Subbath Day and Sagaing Pagodas (End day )

in #myanmar6 years ago (edited)

ဝါတွင်း ၃ - လ နှင့် စစ်ကိုင်း ဘုရားပွဲများ ( သိမ်း )

Hello , all steemit member.

ယနေ့ သည် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဥပုဒ်နေ့ ဖြစ်ပါသည်

စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားပွဲတော်များဖြစ်သည့် " ပုံ-တောင်-ဇေ-ချမ်း၊ ဥ-နန်း-နံ၊ လေး-ပ-ထူ-ရှင်၊ ငါး-အောင်-ကောင်း၊ အမြှောင် ငါးထပ်ကြီး၊ အပြီး ကောင်းမှုတော် " ဟူသည့် လင်္ကာအတိုင်း ကျင်ပခဲ့ကြရာတွင်

ဘုရားစဉ် လင်္ကာ အရ ဘုရားပွဲတော်များနှင့် နေ့ရက်များမှာ …

(၁) ဆွမ်းဦးပုညရှင်စေတီ (ဝါဆိုလပြည့်နေ့)

(၂) တောင်ဖီလာစေတီ (ဝါဆိုလပြည့်ကျော် ၈ ရက်)

(၃) ဇေတဝန်ဘုရား (ဝါဆိုလကွယ်နေ့)

(၄) ချမ်းသာကြီး ချမ်းသာရဘုရား (ဝါခေါင်လဆန်း ၈ ရက်)

(၅) ဥမင်သုံးဆယ်ဘုရား (ဝါခေါင်လပြည့်နေ့)

(၆) ရှင်ပင်နန်းဦးစေတီ (ဝါခေါင်လပြည့်ကျော် ၈ ရက်)

(၇) ရှင်ပင်နံကိုင်းစေတီ (ဝါခေါင်လကွယ်နေ့)

(၈) လေးကျွန်းမာရ်အောင်ဘုရား ( တော်သလင်းလဆန်း ၈ ရက်)

(၉) ပတ္တမြားစေတီ ( တော်သလင်းလပြည့်နေ့)

(၁၀) ထူပါရုံစေတီ ( တော်သလင်းလပြည့်ကျော် ၈ ရက်)

(၁၁) ရှင်ဖြူရှင်လဘုရား ( တော်သလင်းလကွယ်နေ့)

(၁၂) ငါးထပ်ကြီးဘုရား (သီတင်းကျွတ်လဆန်း ၂ ၃ ၄ ၅ ၆ ရက်)

(၁၃) အောင်မြေလောက (သီတင်းကျွတ်လဆန်း ၈ ရက်နေ့)

(၁၄) ကောင်းမှုတော်ဘုရား (သီတင်းကျွတ်လပြည့်နေ့)

ဟူ၍ ဝါတွင်းကာလ ဘုရားပွဲစဉ်များအား အဆုံးသတ်လေ့ရှိပါသည်

စစ်ကိုင်းမြို့ တွင် ဝါဆိုလပြည့် နေ့မှ သီတင်းကျွတ်လပြည့်လနေ့ အထိ ဆင်ယင် ကျင်းပ ခဲ့သောဝါတွင်းကာလ ဘုရားစဉ် ဘုရားပွဲ များ မှ

image

ယနေ့ ကျင်းပပြုလုပ်သော ဘုရားပွဲမှာ " ကောင်းမှုတော်"ဘုရား ၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီအား စည်ကားသိုက်မြိုက်စွာ ကျင်းပ နေပြီးဖြစ်ပါသည်

ဘုရားစဉ် လင်္ကာ စာချိုးး တွင်တော့ " ကောင်း " ဖြစ်ပါသည်

ကောင်းမှုတော် ဘုရားသည် စစ်ကိုင်းမြို့ ၏ အထင်ကရ ဘုရားတစ်ဆူ ဖြစ်ပြီး
စစ်ကိုင်းမြို့မှ ၇ မိုင်အကွာ စစ်ကိုင်း - မုံရွာသွားကားလမ်းမ ဘေးတွင် တည်ရှိပါသည်

စစ်ကိုင်းမြို့၏ ဝါတွင်းဘုရားစဉ်၏ နောက်ဆုံးနေ့ပွဲတော်ကြီးဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားပွဲတော်ကြီးအား စစ်ကိုင်းမြို့အတွင်းရှိ ရပ်ကွက်အရုဏ်တော် ဝတ်အသင်းများမှ ခမ်းနားစုံညီစွာတက်ရောက် ပူဇော်ကြလေ့ရှိပါသည်

