Time ဆိုတာ အချိန်ပါ

in #myanmar8 years ago

image
အချိန်ရဲတန်ဘိုးကို အချိန်လွန်မှသိခဲ့ရပါတယ်။ ၅ နှစ်ရွယ်မှာကျောင်းနေခဲ့ပြီး သုငယ်တန်းတစ်နှစ်ကျ လို့ ပထမဦးဆုံး အားလုံးထက် ၁ နှစ်နောက်ကျ သွားခဲ့ပါပြီ၊ နောက် ဆယ်တန်းမှာ တစ်နှစ်ကျပြန်တော့ ရွယ်တူသူများတွေထက် တစ်နှစ်နောက်ကျပြန်ပါရော ။
ဒီလိုနဲ့မိဘတွေမတတ်နိုင်မှန်းသိလို့ အလုပ်လုပ်ရင်း စာပေးစာယူဖြေခဲ့ရာက ဒုတိယနှစ်အရောက်မှာ ဂျီတီအိုင်ကျောင်းတက်ဖို့ အကြောင်းဖန်လာပါတယ်၊ထိုခေတ်အခါက ဂျီတီအိုင်ဆင်းတွေက အလုပ်ရလွယ်ကြပေသကိုး။
ဒီလိုနဲ့ ဂျီတီအိုင်ကို ၂ နှစ်နောက်ကျပြန်ရော ၊တကယ်ဆို အ.မ.က နဲ့ အ.ထ.က မှာနောက်ကျခဲ့တဲ့နှစ်တွေနဲ့ ၂ နှစ်ပါပေါင်းရင်တော့ ၄ နှစ်နောက်ကျခဲ့တာပေါ့၊ ဒါနဲ့ ချောက်မြို့သခင်ဖိုးလှကြီးစက်မှုသိပ္ပံကျောင်းမှာ ကျောင်းတက်ရင်း ၁၉၈၈ ခုနှစ်မှာ ၈၈ အရေးတော်ပုံဆ်ုပြီးဖြစ်ပြန်တော့ ၁၉၈၅ ခုနှစ်မှာတက်ခဲ့တဲ့ ဂျီတီအိုင်က ၁၉၉၁ ခုနှစ်မှကျောင်းပြီးခဲ့ပါတယ်၊ ၃ နှစ်နောက်ကျပြန်တာပေါ့ ၊ အလုပ်ဝင်တော့ ၁၉၉၃ ခုနှစ်မှဝင်နိုင်တဲ့အတွက် လူ့ဘဝမှာ အချိန်စုစုပေါင်း ၇ နှစ်နောက်ကျခဲ့ပြီးမှ အလုပ်ရခဲတာပါ၊အလုပ်ကလည်းခေတ်ဆိုးစနစ်ဆိုး အောက်မှာဆိုတော့ လစာ တစ်ထောင်ကျော်ပဲ ရခဲ့တဲ့လစာဟာ နှစ်နှစ်လောက်သာ ထမင်းစားရရုံစားနိုင်ခဲ့ပြီး နောက်ပိုင်းတက်လာတဲ့ကုန်ဈေးနှုန်းကြောင့် မလောက်ငတော့ပါ၍ ကြုံရာကျပမ်းအလုပ်တွေ ထပ်ပေါင်းလုပ်ကိုင်စားသောက်ခဲ့ရတဲ့အတွက် မိဘများကိုလုံးဝမထောက်ပံ့နိုင်ခဲ့ပါ၊ ၂၀၀၆ခုနှစ်မှာ နေပြည်တော်ကိုပြောင်းရွေ့ခဲ့ရပြီး အမျိုးသမီးအတွက် ဈေးရောင်းဖို့ဆိုင်ခန်း တစ်နေရာစာ အခမဲ့ရခဲ့တဲ့အတွက် ၅ နှစ်လောက် ဈေးရောင်းခဲ့ရင်း ငွေးရေးကြေးရေးတစ်စစ

အဆင်ပြေလာပါတယ်။ ဒီနေ့ ၂၀၁၈ ခုနှစ်မှာ မိဘတွေကိုကောင်းကောင်းထောက်ပံ့လာနိုင်ပြီ ဆိုတော့ မိဘတွေမှာသေတဲ့သူကသေ ရှင်တဲ့သူက မစားနိုင်တော့တဲ့အချေအနေမှာ အချိန်တွေကိုဘယ်လိုပြန်ရလာအောင်လုပ်ရပါ့မလဲ။ အမေနဲ့အဖေရေ တောင်းပန်ရုံကလွဲပြီး ၊
မင်းစိုးနိုင်
MSC-010

Sort:  

Denn das wird der Sommer den du nicht so schnell vergisst.

Ich habe dich etwas anderes gefragt und zwar ob ich cool bin nicht oder sehr cool Pups Einhorn.

ကုန်လွန်သွားတဲ့ timeတွေကို တစ်စက္ကန့်တောင် ပြန်လှည့်လို့ မရပါဘူး

တစက္ကန့်လောက်ခွင့်ပြုပါဆိုလို့ရတောဘူး။ ဟုတ်တယ်။

Posted using Partiko Android

ဟုတ်​ပါတယ်​...ကုန်​လွန်​သွားတဲ့အချိန်​​တွေပြန်​မရနိုင်​ပြီ....တန်​ဖိုးထားရမှာပါ...

Posted using Partiko Android

အချိန်ကိုဘယ်လိုစနစ်တကျစီမံခန့်ခွဲမလဲမ သိတော့ ကံပစ်ချရာလုပ်ခဲ့ရတာတွေလေ

Posted using Partiko Android

အချိန်တွေ ကုန်ခဲ့ပေ
တစ်နေ့ တစ်နေ့ ကုန်မှန်းမသိ အဓိပ္ပါယ်ရှိ မရှိ သတိမထားမိ

ငယ်သူတွေကကြီးကြီးလာတော့ ကိုယ်ကြီးလာတာသိရပေါ့

Posted using Partiko Android

ရှိတဲ့အချိန်ပဲ တန်အောင် သုံးရမှာပါပဲ

Posted using Partiko Android

မှန်တယ်ကိုစောရေ အချိန်ရှိခိုက်လုံ့လစိုက်ပဲ

Posted using Partiko Android

ဟုတ် ဦးမင်း မှတ်သားထားပါ့မယ်ရှင့်

Posted using Partiko Android

ကိုယ့်ဘဝ အချိန်ကုန်သွားတာလေးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အချိန်ရဲ့ တန်ဖိုးကို မီတာတစ်ရာပြေးပွဲ ၀င်နေတဲ့သူတွေက ပိုသိလိမ့်မယ်ဆာမင်းစိုး ☺

မီတာတစ်ရာကအချိန်မှတ်ချိန်တောင်မရဘူးရောက်ပြီ

Posted using Partiko Android

အချိန်​​တွေ ကုန်​မြန်​လွန်းတယ်

Posted using Partiko Android

အချိန်​​တွေ ကုန်​တာမြန်​လွန်းတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65459.19
ETH 1894.72
USDT 1.00
SBD 0.39