မိမိကိုယ်ကို ယုံကြည်မှု(Self-Confidence)

in #myanmar6 years ago

image

image source

ဘာသာပြန်လေးပါ ကောင်းလို့မျှဝေပေးပါတယ်

သန်းလွင်ဟာ အကြွေးတွေထဲမှာနစ်နေတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်ပြီးချေးထားတဲ့ ငွေတွေကို ပြန်ဆပ်နိုင်တဲ့ နည်းလမ်းလည်းမမြင်နိုင်ဘူး။အကြွေးရှင်တွေက သူတို့ပိုက်ဆံပြန်ရဖို့ သူ့နောက် ပြေးလိုက်နေကြတယ်။ ကုန်ပို့တဲ့သူတွေက ပိုက်ဆံချေခိုင်းနေပြီ၊ သူဟာ ပန်းခြံထဲကခုံမှာထိုင် ခေါင်းကို လက်နှစ်ဖက်ထဲ ငုံထားပြီးဘယ်သူများ သူ့ကုမ္ပဏီကို ဒေဝါလီခံပြီး ပိတ်လိုက်ရ တဲ့အဖြစ်မှ ကယ်တင်နိုင်ပါ့မလဲလို့ တွေးနေမိတယ်။

ရုတ်တရက် အဘိုးအိုတစ်ဦးသူ့ရှေရောက်လာတယ်။ “မင်းကိုတစ်ခုခုကဒုက္ခပေးနေတယ်ဆိုတာ ငါတွေ့နေရတယ်။” လို့သူကပြောတယ်။ “သန်းလွင် ” ရဲ့ ပြဿနာတွေကိုနားထောင်ပြီးနောက် အဘိုးအိုကပြေတယ်။ “မင်းကိုငါကူညီနိုင်တယ်လို့ ယုံကြည်တယ်”

သူဟာသန်းလွင်ရဲ့အမည်ကိုမေး၊ ချက်လက်မှတ်ရေးပေးပြီး သူရဲ့လက်ထဲ ထိုးပေးကာပြော လိုက် တယ်။ “ဒီပိုက်ဆံကိုယူ ၊ဒီနေ့ကနေ နောက်တစ်နှစ်အတိအကျမှာ ဒီမှာငါ့ကိုလာတွေ့ပါ။ အဲဒီအ ချိန်ကျမှပြန်ပေးပေါ့။” ထို့နောက်သူလာတုန်းကလိုပဲ နောက်ပြန်လှည့်ပြီး ဗြုန်းကနဲပျောက်သွား ရော။

သန်းလွင်ဟာ သူ့ရဲ့လက်ထဲမှာ အဲဒီတုန်းက မြန်မာနိုင်ငံမှာအချမ်းသာဆုံးထဲကတစ်ဦးဖြစ်တဲ့ သူဌေးကြီးဦးဌေးမြ လက်မှတ်ရေးထိုးထားတဲ့ ကျပ်သိန်းတစ်သန်းတန် ချက်လက်မှတ်ကိုကြည့် လိုက်တယ်။

“တစ်ခဏအတွင်းမှာ ငါ့ရဲ့ ပိုက်ဆံကြောင့် စိတ်သောကရောက်ရတာတွေကို ရှင်းလိုက်နိုင်ပါလား” လို့ သူသဘောပေါက်မိတယ်။ သို့သော် သန်းလွင်ဟ ပိုက်ဆံမလဲရသေးတဲ့ချက်လက်မှတ်ကို မီးခံသေတ္တာထဲမှာထားဖို့ဆုံးဖြတ်လိုက်တယ်။ အရေးကြုံမှထုတ်မယ်ဆိုတဲ့ အသိလေးက သူ့ကို သူ့စီးပွားရေး အဖတ်ဆယ်နိုင်ဖို့ နည်းလမ်းရှာနိုင်ဖို့ ခွန်အားတွေပေးလိမ့်မယ်လို့ သူထင်တယ်။

ပိုပြီး အကောင်းမြင်တဲ့စိတ်နဲ့ သူကြိုးစားတာ ပိုကောင်းတဲ့စီးပွားရေး ကန်ထရိုက်တွေရတယ်။ တော်တော်ရောင်းလိုက်ရတယ်။ လအနည်းငယ်အတွင်းမှာ အကြွေးပြန်ဆပ်နိုင်ပြီး ဝင်ငွေရ အောင်ပြန်ရှာနိုင်ပြီ။