စစ်ကိုင်းမြို့ တွင်ကျင်းပပြုလုပ်သော ဘုရားပွဲ များစွာ တွင် အခမ်းနား အကြီးကျယ်ဆုံးသော မြို့လူထု အားလုံးပါဝင်ဆင်နွဲ သည့် ဝါကျွတ်ပွဲတော် သီတင်းကျွတ်ပွဲတော် ကောင်းမှုတော်ဘုရားပွဲတော် ကြီးပင် ဖြစ်ပါသည်

image

ကောင်းမှုတော် ဘုရားသမိုင်း

စစ်​ကိုင်းမြို့၏ ထင်​ရှား​ကျော်​ကြားလှ​သော ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက် သီရိသုဓမ္မရာဇာ မဟာဓိပတိဘွဲ့ခံ သာလွန်မင်းတရားကြီးက မြန်မာသက္ကရာဇ် ၉၈၈ ခုနှစ် တော်သလင်းလဆန်း(၁၀)ရက် တနင်္လာနေ့တွင် စတင်ပန္နက်ချ တည်ထားခဲ့ပါသည်

စေတီတော်၏ပုံစံမှာ သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့ရှိ စပါးစုပုံဟန် ထူပါရုံစေတီတော်ကြီးကို နမူနာယူကာ တည်ထားခြင်း ဖြစ်သည် ဘုရားရှင်၏ လက်ဝဲအောက်ဆွယ်တော် မြသပိတ်တော် ဓာတ်တော် မွေတော်များစွာနှင့် ရတနာပစ္စည်းများစွာကို ထည့်သွင်း ဌာပနာထားသည်

ကောင်းမှုတော် စေတီတော်ကြီးသည် စေတီအမြင့် ၁၈၈ ပေ ထီးတော်အမြင့် ၂၆ ပေ စုစုပေါင်း ၂၁၄ ပေ မြင့်မားသည် စေတီတော်၏ အောက်ခြေလုံးပတ်တော် ၈၈၀ ပေ ၅ လက်မ စေတီတော်အချင်း ၂၈၀ ပေ ၉ လက်မ ညောင်ရွက်ပေါင်း ၁၅၂ ချပ် ရေကျပတ်လည် နဂါးရေပြွန်ပေါင်း ၆၀ အစောင့်နတ်ရုပ်လိုဏ်ပေါင်း ၁၂၀ ပတ်လည် ကျောက်ဆီမီးတိုင်ပေါင်း ၁၀၀၀ ရှိပါသည်

ကောင်းမှုတော်စေတီကြီး၏ ဘုရားပွဲတော်များကို သုံးကြိမ်ကျင်းပလေ့ရှိပါသည်

သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသော ဘုရားပွဲတော်သို့ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များရှိ ဆွမ်းတော်ကြီးအရုဏ်အသင်းများ စုံညီစွာ တက်ရောက်ပြီး စည်ကားလှသော ပွဲတော်ဖြစ်သည်

သီတင်းကျွတ်လပြည့်ကျော် (၈)ရက်တွင် ကျင်းပသော ဘုရားပွဲကို မုန့်ဆီကြော်ပွဲဟု ခေါ်လေ့ရှိပြီး ဘုရားအနီးရှိကျေးရွာများမှ မုန့်ဆီကြော်များ ပြုလုပ်၍ ဘုရားကို ကပ်လှူခြင်း လာသမျှဘုရားဖူးများအား ဧည့်ခံကျွေးမွေးခြင်း ပြုလေ့ရှိကြပါသည်

တတိယအကြိမ်ကျင်းပသည့် ကောင်းမှုတော်ဘုရားပွဲကို လှည်းပွဲဟု ခေါ်လေ့ရှိကြပြီး ရပ်နီး ရပ်ဝေး ကျေးရွာများမှ တန်ဆောင်မုန်းလပြည့် မတိုင်ခင်ကပင် ပေါင်းမိုးလှည်းများဖြင့် စားနပ်ရိက္ခာစုံလင်စွာဖြင့် ညအိပ်ညနေ လာရောက်ကြသော ပွဲတော်ကြီးဖြစ်သည် တန်ဆောင်းမုန်းလပြည့် ဘုရားပွဲတွင် ဇာတ်ပွဲ၊ လက်ဝှေ့ပွဲများ နှစ်စဉ်ပါဝင်လေ့ရှိသည်
လှည်းပွဲဟု ဆိုသော်လည်း တိုးတက်လာသည့်ခေတ်နှင့်အညီ လိုက်ထရပ်ကားများဖြင့် အနီးပတ်ဝန်းကျင်ရွာများမှ လာရောက်ကြသည်ကိုလဲတွေ့ မြင်ရပါသည်

