မိဘတွေကို ခြင်းကြားကြီးနဲ့စွန့်ပစ်သူ

in #myanmar5 years ago (edited)

gytidl7zvw.jpg

မိဘတွေကို ခြင်းကြားကြီးနဲ့ စွန့်ပစ်သူ

Facebook မှာ ဒီစာလေးဖတ်မိတုန်းက လောကမှာ ဒီလိုမျိုးရက်စက်တဲ့သူတွေလည်း ရှိပါသေးလားလို့ သံဝေဂယူခဲ့မိပါတယ်။
ဇတ်လမ်းကဒီလိုပါ ဂျပန်ပြည်က ကျေးရွာတစ်ခုမှာ မိဘတွေအသက်ကြီးလာပြီး ဘာမှသုံးစားမရတော့ပဲ ဝန်ထုတ်ဝန်ပိုးဖြစ်လာ တဲ့အခါ ရွာနဲ့ဝေးတဲ့ တောထဲကို ခြင်းကြားကြီး နဲထမ်းသွားပြီးစွန်ပစ်ကြတဲ့ဓလေ့တစ်ခု ရှိနေတာပါ စာထဲမှတော့ အဖိုးကိုစွန့်ပစ်ဖို့ အဖေကခြင်းကြား ကြီးကိုထမ်းပြီး မြေးနဲ့အတူတောထဲသွားကြတာပါ တောထဲရောက်ပြီး အဖိုးကိုလည်စွန့်ထားခဲ့ပြီးပြန် မယ်လုပ်တော့ မြေးဖြစ်သူက ခြင်းကြားကြီးကို ပြန်သယ်ဖို့လုပ်ပါတယ်။ ဒီအခါမှာအဖေလုပ်သူ က

သားထားခဲ့လေ ခြင်းကြားကြီးကိုပြန်ယူ မနေနဲ့တော့ လို့ပြောတာပေါ့ ဒီအခါမှာသားဖြစ်သူ က ယူခဲ့ပါမယ်။ အဖေ့အလှည့်ကြသားကလာပစ် ရဦးမှာလေ

ဆိုတော့မှ အဖေလည်း ငါ့ကိုလည်းဒီလိုမျိုးအပစ် ခံရဦးမှာပါလားဆိုပြီး နောင်တရလို့ သူ့အဖေကို မစွန့်ပစ်တော့ပဲပြန်ခေါ်ခဲ့တယ်တဲ့။
ဒီစာလေးကိုဖတ်တုန်းက ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ကိုယ်တွေက မိဘတွေကို ခြင်းကြားကြီးနဲ့မစွန့်ပစ် ကြဘူးလေ။ ဒါပေမယ့်သေသေချာချာ တွေးကြည့် တော့ ၊မိဘတွေကတစ်နေရာမှာ ကိုယ်ကတစ်နေ ရာမှာ ဆေးပေးမီးယူလည်းမလုပ်၊ကျွေးမွေးပေး ကမ်းခြင်းလည်း မရှိဘူးဆိုရင် စွန့်ပစ်ထားတာပဲ မဟုတ်ဘူးလား လို့ဆင်ခြင်မိလာတဲ့အခါ ကိုယ့်ကို ကိုယ်တုန်လှုပ်မိလာပါတယ်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62659.86
ETH 2534.03
USDT 1.00
SBD 2.63