You are viewing a single comment's thread from:

RE: Steemit User Guide 

in #myanmar6 years ago

အတော် ကောင်းတဲ့ အကြံပါ။ steemit user guide ကို computer နှင့် အသုံးပြုပုံ ၊ phone နှင့် အသုံးပြု ပုံ တွေကို SS တွေနဲ့ တကွ ကောင်းမွန်အောင် ပြုလုပ်ပြီး စာအုပ် အနေနဲ့ ထုတ်နိုင်ရင် ကောင်းပါ တယ်ဦးမင်း။

ကျွှန်တော့ အနေနဲ့ steemit platform ပေါ်ကို မြန်မာ user တွေများလာတာကို ကြိုဆိုပါတယ်။ ဒါ ပေသိ လူများလာရင် အမှိုက် များလာတတ်တာ ဦးမင်းအသိပါ။ ဆိုတော့ MSC ကနေပဲ တတ်နိုင်သလောက် စစ်ထုတ်ပြီး support ပေးနေရခြင်းပါ။

နောက်တခုက လူများလာတာဟုတ်ပါပြီ... နောက်လူသစ်များကို တွဲခေါ်ဖို့ ကျွန်တော်တို့မယ် လုံလောက်တဲ့ SP တွေ မရှိကြသေးဘူး။ လူသစ်တွေ ဝင်ရောက်လာ အလွန်ဆုံး Post ၁၀ ခုလောက်တင်မိရင် စိတ်ပျက်သွားကြပါတယ်။

လက်ရှိ MSC member တွေရဲ့ SP က ကိုယ့်လူတွေ အကုန်လုံးကို ပတ်လည် Vote ပေးဖို့တောင် မလောက် သေးပါဘူး။ Myanmar steemit new user တွေကို support ပေးဖို့ ကိုစောလွင် တို့ ကိုမိုးဇော်တို့နဲ့ gathering မှာ ဆွေးနွေး ဖြစ်ပါတယ်။

ဆိုတော့ user guide တအုပ် ဖြစ်လာဖို့ မခက်ခဲပေမယ့် user guide သုံးပြီး ရောက်လာတဲ့ လူသစ်တွေကို ဘယ်လို support ပေးနိုင်မလဲ အရင် စဉ်းစားရမယ်လို့ ထင်ပါတယ်။

Sort:  

လူသစ်တွေကို pro လုပ်ပြီး support ပေးဖို့စဉ်းစားရင်တော့ ကိုဟင်ပြောသလိုခက်ပါတယ်၊့ ပေမယ် ကျွန်တော်က သီးခြား group တွေထွက်လာစေချင်တာပါ၊ Dpakyaw တို့လုပ်နေတဲ့ msu လိုပေါ့ ၊သူတို့နဲ့ msc နဲပြိုင်ဘက်ဖြစ်နေရင်တောင်ရန်ဘက်တော့မဟုတ်ဘူးဆိုတော့ group တွေပြိုင်အဆိုင်ပေါ်လာလည်း ကောင်းတယ်ထင်တယ်လေ၊ဒါမှ ကိုယ့်ထဲသူလာလည် သူ့ထဲကိုယ်သွားလည် ၊ပေါ့။ vote ပေးတာတော့ sp ကအကန့်အသတ်ရှိတော့ အကုန်လိုက်မပေးနိုင်ဘူးပေါ့။ steemit ပေါ်တက်လာတဲ့ မြန်မာမှန်သမျှ support ပေးမယ်လို့ တွေးတဲ့ကိုဟင်ကိုလေးစားပါတယ်၊ဒါပေမယ့် သူ့ခြေထောက်ပေါ်သူ့ဘာသာရပ်နိုင်သူတွေလည်း ရှိလိမ့်မယ်လို့ထင်ပါတယ်။

MSU ကိုလည်း ပြိုင်ဘက်လို့ သဘောမထားပါဘူး။ သူတို့ အဖွဲ့အစည်းကလည်း စည်းကမ်း တွေနဲ့ မို့ လေးစားပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်ပေးနိုင်တဲ့ အကူအညီက အကန့်အသတ်နဲ့မို့ MSU ကိုအကူအညီမပေးနိုင်သေးတာပါ။

