Steemit User Guide 

in #myanmar6 years ago

Steemit User Guide စာအုပ်ထုတ်ကြမလား
20180823_091401.jpg
ဒီကနေ့ကျွန်တော်ဆွေးနွေးစေချင်တဲ့အကြောင်းအရာကတော့ Steemit User Guide စာအုပ်ထုတ်ကြမလားဆို တာပါပဲ။ ကိုဟင်နရီအောင်ရဲ့ပို့စ်တွေကို User Guide အဖြစ်ထားရှိတာကိုသိပေမယ့်။ ကျကျနနပုံနှိပ်စာအုပ်တော့ မဟုတ် သေးပါဘူး။ ကျွန်တော်ပြောချင်တဲ့ User Guide က စာအုပ်ဆိုင်တွေမှာတင်ရောင်းနိုင်တဲ့ User Guide မျိုးပါ။ ပြီးတော့ ထုတ်ဝေသူရှာမလား၊ MSC အဖွဲ့သားတွေရံပုံငွေစုပြီး ထုတ်ဝေမလားဆိုတာကတော့ နောက်ပိုင်းကျွမ်းကျင့်တဲ့သူတွေရဲ့ အကြံညာဏ်ကိုရယူရမှာပါ။

ဒီလိုစာအုပ်မျိုးထုတ်ဝေနိုင်ပြီဆိုရင် Steemit ပေါ်မှာ မြန်မာတွေအများအပြားအလွယ်တကူဝင်ရောက်လာနိုင်မယ် လို့ယူဆမိပါတယ်။ကျွန်တော်သိရှိသလောက် ကိုဟင်နရီအနေနဲ့ MSC Group ကိုတည်ထောင်ပြီး စည်းစည်းလုံးလုံးဖြစ်စေဖို့ စည်ကမ်းတွေထုတ်ထားပေမယ့် အခြားအခြားသော Group တွေပွားလာတာကိုလည်း မုဒိတာပွားများနေမယ့် သူလို့ယုံ ကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်း Steemit ဆိုတာ Social Network တစ်ခုဖြစ်လေတော့ လူများ လာလေလေ အကျိုးများလေလေမို့လိုဖြစ်ပါတယ်။ကျွန်တော်တို့ မိတ်ဆွေသစ်တွေဖွဲ့မယ်။Group တွေလည်ပတ်မယ်။ အမြင်မတူတာတွေဆွေးနွေးညှိနှိုင်းကြမယ်။ အသိအမြင်အသစ်တွေဖယ်လှယ်ကြမယ်။ Information တွေပေးကြမယ်။

Steemit သုံးစွဲနေသူများထဲမှာ အချို့က ထူးထူးချွန်ချွန်နဲ့ထဲထဲဝင်ဝင်ဝင်လေ့လာနိုင်ပြီး Steemit နဲ့ဆက်နွယ်တဲ့ Token တွေ၊ SMTs တွေအကြောင်းလေ့လာနိုင်ကြပါတယ်။ တစ်ချို့သူတွေကတော့ လက်ရှိ Steemit ကပေးထားတဲ့ Posting Key,Private Key ,Active Key, Owner Key , Memo Key စတဲ့ Key တွေရဲ့ အသုံးပြုပုံကိုတောင် အကုန်အစင် သိမှာမဟုတ်ပါဘူး။အလွယ်အတူပို့တင်မယ်။ ပြီးရင် Exchanger နဲ့ဆက်သွယ်ပြီး ရောင်းလို့ရရင်တဲ့အချိန်ရောင်းကြမယ်။ ဒီလောက်ပဲနားလည်ထားကြတာပါ။ ဒါကကျွန်တော်အဝင်ပါ။ ပြီးတော့ Discord အကြောင်းရေးထားတဲ့ Post တွေအများကြီးရှိပေမယ့်။ ကြာသွားရင်ပြန်ရှာဖို့ခက်ခဲလို့ Internet line ဆိုးဆိုးမှာ ခက်ခက်ခဲခဲ ရှာရပါတယ်။ စာအုပ် ကလေးဆိုရင်တော့ အလွယ်တကူပြန်လှန်ကြည့်ရုံပါပဲ။နောက် Byteball တွေ 8Ball တွေအကြောင်းအများကြီး ထည့်သွင်း လို့ရပါတယ်။ ခုလောလောဆယ် ကိုဟင်ပြောနေတဲ့ SMTs တွေအကြောင်းထည့်လို့ရပါတယ်။

