အရှေ့ဘက်စွန်းသို့ ခရီးသွားခြင်း -(Final)

in #myanmar7 years ago

C933B281-1036-49E8-A5F9-74A5565A2201.jpeg

ထို့ပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့လာရောက်လည်ပတ်သူများသည် ကျိုင်းတုံမြို့နီးစပ်ရှိ သဘာဝ(natural)ရေပူစမ်းများသို့လည်း သွားရောက်လည်ပတ်နိုင်ပါတယ်။အဆိုပါသဘာဝ ရေပူစမ်းများတွင် သဘာဝရေပူကန်များတည်ရှိပြီး ပိုက်ဖြင့်သွယ်တန်းကာ ရေချိုးခန်းများပြုလုပ်ပေးထားကာ ရေပူရေအေးစပ်ချိုးနိုင်ပါတယ်။ထို့ကြောင့် လာရောက်လည်ပတ်သူများအနေဖြင့် ရေပူဖြင့် အပန်းဖြေအနားယူနိုင်ပါတယ်။

အစားအသောက်(food)အနေဖြင့်လည်း အဆိုပါရေပူစမ်းများတွင် ကြက်ဥကို ခြင်းများရောင်းပေးနေပြီး အဆိုပါ ကြက်ဥများကို ခြင်းဖြင့်ရေပူကန်ထဲတွင် စိမ်ကာ ကျက်ပြီဆိုလျှင် ပဲပုပ်မှုန့်၊ငရုတ်ကောင်းမှုန့်များဖြင့် ဒေသအစားအစာတစ်ခုအဖြစ် စားသောက်နိုင်ပါတယ်။ထို့ကြောင့် ကျိုင်းတုံဒေသခံများသည် အလွန်အေးသော ဆောင်းရာသီတွင်၊ပိတ်ရက် အနားရက်များတွင် အဆိုပါရေပူစမ်းများသို့သွားရောက်လည်ပတ်(travel)လေ့ရှိပါတယ်။

E428AF4C-790B-49A3-95BF-DA4E819D19A9.jpeg

ထို့ပြင် ကျိုင်းတုံသို့ လာရောက်လည်ပတ်သူများသည်လည်း တဆက်တည်းအနေဖြင့် မြန်မာပြည်ရဲ့ အရှေ့ဆုံးနယ်စပ်မြို့ မြို့တော် တာချီလိတ်သို့လည်း သွားရောက်လည်ပတ်လေ့ရှိကြပါတယ်။သွားရောက်လည်ပတ်သင့်ပါကြောင်း အကြံပြုလိုပါတယ်။တာချီလိတ်မြို့ သို့ရောက်ပြီဆိုလျှင် တာချီလိတ်မြို့မှ တဆင့် မယ်ဆိုင်ချောင်းကိုဖြတ်ကူးကာ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ကို သွားရောက်လည်ပတ်နိုင်ပါတယ်။တာချီလိတ်မြို့တွင်ဆိုလျှင် လှေကားထစ်ပေါင်းနှစ်ရာကျော်ရှိသည့် ရွှေတိဂုံပုံတူစေတီတော်၊တာလော့ဈေး စသည်တို့ကို လည်ပတ်နိုင်ပါတယ်။

ရွှေတိဂုံပုံတူစေတီတော်မှာ ရွှေတိဂုံစေတီတော်ကြီးကဲ့သို့တည်ထားခြင်းဖြစ်ပြီး တာချီလိတ်မြို့၏ အထင်ကရ စေတီပင်ဖြစ်ပေတယ်။တာချီလိတ်တိတ်တွင် အရောင်းအဝယ်များတွင် မြန်မာကျပ်ငွေထက် ထိုင်း ဘတ်ငွေကိုတွင်ကျယ်စွာသုံးကျပါတယ်။ ထို့ကြောင့် တာချီလိတ်မြို့၏ အထင်ကရ တာလော့ဈေးတွင် လည်ပတ်မည်ဆိုပါက ထိုင်းဘတ်ငွေအလုံအလောက်လှဲထားရန် လိုအပ်ပါမယ်။ထိုဈေးတွင်သာမက ကွမ်းယာဘာညာ ဝယ်သည်ကအစ ဘတ်ငွေဖြင့်သာအရောင်းအဝယ်ပြုကြသည်ကိုတွေ့ရမည်ဖြစ်ပါတယ်။

