Complain (ဆင်ခြေပေးကြစို့)

in #myanmar6 years ago (edited)

image

Complain

ကွန်ပလိန်းတက်တယ် ဆင်ခြေများတယ်ဆိုရင် လူတွေကမကြိုက်ချင်ကြဘူး။ ဒါကြောင့်လည်းတဖြည်းဖြည်းနဲ့ ဝန်ထမ်းတွေက ကွန်ပလိန်းတက်တဲ့အကျင့်ပြောက်သွားခဲ့တယ်။ ဘယ်သူမှအထက်လူကြီးကိုပြန်လှန်ပြောတယ်ဆို တာမရှိတော့ဘူး၊ ဝန်ထမ်းဒါဘာတွေမှာပြောပါပြောပါဆိုတာတောင် မပြောကြတော့ဘူး။မပြောကြတော့ ပြောစရာမရှိလို့တော့မထင်လိုက်လေနဲ့ ပြီးတော့မှ အတင်းတုတ်ကြတာ ငါပြောတော့သူကလုပ်ပေးမှာလားဘာညာပေါ့။ တကယ်လည်းဟိုပြောသည်ပြောနဲ့ပြီးသွားရော ထပြောတဲ့သူကို ကွန်ပလိန်းများတဲ့သူ လူ့ကန့်လန့် သမားလို့သတ်မှတ်လိုက်ကြရော ။ဒီတော့ ဘယ်သူ မှ ဒီလိုဒါဘာတွေမှာမပြောကြတော့တာ ကြာပေါ့ ။ ဒါပေမယ့် ဒါကကောင်းတဲ့လက္ခဏာလားဆိုတော့ မဟုတ်ဘူးဗျ။ ကွန်ပလိန့်မရှိတော့ အောက်ခြေက တကယ်အခြေအနေမှန်တွေကို အထက်ကမသိနိုင် တော့ဘူး။ မြေပြင်အခြေအနေမှန်ကိုမသိပဲစွတ်ပြီးအမိန့်တွေ ပေးတော့သောက်တလွဲတွေဖြစ်ကုန်ရောလေ ။
ပြီးတော့ လုပ်သက်ရင့်လာရင်ရာထူးတွေပေး ရာထူးနဲ့သင့်တော်တဲ့သင်တန်းပေးတာမျိုးကြမရှိဘူး။ဆိုတော့ အသုံးမကျတဲ့ အရာရှိတွေတိုးလာ တာပဲရှိတယ်။ဘာမှမထူးဘူး၊ ညွှန်မှူးအဆင့်တွေ ဖြစ်ပြီး Business မတတ်တော့ လုပ်ငန်းတွေက အရှုံးတွေချည့်ဖြစ်တာ ။ဘယ်သူ့အကြံဉာဏ် တောင်းရမယ်မှန်းလည်းမသိကြဘူး၊၊ စဉ်းစားဆင်ခြင်ဉာဏ်မပါတဲ့ Project တွေ လျှောက်လုပ်ပြီးလုပ်သမျှအရှုံးတွေကိုပြည်သူက ခံရတာ ။
အပြင်လောကမှာတော့ ပဲပြုတ်ပဲစားချင်သူကို ပဲအီကြာမှရမယ်၊ပဲနံပြားမှရမယ် ဆိုတဲ့သူတွေ ဝေဖန်ခံနေရပြီ၊ ဆိတ်ပဲစားချင်ပါတယ်ဆိုတာကို ဆိတ်သားလည်းရှိတယ်။ပဲဟင်းလည်းရှိတယ် ဆိတ်ပဲတော့မရဘူးဆိုတဲ့သူတွေအပြောခံနေရပြီ။
ဝန်ထမ်းလောကကြတော့ စည်းမျဉ်းစည်းကမ်းနဲ့ပဲ သွားနေကြတာ ဒီစည်းမျဉ်းစည်းကမ်းတွေကိုလက် တစ်လုံးခြားလုပ်ပြီး။အလုပ်ဖြစ်ရုံ၊လုပ်နေကြတာ တွေပြင်ဖို့လိုနေပါပြီ။
ဒါတွေကို ဘယ်နေရာကနေဘယ်သူက စပြီးပြင်ကြ မလဲဆိုတာကတော့ စဉ်းစားစရာပါ။ မပြုပြင်ဘူးဆိုရင်တော့ ဘယ်သူအစိုးရတက် လုပ်လုပ်ဒီနိုင်ငံတိုးတက်လာဖို့မမြင်ပါဘူး။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hi, @minsoenaing!

You just got a 0.16% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 76237.03
ETH 3033.90
USDT 1.00
SBD 2.62