ကျွန်တော် သိသလောက် ၊ နားလည်သလောက် ပြောရရင် steemit platform ပေါ်မှာ တကိုယ်တည်း ရပ်တည်နိုင်ဖို့ အင်မတန်ခက်ပါတယ်။ ကိုယ်တိုင်က လုံလောက်တဲ့ SP ဝယ်ထည့်နိုင်ရင်တောင် ကျွန်တော်ရေးဖူးတဲ့ steemit platform ပေါ်ရင်းနှီးမြုပ်နှံခြင်း ဆောင်းပါး မှာ ရေးထားသလို ဖြစ် နိုင် မဖြစ်နိုင် ဦးမင်း သိမှာပါ။ steemit platform ပေါ်မှာ တကိုယ်တည်း ရပ်တည် နိုင်သူ မရှိ မဟုတ် ရှိလာမှာပါ။ MSC ကနေ လုံလောက် တဲ့ SP ရလာတဲ့ တနေ့ တယောက်ကောင်း ရပ်တည်လိုသူတွေ ဦးမင်း တွေ့လာပါလိမ့်မယ်။

ဆိုတော့ user guide အတွက် ပြန်ပြောကြည့်ရအောင်။ လက်ရှိ steemit platform ကို နားလည် နေကြတဲ့ နည်းပညာ သမားတွေ မြန်မာတွေထဲမှာ မနည်းပါဘူး။ Steem ဈေးက မက်လောက်စရာ မရှိသေးလို့ပါ။ Steem ဈေး မက်လောက်စရာ ဖြစ်လာရင် ဦးမင်းပြောတဲ့ အဖွဲ့ အသစ်တွေ ထပ်မဖွဲ့ ကြပါနဲ့ လို့ တား ရင်တောင် မှိုလို ထွက်လာကြပါလိမ့်မယ်။ အဲဒီ အခါကြမှ ကောက်သင်းကောက်ကြတာပေါ့။

ကျွန်တော် ထင်တာကတော့ လုံလောက်တဲ့ sp ရှိတဲ့ မြန်မာ တစ်ယောက်လောက်ရှိလာရင် ကျွန်တော်တို့ တော်တော် လုပ်ရကိုင်ရတာ အဆင်ပြေလာမယ်ထင်တယ်နော် အခုလို ဈေးကျနေချိန် sponser တစ်ယောက်လောက်ရှာလိုက်ရင် အဆင်ပြေမလားဗျ ဈေးပြန်တက်ချိန်လောက်ဆို သူလည်း အဆင်ပြေ ကိုယ်လည်း အဆင်ပြေ win- win ပေါ့ တရစ် ခြင်းစုနေတော့ အချိန်တွေ နှမြောဖို့ကောင်းလိုက်တာ ဗျ
ကျွန်တော် ညီမလေး နဲ့ သူငယ်ချင်းကိုလည်း steemit ပေါ်ဆွဲတင်နေပါတယ် သူတို့ အတွက် user guide တော့လိုတယ် ခင်ဗျ လောလောဆယ် bro ရဲ့ pdf လေးပဲ ပေးဖတ်ထားနိုင်သေးတယ် အားမရဘူးဗျာ
steemit welcome page ကိုတော့ ဘာသာပြန်ပြီး post ရေးမဲ့ idea လေးတောင် ရေးရမလား မရေးရမလား မသိတော့ဘူး 😊
@aggamun

Steemit မှာရင်းနှီးမြုပ်နှံမယ်သူဆိုတာ ခုလိုမျိုးစာအုပ်ထုတ်နိုင်တဲ့အခါမှ စာအုပ်ဝယ်ဖတ်မိရင်းစိတ်ကူးပေါက်လာနိုင်မယ်ထင်ပါတယ်၊ ဒီနေ့အထိသုံးစွဲနေသူတွေကတော့ မဖြစ်နိုင်သေးဘူးပေါ့။နောက်ပြီးတို့နိုင်ငံမှာ crytocurrency ကို စိတ်ဝင်စားတဲ့ သူဌေးမင်းကလည်းမပေါ်သေးတော့ မလွယ်သေးဘူးပေါ့

ဟုတ် ကျွန်တော်လည်း စိတ်ကူးရတာလေး ပြောကြည့်တာပါ ကျွန်တော့ သူငယ်ချင်း ဘောစိတွေကိုလည်း ဆွယ်ကြည့်ရမယ်ဗျာ သူတို့က ပိုက်ပိုက်ကို ဘယ်လိုသုံးရင်ကောင်းမလဲ စိတ်ကူးနေတာ online investment ဆိုတာ ရှိမှန်းတောင်သိမှာ မဟုတ်ဘူး ရှိတာသိလည်း လုပ်ရကောင်းမှန်း မသိဘူး 😀

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 56905.21
ETH 2508.41
USDT 1.00
SBD 2.36