9E60858A-8724-4078-91A9-360F2DC39227.jpeg

တာချီလိတ်မြို့မှ မယ်ဆိုင်ချောင်းကို ကျော်၍ မယ်ဆိုင်မြို့သို့ သွားရောက်လည်ပတ်မည်ဆိုလျှင်တော့ မယ်ဆိုင်မြို့ရှိ ဦးအောင်ဇေယျဘုရား၊ကင်းမြှီးကောက်ရုပ်ထုကြီး၊နှင့် နာမည်ကျော် Lotus ဟိုက်ပါမားကတ် စသည့်လည်ပတ်စရာများနှင့် စုံလင်လှပါတယ်။ ဦးအောင်ဇေယျ ဘုရားကတော့ မြန်မာတို့ရဲ့ မယ်ဆိုင်မြို့၏ အထင်ကရ ဘုရားဖြစ်သည့်အတွက် မြန်မာလူမျိုးတိုင်း မယ်ဆိုင်ရောက်လျှင်သွားရောက်ဖူးမျှော်သင့်ပါတယ်။ပုံမှန်သွားရောက်လည်ပတ်သူများအနေဖြင့် မယ်ဆိုင်မြို့သို့ တနေ့တာသာ လည်ပတ်လေ့ရှိကြပါတယ်။ ထို့ပြင် မြန်မာပြည်၏အရှေ့ဘက်စွန်းမှ ပြန်လာမည်ဆိုပါကလည်း တာချီလိတ် လေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လာနိုင်ပါတယ်။

Photos from google
Written by @mgtoetat
MSC-073

အရှေ့ဘက်စွန်းသို့ ခရီးသွားခြင်း -(2)ကို ဤနေရာတွင်သွားရောက်ဖတ်ရှုနိုင်သည်။-https://steemit.com/myanmar/@mgtoetat/aeyaw-baksyntho-khyaithyayakhng-2-e00b01f2457cd

Sort:  

မ​ရောက်​ဖူး​သေးဘူး သွားချင်​လိုက်​တာ

မြန်မာပြည်ရဲ့ သွားလည်စရာတွေပါဗျာ..

မ​ရောက်​ဖူး​သေးဘူးဗျာ။ကြုံရင်​​တော့လာချင်​ပါတယ်​။

ကြုံတော့ မကြုံဘူးအကို တကူးတက သွားလည်မှရောက်မယ်...ပြည်တွင်းခရ်ီးသွားအရောက်အပေါက်နဲသေးတယ်..

မရောက်ဘူးသေးတော့ ဗဟုသုတရလိုက်ပါတယ်။

ပီတိဖြစ်ရပါတယိ ခင်မျာ...

မရောက်ဖူးသေးဘူး။

MSC members တွေချည်းစုပြီး trip ထွက်ကြရမယ်..

သွားနိုင်အောင် ကြိုးစားနေတယ်ဗျာ

ကောင်းပ့ဗျာ

မရောက်ဖူးသေးဘူး bro ရေ

ရောက်ဖူးအောင် သွားလည်ပါဗျာ...

Good ဗျာ ခရီးသွားဗဟုသုတရပါတယ်​။

ကျေးဇူးပါဗျာ...

msc ကကိုယ့်အဖွဲ့တွေစုပြီးသွားလက်ကြရင် ကောင်းမလား :D

ကောင်းတာပေါ့ဗျာ...ဟီးး

ကင်းမြှီကောက်ရုပ်ထု သမိုင်းကြီးတယ် post တစ်ခုထပ်ရမယ် လေ့လာခဲ့

တင်ပေးပ့မယ့်ဗျာ...ပါးစပ်ပြောသမိုင်းတွေလဲစုံနေလို့..ဒီရုပ်တုကြီးအကြောင်းပါရင် မြန်မာ-ယိုးဒယားစစ်ပွဲတွေလဲပါလာတာမလို့ 😀😀

ရောက်ဘူးသေးဘူးသွားချင်တာ👍

ထီပေါက်ရင် MSC members တွေအကုန် လိုက်ပို့မှဘဲ...

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60704.11
ETH 2452.38
USDT 1.00
SBD 2.62