Steemit တော့ အမြဲ Upgrade ရှိနေတော့ ကိုယ်တွေကလည်း ပထမအကြိမ်ဒုတိယအကြိမ်တွေထုတ်တဲ့အခါ Upgrade လုပ်သွားလို့ရပါတယ်။

ယခုကျွန်တော်တင်ပြတဲ့ Steemit User Guide စာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုသည်ဖြစ်စေ၊ မထုတ်ဝေလိုသည်ဖြစ် စေ လွတ်လွတ် လပ်လပ် ငြင်းခုံဆွေးနွေးပေးနိုင်ပါတယ်။အကြံဥာဏ်ကောင်းတွေကိုလည်းမျှော်လင့်ပါတယ်။

မင်းစိုးနိုင်

MSC -010

Photo Google

Sort:  

ထောက်​ခံပါတယ်​ကိုမင်း​ရေ
ကျ​နော်​ဆို ကို ဟင်​န​ရီရဲ့ pdf အစအဆုံး ကြည့်​တာ​တောင်​ ​ရေး​ရေးပဲ နားလည်​ခဲ့ရတယ်​ ဖုန်းနဲ့ဆို​တော့လည်း ပြန်​မကြည့်​ဖြစ်​ဘူး​လေ စာအုပ်​နဲ့ဆို​တော့ အချိန်​မ​ရွှေး ပြန်​ကြည့်​လို့ရတယ်
ဖုန်းထဲဆို​တော့ ပြန်​ရှာရတာ မလွယ်​ဘူးဗျာ ☺

အမှန်တော့ အဲတာပဲဗျာ ကျွန်နော်မသိမတတ်တာကသူများထက်ပိုပါတယ်၊ဒါတွေကို gathering မှာမေးဖို့မှန်းထားပေမယ့် Gathering ကလည်းမတတ်နိုင်ခဲ့ဘူး၊ စာအုပ်ကလေးမှာ ပြည့်ပြည့်စုံစုံရေးထားရင် ကျွန်တော်တို့တောင်ပြန်ဝယ်ဖတ်ရမှာပါ

အတော် ကောင်းတဲ့ အကြံပါ။ steemit user guide ကို computer နှင့် အသုံးပြုပုံ ၊ phone နှင့် အသုံးပြု ပုံ တွေကို SS တွေနဲ့ တကွ ကောင်းမွန်အောင် ပြုလုပ်ပြီး စာအုပ် အနေနဲ့ ထုတ်နိုင်ရင် ကောင်းပါ တယ်ဦးမင်း။

ကျွှန်တော့ အနေနဲ့ steemit platform ပေါ်ကို မြန်မာ user တွေများလာတာကို ကြိုဆိုပါတယ်။ ဒါ ပေသိ လူများလာရင် အမှိုက် များလာတတ်တာ ဦးမင်းအသိပါ။ ဆိုတော့ MSC ကနေပဲ တတ်နိုင်သလောက် စစ်ထုတ်ပြီး support ပေးနေရခြင်းပါ။

နောက်တခုက လူများလာတာဟုတ်ပါပြီ... နောက်လူသစ်များကို တွဲခေါ်ဖို့ ကျွန်တော်တို့မယ် လုံလောက်တဲ့ SP တွေ မရှိကြသေးဘူး။ လူသစ်တွေ ဝင်ရောက်လာ အလွန်ဆုံး Post ၁၀ ခုလောက်တင်မိရင် စိတ်ပျက်သွားကြပါတယ်။

လက်ရှိ MSC member တွေရဲ့ SP က ကိုယ့်လူတွေ အကုန်လုံးကို ပတ်လည် Vote ပေးဖို့တောင် မလောက် သေးပါဘူး။ Myanmar steemit new user တွေကို support ပေးဖို့ ကိုစောလွင် တို့ ကိုမိုးဇော်တို့နဲ့ gathering မှာ ဆွေးနွေး ဖြစ်ပါတယ်။

ဆိုတော့ user guide တအုပ် ဖြစ်လာဖို့ မခက်ခဲပေမယ့် user guide သုံးပြီး ရောက်လာတဲ့ လူသစ်တွေကို ဘယ်လို support ပေးနိုင်မလဲ အရင် စဉ်းစားရမယ်လို့ ထင်ပါတယ်။

