အရှေ့ဘက်စွန်းသို့ ခရီးသွားခြင်း -(2)

in #myanmar7 years ago

63A5D0F8-F36C-4390-83D9-5EB77BFBB544.jpeg

အစားအသောက်(food)အပိုင်းမှာဆိုရင်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ဟာ အခြားဒေသများနှင့်မတူ အစားအသောက်တွေဟာ တမူထူးခြားပါတယ်။ထို့ကြောင့် အစားကောင်းအသောက်ကောင်း ကြိုက်သူ (foodies)တွေအနေနဲ့ သွားရောက်လည်ပတ်(travel)သင့်ပါတယ်။အစားအသောက်ကောင်းသောကြောင့် တဖက်ထိုင်းနိုင်ငံသားများတောင် တာချီလိတ်မှ လာရောက်မြည်းစမ်းကြသည်အထိ နာမည်ကျော်ပါတယ်။

ဒေသအစားအစာများအနေဖြင့် ဟင်းထုပ်၊တို့ဖူး၊မြေပဲတို့ဖူး၊ရှမ်းအစားစာ၊ခေါပုပ်၊အမဲလုံးခေါက်ဆွဲ တို့ဟာ အထင်ကရအစားအစာများဖြစ်ပါတယ်။ရှမ်းပြည်နယ် ကျိုင်းတုံမြို့ကို ကားဖြင့်လာရင်သော်လည်းကောင်း လေယာဉ်ဖြင့် လာရောက်ရင်သော်လည်းကောင်း ပထမဆုံး မြင်တွေ့ဖူးမျှော်ရမည်က ရပ်တော်မှုဘုရားပင်ဖြစ်ပါတယ်။ရပ်တော်မှုဘုရားသည် မြန်မာနိုင်ငံ(myanmar)တွင် ဉာဏ်တော်အမြင့်ဆုံးထဲတွင်ပါရှိသည့် တန်ခိုးကြီးဘုရားဖြစ်သည့်အလျောက် ကျိုင်းတုံမြို့၏ အထင်ကရနေရာတော်တော်များများမှ လှမ်း၍တွေ့မြင်ဖူးမျှော်နိုင်ပါတယ်။

BAD61B3F-DBE3-49FB-B366-DDF4D4B7FA63.jpeg

အဆိုပါ ရပ်တော်မှုဘုရား၏နံဘေးတွင်ပင် နာမည်ကျော် catholic mission ဘုရားကျောင်းလဲတည်ရှိနေသောကြောင့် ဘာသာကြီးနှစ်ခု ငြိမ်းချမ်းစွာအတူယှဉ်တွဲ တည်ရှိနေမှုကို ဖော်ပြနေသယောင် ထင်ရပါတယ်။နောက်ထပ် အထင်ကရတစ်နေရာမှာ ကျိုင်းတုံမြို့၏ ဂုဏ်ဆောင် နောင်တုံကန်ပင်ဖြစ်ပါတယ်။နောင်တုံကန်၏တည်ရှိမှု ဟာ ရန်ကုန်မြို့ရှိ အင်လျားကန်တို့ဖြင့် တူညီပြီး ညနေညခင်းတွင် လာရောက်လည်ပတ်သူ၊အပန်းဖြေနားနေသူများဖြင့် စည်ကားနေတတ်ပါတယ်။

သင်္ကြန်းတွင်းဆိုလျှင်လည်း နောင်တုံကန်ပတ်လည်တွင် မဏ္ဍပ်များဖြင့် ပျော်ရွှင်စွာရေပတ်ကစားလေ့ရှိကြပါတယ်။ဒါ့အပြင် လာရောက်လာပတ်သူများအနေဖြင့် နောင်တုံကန်၏အလှကို ခံစားရင်း တီလားဗီးယားငါးကင်ကိုစားကာ အပန်းဖြေနိုင်ပါသည်။ နောက်ထပ် အရှေ့ဒေသ၏ အထင်ကရနောက်တစ်ခု(cutural resource)မှာ မဟာမြတ်မုနိဘုရားပင်ဖြစ်ပါတယ်။အဆိုပါ ဘုရားသည် ဆူးလေဘုရားကဲ့သို့ အဝိုင်းပတ်အဖြစ်တည်ရှိနေကာ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပါတယ်။

0BC4A32A-AE52-4CF2-AAEE-E9FBB1028851.jpeg
ဒေသခံများက ကျိုင်းတုံမြို့သို့ အလည်လာသည့် ဧည့်သည်များသည် ဤမဟာမြတ်မုနိဘုရားကို သုံးကြိမ်သုံးခါထိ ဖူးမျှော်မည်ဆိုလျှင် ကျိုင်းတုံးသို့ နောက်ထပ်တစ်ခေါက် ထပ် မဖြစ်မနေ ရောက်ကြသည်ဟု အဆိုရှိကြပါတယ်။ကျွန်တော်မောင်တိုးတက်တော့ ယနေ့ထိတော့ မရောက်သေးပါ။တနေ့တွင် ပြန်လည်သွားရောက်ဖူးမျှော်ချင်ပါတယ်။ ထို့ပြင် ဗုဒ္ဓဘာသာ ဧည့်သည်များအနေဖြင့် ဝစီပိတ်ဆရာတော်အားလည်း သွားရောက်ဖူးမျှော်သင့်ပါတယ်။ဝစီပိတ်ဆရာတော်ဟာ ဒေသတွင်းတွင် အထင်ကရ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ဝါတွင်းသုံးလတွင် စကားပြောလေ့မရှိ၊တရားဟောလေ့မရှိဟု ကြားဖူးပါတယ်။

Photos from google
Written by @mgtoetat
MSC-073

အရှေ့ဘက်စွန်းသို့ ခရီးသွားခြင်း -(1)ကို ဤနေရာတွင်သွားရောက်ဖတ်ရှုနိုင်သည်။-https://steemit.com/myanmar/@mgtoetat/aeyaw-baksyntho-khyaithyayakhng-1

Sort:  

လမ်းကြုံရင် ရောက်အောင်လာခဲ့အုန်းမယ်။

ဟုတ်ကဲ့ပါဗျာ..

ုင်းတုံမရောက်ဖူးဘူး သွားချင်တာ

သွားလည်ပါဗျာ...

သွားနိုင်​​အောင်​ကြိုးစားရမယ်

သွားလည်ပါ...

ရှမ်းမလေး တွေ ချောတယ် ပေါတယ် ။

ဟုတ်ပါပြီဗျာ...

သွားချင်​လိုက်​တာ

တနေ့ရောက်အောင်သွားလည်ပါဗျာ...

ရေးတာကောင်းတော့သွားတောင်လည်ချင်တယ်

မြှောက်ပြီဗျာ...

မရောက်ဖူးသေးဘူး

တနေ့ရောက်အောင်သွားလည်ပါဗျာ...

ရောက်​ဖူ​သေးဘူး ။

ရောက်ဖူးအောင် သွားလည်ပါဗျာ...

မရောက်ဖူးသေးဘူး တစ်ခေါက်လောက်သွားအုံးမယ်

တခေါက်အရောက်သွားပါ...

သွားချင်တာ

သွားလည်ကြည့်ပါဗျာ...

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60752.38
ETH 2453.49
USDT 1.00
SBD 2.63