်​က မြစ်​​ရေစီးသည်​ မည်​သည့်​အရာကို ​မျှောယူထား​လေမည်​နည်း။ အကယ်​၍ သင့်​ရဲ့လက်မှာ ​အ​မွှေးနံ့သာ လိမ်းခြယ်​ထားသည်​ဖြစ်​က မြစ်​​ရေက မည်​သည့်​အရာကို ​မျှောယူသွားမည်​နည်း။

ပုဏ္ဏိကာ၏ စကားများသည်​ ပုဏ္ဏားကြီးအတွက်​ အ​ဖြေခက်​လေ​​သောအရာများသာ။ ​ကောင်းမှု မ​ကောင်းမှုတည်းဟူ​သော အ​ကြောင်း​တရားတို့ကို ​ရေ၌​မျှော၍မရမှန်း ပုဏ္ဏားကြီး မသိ​ချေ။
ဆင်းရဲခြင်းကို ​ကြောက်​ရွံ​သော်​ ​ရေ၌ခိုက်​တုန်​အောင်​ အဆင်းရဲခံခြင်းဖြင့်​ မလွတ်​​မြောက်​နိုင်​ပဲ ဆင်းရဲ​စေတတ်​​သော အကုသိုလ်​ကို ​ရှောင်​ကြဉ်​ခြင်းဖြင့်​သာ လွတ်​​မြောက်​နိုင်​​ပေမည်​။
ပုဏ္ဏိကာ၏ စကားသံအဆုံးတွင်​ ပုဏ္ဏားကြီးသည်​ အသိဥာဏ်​လင်းလက်​ ​တောက်​ပသွား၏။ အနှစ်​နှစ်​ အလလက ယူလာခဲ့​သော အယူအမှားများ အစွဲများ​ပျောက်​သွားကာ
"အို.....ရှင်​မ ပုဏ္ဏိကာ သင့်​အား​ကျေးဇူးဆပ်​လိုပါ၏။
ဤပုဆိုးကို သင့်​အား ဆရာစားပြု၍ ​ပေးလှူ ပါသည်​။
လက်​ခံယူပါ​လော့ ပုဏ္ဏိကာ "
ပုဏ္ဏားကြီးက သူ၏ပုဆိုးကို ပုဏ္ဏိကာထံ ​ပေးလှူ ပါ​သော်​လည်း ပုဏ္ဏိကာက
"ဆင်းရဲခြင်းအ​ပေါင်းမှ လွတ်​​မြောလို​သော်​ မြတ်​စွာဘုရားကို ဆည်းကပ်​ပါ​လော့"
"တရားကို ဆည်းကပ်​ပါ​လော့"
"သံဃာကို ဆည်းကပ်​ပါ​လော့"
"သီလကို တည်​​ဆောက်​၍ တရားမြတ်​ကို ကျင့်​သုံးအားထုတ်​ပါ​လော့"
ပုဏ္ဏားကြီးသည်​ မြတ်​စွာဘုရားထံ ချဉ်းကပ်​ရဟန်းပြု​လေသည်​။ တရားအားထုတ်​ရာ မကြာမီပင်​ ရဟန္တာဖြစ်​​လေသည်​။ အတုယူ အားကျစရာပင်​။

 သူတစ်​ပါးအား အလင်းပြသူသည်​ တန်း​ပြန်​အလင်းရရှိသကဲ့သို့ ပုဏ္ဏားကြီးအား ကျွန်​မက​လေးပုဏ္ဏိကာက တရား​ဟောလိုက်​သဖြင့်​ အစွဲကျွတ်​သွားပြီးဟူ​သော သတင်းသည်​ သာဝတ္ထိမြို့တွင်​ ပျံ့နှံသွား၏။ ကျွန်​ပိုင်​ရှင်​များသည်​ ပုဏ္ဏိကာအား ကျွန်​အဖြစ်​မှ အပြီးအပိုင်​ လွှတ်​​ပေးလိုက်​၏။ 
ကျွန်​အဖြစ်​မှ လွတ်​​မြောက်​ခွင့်​ရသွား​သော ပုဏ္ဏိကာသည်​ ဘိက္ခုနီမ ​ကျောင်းသို့သွားပြီး ရဟန်းမအဖြစ်​ ပြု၏။ ၀ိပဿ     နာတရား အားထုတ်​ရာ မကြာမီပင်​ ပုဏ္ဏိကာ ရဟန္တာ ထေရီမကြီး ဖြစ်​သွား​လေသည်​။ 

ဤအ​ကြောင်းအရာအား ​လေ့လာခြင်းဖြင့်​ တစ်​ပါးသူအား ​လောကီအကျိုး (သို့) ​လောကုတ္တရာအကျိုး ​ဆောင်​ကြဉ်း​ပေးသူ, အလင်းပြ​ပေးသူ, ဒုက္ခ​ရောက်​သူအား ​ရှောင်​ကြဉ်း​ပေးသူတို့သည်​ ​လောကနိယာမအရ တန်​ပြန်​အကျိုးများ တစ်​​နေ့​နေ့ တချိန်​ချိန်​တွင်​ ခံစားရည်​ဖြစ်​ပါ​ကြောင်း ​ရေးသားလိုက်​ရ​ပေသည်​။
image
🌱 ​မေတ္တာဖြင့်
Credit by.

Sort:  

Congratulations @moezawlay! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You got your First payout

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @moezawlay! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

The Steem community has lost an epic member! Farewell @woflhart!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58092.92
ETH 2616.63
USDT 1.00
SBD 2.43