လူသစ်တွေကို pro လုပ်ပြီး support ပေးဖို့စဉ်းစားရင်တော့ ကိုဟင်ပြောသလိုခက်ပါတယ်၊့ ပေမယ် ကျွန်တော်က သီးခြား group တွေထွက်လာစေချင်တာပါ၊ Dpakyaw တို့လုပ်နေတဲ့ msu လိုပေါ့ ၊သူတို့နဲ့ msc နဲပြိုင်ဘက်ဖြစ်နေရင်တောင်ရန်ဘက်တော့မဟုတ်ဘူးဆိုတော့ group တွေပြိုင်အဆိုင်ပေါ်လာလည်း ကောင်းတယ်ထင်တယ်လေ၊ဒါမှ ကိုယ့်ထဲသူလာလည် သူ့ထဲကိုယ်သွားလည် ၊ပေါ့။ vote ပေးတာတော့ sp ကအကန့်အသတ်ရှိတော့ အကုန်လိုက်မပေးနိုင်ဘူးပေါ့။ steemit ပေါ်တက်လာတဲ့ မြန်မာမှန်သမျှ support ပေးမယ်လို့ တွေးတဲ့ကိုဟင်ကိုလေးစားပါတယ်၊ဒါပေမယ့် သူ့ခြေထောက်ပေါ်သူ့ဘာသာရပ်နိုင်သူတွေလည်း ရှိလိမ့်မယ်လို့ထင်ပါတယ်။

MSU ကိုလည်း ပြိုင်ဘက်လို့ သဘောမထားပါဘူး။ သူတို့ အဖွဲ့အစည်းကလည်း စည်းကမ်း တွေနဲ့ မို့ လေးစားပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်ပေးနိုင်တဲ့ အကူအညီက အကန့်အသတ်နဲ့မို့ MSU ကိုအကူအညီမပေးနိုင်သေးတာပါ။

ကျွန်တော် သိသလောက် ၊ နားလည်သလောက် ပြောရရင် steemit platform ပေါ်မှာ တကိုယ်တည်း ရပ်တည်နိုင်ဖို့ အင်မတန်ခက်ပါတယ်။ ကိုယ်တိုင်က လုံလောက်တဲ့ SP ဝယ်ထည့်နိုင်ရင်တောင် ကျွန်တော်ရေးဖူးတဲ့ steemit platform ပေါ်ရင်းနှီးမြုပ်နှံခြင်း ဆောင်းပါး မှာ ရေးထားသလို ဖြစ် နိုင် မဖြစ်နိုင် ဦးမင်း သိမှာပါ။ steemit platform ပေါ်မှာ တကိုယ်တည်း ရပ်တည် နိုင်သူ မရှိ မဟုတ် ရှိလာမှာပါ။ MSC ကနေ လုံလောက် တဲ့ SP ရလာတဲ့ တနေ့ တယောက်ကောင်း ရပ်တည်လိုသူတွေ ဦးမင်း တွေ့လာပါလိမ့်မယ်။

ဆိုတော့ user guide အတွက် ပြန်ပြောကြည့်ရအောင်။ လက်ရှိ steemit platform ကို နားလည် နေကြတဲ့ နည်းပညာ သမားတွေ မြန်မာတွေထဲမှာ မနည်းပါဘူး။ Steem ဈေးက မက်လောက်စရာ မရှိသေးလို့ပါ။ Steem ဈေး မက်လောက်စရာ ဖြစ်လာရင် ဦးမင်းပြောတဲ့ အဖွဲ့ အသစ်တွေ ထပ်မဖွဲ့ ကြပါနဲ့ လို့ တား ရင်တောင် မှိုလို ထွက်လာကြပါလိမ့်မယ်။ အဲဒီ အခါကြမှ ကောက်သင်းကောက်ကြတာပေါ့။

ကျွန်တော် ထင်တာကတော့ လုံလောက်တဲ့ sp ရှိတဲ့ မြန်မာ တစ်ယောက်လောက်ရှိလာရင် ကျွန်တော်တို့ တော်တော် လုပ်ရကိုင်ရတာ အဆင်ပြေလာမယ်ထင်တယ်နော် အခုလို ဈေးကျနေချိန် sponser တစ်ယောက်လောက်ရှာလိုက်ရင် အဆင်ပြေမလားဗျ ဈေးပြန်တက်ချိန်လောက်ဆို သူလည်း အဆင်ပြေ ကိုယ်လည်း အဆင်ပြေ win- win ပေါ့ တရစ် ခြင်းစုနေတော့ အချိန်တွေ နှမြောဖို့ကောင်းလိုက်တာ ဗျ
ကျွန်တော် ညီမလေး နဲ့ သူငယ်ချင်းကိုလည်း steemit ပေါ်ဆွဲတင်နေပါတယ် သူတို့ အတွက် user guide တော့လိုတယ် ခင်ဗျ လောလောဆယ် bro ရဲ့ pdf လေးပဲ ပေးဖတ်ထားနိုင်သေးတယ် အားမရဘူးဗျာ
steemit welcome page ကိုတော့ ဘာသာပြန်ပြီး post ရေးမဲ့ idea လေးတောင် ရေးရမလား မရေးရမလား မသိတော့ဘူး 😊
@aggamun