စစ်​ကိုင်းမြို့၏ ထင်​ရှား​ကျော်​ကြားလှ​သော ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက် သီရိသုဓမ္မရာဇာ မဟာဓိပတိဘွဲ့ခံ သာလွန်မင်းတရားကြီးက မြန်မာသက္ကရာဇ် ၉၈၈ ခုနှစ်၊ တော်သလင်းလဆန်း(၁၀)ရက်၊ တနင်္လာနေ့တွင် စတင်ပန္နက်ချ တည်ထားခဲ့သည်

image

သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသော ဘုရားပွဲတော်သို့ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များ ကျေးရွာများရှိ ဆွမ်းတော်ကြီးအရုဏ်တော်အသင်းများ ဓမ္မစင်္ကြာ ဝတ် အဖွဲ့များ ဒေဝါဝင် ရာဇာဝင်း ပုဂံဝင်း စသည့် မင်းခမ်းမင်းနားများ ဖြင့် စုံညီစွာဖြင့် တက်ရောက်ပြီး အိုးစည်ဒိုပတ် အလှပြကာူများ ရိမ်းအက များ ဆင်အက များပါဝင်သည့် ရပ်ကွက်အသီးသီးမှ အာရုံဏ်တော်အသင်းများမှ စစ်ကိုင်းမြို့လယ် မှ တန်းစီ ၍ ခြေလျင်လမ်းလျောက်၍ ကောင်းမှုတော် ဘုရားရှိရာသို စတင်ထွက်ခွာကာညနေပိုင်းအချိန်တွင် ဘုရားသို့ရောက်ရှိ ညအိမ် အနားယူကြကာ နံနက်ခင်းတွင်တော့ ကောင်းမှုတော် ဘုရား ကြီး၏ အာရုံခံ တန်ဆောင်းအသီးသီးမှနေ၍ ဆွမ်း ပန်း ရေချမ်းများ ဆပ်ကပ်လှူတန်းခြင်း များ ဝတ်ရွတ်စဉ်များ ဖြင့် ရွတ်ဆို ပူဇော် ကြပြီး ဆွမ်းတော်ကြီးအာရံဏ်တော် အသင်းများ သည် သီတင်းကျွတ် လပြည့်ျကျာ် ( ၁ ) ရက်နေ့ တွင် လာစဉ် တုန်ကလိုပင် ပြန်လည်စီတန်းလှည်လည် ၍ စစ်ကိုင်း မြို့ သို့ ပြန်လည် လာခဲ့ကြပါသည်

image

image

image

image

image

image

image

image

စည်ကားလှသော ပွဲတော်ကြီး ဖြစ်သည့် အတွက် လာရောက်ဆက်နွဲ လေ့လာ ကြစေရန် ဖိတ်ခေါ်လိုက်ရပါသည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks your supported. I am ever like and used esteem app.

ကောင်းမှုတော်ဘုရားရောက်ပေမဲ့ဘုရားပွဲနေ့ တော့မရောက်ဘူးတအားစည်မှာနော်

ဟုတ်စည်တယ် လာခဲ့ပါလား

အခါအခွင့်သင့်ရင်လာခဲ့ပါမည်ကြိုနေပါနော်

လာလည် စေချင်ပါသည်

လင်္ကာလေးက မှတ်သားစရာလေးပါမမ

Posted using Partiko Android

ဟုတ်နော်

ဝိုး ဓာတ်ပုံတွေက ညည်းရိုက်ထားတာလား
လှထာအေ စည်ကားချက်

အရင်နှစ်ကဟာဒေ ကိုဒေက ကောင်းမှုတော်ရင်ပြင်မှာ လူတိုးရင်းနဲ့ post တင်နေဒါ ဒီနှစ်က အပြန်မှ ကားခေါင်မိုးပေါ်တက် ပီး ဓာတ်ဖမ်းရ မှာ ဟီးဟီး

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60256.67
ETH 2327.64
USDT 1.00
SBD 2.46