နောက်တစ်နှစ်တိတိအကြာမှာ ငွေမလဲရသေးတဲ့ချက်လက်မှတ်ကိုယူပြီးပန်းခြံသို့ သူပြန်လာခဲ့ တယ်။ သဘောတူထားတဲ့အချိန်မှာ အဘိုးကြီးပေါ်လာတယ်။ သို့သော် သန်းလွင်ဟာ ချက် မှတ်ကို လှမ်းပေးပြီး သူ့ရဲ့ အောင်မြင်မှုအကြောင်းပြောပြမယ်အလုပ်မှ သူနာပြုဆရာမတစ်ဦး အပြေးရောက်လာပြီး အဘိုးကြီးကို လှမ်းဆွဲခေါ်သွားတယ်။

“သူ့ကို ပြန်ဖမ်းဖိတာအရမ်းဝမ်းသာတာပဲ” သူမက အော်ပြောတယ်။ “သူရှင့်ကို မနှောက် ယှက် နေဘူးထင်ပါတယ်။ သူက အမြဲလူအိုရုံကနေ ထွက်ပြေးပြီးသူဟာ သူဌေးကြီး ဦးဌေးမြပါလို့ လူတွေကို လျှောက်ပြောနေတာ” သူမက အဘိုးကြီးကို လက်မှကိုင်ကာ ခေါ်သွားလေတယ်။

သန်းလွင်ဟာ အံ့သြပြီး ဘာမှမပြောနိုင်ဘဲ ရပ်နေမိတယ်။ တစ်နှစ်လုံး သူ အလုပ်ကြိုးစား လုပ်ခဲ့ရတာ ရောင်းလိုက်ဝယ်လိုက်နဲ့။ သူ့နောက်မှာ ကျပ်သိန်းတစ်သန်းတန်ချက်လက်မှတ် ကြီး ရှိတယ်ဆိုတဲ့ယုံကြည်မှုနဲ့။ ဒါဟာ ပိုက်ဆံအစစ်၊ သို့မဟုတ် စိတ်ကူးယဉ်ထားတဲ့ ပိုက်ဆံ ကြောင့် သူ့ရဲ့ဘဝတိုးတက်ပြောင်းလဲသွားတာ မဟုတ်ဘူး ဆိုတာကို ရုတ်တရက်သဘောပေါက် မိသွား ပါတယ်။

Following article Translate in Myanmar Language

Than Lwin was a business executive who was deep in debt and could see no way to repay the money he borrowed. Creditors were running after him to get their money back, Suppliers were demanding payment.He sat on the park bench, head in hands, wondering if anything could save his company from bankruptcy and closing down.

Suddennly an old man apperared in front of him. “I can see that something is troubling you,” he said. After ;istening to Than Lwin’ problems, the old man said, “ believe I can help you.”

He asked for Than Lwin’ name, wrote out a check, and pushed it into his hand saying, “Take this money. Meet me here exactly one year from today, and you can pay me back at that time.” Then he turned and disapperared as quickly as he had come.

Than Lwin saw in his hand a check for Myanmar Kyats 100,000,000,000, signed by U Htay Mya, then one of the richest men in the Myanmar!

“I can erase my money worries in an instant!” he realized. But instead, Than Lwin decided to put the un-cashed check in his save. Just knowing it was there might give him the strength to work out way to save his business, he thought.

With renewed optimism, he tried and got better business contracts, He made several big sales. Within a few months, he was able to repay his debt and started making money once again.

Exactly one year later, he returned to the park with the un-cashed check. At the agreed-upon time, the old man appeared. But just as Than Lwin was about to hand back the check and share his success,a nurse came running up and grabbed the old man.

“I’m so glad I caught him!” she cried. “I hope he hasn’t been bothering you. He’s always escaping from the rest home and telling people that he’s U Htay Mya.” And she led aways the old man by the arm.

Than Lwin just stood there surprised and speechless. All year long he’s been working hard, buying and selling, believing that he had a one million lakh kyats behind him. Suddenly, he realized that it wasm’t the money, real or imagined, that had changed his life for the better.

မင်းစိုးနိုင်

Sort:  

မိမိကိုယ်ကို လိမ်တာတွေ များလာပြီး ယုံချင်တော့ဘူး ဖြစ်နေ😁

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

လူတစ်ယောက်မှာ ယုံကြည်မှုက အရေးကြီးပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62227.11
ETH 2400.78
USDT 1.00
SBD 2.50