Steemit မှာရင်းနှီးမြုပ်နှံမယ်သူဆိုတာ ခုလိုမျိုးစာအုပ်ထုတ်နိုင်တဲ့အခါမှ စာအုပ်ဝယ်ဖတ်မိရင်းစိတ်ကူးပေါက်လာနိုင်မယ်ထင်ပါတယ်၊ ဒီနေ့အထိသုံးစွဲနေသူတွေကတော့ မဖြစ်နိုင်သေးဘူးပေါ့။နောက်ပြီးတို့နိုင်ငံမှာ crytocurrency ကို စိတ်ဝင်စားတဲ့ သူဌေးမင်းကလည်းမပေါ်သေးတော့ မလွယ်သေးဘူးပေါ့

ဟုတ် ကျွန်တော်လည်း စိတ်ကူးရတာလေး ပြောကြည့်တာပါ ကျွန်တော့ သူငယ်ချင်း ဘောစိတွေကိုလည်း ဆွယ်ကြည့်ရမယ်ဗျာ သူတို့က ပိုက်ပိုက်ကို ဘယ်လိုသုံးရင်ကောင်းမလဲ စိတ်ကူးနေတာ online investment ဆိုတာ ရှိမှန်းတောင်သိမှာ မဟုတ်ဘူး ရှိတာသိလည်း လုပ်ရကောင်းမှန်း မသိဘူး 😀

အတက်‌ပညာတစ်‌ခုကို sharing လုပ်‌တာ ‌ကောင်း‌သောလုပ်‌ရပ်‌ပါ။

အကြံဥာဏ်ကောင်းတွေလိုပါတယ်

ကျမတို့ Steemထဲ စ ဝင်တော့ အသိတစ်ယောက်ကနေ ကိုဟင်ရဲ့ steem ပိုလ့်လေးကို မျှဝေရာက steemဆိုတာ အဲ့လိုလားဆိုပြီး နားလည်လွယ်ခဲ့ရပါတယ် အကြံကောင်းပါဘဲ

စာအုပ်ဆိုတော့ ပိုပြည့်စုံပြီး အမှားတွေအပိုစာသားတွေ မပါပဲအနှစ်သက်သက်ဖတ်လို့ရတာပေါ့နော

Steemit user guideထုတ်​ရင်​​ကောင်းမှာပါ....👍👍👍

ထောက်ခံတဲ့သူများလာပြီ

အတွေးကောင်းလေးပါ ဆရာ

ဒီလောက်ပဲလား၊ တကယ်ထုတ်ဝေဖို့လုပ်ရင်အားလုံးရဲ့အကူအညီလိုမယ်နော်

အရမ်​​ကောင်းတဲ့​အေ​​တွး​ခေါ်ပါ newuse​တေအတွက်​လည်းအဆင်​​ပြေ တယ်​ ဒီလိုလုပ့်မြန်​မာ လူငယ်​​တေsteem​အြေ ကာင်းပိုနားလည်​ပီး တွင်​တွင်​ကျယ်​ကျယ်​သုံးလာမယ်​ လို့ ထင်​မြင်​မိပါတယ်

ခုနေတော့ကိုဟင်ပြောသလို ဈေးကျနေလို့ သိပ်အဆင်မပြေနိုင်မှန်းသိပါတယ်၊ရေရှည်အတွက်ပြောချင်တာပါ

steemit user guideထုတ်ရင်လေ့လာနေစဲသူတွေများအတွက်ကောင်းဆုးံဖြစ်မှာပါ

ဟုတ်တယ် လူသစ်တွေရယ်၊လူဟောင်းပေမယ့် သိပ်နားမလည်သေးတာတွေရှိနေသေးသူတွေရယ်အတွက် ထုတ်စေချင်တာပါ

မဆိုးဘူးကောင်းတယ်။

ဒီလောက်ပဲလား ၊ဝေဖန်အကြံဥာဏ်လေးပေးပါဦး

လွတ်လပ်စွာ ဖတ်သွားပီး
ကောင်းပါတယ်ဟု မှတ်ချက်ပြုပါသည် … ပေါ့

မြန်မာအိုင်ဒေါကျနေတာပဲ ဟင်း

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 58431.12
ETH 3142.83
USDT 1.00
SBD 2.43